Bed Friend Ep 6
netsiraphopmyanmarKING UEA အရူပ်တော်ပုံ
Uea က reality hit နေတာပါ...အပိုင်း ၅ မှာတုန်းက အက်မင်ပြောခဲ့သလိုသူတို ညစာစားတုန်းက uea က သူတို့၂ယောက်ရဲ့ အိပ်မက်ဆန်ဆန် ဘဝကနေ လက်တွေ့ဘဝကိုပြန် ဝင်လာပါပီ...အဲတာကြောင့် အိပ်မက်ဆန်ဆန်ဘဝဆိုတာ 4 5 မှာ သူတို့ fwb ဆိုတာကိုမေ့ပီး ပျော်နေခဲ့ကြတဲ့အချိန်တွေကနေသူ reality လက်တွေ့ဆိုတဲ့ ငါတို့ကအိပ်ရာသူငယ်ချင်းတွေပဲဆိုတဲ့ဆီကိုပြန်ဝင်လာပါပီ...ဒါတောင်သူတချက်ချက် မေ့ပီးခရီးထွက်ဖို့ပျော်နေခဲ့သေးတာသနားဖို့ကောင်းတဲ့ကောင်ငယ်လေးက...ဒီနေရာမှာ ပြက္ခဒိန်မှာ with king ဆိုတာလေးကြည့်နေရင်းတွေးနေတာက ပျော်ရွှင်မှုဟာသူ့အတွက်ဘယ်တော့မှမဟုတ်ခဲ့ဖူး ပျော်ရွှင်မှုကသူနဲ့မထိုက်တန်ဖူး...ကင်းကူနာကွန်က သူနဲ့မထိုက်တန်ဖူး ကင်းဆိုတာ သူ မျက်စိရှေ့မှာမြင်နေပေမဲ့မဖမ်းဆုပ်ရဲတဲ့သူ့ရဲ့ပျော်ရွှင်မှုလေးပါ...သူဖမ်းဆုပ်လို့မရဖူး ဘယ်လောက်သနားဖို့ကောင်းလဲ
သူလက်မခံချင်လည်းလက်ခံရမဲ့အမှန်တရားက King နဲ့သူကဘာမှမဆိုင်ပါဖူးဆိုတာပါပဲ...အဲတာကြောင့် King ကြင်ဖက်တွေ့တဲ့ကိစ္စကိုသူစိတ်ဆိုးနေတယ်ထင်နေရင်မဟုတ်ပါဖူး သူ king ကိုစိတ်မဆိုးပါဖူး သူတို့ဘာမှမဆိုင်ကြလို့ သူ king ကိူတားပိုင်ခွင့်မရှိသလိုစိတ်ဆိုးပိုင်ခွင့်လည်းမရှိတဲ့ အမှန်တရား ကသူ့ကို ရိုက်ခက်လွန်းလို့ နာကျင်နေတာ uea နာကျင်နေတာပါ...ဟိုစာသားတစ်ခုကြားဖူးလားတော့မသိဖူး မျှော်လင့်မိရင်ပိုနာကျင်ရတယ်ဆိုတာ အဲတာကြောင့် သူပိုနာကျင်နေရတာ...သူ ကင်းကိုကွာ လောဘတက်မိပါတယ်..သူလိုချင်မိပါတယ် သူချစ်ပါတယ်...အဲတော့နာကျင်တယ်...မျှော်လင့်ထားသလိူတစ်ခုမှမဖြစ်လာတော့ ပိုနာကျင်ပါတယ်...
