Bed Friend Ep 9
netsiraphopmyanmar
Ep 9 မှာ KingUea ကတရားဝင်ချစ်သူတွေလည်းဖြစ်သွားပြီ သူတို့ကြားက ချစ်ဖို့ကောင်းတဲ့အပြုအမူတွေလည်းအများကြီးမြင်လိုက်ရတာရိုချိုနေတာပဲ ဒီအပိုင်းမှာ point out လုပ်ပြစရာသိပ်မရှိပေမဲ့ ရှိတဲ့နည်းနည်းလေးကလည်းအရေးပါပါတယ်
Mogkol သူ့လုပ်ဖော်ကိုင်ဖက်တွေကို တောင်းပန်စကားဆိုတဲ့အခန်းလေးကသိပ်အရေးမပါဖူးထင်ရပေမဲ့ အရမ်းသဘောကျတဲ့အခန်းပါပဲ...လူဆိုတာအမှားနဲ့မကင်းဖူးဆိုပေမဲ့လူတိုင်းကပြောင်းလဲချင်စိတ်ရှိရင် ပြောင်းလဲနိုင်ပါတယ် အမှန်ကိုပြင်နိုင်ပါတယ် mongkol ဆိုအချောင်နေခဲ့ပေမဲ့ သူပြုပြင်လိုက်တော့ ပိုတန်ဖိုးရှိတဲ့သူဖြစ်သွားတာပေါ့
Uea အမေရဲ့ သူ့ယောကျာ်းအဖမ်းခံလိုက်ရလိုငိုကြွေးနေတာမြင်ပြီးတစ်ခုပဲသိလိုက်ပါတယ် သူဟာဒီယောကျာ်းကိုအတော်ချစ်ပါတယ် ချစ်လို့သာ သားဖြစ်သူဘက်ကတောင်မနေဘဲ သူ့ယောကျာ်းမှားတာသိလျက်နဲ့ ယောကျာ်းဘက်ကတချိန်လုံးကာကွယ်ပေးနေခဲ့တာပါ...မိမိအတွက်တော့ခံစားချက်တစေ့တောင်မရှိခဲ့တဲ့မိခင်ဖြစ်သူက သူ့ယောကျာ်းအတွက်ကျ ဝမ်းနည်းပက်လက်ဖြစ်နေလိုက်တာ ဒီမြင်ကွင်းကို ကြည့်နေတဲ့ uea လည်းတော်တော်တရားရသွားမှာပါ...သြော်ဆိုပြီးပဲသူပြောနိုင်မှာပါ...
Uea က ကိုယ့်အပေါ်ယုတ်မာခဲ့တဲ့ပထွေးကိုဖမ်းခိုင်းဖို့ကိုတောင် တွန့်ဆုတ်နေခဲ့တာ သူ့ညီမလေး ကိုသနားလို့ပါပဲ...သူပထမဆုံးစိတ်ပူတာညီမလေးကိုပဲ..သူ့လိုမျိုး မိသားစုကြောင့်နာကျင်ရတဲ့ခံစားမှုကိုညီမလေးကိုလုံးဝမဖြစ်စေချင်လို့သူစဥ်းစားနေတုန်း သူများကတိုင်လိုက်လို့သာ အဖမ်းခံလိုက်ရတာပါ...uea နဲ့ သူ့ညီမလေး ကအရမ်းချစ်သလို ညီမလေးကလည်း king ကို သူ့အစ်ကိုအတွက် လက်ခံပေးတာမြင်ရတော့ သဘောကျစရာပါပဲ...
Official တွဲဖြစ်သွားတဲ့အခန်းလေးလည်း သဘောကျတယ်...ဘာအပိုမှမပါဖူး causal ပုံမှန်လေးပဲပြောသွားတာ လုံးဝ uea style ပါပဲ...ရုံးမှာပဲပြောဖြစ်လိုက်တာလေးလည်းသဘောကျတယ် နောက်အပိုင်းမှာ king လက်ထပ်ခွင့်တောင်းမှာလည်းရုံးမှာပဲနော် ရုံးမှာသူတို့အမြဲအတူရှိနေခဲ့တဲ့နေရာမို့ ရုံးကသူတို့အတွက် special place လိုဖြစ်နေလို့ Official တွဲတာကောလက်ထပ်ခွင့်တောင်းတာကောအဲမှာလုပ်ဖြစ်တာ....
အဓိကပြောချင်တာလာပါပီ uea ကိုသူ့မိဘတွေနဲ့ ကင်းကမိတ်ဆက်ပေးတဲ့အခန်းကနေစပြီး သူ့အမေသဘောမတူမချင်း အသက်တောင်မရူမိပါဖူး တကယ်ပြောတာ tension အရမ်းကောင်းတယ် king အမေနေရာသရုပ်ဆောင်တဲ့ အန်တီက ကားတော်တော်များများမှာပါတဲ့ ဝါရင့် မင်းသမီးမို့လားမသိဖူး အရမ်းတော်တာပဲ ကင်းလိုပဲ မျက်လုံးတွေနဲ့ သူလက်မခံနိုင်ကြောင်းကို ပြောသွားတာ uea မပြောနဲ့ ကိုယ်တောင် အသက်မရူနိုင်ဖူး...ဒီမှာလည်းပညာတတ်တွေပီပီ စကားဝှက်တွေနဲ့ သုံးကြပါတယ်..uea ကဘေးလူသူတို့မိသားစုဝင်မဟုတ်တဲ့အတွက် အယဥ်ကျေးဆုံးနည်းနဲ့ uea နဲ့သဘောမတူနိုင်သေးကြောင်း ပညာသားပါပါနဲ့ အမေကပထုတ်ပါတယ် ...ကင်းရွေးချယ်မှုကိုမပိတ်ပင်ပေမဲ့ မကောင်းရင်ရောဆိုတာ uea ကဘယ်လိုလူလည်း ဘာလည်းလည်းမသိသေးလို့ သားအတွက်စိုးရိမ်တဲ့သဘောပါပဲ...King ကလည်းသူ့ခံစားချက်ရပ်တည်ချက်ကိုပြောတယ်ဖြစ်သမျှသူအကုန်ခံမယ်ဆိုတာ..
