Bed Friend Ep 8

Bed Friend Ep 8

netsiraphopmyanmar

မှန်

ကင်းက အူးအဆီလိုက်လာတုန်းက camerawork ကိုအရမ်းသဘောကျမိပါတယ် ကင်းရဲ့နောက်ကမှန်မှာပေါ်နေတာ အူးအဖြစ်နေပြီးတော့ အူးအနောက်မှာပေါ်နေတာက ကင်းပါ

မှန်မှာမြင်ရတဲ့ reflection တွေက စစ်မှန်ခြင်းကိုပြပါတယ် ဆိုတော့ ကင်းအတွက် အူးအက စစ်မှန်တဲ့ ချစ်ခြင်းဖြစ်သလို အူးအ အတွက်လည်းကင်းကစစ်မှန်တဲ့သူဆိုတာပြတာပါ…

ကြည့်လိုက်တာနဲ့အညိုလေးတွေမြင်ရအောင်ပစ္စည်းတွေကိုလည်းသုံးထားတယ် အညိုဆိုတာက ကင်း ကာလာ အပြာ နဲ့ အူးအကာလာ အနီနဲ့ သူတို့ရဲ့ပျော်ရွင်မှုဆိုတဲ့ အဝါ ကိုပေါင်းလိုက်ရင်ရလာတဲ့အရောင်မို့ ~

ရေကန်

ရေကန်ထဲက reflection အခန်းလည်း အရမ်းလှတယ် ~ ရေကန်ထဲမှာပေါ်နေတဲ့သူတို့ရဲ့ reflection တွေကပြောချင်နေတာကဒီလို 

ရေကန်ထဲကရေဆိုတာငြိမ်နေတာပါ စိတ်ရဲ့ငြိမ်းချမ်းခြင်းပေါ့ ၂ယောက်လုံးကငြိမ်းချမ်းနေပါတယ်အဲဒီအချိန်မှာ သူတို့စိတ်ထဲမှာပေါ့ နောက် emotions စိတ်ခံစားချက်တွေနဲ့လည်းဆက်နွယ်နေပါသေးတယ် မြိုသိပ်ထားတဲ့ခံစားချက်တွေရှိရင် ဒီအချိန်ကလွှတ်ထုတ်လိုက်ဖို့သင့်တော်ပါပြီ right time ရောက်ပါပီလို့ပြောချင်တာ အဲတာကြောင့် King က အူးအကို ရေကန်ဘေးမှာဖွင့်ပြောခဲ့တာ~ နောက်ပြီးတော့ ရေငြိမ်က အတိတ်ကနာကျင်စရာတွေ မကောင်းခဲ့တာတွေကိုထားခဲ့ပြီး အသစ် စတင်သင့်ပီ ပျော်သင့်ပြီ လို့လည်းပြောသလို အခုချိန်ကတော့ပျော်လို့ရပါပြီလို့လည်း အဓိပ္ပာယ်ရတာမို့ အူးအက သူအတိတ်ကနာကျင်စရာတွေကိုမေ့ပြီး ကင်းနဲ့ seeing each other အဆင့်ကိုတက်ဖို့ သဘောတူခဲ့တာပါ ရေကန်ဘေးမှာပဲလေနော် ~ ကာလာသုံးထားတာဆိုရင်လည်း အပြာကိုဝေဝေဆာဆာသုံးထားပြီး အဝါကိုပါပြထားတဲ့အတွက် ကင်းကဒီနေရာမှာ ချစ်တဲ့သူကိုဖွင့်ပြောလိုက်နိုင်လို့ပျော်နေတဲ့အပြင် သူ့ကြောင့် အူးအကပါပျော်ရွှင်နေတယ်လို့ပြရာရောက်တယ်

တောင်ပေါ်က scene

တောင်ပေါ်မှာတိမ်တွေဘေးကဝိုင်းနေတာလေးကလည်းတကယ်လှသောပဲ တိမ်တွေကိုမြင်ရင်လေ မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတွေရုတ်တရက်ရလာတတ်တယ်တဲ့