King ကို စိတ်တိုနေကြမဲ့သူတွေရှိမှာသိပါတယ်..ဘာလို့ uea ကိုမျှော်လင့်ချက်တွေပေးပီးဖျက်ရတာလဲ..ကြင်ဖက်သွားတွေ့ရတာလဲ...ဘာလို့ဖွင့်မပြောရတာလဲ...ဖွင့်မပြောရတဲ့ကိစ္စသည် uea က playboy တွေကိုမုန်းတယ် သူလည်းအဲထဲကအပါအဝင်ပဲမို့ သူ့ကို uea ကမယုံဖူး ဒီတော့သူချစ်တယ်ပြောရင်လည်း uea ကယုံမှာမဟုတ်တဲ့အပြင် သူတို့ fwb ကိုပါပြန်ရုတ်သိမ်းသွားမှာစိုးလို့ပါ...ဖုန်းပြောတုန်းကဖွင့်ပြောဖို့လုပ်ပါသေးတယ် သူပြန်မြိုချတယ် ...King အတွက်လည်း ရွေးစရာမရှိပါဘူး...သူ့မှာလည်းလွန်ဆွဲနေတာ uea ကိုချစ်ပေမဲ့ရှေ့တိုးနောက်ဆုတ်ခတ်...krit ကလည်းမွှေ အမေကလည်းဖိအားပေးနဲ့ King လည်းရုးချင်နေတာပါ...အရွယ်ရောက်နေပီပဲ အမေကတွေ့ဆိုတိုင်းတွေ့ခိုင်းစရာလား လို့ပြောကြမှာပဲ ဒါမဲ့ အရှေ့တိုင်း မိသားစုတွေလေ သိတဲ့အတိုင်းမိဘစီစဥ်တာလက်မခံရင် သားမိုက်ဆိုသလိုပဲ အမေအလိုကျ သွားတွေ့ပေးလိုက်ရုံပဲ..သူယူမှာမဟုတ်ဖူး uea ကြားအောင်တောင်ပြောသေးတယ် အမေ့ကိစ္စအဲတာဆိုတာ...အမှန်တော့ ကြင်ဖက်ကိစ္စနောက်ဆုတ်ပီး uea ကိုကမ်းခြေအရင်ပို့လိုက်လည်းရတာကိုနော့် ဒါမဲ့ အရင်ပို့လိုက်ရင်ဘာဖြစ်မလဲသိလား uea ကို dream zone ထဲပြန်ဆွဲသွင်းမိဦးမှာပဲ...သူတို့လက်တွေ့ကနေမေ့သွားကြဦးမှာပဲ...သူတို့အခြေအနေက ခုဆို အိပ်မက်မက်နေလို့မရတော့ဖူး...လက်တွေ့ထဲပြန်လာပီး ပြတ်သားရတော့မှာ..သူတို့ခရီးသွားမဲ့ကိစ္စပျက်သွားတော့ King က uea ကိုလိုက်ချော့ပုံတွေကိုကြည့် သွေးရုးသွေးတန်းလိုဖြစ်နေတာ မျက်ရည်တွေဝဲပီး...သူ uea ကိုဆုံးရူံးရမှာအရမ်းကြောက်ပါတယ်...တခါမှမချစ်ခဲ့ဖူးတဲ့သူဒီလူနဲ့မှရုးဆိုသလိုပဲ သူရုးသွားတာ...ရုးသွားတော့ဘာဖြစ်လဲသိလား မတွေးသင့်တာအတွေးလွန် လုပ်သင့်တာမလုပ်နဲ့ သူကြောင်ကုန်တာပါ....တကယ်ဆို King ဆိုတဲ့သူလိုလူက ကိုယ်ချစ်တဲ့သူကိုပိုင်ဆိုင်နိုင်ဖို့ ဒီလိုတွန့်ဆုတ်နေတတ်တဲ့သူမျိုးမဟုတ်ပါဖူး ဝုန်းဒိုင်းအုန်းဒိုင်းသူမျိုးပါ...သူ့မှာခုမှ uea အဆင်မပြေမှာ uea သူ့ကိုမချစ်ရင်ကော uea က uea ကနဲ့ အချစ်ကမျက်ကန်းဖြစ်စေတယ်ဆိုသလို သူဖွင့်ပြောမှာစောင့်နေတဲ့ uea ကိုသူမမြင်တော့တာပါ....king kunakorn ကန်းသွားပြီ ကန်တော့ ကန်းတာမှစုံလုံးကန်း
Uea ကရော King ကိုနားမလည်ဖူးလား ?...နားလည်တာပေါ့ King ကကြင်ဖက်သွားတွေ့ချင်လို့တွေ့တာမဟုတ်မှန်းလည်းသိတယ် King သူ့ကိုချစ်နေတာလည်းသူသိတယ်...ဒါပေမဲ့ Uea လို trauma တွေရှိတဲ့သူအနေနဲ့ King ဆီကိုသူလုံးလုံးမသွားရဲဖူး...ချစ်မိတိုင်း ပစ်ချခံရတယ် ပျော်ရွှင်မှုဆိုတာဘာမှန်းမသိခဲ့တဲ့သူ့အတွက် king သူ့အပေါ်ကောင်းပေးနေတာတွေက အစစ်အမှန်ဖြစ်ပါ့မလားကြောက်တယ်...ဒီတခါကောထပ်ပီး ပျက်စီးသွားရင်ဘယ်လိုလုပ်မလဲ...uea ကလေ King နဲ့ ပျက်စီးသွားရင် အရင် ကထက်သူပိုအထိနာမှာ အဲတာကိုယုံ...သူတကယ်လူကောစိတ်ကော ဘဝကြီးပါပြိုလဲတဲ့ထိဖြစ်မှာ အဲလောက်ထိ သူ king ကိုချစ်တာ ချစ်လွန်းတော့ သူပိုနာကျင်လေပဲ....King ပြောသလို မစမ်းကြည့်ပဲ မသိနိုင်ဖူးလေဆိုတာလည်းမှန်ပေမဲ့ စိတ်ဒဏ်ရာအပြည့်နဲ့သူကဘယ်လိုမှ မစတင်နိုင်ပါဖူး...