ကင်းလို အမြဲ ဂျစ်တိုက်တဲ့သူလေးက သူတကယ်ချစ်တဲ့သူကို သူ့မိဘတွေလက်ခံဖို့တော့ ခခယယတောင်းဆိုနေတာလေးမြင်ရတာ သူ့မိဘတွေလည်းအံ့သြနေမှာ...uea လည်းနားလည်ပါတယ်..သူတို့ပြောနေကြတာ သူ့အကြောင်းဆိုတာ...အမေဘက်ကကြည့်ရင်လည်း ချက်ချင်းရုတ်တရက် သားဖြစ်သူက ကြင်ဖက်တွေ့တာဖြတ်ပြီး ကောင်လေးတစ်ယောက်လက်ဆွဲခေါ်လာတာမို့အမေတစ်ယောက်အနေနဲ့ သွေးပူနေတာပါ...အဖေကတော့ အေးဆေးပါပဲ...နောက်သူခေါင်းအေးအေးထားစဥ်းစားတော့လည်း သားဖြစ်သူရဲ့ပျော်ရွှင်မှုကိုသာသူအဓိကထားတွေးခဲ့ပါတယ်..နောက်ပြီး ဘယ်သူ့ကိုမှအတည်မရှိခဲ့တဲ့သားက ဒီကောင်လေးမှဒီကောင်လေးဖြစ်နေတာကို သူသတိထားမိမှာပါအမေတစ်ယောက်အနေနဲ့..ဒါကြောင့်သူခွင့်ပြုလိုက်တာပါ...uea ကလည်းရည်မွန်တယ် ပညာတတ်လူ့ယဥ်ကျေးလေးဆိုတာငြင်းနိုင်စရာမရှိပါဖူး...ဒီနေရာမှာ king မိသားစုနဲ့ Uea မိသားစုကွာခြားချက်ကိုမြင်ရမှာပါ...မင်းဘာပြသနာပဲဖြစ်လာလာ မင်းနောက်မှာမင်းမိသားစုရှိတယ် ဆိုတဲ့ king အမေစကားမှာ မျက်ရည်တောင်ဝဲမိပါတယ်..အဲတာပါ...ကိုယ်ဘာဖြစ်နေပစေ ကိုယ့်ကိုကာက့ယ်ပေးမဲ့နောက်ကနေရပ်တည်ပေးမဲ့မိသားစုဆိုတာ လိုအပ်ပါတယ် uea အတွက်အဲတာမရှိခဲ့ပါဖူး...uea မိသားစုကိုကြည့်...နောက်ကနေရပ်တည်ဖို့မပြောနဲ့ကိုယ်တိုင်ထိုးချသွားတာ...King မိသားစုကတကယ်စံပြပါ...ပိုက်ဆံရှိတယ်ပညာတတ်တယ်တွေးခေါ်နိုင်တယ် king ကိုသူ့အမေက 100% အရမ်းပြီးပြည့်စုံစေချင်ပေမဲ့ 100% သူပုံသွင်းတဲ့အတိုင်းနေလို့ကောသူ့သားကပျော်မှာတဲ့လား...စက်ရုပ်လိုပဲ ခံစားချက်မရှိဖြစ်နေပြီးပြည့်စုံနေမှာထက်စာရင် သူ့ပျော်ရွှင်ရာလေးနဲ့ခိုနားနေတာပိုမကောင်းဖူးလားဆိုတာကို မိဘကတွေးပါတယ်...ဒီလိုပဲဖြစ်ရမှာပါ...သားသမီးတွေ ကိုကောင်းစေချင်တာလည်းမှန်ပေမဲ့ အတ္တလေးလျှော့ပြီး သူတို့ဖြစ်စေချင်တာကိုလုပ်ပေးသင့်တယ်...
uea အတွက်လည်း မိသားစုအသစ်လေးရလိုက်တာတကယ်ကောင်းတယ်.ကင်းအမေသူ့ကိုအသိအမှတ်ပြုလိုက်တော့အူးအအရမ်းဝမ်းသာသွားပုံလေးက ရင်ထဲကနေသူတကယ်ပျော်နေတာပါ. ချစ်တဲ့သူရဲ့မိသားစုကကိုယ့်ကို အသိအမှတ်ပြုတဲ့ခံစားချက်ကဘယ်လောက် ရင်ထဲကနေလိူက်တက်နေမလဲဆိုတာ...ကင်းအမေကလည်း အူးအရှေ့မှာမပြုံးမိအောင်အတော်ထိန်းနေရပါတယ် သားမတ်အသစ်ကလေးကို ပါဝါလေးနည်းနည်းပြချင်တော့သားမတ်ကွယ်မှပြုံးနေတာချစ်စရာ...သူ့သားကိုသူသိပ်ချစ်တာမိုသားချစ်တဲ့သူကိုလိုက်ချစ်ဖိုဆုံးဖြတ်တာမှန်သွားပါတယ်...