Bed Friend Ep 7
netsiraphopmyanmarKrit ရဲ့သားရဲတွင်းကနေ ခက်ခက်ခဲခဲလွတ်လာချိန်မှာ king ကိုမြင်လိုက်ရတာ uea အတွက်ပင်လယ်ထဲမှာညအမှောင်မှာ မီးပြတိုက်လှမ်းမြင်လိုက်ရသလိုပဲ...သူအဲ့ရင်ခွင်ထဲ ပြေးဝင်သွားပီးဖက်ထားချင်ခဲ့ပါတယ် သူ့ကိုနွေးထွေးမှုပေးတဲ့လုံခြုံစေတဲ့ အဲဒီ ရင်ခွင်ထဲကိုခိုလှုံချင်ခဲ့မိပါတယ်...ဒါပေမဲ့ဘာဖြစ်သွားလဲ...ပစ်ချခံလိုက်ရတယ်...မျှော်လင့်ချက်တွေခံစားချက်တွေ....
King ကသူ့ကိုဘာလို့ အဆင်ပြေရဲ့လား သူမင်းကိုဘာလုပ်လိုက်လဲဆိုတဲ့ နွေးထွေးတဲ့စကားလေးတခွန်းနဲ့တောင်မနှစ်သိမ့်ပေးပဲ တန်းအပြစ်တင်ရတာလဲ...သူအဲ့ရုံးခန်းထဲဝင်ခဲ့မိတာသူ့အမှားလား...သူဘာဖြစ်လို့ငါ့ကိုမထွေးပွေ့ပေးနိုင်ရတာလဲ....uea ရဲ့ခေါင်းထဲကမေးခွန်းတွေကဒီလိုဖြစ်နေမှာပါ...

ဆိုတော့ king ဘာလို့အဲလိုတွေလုပ်ရလဲ ...သဝန်တိုစိတ်ပါ...သဝန်တိုစိတ်ကြောင့်ပါ...သဝန်တိုစိတ်ကဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ စိတ်ပညာရှင်သုတေသီတွေတောင်ရေးထားကြတာအများကြီးပါ...သဝန်တိုစိတ်ကလူတစ်ယောက်ကိုအမှားအများကြီးလုပ်မိစေပါတယ် သဝန်တိုတာမှာတောင် rational jealousy, irrational jealousy ဆိုပြီးထပ်ကွဲပါတယ် မူမှန်တာနဲ့ မူမမှန်တာပေါ့ ...မူမမှန်တဲ့သဝန်တိုမှုက အသက်အန္တရာယ်ခြိမ်းခြောက်လာတဲ့ထိ အန္တရာယ်များပါတယ် သဝန်တိုလွန်ပြီး ထိန်းချုပ်တာချုပ်ကိုင်တာ stalk တာသံသယလွန်ကဲတာတွေကမူမမှန်တဲ့သဝန်တိုခြင်းတွေပါ ..ဒါကဗဟုသုတ....king ကတော့ irrational ထိမရောက်ပါဖူး
ဘာလို့ သဝန်တိုရလဲဆိုရင် သဝန်တိုခြင်းတို့မြစ်ဖျားခံရာသည် အရမ်းချစ်လို့အဆုံးရူံးမခံနိုင်လို့ ထွက်သွားမှာကြောက်လို့သူများလုသွားမှာကြောက်လို့စသဖြင့် စိုးရိမ်စိတ်တွေကနေစပါတယ်..King ကသူ့ဆီက krit က uea ကိုလုသွားမှာအရမ်းကြောက်နေခဲ့လို့သဝန်တိုစိတ်တွေဖုံးလွှမ်းပြီး ပြောမိပြောရာပြောလိုက်တာပါ...သဝန်တိုနေတဲ့အချိန်ဆို လူတွေက အာရုံထွေပြားပါတယ်..အာရုံထွေပြားရင်မပြောသင့်တာပြောမိတယ် မလုပ်သင့်တာလုပ်မိပါတယ်...ယုံကြည်မှုတွေေပျာက်ပါတယ် ကိုယ်တကယ်အာရုံအရင်စိုက်ရမဲ့ဟာကို ကွယ်သွားပါတော့တယ်...
