Bed Friend Ep 3
netsiraphopmyanmarFriends with benefits စကြတဲ့အခန်းရဲ့အဓိက အကြောင်းအရာတချို့

ကင်းကူနာကွန်က သူ့ရဲ့အကျင့်စရိုက်ကိုကစိတ်မရှည်တဲ့သူပါ...သူ အူးအကို စားချင်နေပါပီ အဲဒါကို rules တွေတစ်ခုပီးတစ်ခုထုတ်နေတဲ့ အူးအကိုသူစိတ်သိပ်မရှည်တော့ပါဖူး အဲမှာ သူတို့rules တွေညှိကြတော့ ဒီနေရာမှာ ကင်းကူနာကွန်ရဲ့ shade တစ်ခုကထွက်လာပါတယ် "ငါတခြားသူနဲမအိပ်ရဖူးဆိုရင် ၂ကြိမ်ကနည်းတယ်" လို့ပြောနေတဲ့ချိန်မှာ သူက သြဇာအပြည့်ပါ သူအပေါ်စီးကနေချင်ပါတယ် တသက်လုံးဘယ်သူ့အောက်ကမှမနေ မလိုက်နာခဲ့တဲ့ ပုန်ကန်သူမို့ ဘယ်သူ့အထိန်းချုပ်မှမခံလာတဲ့သူ uea အထိန်းအချုပ်ကိုလုံးဝမခံချင်ဖူး...
အဲမှာ ၃ကြိမ်တော့လုပ်မယ်ဆိုပီး ပြောတာမှာ...သူ၃ကြိမ်လိုချင်တယ် အူးအကဒါကိုလိုက်ကိုလိုက်နာရမယ် အူးအကသူပြောတာကိုနာခံရမယ်ဆိုတဲ့ shade ကြီးကသူ့ကိုယ်ကနေထွက်နေတာ တအားသိသာတယ် လုံးဝတွားတွားဝပ်ချင်စရာ... သူအူးအကို သူလုပ်နေကျအတိုင်းအကြည့်နဲ့ညို့ပါတယ်... အူးအကိုသူ ထိန်းချုပ်တော့မယ် ဆွယ်တော့မယ်ဆိုရင်သူညို့လေ့ရှိပါတယ်... အပိုင်း၂ မှာ fwb ကိုသဘောတူအောင် လုပ်ခဲ့သလိုပေါ့... တဖက်လူကသူလိုချင်တာမပေးပေးချင်လာအောင် ညို့တတ်ပါတယ်.. အဲတာကင်း ကူနာကွန်ပါ ..နောက်ဆုံးအူးအကအမြဲသဘောတူခဲ့ရတာပဲမလား..
ဒီနေရာမှာ ကင်းရဲ့ ဒိုင်ယာလော့
ဆိုတာကို ရှင်းပြမယ် ဒါကရှင်းကိုရှင်းရမဲ့အခန်းအရေးကြီးတယ် ...ကင်းက ဘားမှစတွေ့တည်းက အူးအကို သဘောကျခဲ့ပါတယ် သူ့အကြိုက်ပုံလေးမို့ပါ...သူအူးအကိုကြိုက်ပါတယ် ခုထိလည်းကြိုက်ပါတယ် ဒီစကားကိုပြောနေတဲ့ချိန်ထိ သူကြိုက်နေတုန်းပါ ဘာလို့ အဲဒါကို ဒီလိုစကားပြောရလဲဆိုတော့ ပထမအချက် ဒီနေရာမှာသူတို့ကအားပြိုင်နေတာပါ...အူးအကိုအနိုင်နဲ့ပိုင်းချင်လို့ဒီစကားပြောတာပါ အူးအကသူ့ကို rules ပေါင်းများစွာနဲ့အရင်ကြိုကန်ထားတော့သူ့တွက် အောက်တယ်ခံစားရလို့ အဲလောက်အဖြစ်သည်းမနေပါနဲ့ ငါတို့ကကြိုက်နေတာမှမဟုတ်တာ sex သပ်သပ်ပဲ ဆိုပီးအနိုင်နဲ့ပိုင်းချလိုက်တာပါ...