King က Uea ကိုကြိုးစားဖို့အခွင့်အရေးပေးရမှာ..ငါရှိနေတာမို့ ရဲရဲကြီးလျှောက်လာခဲ့ ဆိုရင် Uea လည်းအကုန်ပစ်ချပီးလျှောက်လာမှာသူ့ဆီ ဒါမဲ့ စိတ်မပူပါနဲ့ uea အလုပ်ထွက်သွားတဲ့အခါ King ရဲ့မျက်လုံးပြန်ပွင့်လာလိမ့်မယ် (ဒါက spoiler အလုပ်ထွက်ရုံနဲ့မပီးဖူး king ကိုပါဖြတ်သွားတာ uea က fwb ရပ်ချပလိုက်တာ...အက်မင်အပေါ်မှာပြောသလို သူတို့အခြေအနေက ခုဆို အိပ်မက်မက်နေလို့မရတော့ဖူး...လက်တွေ့ထဲပြန်လာပီး ပြတ်သားရတော့မှာ..အဲတာကြောင့် uea ကပြတ်ပြတ်သားသားရွေးသွားတာ) သူ့နားကနေ သူအကြောက်ဆုံးဖြစ်တဲ့ချစ်တဲ့သူမရှိတော့တဲ့အခါ သူတွေဝေနေတော့မှာမဟုတ်ဖူး ပြောရရင် uea အလုပ်ထွက်လိုက်တာက လောင်စာလိုပေါ့ သူ မိုင်ကုန်မောင်းဖို့လောင်စာထည့်ပေးလိုက်တာ


အဓိကအခန်းက အကြောင်းအရာအချို့ နဲ့ သီအိုရီ
ပထမဆုံးအနေနဲ့ ဒီအခန်းက bed friend ep 6 ရဲ့ အရေးကြီးတဲ့အခန်းပါ…Uea က စိတ်ကိုဒုံးဒုံးချလိုက်ပါပြီ…Uea ကဒီနေရာမှာပြတ်သားသွားပါပီ…ဘာကိုပြတ်သားတာလဲဆိုတော့ king နဲ့သူက fwb သာဖြစ်ကြောင်းနဲ့ သူ king ကိုဆက်ပီးလောဘမတတ်မိစေဖို့ မမျှော်လင့်မိစေဖို့ပါ…Uea ကအဖြူဝတ်ထားတယ် Uea ရပ်နေတာလည်းအဖြူရောင်ထဲမှာ…

ဒါကဘာကိုပြောချင်တာလဲဆိုရင် အဖြူရောင်ဆိုတာ စင်ကြယ်တဲ့အရောင်လို့လူတွေကသိထားကြပေမဲ့ တကယ့်အဖြူရောင်မှာတခြားအဓိပ္ပါယ်တွေရှိပါတယ်cold အေးစက်ခြင်း…emptiness လစ်ဟာခြင်းဆိုတာပါ…Uea ကိုအဖြူထဲမှာမြင်ရတာဟာ Uea ကစိတ်ထဲမှာဘာမှမရှိနေတော့ပါဖူး နာကျင်တာများပီးထုံသွားလို့ပါ…သူ king ကိုမချစ်တော့ဘူးလားမေးရင် မဟုတ်ပါဖူး သူချစ်ပါတယ် သူအမြဲချစ်နေဦးမှာ..သူမမျှော်လင့်တော့တာပဲရှိတာ…
ဘာလို့မမျှော်လင့်တော့တာလဲလို့မေးလာရင် ဖြစ်နိုင်ချေရှိတာက Uea သည် king ကိုအရမ်းချစ်တဲ့အတွက် king ဘဝကိုကောင်းစေချင်ပါတယ်…သူ့အမေက king ကို ပြီးပြည့်စုံစေချင်တယ်ဆိုတာကို king ကတခါပြောထားလို့သူသိပီးပါပီ…king က ကောင်းမွန်တဲ့မိန်းကလေးနဲ့ဆုံပီးလက်ထပ်ပီးဘဝကိုပျော်ရွှင်စွာဖြတ်သန်းရမယ်လိူ့ Uea ကထင်ပါတယ် ဘာလိူ့ဆို Uea ကအမြဲသူ့ကိူယ်သူငယ်ငယ်တည်းက တွေးခဲ့တာ သူကမကောင်းတဲ့သူလို့ပါပဲ …သူကြုံခဲ့ရတာတွေအတွက် သူ့ကိုယ်သူအမြဲ နှိမ့််ချပီး တွေးနေမှာပါအဲတာကြောင့် king ကသူနဲ့မထိုက်တန်ဖူးဆိုတဲ့ အတွေးလေးသူ့မှာရှိနေမှာပါ….