ဒီမှာလည်းအဲလိုပဲ အူးအ က အလုပ်တောင်ထွက်လာပီးပီမလား ကင်းဆီကနေ ကရစ်လည်းမရှိတော့ဖူး အလုပ်ပြန်ဝင်လို့ရပြီပြန်လိုက်ခဲ့ပါဆိုတော့ ဒါသူ့အတွက်ဘယ်လိုမှမထင်မှတ်ထားတဲ့ အခွင့်အလမ်းပဲလေနော် သူချစ်တဲ့အလုပ်ကိုပြန်သွားခွင့်ရခဲ့ပြီ 


 kinguea ရဲ့ ဆက်ဆံရေးတိုးတက်မှုအတွက်လှေကားထစ်လေးတွေကို king ကအောင်မြင်စွာစတက်လှမ်းနေပါပြီ...အရင်ကတွန့်ဆုတ်နေခဲ့သမျှ မပြောနိုင်ခဲ့သမျှကို အူးအ ထွက်သွားတာနဲ့တပြိုင်နက်အူးအ ကို ဆုံးရူံးလိုက်ရတော့မှာလားဆိုတဲ့စိတ်နဲ့သူတွန့်ဆုတ်မနေနိုင်တော့ပါဖူး...အူးအငြင်းရင်လည်းလုံးဝသူအငြင်းမခံဖူး အူးအကသူ့ကိုငြင်းမှာလည်းမဟုတ်ဖူးဆိုတာကိုသူသေချာနေတာမို့ သူ့ဘက်ကအူးအအပေါ်ဘယ်လောက်အတည်သဘောထားတယ် ဘယ်လောက်မြတ်နိုးတယ်ဆိုတာကိုသူ အကုန်မချွင်းမချန်ထုတ်ပြတယ် အူးအအဆင်ပြေတဲထိစောင့်ပါမယ်ဆိုတာလေးကဘယ်လောက်ချစ်ဖို့ကောင်းလဲ...ချစ်တဲ့သူအတွက်အမြဲကြည့်တယ် အချစ်ကနော် ကင်းကူနာကွန်လို အချုပ်နှောင်မခံချင်တဲ့သူကိုတောင် ချစ်တဲ့သူအတွက် ဘယ်လောက်ကြာပစေစောင့်မယ်တွေဖြစ်ကုန်တဲ့ထိပြောင်းလဲသွားတာ...


ကင်းရဲ့ စစ်မှန်တဲ့စိတ်ကို အူးအက မြင်နေရတာမို့ အူးအလည်းစိတ်သက်သာရာရပါတယ်..သူကင်းကိုယုံပါတယ် ကင်းရဲ့သူ့အပေါ်ထားတဲ့စိတ် စစ်မှန်တာလည်းသိပေမဲ့ သူ့စိတ်ဒဏ်ရာတွေတအားများနေတဲ့အတွက် rs တစ်ခုအသစ်စဖို့သူအချိန်ယူပြင်ဆင်နေတာပါ...ကင်းမိဘတွေကေကာအဆင်ပြေပါ့မလားဆိုပြီး insecurity လေးကလည်းရှိနေသေးတယ် သူ့မှာ ကင်းကတော့ ဘာနေ အူးအအတွက်ဆို ဓါးတောင်ကျော်မီးပင်လယ်ဖြတ်မဲ့သူမျိုးဆိုပေမဲ့အူးအကတော့ သူ့ကြောင့် ကင်းမိဘတွေနဲ့ဆက်ဆံရေးအဆင်မပြေမှာမလိုလားပါဖူး သက်သက်သူတို့မိသားစုနေနေတာအကောင်း သူ့ကြောင့်ပျက်စီးသွားမှာအူးအလုံးဝမလိုလားဆုံးပါ မိသားစု ထရော်မာရှိလို့ ကင်းမိဘတွေနဲ့ ကင်းကိုအဆင်ပြေစေချင်ပါတယ် King အတွက်လည်း ပထမဆုံး အတည်တွဲတာမို့ သေချာ အလုပ်ဖြစ်စေချင်စေသလို အူးအ လည်းဒီလိုပါပဲ...ပထမဆုံး rs တော့မဟုတ်ပေမဲ့လို့ ကင်း ကသူတွဲခဲ့ဖူးတဲ့သူတွေနဲ့လုံးဝမတူပါဖူး...သူ့ကိုကာကွယ်ပေးဖို့စောင့်ရှောက်ပေးဖို့ နှစ်သိမ့်ပေးဖို့ အိမ်နဲ့တူတဲ့ လူသားမို့ သူချက်ချင်းအဖြေပေးချက်ချင်းပြန်ကြိုက်ငါတို့တွဲနေပြီဟေ့မလုပ်ချင်ပါဖူး...သူလုံးဝအဆင်ပြေပြီဆိုမှ တွဲချင်တာပါ...၂ယောက်လုံးကဒီ relationship အပေါ်အရမ်း serious ဖြစ်ကြတာမြင်နေရပါတယ်...