သူ့အကွက်ကထိရောက်ပါတယ် သူ့စကားမှာ အူးအ မျက်နှာတချက်ပျက်သွားတယ်....ဘာလို့ဆို မနေ့တနေ့ကပဲ ၂ယောက်က ဆေးတူတူစစ် မုန့်တူတူစား လည်လည်ထွက်ပီး အခြေအနေကရိုနေခဲ့ကြတာ အူးအဆိုတာလည်း ကင်းသူ့ကိုသဘောကျနေမှန်းရိပ်မိမှာပါ...ကင်းကိုသူလည်းမသိစိတ်ကသဘောကျချင်နေပါတယ် ...ဒါမဲ့ အူးအ ဆိုတဲ့မာနခဲလေးက လုံးဝ ထုတ်မပြပါဖူး...အဲမှာ သူမသိစိတ်ကသဘောကျချင်နေတာကို မကြိုက်ဖူးဆိုတဲ့စကားမှာ စက္ကန့်ပိုင်းလောက်ရင်ခံသွားပါတယ်....ဒီနေရာမှာ ကင်း နိုင်သွားလို့ အူးအနောက်မှာကင်းရဲ့ကာလာအပြာကိုတွေ့ရမှာပါ....
ဒုတိယအချက်က King ရဲ့ point of view ပါ...အူးအကိုအနိုင်ပိုင်းချင်လို့ဒီစကားကိုပြောတာမှန်ပေမဲ့ ကင်းရဲ့အတွေးလေးကဒီလိုပါ...သူသည် လုံးဝအချုပ်အနှောင်မခံချင်တဲ့ freedom သမားပါ rs တွေဆိုတာသူ့အတွက်ချုပ်နှောင်မှုတစ်ခုလို့ကိုမြင်နေတာပါ..ဒါကြောင့်တစ်ယောက်နဲ့မှမတွဲပဲ one night stand ပဲပတ်ထားနေတာ...uea ကိုသူကြိုက်ပါတယ် ကြိုက်ပေမဲ့သူ uea နဲ့ rs တခုထိသွားချင်တဲ့စိတ်မရှိပါဖူး ဒါကြောင့် uea နဲ့ fwbပဲလုပ်တယ် သူ့ခပ်ပေါ့ပေါ့ပဲတွေးတယ်...uea နဲ့ ရှိနေရရင် သူပျော်တယ် သူတို့အတူနေကြရင်စွဲမက်တယ် ဒါပဲသူသိတာ ဒါပဲလိုချင်တာ ...နောက်မှတကယ်လေးနက်သွားရင်း ချစ်မိသွားကြတာတော့ နောက်ပိုင်းဆက်ရန်ပေါ့လေ
King ရဲ့ emotional အဖြစ်ဆုံး ၃ ခန်း
တကယ်တကယ်ကို သူ့ခံစားချက်တွေကို အပြင်ကိုလျှံမထွက်လာအောင် အတင်းမြိုချထားမြိုသိပ်ထားရတာပါ...မျက်လုံးဆိုတာလိမ်မရပါဖူး ဘယ်လောက်ပဲ သူ မြိုချထားပစေ သူ့မျက်လုံးမှာအတိုင်းသားပါ...ဒီနေရာမှာသူမျက်လုံးတွေက သဝန်တိုတာ, ဒေါသ , ခံပြင်းမှု , အကုန်ရောထွေးနေပါတယ်... မျက်လုံးတွေကိုကြည့်လိုက်တာနဲ့ ကင်း ဟာရင်ထဲမှာအသံတိတ်အော်ဟစ်နေတာကိုကိုယ်ပါကြားလိုက်ရသလိုပဲ...