ခု ကိစ္စတွေဒီလိုဖြစ်လာတော့ သူ king ကိုပြတ်သားစေချင်ပါတယ်..သွားလိုက်တော့သူများဆီ..ငါတို့ကဘာမှမဟုတ်ဖူးဆိုတာကိုသိစေချင်လို့ စည်းကိုသိသိသာသာတားလိုက်ပါတယ်…အဲ့စည်းကိုတားလိုက်ပြီးတာနဲ့ uea ကထုံသွားတော့တာပါ…ဘာမှသူမခံစားနိုင်တော့တဲ့ထိပေါ့….အဲ့မှာ Uea ရဲ့သွေးအေးနေတဲ့ အေးစက်နေတဲ့ မျက်နှာအမူအရာနဲ့စကားတွေကို ပေါ်လွင်အောင် white color နဲ့သုံးထားတယ်
Uea က White ဆိုတော့ King ကကော? king က Uea နဲ့မတူ grey ထဲရောက်နေတာပါ…King က grey area ထဲရောက်နေတယ်ဆိုတာကိုပေါ်စေချင်လို့ grey ကို king ဘက်မှာမြင်ရမှာပါ

grey area ဆိုတာ အခြေအနေတစ်ခုဟာသေချာရေရာစွာမရှိတာကိုပြောတာပါ……Uea က အကုန်စိတ်ပိုင်းဖြတ်ပီးသားဖြစ်နေချိန် သူတို့ဆက်ဆံရေးကို realize ဖြစ်ပြီးနေချိန် king ကခုထိမသေချာမရေရာပါဖူး…king က ဘာလုပ်ရမယ်မသိပါဖူးခုချိန်မှာ သူတွေဝေနေပါတယ်…grey area ကို relationship မှာဒီလိုပုံဖော်ကြပါတယ် grey area မှာလူတွေက မရေရာတဲ့အခြေအနေမှာ တဖက်ပါတီ (king က grey ဆိုတော့တဖက်ပါတီက Uea) ကိုနာကျင်စေပါတယ်) မရေရာတဲ့အခြေအနေဆိုတာ king က Uea ကို ချစ်သူအနေနဲ့အဆင့်တက်ချင်ပေမဲ့သူမတက်ရဲသေးဖူး ခံစားချက်ကိုဖွင့်မပြောရဲဖူး သူ့ အမေကိုလည်း မဖျောင်းဖျနိုင်သေးဖူး မလွန်ဆန်နိုင်သေးဖူး အဲတာတွေ king တွန့်ဆုတ်နေတာအက်မင်ပြောသလိုပဲ အချစ်ကကန်းစေတယ်မလားမျက်ကန်းဖြစ်သွားရင်မြင်သင့်တာမမြင်နိုင်ကြတော့ဖူးလေ…ချစ်တဲ့သူကိုချစ်ကြောင်းမဝန်ခံရဲတာက တကယ်ရှိပါတယ်…king ကအဲလိုပါပဲ…Uea နဲ့ပိုဝေးမှာကြောက်လို့ သူဝန်မခံရဲတာ…Uea သူ့ကိုမယုံမှာ Uea ကအမြဲပြောဖူးတာပဲ မင်းကဘယ်သူ့ကိုမှအတည်ရှိခဲ့တာမှမဟုတ်တာ..