ဒီမှာဆို King အာရုံစိုက်ရမှာက krit လက်ကလွတ်လာတဲ့ uea အဆင်မပြေပြေကိုသူမေးပီးထွေးပွေ့ပေးရမှာ...အဲတာကိုသူလုံးဝလွတ်ထွက်သွားပါတယ် သဝန်တိုစိတ်ကကြီးစိုးနေတော့ အရွဲ့စကားတွေပါပြောလာတော့တယ်..ဂရုစိုက်မိတဲ့ငါမှားတာဘာညာ...King က uea သူ့စကားကိုနားမထောင်ဖူး အရေးအလုပ်ဖူး krit ကိုသတိထားဖို့အတန်တန်သတိပေးနေတာကို uea ကပေါ့ပေါ့ပဲတွေးတယ်ထင်နေခဲ့တာပါသူသတိပေးထားလျက်နဲ့ခုလိုဖြစ်တော့ ဏရုဏာဒေါသောလည်းပါတာပေါ့လေ
Uea ဘက်ကလည်းမှန်ပါတယ်...အလုပ်ရှင်ဖြစ်နေတဲ့အတွက်သူငြင်းမရဖူး သူသွားချင်လို့သွားတာမဟုတ်တာ king ကဘာလို့သူ့ကိုနားမလည်ပေးနိုင်ရတာလဲ...King ကတော့သူ့ကိုတခြားသူတွေနဲ့မတူနားလည်ပေးနိုင်မယ်ထင်ခဲ့တာ ဆိုတဲ့ စိတ်ပျက်အားငယ်မှုလေးတွေနဲ့ uea အားငယ်ရပါတယ်...
အမှန်ဆို ဒီနေရာမှာ king ကလည်းနွေးနွေးထွေးထွေးဖေးမပြီးမေးမယ် uea ကလည်းငါဒီလိုကြုံခဲ့ရတယ်ဆိုပြီးဖွင့်ပြောမယ် ငါတို့တွေသူမင်းကိုဒီလိုထပ်မလုပ်နိုင်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာကိုညှိနိူင်းပြီးအဖြေရှာကြရင်ပြသနာကအဲလောက်မကြီးသွားပါဖူး.. သူတို့၂ယောက်ကဘယ်တော့မှ communicate မလုပ်ပါဖူး....ပြသနာကအဲတာ....ပိုဆိုးတာက သူတို့၂ ယောက်လုံး စိတ်ရှုပ်နေချိန်မှာမှ ဒီလိုဖြစ်တော့ပိုဆိုးသွားတာပါ...uea ဆိုလည်း krit ဒဏ် အမေကပေးတဲ့ stress , king ကကြင်ဖက်ထပ်တွေ့နေလို့စိတ်နောက် king ဆိုလည်း သူ့အမေရဲ့ မိန်းမယူခိုင်းနေတဲ့ pressure , krit ပြသနာ, uea ကိစ္စ ၂ယောက်လုံးရဲ့ခေါင်းပေါ်မှာအဲ့တာတွေပိနေတော့ အဲလိုအချိန်မှာ သူတို့အေးအေးဖြေရှင်းဖို့အာရုံမရတော့ပဲ emotion တွေကိုလွှတ်ချလိုက်ပါတော့တယ်....
၂ယောက်လုံးကမာနရှိတယ်အမြဲပြောဖူးပါတယ်သူတို့ထိပ်တိုက်တွေ့တိုင်းမီးပွင့်ပါတယ် သူတို့က သူတို့အတွေးတွေကိုယ်စီနဲ့အမြဲ သူတို့ဟာသူတို့မှန်နေကြပါတယ် ...အဲတာကိုပေါ်စေချင်လို့ ၂ယောက်လုံးကိုယ်ပေါ်မှာ ဆလိုက်မီးသုံးပီးမီးမောင်းထိုးပြထားပါတယ်...အဲလိုထိုးပြထားတာက သူကလည်းသူ့အတွေးနဲ့သူမှန်တယ်တွေးနေကြတာကိုပြောပြတာပါ...color သုံးထားတာကလည်းဒီနေရာမှာ နည်းနည်း dark တဲ့ပုံစံသွားထားပါတယ် အမည်းဆိုတဲ့ကာလာက ဝမ်းနည်းတာ ဒေါသတွေ စတဲ့ ပြင်းထန်တဲ့ emotion တွေကိုဖော်ပြဖို့သုံးတာမို့ ဒီအခန်းမှာ ၂ယောက်ရဲ့ ခံစားချက်တွေပြင်းထန်နေတာကို dark ထဲမှာမှ spotlight ထိုးပြထားတာကိုအရမ်းသဘောကျတယ်...King ကလည်းဒီနေရာမှာသူမမှားသလို uea လည်းမှန်ပါတယ်ဆိုတာကိုကွက်ကွင်းအောင်ပြတာပါ....