ဆိုတော့သူဘာလို့ဒီလိုတွေဖြစ်နေတာလဲ ? သူ သတ်မှတ်ထားတာ အူးအကသူ့လူပါ..သူ့လူကိုသူများနဲ့တွဲမြင်ရရင် သူသဝန်တိုပါတယ် ..သဝန်တိုနေတဲ့ကြားကနေ အူးအက သူ့ကို မယုံကြည်တဲ့အကြည့်နဲ့ မင်းကဘယ်သူ့ကိုမှအတည်မရှိတာဆိုပြီး ပြောလိုက်တာကသူ့ကို အူးအကလှောင်နေသလိုခံစားလိုက်ရပါတယ်... သူသဝန်တိုနေတာကအူးအ အတွက်ရီစရာတစ်ခုလို အူးအကမြင်နေတာလား ? သူအူးအကိုကြိုက်တယ် သူ့မျက်လုံးထဲ အူးအပဲရှိတာကို အူးအမြင်အောင်လည်းသူအမြဲပြခဲ့တာတောင် အူးအကသူ့ကို ယနေ့ချိန်ထိ အထင်လွဲနေတုန်းပဲ မယုံကြည်ဖူးပဲ ...ဟက် ငါ့ကိုသူလုံးဝအထင်သေးတာမရပ်သွားဖူးပဲ ဆိုပီး သူ့ဒေါသေတွခံပြင်းမှုတွေ...အူးအတင်မာနကြီးတာမဟုတ်ပါဖူးကင်းလည်းမာနကြီးတဲ့ကောင်လေးပါ... ဒီလိုလူ၂ယောက် ထိပ်တိုက်တွေ့ရင်မီးပွင့်ထွက်ပါတယ် ...ဒီနေရာမှာ ကင်းကလုံးဝ အူးအဆီမှာရူံးသွားပါတယ်...အူးအလည်းသူစကားလွန်သွားမှန်းသူသိပါတယ်... ပြောတုန်းကပြောမိပေမဲ့ သူစကားမှားသွားမှန်းသိလို့ နောက်ကင်းကိုမချော့သောမည်ခြင်းနဲချော့ခဲ့တာပဲလေ .အူးအပြန်ချော့တာကိုသဘောကျတယ်...
မျက်လုံးတွေကညာမရပါဖူး

ဒီနေရာမှာကင်းဘာတွေခံစားနေရလဲ ? Ex ကလာနှောင့်ယှက်သွားလို့ အရမ်းသူစိတ်ပူနေပေမဲ့ အူးအကို ပုခုံးလေးဖက်ပီးနှစ်သိမ့်ခွင့်လေးတောင်သူ့မှာမရှိခဲ့ပါဖူး.... ဘာလို့လဲ အူးအကရုံးမှာအနေအထိုင်မပျက်ရဖူးဆိုတဲ့ rule ကြောင့်ပါပဲ ....သူတို့၂ယောက်ကအရင်တည်းက တကျက်ကျက်ဖြစ်နေတဲ့သူတေမို့ဖက်လှဲတကင်းပုံရိပ်က ရုံးမှာမရှိတဲ့အတွက် သူ့မှာ အူးအကိုငေးပဲကြည့်နေရတယ် ....အဲလိုအဝေးကပဲကြည့်နေရလို့ ဝမ်းနည်းမှု အူးအအဆင်ပြေရဲ့လားစိုးရွံ့မှုတွေ စိတ်ပူမှုတွေ နဲ့အတူကြေကွဲနေတာပါ...