ငါမင်းကိုမယုံဖူးဆိုတာ တွေကိုသူပြန်ကြားပြီးကြောက်နေတာပါ…king အတွက်လည်းခက်ခဲပါတယ်ဒါသူပထမဆုံးချစ်မိတာပါ…ဘယ်သူ့ကိုမှအတည်မကြံခဲ့တဲ့သူ့အတွက် Uea နဲ့မှအတည်ခံစားရတာမို့ သူ ဒီ rs ကို အလုပ်ဖြစ်စေချင်တယ်...Uea လုံးဝအဆင်ပြေမှ သူ right moment ကိုရှာပီးစချင်တာ…အဲတော့စောင့်ရင်းကနေ ကမောက်ကမတွေဖြစ်ကုန်တာ….
Uea က အရင်ထွက်သွားတော့ King တစ်ယောက်ပဲ grey area မှာ ကျန်နေခဲ့ပါတယ်… သူ Uea နဲ့ လိုက်မတက်သွားပါဖူး ဒီနေရာမှာ King နောက်ကလှေကားထစ်တွေကဘာကိုပြောချင်နေတာလဲဆိုတော့ လှေကားထစ်တွေကိုတက်ရင် နောက် chapter တစ်ခုအသစ်စတင်ဖို့ Beginning အစနေနဲ့သတ်မှတ်ကြပါတယ်..king က လှေကားထစ်တွေကို Uea နောက်ကလိုက်မတက်ခဲ့ …မဟုတ်ဖူး မတက်ရဲသေးပါဖူး…သူ မစရဲသေးဖူးဆိုတာကိုပြချင်တာပါ…
ဒီအခန်းမှာ Uea က King ကိုအေးစက်စွာကြည့်နေခဲ့တယ်…Uea မျက်ဝန်းထဲကို King ဖတ်ကြည့်ရင်ဘာမှမြင်ရမှာမဟုတ်ပါဖူး Uea ကခံစားမှုပြင်းထန်သွားပီးထုံသွားတာပါ…ပြောရရင်သူ့နှလုံးသားကခဲသွားပြီ…King ကတော့ Uea ကိုအငိုမျက်လုံးအပြုံးမျက်နှာနဲ့ကြည့်နေခဲ့ပါတယ်…King နာကျင်နေတယ်…ချစ်တဲ့သူရဲ့အေးစက်မှူတွေကြောင့်နာကျင်တယ် ချစ်တဲ့သူကိုမဆုပ်ကိုင်နိုင်ထားလို့နာကျင်တယ်…Uea ရင်ထဲအေးခဲနေချိန် King ရင်ထဲမီးလိုပူနေပါတယ်…လူ၂ယောက်က တချိန်တည်းမှာ ခံစားချက် ၂ ခုကိုခံစားရအောင်လုပ်တယ်နော်..ဘယ်လောက်ဆန်းကြယ်လိုက်လဲအချစ်ဆိုတာ …
Right timing Wrong Person
Wrong Timing Rightperson ဆိုတာကြားဖူးကြလား အဲလိုပါပဲ Uea အတွက်ကော King အတွက်ကောက Wrong timing Right person ဖြစ်နေတာပါ..၂ယောက်လုံး right person for each other နော် ဒါပေမဲ့ wrong timing ဖြစ်နေခဲ့တယ်..အချိန်အခါကောင်းမဟုတ်ခဲ့ဖူး…
ep 5 က တမြေ့မြေ့လောင်နေတဲ့ဘုံးဆို ep 6 ကပေါက်ခါနီးစက္ကန့်ပိုင်းပဲလိုတော့တဲ့ ဘုံးပါ...ဒီအပိုင်းကိုကြည့်ပီး အကုန်စိတ်တွေရူပ်ထွေးကြနာကျင်ကြမှာပါနားလည်ပါတယ်...ဒါပေမဲ့အကုန်လုံးကသူ့အကြောင်းပြချက်နဲ့သူ....