Ep 8 မှာ kinguea ကတွဲနေကြပြီလား ? မတွဲသေးပါဖူးနော် ဒါလေးနည်းနည်းပြောပြမယ် seeing each other stage မှာပဲသူတို့ကရှိသေးတာပါ…seeing each other တစ်ယောက်ကိုတစ်ယောက်တွေ့ကြည့်နေတဲ့အဆင့်ပေါ့ သူက date လုပ်တာနဲ့မတူပါဖူး date လုပ်တာက ဒီလူဘာတွေကြိုက်တတ်လဲငါနဲ့ သူစကားစမြည်ပြောကြည့်မယ် chat လုပ်ကြမယ် ပေါ့ပေါ့ပါးပါးတစ်ခုခုစားတာ အချင်းချင်း get to know each other သိအောင် စတဲ့အဆင့်ကို date လို့ခေါ်တယ်ပေါ့နော် 


seeing each other ကျတော့ ပိုအလေးအနက်ရှိပါတယ်..ဒီလူနဲ့ကောင်းကွက်ဆိုးကွက်တွေလည်းအကုန်မြင်ထားပြီးပြီ ဒီလူအကြောင်းတွေလည်းအကုန်သိထားပြီးပြီ…ဒိလူနဲ့အနာဂတ်တစ်ခုစတင်ဖို့ထိ တွေးထားပြီးပြီ ဒီလူနဲ့ရှေ့ဆက်လက်တွဲဖို့က လုံးဝသေချာနေပြီ ဒီလူနဲ့ဆို သက်သောင့်သက်သာဖြစ်တယ်ခံစားရနေပြီ ချစ်သူအဖြစ်ရောက်ဖို့ပိစိလေးပဲလိုပါတော့တဲ့အဆင့်ပါ..ဒီအဆင့်မှာ သူငယ်ချင်းတွေနဲ့လည်းမိတ်ဆက်လို့ရပါပီ (king က uea ကိုရုံးမှာမိတ်ဆက်ပေးတာပဲကြည့်) ဘာလို့ဆိုသူနဲ့လုံးဝတွဲမှာသေချာနေပြီမို့ကြေညာမောင်းခတ်လို့ရပါပြီ…


seeing each other အဆင့်က တစ်ယောက်ကိုတစ်ယောက် လုံးဝယုံကြည်နေကြပြီမို့ မပြောနိုင်ခဲ့တဲ့အရာတွေကိုလည်းစတင်ပြောကြပါတယ် (အူးအ သူ့အတိတ်ကို king ကိုပြောပြခဲ့သလို) စိတ်ခံစားမှုအရတွယ်ကပ်ခြင်းလည်းပိုများပါတယ် သူနဲ့မှအဆင်ပြေတော့တယ် သူဖြစ်မှရမှာဆိုတာတွေ လက်လေးနည်းနည်းရှရင်တောင် သူ့ကိုလှမ်းတိုင်ချင်တဲ့ထိပေါ့ ဒါက ဥပမာ series ထဲမှာ အူးအက ကင်းကို အမြင့်ပေါ်မှာထိုင်နေတာအကောင်းဆင်းခါနီးမှ အင့်ချီဆိုပြီးမပြောရုံတမယ် လက်ကမ်းဆွဲချခိုင်းတာမျိုးက စိတ်ခံစားမှုအရတွယ်ကပ်ခြင်းတွေပါ…သူနဲ့မှ ကိုယ့်ရဲ့ မသိစိတ်က ချွဲချင်ဆိုးချင်လာတာတွေလည်းပေါ်လာတယ်ပေါ့လေ...Seeing each other အဆင့်မှာ အပြင် မှာ ချိန်းတွေ့တာထက်အတွင်းမှာချိန်းတွေ့တာပိုများပါတယ် အူးအ က ကင်းကို သူ့တိုက်ခန်းမှာလာအိပ်ဖို့ခွင့်ပြုသလိုပေါ့ 


