Bed Friend Ep 5

Bed Friend Ep 5

netsiraphopmyanmar

Emotion အများဆုံးအခန်း

KingUea ကဒီအခန်းမှာ အရမ်း emotion တွေများပါတယ် ၂ယောက်လုံးရဲ့ခံစားချက်တွေပြင်းထန်နေပေမဲ့ ဟန်ဆောင်ပြီးမြိုချထားကြတာဘေးက ကြည့်နေတဲ့သူတွေပါမွန်းကြပ်လာပါတယ်…

King ဖုန်းပြောနေချိန်မှာ Uea အမေကငွေတောက်လျှောက်တောင်းနေတော့ Uea မှာစိတ်နောက်ရပါတယ် အဲလိုစိတ်နောက်နေတုန်း king ဆီကအိမ်ထောင်ဖက်တွေ့ရမဲ့အကြောင်းကြားလိုက်ရတဲ့အချိန်မှာ uea ရင်ထဲဒိန်းကနဲပြိုလဲသွားပါတယ် uea ကအမတန် နေတတ်တဲ့သူပါ သူခံစားရတာကိုမျက်နှာမှာလုံးဝထုတ်မပြပေမဲ့ မျက်လုံးကတော့လိမ်မရပါဖူး…uea အဲအချိန်မှာဘာကိုခံစားလိုက်ရလဲဆိုတော့ reality hits ပါ အမှန်တရားကလှိုင်းဆိုရင် uea က အမှန်တရားရိုက်ခက်တာကိုခံလိုက်ရတဲ့ကျောက်ဆောင်ပါ…သူ့အတွက် king ကိုချစ်မိပြီး king နဲ့တူတူ ပျော်နေခဲ့တာ သူတို့က fwb တွေဆိုတောင်သတိမရတော့တဲ့ထိပဲ ကမ်းခြေက scene ကိုသာကြည့်…အက်မင်ကအဲ့အခန်းကို king Uea ရဲ့ dream zone လို့နာမည်ပေးထားပါတယ်….တလောကလုံးမှာသူတို့ပဲရှိတယ် သူတို့ချင်းတူတူရှိနေရင် ကျန်တာဘာမှမလိုတော့ဖူး ဆိုတဲ့အထိ သူတို့ zone လေးထဲသူတို့ပျော်နေခဲ့တာ အိပ်မက်တစ်ခုလိုပါပဲ အပြင်လောကကိုမေ့နေခဲ့ပါတယ်…အပြင်လောကက သူတို့ရင်ဆိုင်ရမဲ့အမှန်တရားတွေကိုသူတို့မေ့နေခဲ့ကြပါတယ် အဲတာက ကင်းရဲ့ အိမ်ထောင်ဖက်တွေ့ မယ်ဆိုတဲ့စကားတခွန်းနဲ့အတူ uea ရင်ထဲဒိန်းကနဲလာဆောင့်ပါတယ်….Uea ဟာရင်ထဲပြိုလဲနေပေမဲ့ king ကိုစကားလမ်းလွှဲလိုက်ပါတယ်…သူဘာမှမဖြစ်တဲ့ပုံစံနဲ့ပေါ့…တကယ်သူ့ရင်ထဲပြိုနေတာသူပဲသိပါတယ်… 

Uea ရဲ့ အဲဒီအပြုအမူက King ကို စိတ်ရူပ်သွားစေပါတယ်…ငါအိမ်ထောင်ဖက်တွေ့ရမလားမေးနေတာကိုတောင်သူကဘာမှမဖြစ်ဘူးလား သူဘာမှမခံစားရဖူးလားငါ့အပေါ်သူတကယ်ခံစားချက်မရှိခဲ့တာလားလုံးဝလေဆိုတဲ့အတွေးတွေနဲ့ပါ…uea ဘက်ကသူ့ကို သဝန်တိုပြီး မင်းမသွားနဲ့မင်းကိုသူများနဲ့တွဲမြင်ရတာငါမကြိုက်ဖူးတခွန်းတည်းပြောစေချင်တာ…uea ကလုံးဝမပြောတဲ့အပြင် ဘာမှမဖြစ်သလိုစကားလမ်းလွှဲတော့ သူထပ်မေးပါတယ် ငါသွားရမလားဆိုပြီး…သူအဲအချိန်ထိ uea သူ့ကိုတားဖို့မျှော်နေတာပါ တကယ်က king ကအစတည်းကသွားဖို့စိတ်မရှိပါဖူး သက်သက် uea သူ့အပေါ်ခံစားချက်ကိုသိချင်လို့ အဲတာကိုခုတုံးလုပ်ပြီး မေးမေးနေတာပါ…uea ကမင်းဆုံးဖြတ်လိုက်ပါလို့ပြောတော့ king ရင်ထဲ တဆစ်ဆစ်ဖြစ်သွားမှာပါ