အပိုင်း ၆မှာ office environment အကြောင်းသေချာပြတယ် မထိတထိလုပ်တတ်တဲ့အသားယူတဲ့ krit လို လူတွေအပြင်မှာအများကြီးပါ ! အမြဲကြားနေရတယ် ရုံးမှာဘယ်လိုထိကပါးရိကပါးလုပ်ခံရတယ်ဘာညာ တကယ်ကိုမဖြစ်သင့်တာနော် ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ် ဘယ်သူမဆို ဒါမျိုးတွေမကြုံသင့်ဖူး အဲလို လုပ်လွန်းလို့ uea အနေနဲ့သည်းမခံနိုင်တော့လို့အလုပ်ထွက်ဖို့ထိစဥ်းစားရတော့တဲ့အထိ...အပိုင်း ၆ မှာမြင်ရမှာပါ uea ကဒီအလုပ်ကိုရောသူ့သူငယ်ချင်းတွေကိုကော ဘယ်လောက်ချစ်တယ်ဆိုတာ သူငယ်ချင်းတွေအားလပ်ရက်အတွက် ပြောနေကြတာကိုသူထိုင်ကြည့်နေပုံလေးကဒီအလုပ်ကိုသူတကယ်ချစ်ပါတယ်..အဲလိုလူက ထွက်စာတောင်ရေးလိုက်ပီ ဘယ်လောက်တောင်ဒီဆုံးဖြတ်ချက်ကိုချဖို့ခက်မလဲ...
နောက်တခု p mongkol က uea ကိုသူ့အလုပ်ကိုလုပ်ခိုင်းတာမျိုး...jade ပြောတဲ့စကားဆို တကယ်မှန်တာ အလုပ်ကြိုးစားတဲ့သူတွေက connection ကောင်းတဲ့သူတွေကိုအမြဲရူံးရတယ်ဆိုတာ...အပြင်မှာလည်းမြင်နေရတာပဲ...အဆက်အသွယ်ကောင်းရင် ဘာမှမတော်လည်းနေရာကောင်းရပီးဘာမှမလုပ်ပဲသူများပဲခိုင်းနေတာတွေ. .ဒါတွေကိုပြသွားတယ်
Friendship ပိုင်းမှာဆို Jade က Uea ကိုဘယ်လိုကာကွယ်ပေးခဲ့လည်းမြင်ရမှာပါ krit နဲ့ နေရအဆင်မပြေဖြစ်နေတဲ့ uea ကိုသူသိတယ် krit အသားယူမဲ့လက်ကနေ jade ကပြေးကယ်တာ...တကယ်သူငယ်ချင်းကောင်းနော် တို့တွေဘဝမှာ jade လိုသူသယ်ချင်းတကယ်လိုအပ်တာ...
ဒီအပိုင်းမှာ သဘောကျမိတာတွေကKing ကသူဆေးလိပ်ဖြတ်ဖို့ကြိုးစားနေရင်းဆေးလိပ်သောက်မိတော့ uea မကြိုက်ဖူးပြောထားတာကိုသတိရသွားပီးခြေနဲ့နင်းချလိုက်တာမျိုး...မမြင်ကွယ်ရာမှာတောင် ချစ်သူမကြိုက်တာကိုမလုပ်တာ...
UEA ကိုကြောင်ဘီးကုတ်တပ်ခိုင်းတာကို အတင်းမတိုက်တွန်းပဲ မင်းအဆင်ပြေမှတပ်ပါမတပ်လဲရတယ်ဆိုပီး GENTLEMAN ဆန်ဆန် ခွင့်တောင်းတာလေး...