ဒီရန်ဖြစ်တဲ့အခန်းကလောင်ရပေမဲ့လေ သူတို့ရန်ဖြစ်တာသဘာဝကျတယ် ဖြစ်ကိုဖြစ်ရမှာပဲ ဘာလို့ဆို လူ၂ယောက်ကဘယ်တော့မှအတွေးမတူနိုင်တဲ့အတွက် ကိုယ်ထင်တာကိုယ်ပြောကြမှာပဲ… ကင်းစိတ်ဆိုးတာလုံးဝသဘာဝကျပါတယ် အူးအမေမေတွေက ကင်းက အူးအကို အပြစ်တင်တယ် ရင်ဝဆောင့်ကန်တယ်ဆိုပြီး သူ့ကို အလစ်တဲလေး စိတ်ခုကြမှာမှန်ပါတယ် ဒီ ရန်ပွဲက သဘာဝအကျဆုံးပါ အပြင်မှာလည်း rs တိုင်းရင်ဆိုင်နေရတဲ့ ကိစ္စပါဒါကလေ လူ၂ယောက်နဲ့တည်ဆောက်ထားတဲ့ဆက်ဆံရေးတစ်ခုက လူ၂ယောက်ဖြစ်တဲ့အတွက် အတွေးလည်း ၂ ခု အမြင်လည်း ၂ခု အသံလည်း ၂ ခု ဘာမဆို ၂ခုရှိပါတယ် …၂ခုကို၁ခုတည်းဖြစ်အောင်လုပ်မရဖူးနော် အတွေးတူလို့အဆင်ပြေတဲ့ သူတွေရှိနိုင်ပေမဲ့လို့ မတူတာများပါတယ် မတူတဲ့၂ခုကို ညှိရတာအရမ်းပင်ပန်းပါတယ် လူတိုင်းက ကိုယ်ထင်တာသာအမှန်ပါ ဘယ်သူကမှဘယ်သူ့ကိုနားမထောင်ကြတော့ ရလဒ်က ပြဲကွဲရောဆိုတာပြတာ ကြိုက်တယ်ရှင့် သင်ခန်းစာလေးပေါ့ ဒီလိုဖြစ်လာရင်ခေါင်းအေးအေးထားပြီးဆွေးနွေးကြပါလို့ပြောကြပေမဲ့ တကယ်ကြုံလာရင် အဲလိုလုပ်နိုင်ဖို့ကအရမ်းခက်ခဲပါတယ်..သွေးပူနေချိန်ဆိုပိုဆိုး
ဒီမှာဆို အူးအရဲ့ reason အကြောင်းပြချက်သည်
ဖြစ်ပြီး ကင်းရဲ့ reason အကြောင်းပြချက်သည်
ဆိုတာပါပဲ ….ဒီမှာသူတို့အမြင်တွေလုံးဝမတူကြတော့ပါဖူး
ကင်းအတွက် အူးအ သွားလိုက်တာက အူးအ အမှားလို့ခံယူထားပါတယ် ဘာလို့ဆို ကရစ် ရောက်လာတဲ့နေ့တည်းက အူးအကိုချောင်းမြောင်းနေတာသူသိနေလို့ အူးအကို အတန်တန်သိပေးပါတယ် ကာကွယ်ပါတယ် အူးအကို သူနဲ့ တူတူမရှိစေချင်လို့ကို သူ့မှာ ညတိုင်းနီးပါး သူ့အလုပိမရှိပဲ အူးအ ကို ညနက်တဲ့ထိအလုပ်ပြီးတဲ့ထိ စောင့်ပေးနေခဲ့ရှာတာ…သူဒီလောက်စောင့်ပေးနေခဲ့တာကိုတောင်အိမ်သာသွားတဲ့ခဏလေးမှာ ဒါမျိုးဖြစ်သွားတယ်ဆိုတာ….