Ep 8 မှာ camera work အရမ်းကောင်းပါတယ်..Lampang က​အခန်းတွေကိုရိုက်ပြထားတာဟာ အပိုင်း ၇ တုန်းကစိတ်ပင်ပန်းခဲ့ရတဲ့ အမောတွေကိုပြေပျောက်စေသလို kinguea ရဲ့စိတ်ကငြိမ်းချမ်းနေပြီဆိုတာပြချင်တာပါ...lampang ဟာအချစ်တွေကြည်နူးစရာတွေနဲ့ပြည့်နေတာပါ...အေးချမ်းတယ်ငြိမ်းချမ်းတယ်...


ကရစ်ကို ကင်း ခြေမွတဲ့အခန်းတွေကထင်ထားတဲ့အတိုင်းရှယ်ပါ...အူးအတွက် မားမားမတ်မတ်ရပ်တည်ပြီးရှင်းချသွားတာ အဲတာမှကင်းကူနာကွန်အစစ်လို့မှတ်ချက်ချရတဲ့ထိပါ...ကင်းကူနာကွန်ကအဲလိုလူမျိုးပါ အကြောက်အလန့်မရှိဖူးရဲရင့်တယ်သန်မာတယ် ဘယ်သူ့ကိုမှ သူပိုင်တဲ့အရာကိုလာထိရင် ဖျက်ဆီးဖို့ဝန်မလေးဖူး...ဒီနေရာမှာ jade ပြောသလိုပဲ သူတို့သူဠေးကလည်းတရားမျှတမှုရှိလို့တော်ပါသေးတယ် ဒါမဲ့ကင်းကူနာကွန်ပဲလေသူဠေးကတူဖြစ်သူဘက်ကပါခဲ့ရင် သူအကုန်ဖျက်ဆီးနိုင်ပါတယ် သူ့မှာအင်အားအကုန်ရှိတယ် ဒီလောက်နဲ့ကရစ်ထွက်သွားရတာတော်လှပြီမှတ်...ကင်းကဒီထက်ပိုလုပ်နိုင်တယ် 


သူဠေးကိုလည်းသဘောကျတယ် သူ့တူသားတွေဖြစ်တိုင်းရုံးမှာအခွင့်ထူးခံနေမရဖူးဆိုတဲ့စိတ်လေးရှိတာဝန်ထမ်းတွေအတွက်ကောင်းပါတယ် အူးအကို သူ့တူအတွက်တောင်းပန်ပြီး စိတ်ရောဂါဆရာဝန်ဆီသွားတွေ့ဖို့စီစဥ်ပေးတာမှာအတော်သဘောကျမိပါတယ်..ဒါလုပ်ကိုလုပ်သင့်ပါတယ်...sexual harassment လုပ်ခံရလို့ စိတ်ကအဆင်လုံးဝမပြေတာမို့ ဆရာဝန်နဲ့ပြပြီးဆွေးနွေးမှုခံယူတယ်ဆိုတာ လုပ်သင့်ပါတယ်ဒါကိုသူဠေးက နားလည်လို့တော်သေးတယ်...အူးအအတွက်သူချစ်တဲ့အလုပ်လည်းပြန်ရပြီ လုပ်ဖော်ကိုင်ဖက်တွေနဲ့လဲပြန်တွေ့ရပြီ အချစ်ရေးလည်းတစစအဆင်ပြေလာနေပြီ...သူ့​အတွက်တစ်ဘဝလုံးမှောင်မိုက်ခဲ့သမျှ အလင်းတန်းကတစစဝင်လာနေပါပြီ အူးအ ကပျော်ရွှင်ဖို့ထိုက်တန်ပါတယ်