Uea Gun ကိုပြောလိုက်တဲ့ dialogue လေးလည်းရင်ထဲစွဲနေတယ်...သူတို့ငါတို့ကိုမထားသွားဖို့ငါတို့လူကောင်းဖြစ်မှရမှာလားဆိုတာ...ဒါမှန်တယ်...တစ်စုံတယောက်ကြောင့် ကိုယ်ကသူတို့အကြိုက်လိုက်နေစရာမလိုဖူးနော်...လူတိုင်းကကိူယ့်ပုံစံနဲ့ကိုယ်ပဲ...သူတို့မကြိုက်ရင်သွားပစေ...ကိုယ့်ပုံစံကိုမကြိုက်ရင်နေ...ကိုကလိုက်ပြင်စရာမလိုဖူး ...ကိုယ်ကချစ်လွန်းလို့ပြောင်းလဲရင်တမျိုးပေါ့...
နောက်သူတို့ ရုံးမှာဖုန်းပြောတာလေး...ဖုန်းပြောတဲ့အခန်းကတော့ OVER ALL FAV ...ဘာလို့ဆို အပိုင်း ၅ မှာလည်း ပြထားပီးသား ရုံးမှာသူတို့အကြောင်းကိုလူမသိစေချင်လို့ သူတို့ပြောချင်တာတွေကို ဖုန်းပြောနေတဲ့ပုံစံလေးနဲ့ပြောတာအရမ်းကြည်နူးဖို့ကောင်းတာပဲ အပိုင်း ၂ တုန်းက မှန်တံခါးမှာစာရေးပြတဲ့အခန်းပီးရင် ဒီဖုန်းပြောတဲ့အခန်းလေးက BED FRIEND ရဲ့ ICONIC အခန်းတွေလို့ပြောလို့ရပါတယ် ဆန်းသစ်တီထွင်ထားတာ ...
Ep 1 တုန်းက spider man kiss ကို ep 6 မှာပြန်မြင်ရတာလည်းသဘောကျတယ် ep 6 ရဲ့ nc ခန်းကို feedback တွေကောင်းကြပါတယ် အက်မင်လည်း အရမ်းကြိုက်တယ် ဘာလို့ဆို အသေးစိတ်တယ် သေချာမပြတာပြတာနည်းတယ်ခံစားရနိုင်ပေမဲ့ ကြည့်ရတာမိုက်ပါတယ်..uea က King ကိုဒီအခန်းမှာ လွှမ်းမိုးနိုင်တာလုံးဝပါပဲ...သူက master သဘောလိုတောင်ဖြစ်နေတာ...ခုတင်မှာ လျှော ထိုင်နေရင်း king ကိုသူ ခြေထာက်နဲ့လှမ်းပြီး ခေါ်တဲ့ပုံကတော့ လုံးဝရုးသွားစေဖို့လုံလောက်ပါတယ်...ဒီ nc ဖြစ်လာဖို့အတော်ကြိုးစားခဲ့ရမှာပါ challenge နည်းနည်းဖြစ်တယ်လို့ခံစားရတယ်...
King နဲ့ Krit ကတော့ ထိပ်တိုက်တွေ့တိုင်းစကားဝှက်တွေနဲ့ပဲ 🤣 uea ကျွန်တော့်အိမ်နားမှာနေတာ အိမ်တူတူပြန်တယ်လို့ king ပြောတဲ့သဘောကငါတို့ဆက်ဆံရေးက အဲလောက်လေးနက်တယ် ပြောချင်တာ...krit က uea king အိမ်နားမှာနေတာမသိခဲ့ဖူးဆိုတာ မင်းတို့ပတ်သတ်မှုကအဲလောက်တောင်ဆိုတာမထင်ဖူးဆိုတဲ့သဘော
NetJames သရုပ်ဆောင်ချက်တွေကတော့ ဒီအပိုင်းမှာအရမ်းပီပြင်တာနော်...emotion တွေတအားလွှတ်ထားရတာသူတို့ energy တွေအတော်ကုန်မှာရယ်..တော်ရုံမဟုတ်ဖူး kinguea ကဒီအပိုင်းမှာ heavy feelings တွေနဲ့ ၂ယောက်လုံးက အရမ်းပင်ပန်းနေကြတာကို netjames ကသေချာ သရုပ်ဖော်နိုင်ခဲ့လို့ အရမ်းအားရတယ် ကိုယ့်ကလေးတွေတော်ပီးသားမှန်းသိပေမဲ့ ပိုအားရမိတာပေါ့...
ခြုံပြောရရင် ep 6 ကတုံ့ပြန်မှုတွေကောင်းပါတယ်