အိမ်သာကသူပြန်လာချိန်နေရာမှာအူးအမရှိတော့တာမြင်လိုက်ရတာဘယ်လောက်ထူပူသွားမလဲ …အူးအကိုသူတစ်ရုံးလုံးပတ်ပြီးလိုက်ရှာနေပုံပါပဲ သူအူးအကိုမြင်မြင်ချင်း မျက်ရည်တွေနဲ့သူကြည့်နေတာကိုကြည့်…အဲ့အကြည့်တွေက အူးအ ex လက်ကလွတ်လာတုန်းကအကြည့်တွေအတိုင်းတထပ်တည်းပါပဲ…ဘာမှမဖြစ်ခဲ့တာတော်သေးတယ်မင်းသာတခုခုဖြစ်သွားရင်ဆိုတဲ့ စိုးရိမ်အကြည့်တွေပါ…ကင်းရဲ့ဒီနေရာကအတွေးကလေ အူးအ ex စော်ကားတုန်းကနဲ့ မတူပါဖူး အူးအ ex လာအကြမ်းဖက်တုန်းက အူးအက သူ့ဟာသူအိမ်ပြန်ဖို့လုပ်နေရင်း အကြမ်းဖက်ခံရတာမို့ သူအဲတုန်းက အူးအကိုလုံးဝအပြစ်မတင်ခဲ့ပါဖူး အခုတခါကကျ သူသတိပေးထားလျက်နဲ့သူလည်းစောင့်နေလျက်နဲ့ အူးအက သားရဲတွင်းထဲကိုကိုယ်တိုင်တိုးဝင်သွားတယ် သူ့စကားနားမထောင်ဖူးလို့ သူခံစားလိုက်ရလို့ စိတ်တိုတယ် အပြစ်တင်မိတယ်
အူးအ အဆင်ပြေလားသူဘာလုပ်လိုက်လဲမေးရမဲ့နေရာမှာ ဘာလို့အဲထဲဝင်သွားရတာလဲဆိုပြီးပြောတာအဲတာကြောင့်ပါ….စကားအပြောအဆိုကဒီနေရာမှာအရမ်းအရေးပါတာနော် စိတ်ရူပ်နေချိန်မှာတော့ ဘယ်သူမှကျိုးကြောင်းဆင်ခြင်စကားလုံးစီပြီးမပြောနေနိုင်ဖူးရယ် ခေါင်းထဲအရင်ဝင်လာတာကိုပဲပြောမိတာပေါ့…အမှန်ဆို အဆင်ပြေရဲ့လား ဘာလို့တစ်ယောက်တည်းဝင်သွားခဲ့ရတာလဲကွာ ကိုယ်ဘယ်လောက်စိတ်ပူနေတယ်မှတ်လဲ သူဘာလုပ်လိုက်သေးလဲလို့ပြောလိုက်ရင် အူးအလည်းအဲလောက်မနာကျင်ပါဖူး…ဒါပေမဲ့ ကင်းလေကင်းဆိုတဲ့ personality ကစိတ်ငြိမ်ပီးသွေးအေးနေချိန်မှာမှ သာ အဲလိုပြောရင်ပြောမှာ ခုကသွေးပူနေတော့ ရှေ့နောက်မတွေးနိုင်တော့ဖူး
တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်းစိတ်နဲ့ကရုဏာဒေါသကတဖက် သဝန်တိုတာကတဖက်နဲ့ မပိုင်လည်းမပိုင်ရသေးတဲ့ အချစ်အတွက် သူ့မှာဗျာတွေများနေရတာ…ကင်းအကြည့်တွေကတကယ် နာကျင်ရပါတယ်……ငါဘယ်လောက်ဂရုစိုက်ပေးပေး ငါဘယ်လောက် ကာကွယ်ပေး အရာမရောက်ဖူး အပိုပဲ…ဆိုပြီး ထင်လိုက်ပါတော့တယ် အူးအရဲ့စိတ်ကိုမမြင်တော့ပဲပေါ့

ဒီလိုပါပဲ အူးအဘက်ကကြည့်ရင်လည်း အူးအကသူ့လုပ်ရပ်မမှားပဲ ကင်းကအသားလွတ်သူ့ကိုအပြစ်တင်နေတာလို့ခံယူထားပါတယ် ကင်းက ဘာလို့မယုံရတာလဲ ဘာလို့အပြစ်ပဲတင်နေတာလဲ ငါပြောတာလေးကိုသူဘာလို့နားမထောင်ပေးနိုင်ရတာလဲ ဆိုပြီး ကင်းကိုသူစိတ်ပျက်ပါတယ်…သူ့ရဲ့ တစ်ခုတည်းသောအားကိုးရာလေးကိုမျှော်လင့်ချက်ကြီးစွာနဲ့ ပြေးလာပီးမှ သူအားကိုးလို့မရတော့ဖူးလေ…ကင်းကအူးအကိုမယုံတာမဟုတ်ပဲ စိတ်ပူလွန်းလို့ ဖြစ်နေတာဆိုတာကို အူးအကမမြင်နိုင်တော့ပါဖူး သူ့မှာ သားရဲတွင်းကလွတ်လာပြီးချိန်မှာပဲ ကင်းနဲ့ရန်ထပ်ဖြစ်ရတော့ ကင်းရဲ့ စိတ်တွေကိုလည်းကြည့်မနေနိုင်တော့ဖူးလေ သူ့စိတ်တွေလည်းအရမ်းနောက်လာပါပီ
အဲ့အချိန်ခဏလေးမှာသူတို့ဟာတစ်ယောက်စိတ်ကိုတစ်ယောက်မကြည့်နေကြပါဖူး ကြည့်ဖို့အခွင့်အရေးလည်းမပေးပါဖူး ကိုယ့်အတွက်ပဲကိုယ်ပြောနေကြရင်းအမြင် ၂ ခု အတွေး ၂ ခု ကအပြန်အလှန်တိုက်နေကြတော့ညှိမရတော့ပဲ ၂ယောက်လုံးနာကျင်ရပါတယ် အကုန်လုံးကသူ့ခံစားချက်နဲ့သူပါ
အပိုင်း ၇ ကတော့ ပေါက်ထွက်သွားတဲ့ bomb ပါ
ဒီအပိုင်းမှာ အကုန်ပေါက်ကွဲကုန်ပါတယ် Uea ရဲ့ နှစ်ပေါင်းများစွာသည်းခံမြိုချလာရတဲ့သူ့မိဘတွေအပေါ်ခံစားချက်တွေကိုလည်း သူ့မိဘတွေနဲ့ တိုက်ရိုက်ရင်ဆိုင်ခဲ့သလို သူ့ကိုဖိအားပေးအကြပ်ကိုင်နေတဲ့ krit ကိုလည်းရင်ဆိုင်ခဲ့ပြီး သူနဲ့ king ရဲ့ fwbကိုလည်းသူကိုယ်တိုင်ပဲဖျက်လိုက်ပါပြီ....