ဒါပေမဲ့ဘာမှမဖြစ်သလို သူနေလိုက်ပါတယ် အမှန်ဆိုအဲလိုမြိုချလိုက်တာက king အကျင့်မဟုတ်ပါဖူး king ကဒဲ့သမား uea ကိုသူပေါ်ထင်ပြောချလိုက်လို့ရနေပါပီ ငါမင်းကိုကြိုက်တာမို့မင်းငါ့ကိုတားမရဖူးလားမင်းငါ့ကိုမကြိုက်ဖူးလား ငါတို့ဒီထက်ပိုမရဖူးလား ဆိုပြီးသူချဲလိုက်လို့ရပါတယ် သူမလုပ်ခဲ့ပါဖူး..uea ကသူထင်ထားသလိုမဟုတ်ရင် uea သူ့ကိုမုန်းမှာကြောက်ပါတယ် uea ကသူ့ကို fwb လို့ပဲသဘောထားရင်…ဒါကြောင့်ဒီတိုင်းပဲထားလိုက်တာပေါ့အနည်းဆုံးတော့ uea နဲ့သူဒီလိုနေနေရတာပဲဆိုပီးစိတ်လျှော့လိုက်ပါတယ်

Uea အဲ့အခန်းမှာလေလက်သီးကိုဆုပ်ထားတာသူအရမ်းမြိုသိပ်ထားရတာတအားသိသာပါတယ် king ကိုသဝန်တိုတဲ့စိတ်တွေနဲ့အတူ “အဆုံးမှာတော့ ငါကလည်းသူ့ကိုမပိုင် သူကလည်းငါ့ကိုမပိုင်ခဲ့ဖူးပဲ…ငါတို့ဟာအဆုံးမှာတော့ဘာမှမဟုတ်ကြဖူးပဲ” ဆိုတဲ့ reality hit ကိုသူတမြေ့မြေ့ခံစားနေရပါတယ်…အဲအချိန် uea ရင်ထဲအသံတိတ်တောင်အော်ဟစ်နေမလားပဲ….

ဒီနေရာမှာ uea က reality hit ပြီးတော့ king က dream zone ထဲအတင်းပြန်ဝင်ပါတယ် 

စားသောက်ဆိုင်ကပြန်လာတော့ King စိတ်နောက်နေတာuea သိလို့ သူပြန်လိုက်ရမလားမေးတဲ့အချိန်က မြိုသိပ်ထားတဲ့ king တယောက်ခံစားချက်တွေပေါက်ထွက်သွားတော့တဲ့အချိန်ပါပဲ…king က uea ကိုမလိုဖူးငါနဲ့ပဲနေဆိုတာက အိမ်ကိုတူတူလိုက်ခဲ့လို့ပြောတာလည်းဟုတ်သလို သူ့ဘက်ကအချက်ပြလိုက်တာပါ…ငါနဲ့ပဲနေပေးပါဆိုပြီး သူချစ်သူဖြစ်ချင်နေတာကို သွယ်ဝိုက်ပြောတာပါ…uea ကအဲတာကို အင်းအဲလုပ်တော့ သူပိတ်နမ်းလိုက်ပါတော့တယ် စကားတွေမများနဲ့ကွာ ကိုယ်နဲ့ပဲဒီအတိုင်းနေပေးလို့မရဖူးလားလို့ သူ့အနမ်းတွေကပြောပါတယ်..ဒီနေရာမှာ သူတို့နမ်းတာကိုကြည့်ရင် close mouth kiss ပါ close mouth kiss က၂ယောက်ကြားထဲ emotion wall တစ်ခုခံထားတယ်ဆိုတဲ့အဓိပ္ပါယ်ပါ…သူတို့ communicate လုပ်ဖို့လိုနေတယ်လို့ပြောတဲ့အနမ်းပါ ချစ်နေကြပေမဲ့ထုတ်ပြောဖို့လိုပါတယ်…

King နဲ့ Krit ထိပ်တိုက်တွေ့ခြင်း

Ep 5 ရဲ့ပညာသားပါတဲ့အခန်းက ကော်ဖီဆိုင် ကရယ် ရုံးကော်ရစ်တာကအခန်းပါ personally သဘောကျတဲ့အခန်းပါ.. 