(ဒါကတော့အက်မင်အထင်ပါ ကင်းကအစက fwb ပဲသွားချင်တယ် rs တစ်ခုထိမသွားချင်ဖူးဆိုတဲ့အတွေးတေကဒီလိုနေရာကနေ တစစပြောင်းလဲလာတာပါ... ဘာလို့ဆို သူသာအူးအရဲ့တရားဝင်ချစ်သူသာဆို သူဒီထက်ပိုပီးအူးအကိုကာကွယ်ပေးနိုင်မယ်...အူးအကိုသူနွေးထွေးမှုပေးနိုင်မယ်ဆိုတဲ့အတွေးတေတစစရောက်လာတာ သူတဖြေးဖြေးလေးနက်လာတာ..ဒီလိုဖြစ်ရပ်တွေကြောင့်ပါပဲ)
uea ကိုငါဘာလုပ်လိုက်မိလို့ ဒီလောက်ဖြစ်သွားရတာလဲ ငါမှားသွားပြီလား ငါအမှားလုပ်မိပီ ဆိုပီး သူ့ရဲ့မျက်ဝန်းတွေထဲ စိုးရိမ်ပူပန်မှု နားမလည်နိုင်မှုတွေ အားနာမှုတွေနဲ့အတူ လန့်သွားတာကိုမြင်ရတယ် ....သူ့ကိုခွင့်လွှတ်ပေးပါလို့တောင်းပန်နေတဲ့မျက်ဝန်းလေးတွေဆို puppy eyes လေးတွေအတိုင်းပဲ ကြည့်လိုက်တာနဲ့ ခွင့်လွှတ်ပေးချင်စရာကောင်းနေတာ

အပိုင်း ၃ က ကာလာတွေ
အပိုင်း ၃ မှာ ကင်းရဲ့ ကာလာအပြာကိုအသားပေးပြီးအများဆုံးသုံးထားတာတွေ့ရတယ်...
အပိုင်း ၃ ပထမပိုင်းမှာဆို ကင်းရဲ့ ပိုင်နက်ထဲရောက်နေတဲ့ အူးအမို့ အူးအဘေးပတ်လည်မှာအပြာရောင်တွေပဲမြင်ရမှာပါ...ပထမဆုံး nc အခန်းမှာလည်း ကင်းရဲ့အရောင်ကပဲတောက်လျှောက်လွှမ်းမိုးထားပါတယ်သူခံစားချက်တွေအရမ်းပြင်းထန်နေလို့ထွက်လာတာ...နောက် uea ကိုငါလည်းမင်းကိုမကြိုက်ဖူးပြောတဲ့နေရာမှာကျတော့ ကင်းရဲ့အပြာက တမင်အူးအကို အနိုင်နဲ့ပိုင်းချချင်လို့ မခံချင်စိတ်နဲ့အတူ ထွက်လာတာပါ....

သဘောကျတာလေးကတော့ အူးအ ex လာနှောင့်ယှက်မှာစိုးလို့ ညလုံးပေါက်ဖုန်းပြောပေးတုန်းက ကင်းကဖုန်းထဲကနေတဆင့် သူ့အပြာရောင်ရေးရေးလေးနဲ့အူးအကိုလွှမ်းခြုံပေးထားပါတယ် ♡ ကင်းရဲ့ကာလာရေးရေးလေးအောက်မှာ စိတ်လုံခြုံနေတဲ့ အူးအကိုမြင်ရမှာပါ

နောက်ဆုံး nc ကတော့ရှားရှားပါးပါး အူးအအရောင်ပါထည့်သုံးထားပါတယ် ဒီနေရာမှာ အူးအကိုယ်တိုင်အရမ်း making love ထဲပျော်ဝင်နေလို့ သူ့အနီရောင်လေးတွေပါထွက်နေတာပါ....ပြီးတော့ဒီနေရာမှာ ကင်းရဲ့အရောင်အပြာလေးက တချက်ချက်လျှပ်စီးလပ်တာနဲ့အတူ ဝင်ဝင်လာတာလေးကအရမ်းလှပါတယ် ♡ သူတို့ချစ်နေတုန်း အနီရောအပြာရော ရောနေတာကိုပြတာ ၂ယောက်လုံးအရမ်းပျော်ဝင်နေတာကိုပြတာပါ.....