Krit က Uea ကိုထိန်းချုပ်ပြီးချုပ်ကိုင်ချင်ပါတယ် ...uea ထိုင်ခုံကိုအမြဲ လက်နဲဖိပြီးကိုင်တဲ့ သူ့အပြုအမူကိုကပြနေတာပါ....သူ့စိတ်ထဲ uea က ဒီအလုပ်ကိုလွယ်လွယ်ထွက်မှာမဟုတ်တာသူသိနေလို့ ရာထူးပေးမယ်ဆွယ်လိုက် အကြမ်းဖက်လိုက် နဲ့ ၂နည်းလုံးအဆင်မပြေတော့ မိဘတွေနဲ့ပါအကြပ်ကိုင်ပါတယ်...uea ရှေ့မှာ ဝန်ထမ်းကောင်မလေး မိုင် ကို သူဟိန်းဟောက်ပြတယ် နောက်သိပ်မကြာဖူး ကောင်မလေးအလုပ်ထုတ်ခံလိုက်ရတယ် သူ့ကိုမနာခံရင် ဒီလိုဖြစ်မယ်ဆိုပြီး ဖြဲခြောက်ပြတာပါ uea က ဒီအလုပ်ကိုအရမ်းချစ်တော့ ဘာနေနေတွယ်ကပ်နေပီးသူလုပ်သမျှကို ခံမယ်ထင်နေတာကိုမဟုတ်ကြောင်း uea ကသက်သေပြသွားပါတယ်...uea လုံးဝအလုပ်ထွက်မှာမဟုတ်ဖူး အလုပ်ထုတ်ခံရမှာကြောက်တယ်လို့ ထင်နေတဲ့ krit ကို uea ကသူကိုယ်တိုင်အလုပ်ထွက်ပြလိုက်ပါတယ် ဒါမှန်ပါတယ် toxic / abusive environment ကိုရှောင်ရပါမယ်...ငြိမ်ခံနေစရာမလိုပါဘူး အပြင်မှာလည်းအခုလို harassment လုပ်ရင် ဖိအားပေးရင် အလုပ်ထွက်သာထွက်လိုက်ပါ ကိုယ့်ကိုကိုယ်လောက်အရေးကြီးတာဘာမှမရှိပါဖူး....jade ကပြောတယ် ငါတို့ သူဠေးကိုမင်းကိစ္စပြောပြကြမလားဆိုတော့ uea ပြောတာအမှန်တရားပါ သူတို့အကုန်တဖက်တည်းပဲဆိုတာ...အပြင်လောကမှာလည်းဒီလိုပါပဲ.. နစ်နာသူ victims တွေအတွက် justice တရားမျှတမှုမရှိပါဘူး...အချိန်တန်ရင် power ပိုကြီးတဲ့သူစကားကိုပဲယုံ power ပိုကြီးတဲ့ဘက်ကိုပဲလိုက်ကြတာပါ....society လူ့အသိုင်းအဝိုင်းအကြောင်းကိုသေချာပြပါတယ် အားကြီးတဲ့သူနိုင်သမျှအင်အားမရှိတဲ့သူကခံရမယ်ဆိုတာမျိုးကို uea ကလုံးဝဖျက်ချသွားပါတယ်...သူအရမ်းချစ်တဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိုတောင်စွန့်သွားတယ်
Uea ကသူ့ကို harassment လုပ်ဖို့ကြိုးပမ်းတဲ့ krit လက်ကနေလွတ်အောင်ထွက်လာနိုင်တာလည်းအရမ်းလေးစားတယ် သူအရမ်းတော်တယ် trauma ရှိတဲ့ သူ့လိုလူအဖို့ ဒီလို သတ္တိမွေးပြီးပြန်တွန်းလှန်နိုင်ဖို့ဆိုတာအတော်လုပ်ရမှာပါ...အရင်ကအကြောင်းတွေပြန်သတိရပြီးထုံထိုင်းသွားရင် ဦးနှောက်ကသတိပေးနေပေမဲ့ကိုယ်ကမလိုက်နိုင်တော့ရင်သူသွားပါပီ...အရမ်းတော်ပါတယ်....