Krit က King ကို Uea နဲ့တစ်ခုခုဆိုတာ သိထားပါတယ် အဲမှာကော်ဖီမှာတော့ သူငယ်ချင်းဆိုတဲ့စကားကိုတမင်ကိုဖိပြောပါတယ်... အဲဘဲတမင်ရိုက်ချတာ king ကို... အဲမှာ king က uea ကိုကာကွယ်ပေးသွားပြီး uea နဲ့ ကျွန်တော်ဆိုတာကိုဖိဖိပြောပါတယ် ဆိုလိုတာလာမရူပ်နဲကိုယ့်လမ်းကိုယ့်သွားဆိုတဲ့သဘောပါ...နောက်ကော်ဖီဖိုးရှင်းတော့ krit မြင်အောင် သူ့ကတ်ကို king ကမသိမသာပြပါတယ် ...သူလည်းသူဌေးဆိုတာသိစေချင်လို့ မဟုတ်ရင် krit ကသူ့ကို လခစားငချွတ်လေးထင်နေမှာစိုးလို့လေ...

အဲမှာသူတိူတခါထိပ်တိုက်တွေ့ပီးတော့ ရုံးကော်ရစ်ဒါကအခန်း ! အိုပြောသွားတဲ့စကားတွေများ နေ့လည်စာအကြောင်းကို ခုတုံး တစ်ခုလုပ်ပြီးတိုက်နေကြတာ...

လို့ Krit က King ကိုမေးတာဟာ Uea ကိုရည်ညွှန်းတာပါ Uea ကိုစားရတာအရသာရှိလားလို့ မေးတဲ့သဘောပါ !....

ဆိုတာ Uea ကို သူလည်းစမ်းကြည့်မယ်လို့ တမင်ပြောတာ

King ကသိတာပေါ့ဒီဘဲဘယ်ကိုဦးတည်နေတယ်ဆိုတာ 

"တခြားမှာသွားစားတာပိုကောင်းမယ်ထင်တယ်"

လို့ပြန်ပက်ပါတယ် ဆိုလိုတာတခြားသူကိုသွားရူပ်စမ်းပါ သူပိုင်တဲ့ uea ကို krit ကလာထိစရာမလိုဖူး

ဘဲကြီးကပြန်ချေပတယ်

တဲ့ရှင်းနေတာပဲ uea ကိုမင်းလည်းသုံးငါလည်းသုံးမယ်ဆိုတဲ့သဘော (မိုက်ရိုင်းတာ)

ကင်းကလုံးဝမရဖူးပဲ ! မရဖူးတခွန်းပဲ

ကင်းကိုပြောမရတော့ uea များစိတ်ဝင်စားမလားဆွယ်တယ်သူလက်မလျှော့ဖူး

ဘာညာနဲ့ဖောရောပြီး uea ကိုဆွယ်နေတာ ....King ကပဲအသားလွတ်လိုက်ကာနေတာ uea ကတော့သူ့ကိုစိတ်ဝင်စားမယ်ထင်နေတာ uea ကလည်း king ပြောသလိုပဲလို့ပြောလိုက်တော့ ဘဲကြီးနင်သွားတယ် 

King နဲ့ Krit ထိပ်တိုက်တွေ့တဲ့အခန်းတွေကအတော် tension ပြင်းတယ် တကယ်မိုက်တယ် ! 

Ep 5 ကတော့ kinguea ရဲ့​ဆက်ဆံရေးသာမကပဲ လူတွေအကြောင်းပါပြထားပါတယ်

P Bas ကိုရာထူးတိုးပေးမလိုနဲ့မျှော့်လင့်ချက်ပေးပြီးမှသူ့တူရင်းကိုပေးလိုက်တဲ့သူဠေးအကြောင်းတွေ...အဲ့အခန်းဆို p bas မျက်နှာကြည့်ပီးကိုယ်တောင်စိတ်မကောင်း...မြင်မြင်ချင်းလူတစ်ယောက်ကိုဆွဲစားချင်နေတဲ့အကျင့်ရှိတဲ့သူတွေ...သူဠေးကကိုယ့်ဦးလေးမို့ရေသာခိုအလုပ်မလုပ်တဲ့သူတွေကအးအကုန်အစုံပါပဲ ဒါတွေကအပြင်မှာလည်းဖြစ်နေတဲ့အကြောင်းတွေ....