အကြိုက်ဆုံးနဲ့မျက်ရည်အကျရဆုံးကတော့ အူးအက သူ့အတိတ်တွေကို king ကို ဖွင့်ပြောလိုက်တဲ့ အခန်း...သူကင်းကိုဘယ်လောက်ယုံကြည်တယ် သူ့အတွက်ကင်းက safe zone ဆိုတာသိနိုင်ပါတယ်...သူတော်တော်ကြိုးစားရမှာထုတ်ေပြာဖို့ဆိုတာလေ ကိုယ့်ပါးစပ်ကနေကိုယ်တိုင် အစော်ကားခံရတာကိုထုတ်ပြောဖိုဘယ်လောက်ခက်ခဲလိုက်မလဲဒီနေရာမှာ အူးအက သူ့စိတ်ကျန်းမာရေးအတွက်ဆေးသောက်နေရတယ်လို့ရိုက်ပြထားလို့တော်ပါသေးတယ်တွေးမိသွားတယ် အဖြစ်ဆိုးတွေကြုံပြီးတည်းက သူ ဆရာဝန်နဲ့ဆွေးနွေးတာကောလုပ်ခဲ့ရရဲ့လားစိတ်ပူနေတာရယ်...အိမ်ကနေသူထွက်လာတည်းက အချိန်ပိုင်းလုပ် ကျောင်းတက်ဖို့ရုန်းကန်ခဲ့ရတော့ သူ့စိတ်ကျန်းမာရေးအတွက် အချိန်မပေးနိုင်ခဲ့မှာစိုးနေတာ...သေချာသူဆေးသောက်နေလို့တော်သေးတယ်...


ဒီအခန်းမှာ ကင်းကူနာကွန်ရဲ့အပြုအမူတွေကအရမ်းလေးစားဖို့ကောင်းပါတယ်...

ဆိုတာမျိုးက တကယ့်ကိုလေးစားရတဲ့အပြအမူတွေပါ...ချစ်သူဖြစ်စေသူငယ်ချင်းဖြစ်စေ ဒီလိုစကားလေးတွေသုံးပေးရင်တဖက်လူကိုလည်းလေးစားရာရောက်သလို ကိုယ့်ဘက်လည်းယဥ်ကျေးရာရောက်ပါတယ်...၂ယောက်သားပွေ့ဖက်ထားကြပြီးမျက်ရည်ကျကြတာက တကယ်နွေးထွေးမှုတွေမြင်ရတယ် . .ကင်း ကလည်း ချစ်တဲ့သူကြုံခဲ့ရတာတွေကိုကြားပီးနာကျင်နေပေမဲ့ အူးအက ထုတ်ပြောလိုက်လို့ပိုနာကျင်နေမှာသိတော့ ထွေးပွေ့ထားတာလေးက ကင်းကိုဆိုအူးအက မှီခိုလို့ရတယ် ကင်းရင်ခွင်ကနွေးထွေးတယ် အူးအအတွက်အိမ်ဆိုတာကင်းပါပဲ.. 


ကင်းကသူ့ကောင်လေးကိုလာထိရဲတဲ့သူအကုန်အမှုန့်ချေမယ်ကြုံးဝါးထားသလားအောက်မေ့ရအောင်ကိုကရစ်ကိုလည်းကန်ထုတ် ပထွေးကိုလည်းအချုပ်ထဲပို့ ရှယ်ကြမ်းနေတာများမိုက်ချက် အပိုင်း ၉ က preview အရတော့နည်းနည်းခါးမယ်ထင်ပေမဲ့ ဖြစ်ရမှာပါပဲ...ဘယ် အချစ်လမ်းမှမဖြောင့်ဖြူးဖူးလေ ရင်ဆိုင်သင့်တာရင်ဆိုင်ရမယ်...

Report Page