Blocked VPN for a Month

Blocked VPN for a Month

VPN


အာဏသိမ်းတာ ဘယ်နှနှစ်ပြည့်လို့ ပြောနေရင်း

ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်တွေ လတိုင်း တင်ဆက်ရင်းကနေ..

VPN ..VPN ..VPN ဆိုတဲ့ ကိစ္စရပ်နဲ့ ပြသနာတွေကို တောက်လျှောက်ပြောနေရလေပြီ…

ဒီနေ့မှာဆိုရင်တော့ VPN ပိတ်တဲ့ဖြစ်စဉ်ဖြစ်ခဲ့တာ တစ်လ ကျော်ပြီကိုယ့်လူတို့ရေ..

ဉီးနှောက်မပါတဲ့လူတစ်စုကြောင့်..

အင်တာနက်တွေဖြတ်

သတင်းအချက်အလက်တွေရပ်အောင်လို့..

သကောင့်သားတွေခင်ဗျာ.. ကြိုးစားလာလိုက်တာ..

အာဏသိမ်းကာလ(၄)နှစ်ပြည့်ခါနီးဆဲဆဲမှာ ဆိုရင်ဖြင့်..

မြန်မာနိုင်ငံကြီး ..ပေါက်ဖော်ကြီးနဲ့ နည်းပညာနဲ့ VPN ကိုပိတ်ပြီး..

စောင့်ကြည့်ဖြစ်စဉ်တွေ စတင်ခဲ့ပြီပေါ့…..


သိပ်မကြာခင်ကာလမှာ ဆံပင်တစ်ပုံစံတည်း ညှပ်..

မျက်မှန်ကိုင်း တစ်ပုံစံတည်းတပ်..ဆိုတဲ့

ပေါက်ဖော်ကြီးရဲ့ လမ်းစဉ်အတိုင်းဘယ်တော့ ဖောက်မလဲမသိတော့ပါဘူးကိုယ့်လူတို့ရေ...

သတင်းအချက်အလက်လေးကိုပိတ်..

သူတို့ပြတာလေးကြည့်...သူတို့ပေးသုံးတာလေးသုံး ဆိုတဲ့

မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် လမ်းစဉ်တုန်းကလို…

ဆင်ချီးတုံးနဲ့  ရွှေဝါဆပ်ပြာကို သန်းခေါင်းစာရင်းပြပြီး ထုတ်ရမယ့်ခေတ်ကို ဘယ်တော့ ကြုံရမယ်မှန်းမသိပြီ…


ရွှေစျေး၊ စိန်စျေး မပြောနဲ့..

ဒညင်းသီး ဆားရေစိမ်တောင် နပ်မမှန်တော့တဲ့ ပြည်သူတွေခင်ဗျာ…

ဂေါ်ဖီထုတ်ကို (၆၀၀၀) ပေးဝယ်နေရပြီမဟုတ်လား..

အခြေခံစားသုံးကုန်ကစလို့…

ဒေါ်လာ‌စျေး တွေဆိုတာ..လိုက်မမှီတဲ့ မြန်နှုန်းတွေနဲ့တက်နေလို့…

ပြည်သူတွေခင်ဗျာ..တက်စရာဆိုလို့ သွေးတိုးနဲ့ ဆေးရုံပဲရှိတော့တာမလား…

စိတ်ဓါတ်တွေဆိုတာ ကုန်းကောက်စရာမရှိရအောင်ကိုး ကျခဲ့လေပေါ့..

နိုင်ငံအကြွေးတင်နေလို့ ထမင်း (၁)နပ်လျော့စားပါဆိုတဲ့ ကြေညာစာတမ်းတွေ ဘယ်တော့လာမှန်းမသိတော့ဘူး...


အခုလည်း VPN ပိတ်တယ်ဆိုလို့ Facebook သုံးမရမှာ တစ်ခုကိုပဲတွေးမပူစေချင်ဘူးကိုယ့်လူ…

Facebook ကို ပိတ်ခဲ့တာ အာဏသိမ်းစကတည်းဆိုတော့ (4) နှစ်နီးပါးရှိပြီပေါ့..

ဒါကို VPN နဲ့ ကျော်ခွသုံးခဲ့ကြတာမလား..

အခု VPN ကို Block တယ်ဆ်ိုတာက ဒီထပ်ပိုနက်နဲပါတယ်။ 

နောက်ကွယ်က စောင့်ကြည့်မှုတွေ တောက်လျောက်လုပ်တော့မယ်ဆိုတာ 

သတိချပ်သင့်တယ်..ကိုယ့်လူ…

သူတို့ Block ထားတဲ့ Website တွေ၊ ဆိုရှယ်မီဒီယာ အသုံးပြုမှုပုံစံတွေ

တစ်ယောက်ချင်းစီရဲ့ အင်တာနက်အသုံးပြမှု ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ နည်းပညာတွေကို ထည့်သွင်းပြီး အားလုံးကို စောင့်ကြည့်မယ်ဆိုတာပါပဲ…


အဲ့တော့ ကိုယ့်လူတို့ကို မှာချင်တာတစ်ခုက…

VPN မသုံးနဲ့လို့ သူတို့ပြောတိုင်း...VPN သုံးဖို့ကြိုးစားပါ..

အပြည့်အဝဝှက်စာစနစ် ပါတဲ့ App တွေကိုသုံးပါ..

သတင်းအချက်အလက်တွေ အဆက်မပြတ်အောင် နားစွင့်ပါ..

သတင်းအဆက်မဖြတ်ခံရစေနဲ့…

ကမ္ဘာကြီးနဲ့ အဝေးကြီး အဖြစ်မခံနဲ့…

မလိုတဲ့ပွဲတွေကို ..ဂရုမမူနဲ့..Attention မပေးနဲ့ 

ကိုယ့်ရဲ့ အနိမ ရည်မှန်းချက်ကြီး မပျောက်စေနဲ့.....ဆိုတာပါပဲ..



Report Page