နောက် King ရဲ့ krit ကိုပိတ်ပြောလိုက်တဲ့စကားဝှက်ကိုလည်းမတရားကြိုက်နေတာ....marketing အဖွဲ့ကိုပြောသလိုနဲ့ ကိုယ့်နေရာကိုယ်မသိဖူးဆိုပြီး krit ကိုဒဲ့ဆော်ချတာများရှယ်ပဲ ! King ကပညာတတ်လူ့ယဥ်ကျေးပီပီ krit ကိုအမြဲစကားနဲ့ပဲတိုက်တာ တခွန်းဆိုတခွန်းထိနေတာပဲ king kunakorn လိုလူရဲ့အပိုင်ကိုမှလာထိရဲ့တဲ့ krit ကတော့စိတ်မကောင်းစရာပဲ အပိုင်း ၈ မှာ ခွေးကျဝက်ကျကျတော့မယ်
နှစ်ပေါင်းများစွာတိုင်အောင် မြိုသိပ်လာရတဲ့ ခံစားချက်တွေကို အမည်ခံမိဘတွေဆီမှာဖွင့်ထုတ်လိုက်တာ uea အစားကိုယ်ပါအတော်ပေါ့သွားပါတယ် သူအော်ပြောနေချိန်မှာအားရလိုက်တာမှ အပြစ်ရှိသလိုမခံစားရဖူးလားဆိုတဲ့စကားကိုအကြိုက်ဆုံးပဲ တကယ်လည်းအပြစ်ရှိသလိုခံစားရမဲ့ပုံမပေါ်ကြပါဖူး.... ဒီနေရာမှာအမေလုပ်သူကိုအံ့သြမဆုံးပါဖူး...သူ့အတွက် သူ့အရင်ယောကျာ်း နဲ့အိမ်ေထာင်ရေးအဆင်မေပြတာ သူတို့အိမ်စီးပွားရေးအဆင်မပြေတာတွေအကုန် uea ကြောင့်ဖြစ်ရသလိုသတ်မှတ်ထားပုံပါပဲ...သားကိုထိုးကျွေးတယ် သား sexual harassment ခံရတာကိုလည်းသိသိကြီးနဲ့ ယောကျာ်းဘက်ကကာတယ်...လူတွေကပြောတယ် သင့်အတွက်သင့်မိသားစုကအမြဲနောက်ကရှိနေမှာပါတဲ့ uea လိုလူအတွက်ကရော ဘယ်မှာလဲသူ့နောက်ကရှိနေမဲ့မိသားစု...တစ်ကောင်ကြွက်မိဘမဲ့ဘဝကတောင်သူ့ထက်သာပါဦးမယ်...
မိသားစုကံမကောင်းတဲ့ uea အတွက် သူငယ်ချင်းကံကတော့တကယ်ကောင်းတယ်...jade ကအမြဲသူ့အတွက်ရှိနေပးတယ်...jade နဲ့ဆိုသူရင်ဖွင့်လို့ရတယ်. jade ကကအမြဲကောင်း"ဆိုး"သူ့အနားသူ့ဘေးမှာရှိနေခဲ့ပေးတဲ့တစ်ဦးတည်းသောသူငယ်ချင်း...uea အတွက် jade သာမရှိရင် ဘယ်လောက်တောင်ပင်ပန်းလိုက်မလဲ ခုလို king နဲ့ အဆင်မပြေနေချိန် ဆိုပိုတောင်ပင်ပန်းဦးမယ် သူ king ဆီကနှစ်သိမ့်မှုလိုချင်လည်းပြေးတွေမရတော့ jade ရှိနေလို့သာ....ဒီနေရာမှာ uea ကသူ့မိသားစုနဲအဆင်မပြေတော့ King ဆီကိုပဲသွားချင်ခဲ့ပါတယ် ပထမတခါသူ့မွေးနေ့တုန်းကလည်း King ဆီပဲသွားခဲ့တာပါ...အခုလိုတွေဖြစ်နေတော့သူ့မှာ king ဆီကိုမသွားနိုင်ပဲ jade ဆီကိုရောက်လာရတယ်...