KingUea ကြားကဆက်ဆံရေးကတော့ King ဘက်က Ep 5 ကစပြီးမီးစိမ်းပြနေပါပီ စိတ်မရှည်တဲ့ကောင်လေးပီပီ Uea အဆင်သင့်ဖြစ်တာကိုသာသူစောင့်နေရတာ စိတ်တော့သိပ်မရှည်ချင်တော့ပါဖူးသူ ဒီကြားထဲစားဘဲကြီးကပေါ်လာပြန်တော့ uea ကိုသူမြန်မြန် ချစ်သူအနေနဲ့အဆင့်တက်ချင်နေပါပီ...uea ကိုနည်းမျိုးစုံနဲ့သူ အရိပ်အမြွတ်ပေးနေတာတွေမြင်ရမှာပါ ဥပမာ အိမ်ထောင်ဖက်သွားတွေ့ရမလား မေးတာမျိုးတွေကတစ်ခုအပါအဝင်ပေါ့

 သူချစ်သူကိုအဆင့်တက်ချင်နေပြီဆိုတာကို Uea ဘက်ကသူ့အဆိုကိုအမြဲသိသိသာသာကောမသိမသာပါပယ်ချပါတယ်...Uea ဘက်ကြည့်ရင်မမှားပါဖူး သူသည် rs တိုင်းမှာအထိနာခဲ့သူမို့ rs တစ်ခုကိုသူလွယ်လွယ်မစတင်နိုင်ပါဖူး king ကိုချစ်တာချစ်တာပါပဲ...သူ့​အတွက်king နဲ့ rs တစ်ခုစဖို့ဆိုတာအတော်သူကြိုးစားရဦးမှာပါ သူတွန့်ဆုတ်နေပါတယ်...King က Uea သူ့ကိုငြင်းလေ အမြင်ကတ်စရာကောင်းအောင်လုပ်ပြလေပုံစံလေးတွေကတကယ်အမြင်ကတ်စရာလေး သဝန်တိုအောင်လုပ်ပြတာ သူတို့အကြောင်း ရုံးထဲအော်ပြောတာတွေ အမြင်ကတ်စရာကောင်းအောင်ချစ်စရာကောင်းတယ် ...

နောက် အပိုင်း ၄ မှာ ပျောက်သွားခဲ့တဲ့ သူတို့၂ယောက်ကြားက အားပြိုင်မှုကို အပိုင်း ၅ မှာပြန်မြင်ရပါတယ်...kinguea က sweet and sour ချိုချဥ်ပါ...သူတို့၂ယောက်လုံးကအမြဲတစ်ခုကိုမဟုတ်တစ်ခုပြိုင်နေကြတာ...ဒါလေးပြန်ပေါ်လာတာသဘောကျအဲလိုပြိုင်နေတာလေးလည်းမြင်နေရမှ kinguea ပီသတယ်ခံစားရလို့...နောက် King ရဲ့အရမ်းချစ်တတ်ပုံတွေ ဥပမာ uea ကြောင့်ဆေးလိပ်မသောက်တော့တာ uea အမှောင်ကြောက်လို့တစ်ညလုံးရင်ခွင်ထဲထည့်ထားတာ ကာကွယ်ပေးပုံတွေ ဥပမာ စားဘဲကြီးဆီကဘယ်လိုခွာထုတ်ပေးလည်းမြင်ရမှာပါ 

အချုပ်ပြောရရင် kinguea ကချစ်နေပါပီ ချစ်နေရုံနဲ့မပီးပါဖူး သူတို့ရင်ဆိုင်ရမဲ့ကိစ္စတွေ အထူးသဖြင့်သူတို့ကို test လုပ်မဲ့အရာတွေကရှေ့မှာစောင့်နေပါတယ် ep 5 က မပေါက်သေးပဲလောင်နေတဲ့ bomb ပါ kingueaရဲ့ စိတ်ထဲမှာလေးလံမှုတွေ တွန့်ဆုတ်မှုတွေနဲ့အတူ ဒေါသတွေစ်တ်ရူပ်ခြင်းတွေအကုန်စုနေတာ

အလှဆုံးအခန်းတွေကတော့ ကမ်းခြေကအခန်းလေးနဲ့ ဆေးလိပ်မသောက်ဖို့တားတဲ့အခန်းလေး...နူးနူးညံ့ညံ့ချစ်ခြင်းတွေပျော်ဝင်နေကြတာ... မထင်မှတ်ထားပဲရင်ခုန်သွားရတဲ့အခန်းလေးလည်းရှိတယ် ကားပါကင် kiss ! တကယ်သူတို့ရင်ထဲမှာလေးလံနေကြလို့ကိုယ်တွေပါလိုက်ရင်မောနေတာ King ရဲ့ ပိတ်နမ်းလိုက်တာမှာအားကနဲတောင်အော်မိ အဲအခန်းတကယ်မိုက်တာနော် !  



Report Page