King မူးပီးမက်ဆေ့ပို့တဲ့အခန်းကအသဲယားစရာ ...ဖုန်းအားကအချိန်ကိုက်ကုန်သွားတာများနော် လွမ်းတယ်လို့ပို့လိုက်နိုင်ရင် အခြေအနေကတမျိုးပြောင်းရင်ပြောင်းသွားမလားမသိဖူး ဘာမှမပြောင်းရင်တောင်အနည်းဆုံး uea က King သူ့အပေါ်ထားတဲ့စိတ်လေးသိလိုက်ရတာပေါ့...ယူတို့သာ ရန်ဖြစ်ပြီးမခေါ်ကြပဲနေနေရင်းကနေ လွမ်းတယ်လို့သာစာရောက်လာကြည့် ဘယ်လိုခံစားရမလဲနော့်... အရင်အပိုင်းမှာပြောတဲ့ သူတို့က right person wrong timing ဆိုတာဒါမျိုးတွေပေါ့ အပိုင်း၇မှာလည်းအဲလိုပဲ သူတို့အတွက် အချိန်အခါကောင်းကိုမရှိတာအဟုတ် ! ရန်ချည်းဖြစ်နေရ King ကတော့ရန်သာဖြစ်တယ်နော် အလုပ်လုပ်ရင်တူတူစောင့်ပေးတယ် အအေးဘူးဖွင့်ပေးတယ် king ရဲ့ ချစ်စရာကောင်းတဲ့အကျင့်လေးအဲတာကစိတ်ဆိုးချင်နေပေမဲ့ ueaကို လျစ်လျူမရူနိုင်ဖူးချစ်လို့လေ အပိုင်း ၅မှာ မူးပြီး သူများနဲ့ဖလစ်နေတဲ့ ကောင်ဆိုးလေးကိုသူမဆူရက်သလိုပေါ့ ...သူအရမ်းခံစားရလို့ဘီယာတွေချည်းလှိမ့်သောက်နေတာတောင် uea မကြိုက်ဖူးပြောထားတဲ့ဆေးလိပ်ကိုလုံးဝမသောက်ပါဖူး ပုံမှန်ဆိုသူစိတ်ရူပ်ရင်ဆေးလိပ်ညှိပါပီ ...ချစ်သူကွယ်ရာမှာမကြိုက်တာမလုပ်...လုပ်ရင် king kunakorn မဟုတ်
fwb ရပ်လိုက်ရအောင် လို့ uea ဆီကမက်ဆေ့ဝင်လာတော့ King တော့မသိ ကိုယ်တောင်နှလုံးသားကြီးအောက်ပြုတ်ကျသွားသလိုခံစားလိုက်ရတယ်.....ဆိုတော့အရင်အပိုင်းမှာပြောခဲ့သလို့ပဲ uea အလုပ်ထွက်ပီး fwb ရပ်လိုက်တာက king အတွက်လောင်စာဖြစ်သွားတယ်ဆိုတာတကယ်မှန်ပါတယ် အပိုင်း ၈ မှာချက်ချင်းပြေးလိုက်သွားပီးဝန်ခံပစ်တာ krit ကိုရှင်းထုတ်ပစ်တာ အပိုင်း ၈ ကတော့ King Kunakorn နောက်ပိုင်းကြမ်းမည် သူရှယ်မိုက်နေတာများ အရမ်းကြိုက် ! ၇က အရမ်းဒိတယ်ဆိုရင် ၈ ကအရမ်းမိုက်မှာတကယ် !
အပိုင်း ၇ ကတော့ အရာအာလုံးကိုအဆုံးဖြတ်ပေးတဲ့အပိုင်း king လည်းဒီအပိုင်းကြောင့်သူဆက်တွေဝေမနေတော့ဖူးလုပ်စရာရှိတာလုပ်တော့မယ် uea လည်း သူ့အတွက်စိတ်ရူပ်စရာတွေကိုအဝေးပို့ထားနိုင်ခဲ့ပြီ မိသားစု လူမှုရေး...စသဖြင့်...လောင်လိုက်ရပေမဲ့လို့ အကုန်လုံးကိုဆုံးဖြတ်ပေးနိုင်ဖို့လုပ်ပေးလိုက်တဲ့အပိုင်းမို့ Turing point တစ်ခုပဲ...bg music တွေသိပ်မသုံးထားပေမဲ့ကြည့်နေရင်းမပျင်းသွားဘူး လိုအပ်တာချည်းပြထားလို့လားတော့မသိဖူး...အပိုအခန်းတွေမပါဖူး emotion တွေအရမ်းအသားပေးထားတယ်...ကြည့်ရူသူတွေကတော့ ဆဲလိုက်လောင်လိုက်ငိုလိုက်နဲ့ အစုံခံစားလိုက်ရပါတယ်