Bed Friend Ep 10
netsiraphopmyanmar
Final ep ကတော့ဇာတ်သိမ်းပိုင်းမို့လားမသိ scene တိုင်းက emotional ဖြစ်နေရောပဲ အက်မင်တော့အပိုင်း ၁၀ စတည်းကငိုတာ ကြည့်ပီးတဲ့ထိအငိုမရပ်ပါဖူး...kinguea ကတကယ် healthy relationship ဆိုတာကိုကွက်ကွက်ကွင်းကွင်းပြထားပါတယ်အသေးးစိတ်ကိုပြတာပါ.scene တိုင်း အရမ်းလှတယ် ရူခင်းတွေဆိုတာရှယ် ရွက်လှေစီးတဲ့အခန်းတွေက camera work တွေအရမ်းလှတာပဲ အဲ့လှေက ကင်းပိုင်တာနော် သူကသူဠေး... bgm တွေကလည်း ရင်ထဲထိလိူက်ဝင်တာမှ ငိုချင်လျက်လက်တို့ပဲ... ကင်းကူနာကွန်ချွဲနေတာလေးတွေမြင်ရတာလည်းရွှေပဲ...jade ရဲ့သူ့သူငယ်ချင်း၂ယောက်အတွက် ဖြစ်နေတဲ့ပုံလေးတွေကြည့်ရတာလည်းတကယ်ချစ်စရာရီလည်းရီရ..
လုံးဝ ရင်ထဲကနေ လိူက်တက်တာကတော့ လက်ထပ်ခွင့်တောင်းတဲ့နေရာပါပဲ...ဘယ်သူ့အချုပ်အနှောင်ကိုမှမခံချင်ခဲ့တဲ့ ဘယ်သူ့ကိုမှအတည်မရှိခဲ့တဲ့ ကင်းကူနာကွန်က သူ့ရဲ့ ပထဦးဆုံးနဲ့နောက်ဆုံးအချစ်ဖြစ်တဲ့ အူးအကိုတော့တသက်လုံး ချစ်ပီးကာကွယ်ပေးပီးစောင့်ရှောက်သွားချင်တယ်တဲ့လေ...ဘယ်လောက်ကြည်နူးစရာကောင်းလိုက်လဲ...သူ့မိဘတွေကို အူးအကသူ့ဘဝရဲ့အချစ်ပဲဆိုတာကိုရဲရဲဝံ့ဝံ့ပြောနေနိုင်တာကိုလည်းသဘောကျတယ် သူအဲလိုပြောနိုင်အောင် မိဘတွကေလည်း support ပေးတယ် ကင်းရဲ့မိသားစုကိုအရမ်းသဘောကျတယ်...မိဘတွေလည်းသားဖြစ်သူရဲ့ပြောင်းလဲလာမှုကကောင်းသောပြောင်းလဲခြင်းဖြစ်တဲ့အပြင် အူးအ ကသူတို့သားကို ဒီလိုချစ်တတ်တဲ့သူအဖြစ်ပြောင်းလဲပေးလိုက်လို့ သူတို့လည်း အူးအကို အချစ်ပိုနေရတာပါ...
လက်ထပ်ခွင့်တောင်းခံရတဲ့အခါ အူးအ က မယုံကြည်နေနိုင်ပါဖူး သူအခုကြုံတွေ့နေရတဲ့အရာအားလုံးက တကယ်ပဲလား သူဟာတကယ်ပဲ ခုလိုပျော်နေတယ်ဆိုတာတကယ်ဟုတ်ရဲ့လားဆိုပြီးအံ့သြနေတာ..လူဆိုးတွေနဲ့ပဲဆုံခဲ့ရတဲ့ သူ့အတွက် တစ်စုံတစ်ယောက်က တဘဝလုံးစာတာဝန်ယူပြီးသူ့ကို နောက်ဆုံးချိန်ထိ လက်တွဲသွားဖို့တောင်းဆိုနေတယ်ဆိုနေတာ သူအံ့သြနေသလိုသူနဲ့ကောထိုက်တန်ရဲ့လားတွေးနေမှာပါ ဒါပေမဲ့ သူချက်ချင်း ခေါင်းညိတ်ခဲ့ပါတယ် သူမတွေဝေပါဖူး သူမစဥ်းစားပါဖူး စဥ်းစားစရာလည်းမလိုပါဖူး သူ့အတွက် king က King of his heart ပါ သူ့အတွက် king က the one ပါ ...ကင်းမိဘတွေကသူ့ကိုမိသားစုကနေကြိုဆိုတယ်ဆိုကောအူးအအစားကိုယ်တောင်ဝမ်းသာမိပါတယ် မိသားစုကံမကောင်းခဲ့တဲ့ သူ့အတွက် နွေးထွေးတဲ့ မိသားစုအသစ်ကစောင့်နေပီ...
အူးအပြောတဲ့စကားလေးကိုသဘောကျပါတယ် သူကကံမကောင်းတာမဟုတ်ပဲ သူ့ကိုပျော်စေတဲ့သူမတွေ့သေးခဲ့တာဆိုတာ...သူတွေ့ခဲ့တာ wrong person တွေပါ right person ကင်းသူ့ဆီရောက်လာဖို့ နှစ်ပေါင်းများစွာကြာခဲ့ပါတယ် ဆယ်နှစ်နီးပါးလောက်တောင်ရှိမလားပဲ အခုသူတို့က ၂၇ ဆိုတော့ ... ၂ယောက် တက္ကသိုလ်စတက်တည်းက အချင်းချင်းသိပြီးစိတ်ဝင်စားခဲ့ကြပေမဲ့ wrong time ဖြစ်ခဲ့တော့ သူတို့ချင်း right ဖြစ်ဖို့ နှစ်ပေါင်းများစွာအချိန်ယူခဲ့ရသလို ကြားထဲမှာအခက်ခဲတွေလည်းအများကြီးဖြတ်ခဲ့ရတယ်...မျက်ရည်တွေလည်းးကျခဲ့ရတယ်...အခုတော့တစ်ယောက်ကိုတစ်ယောက် missing piece ကိုဖြည့်ပေးနိုင်ခဲ့သလို တစ်ယောက်အတွက်တစ်ယောက်မရှိမဖြစ် ဖြစ်လာရပါပြီ....
Uea ကသူ့အကြောက်တရားကိုလည်းနောက်ဆုံးတောွတွန်းလှန်နိုင်ခဲ့ပါပြီသူကိုယ်တိုင် မီးအရင်ပိတ်လိုက်တာမျိုးကိုကြည့်ရင် king ကိုသူဘယ်လောက်ယုံတယ် ကင်းက သူ့ကိုဘယ်လိုကာကွယ်ပေးတယ်ဆိုတာ ကင်းနဲ့ဆိုသူဘယ်အရာမှမကြောက်တော့တာ ကင်းသာရှိရင် ရပြီဆိုပီးပြနေတာပါ....ကိုယ့်အကြောက်တရားကိုကိုယ်တိုင်ကျော်ဖြတတ်နိုင်တဲ့သူကသတ္တိရှိပါတယ်...
အပိုင်း ၁၀ မှာ အကြိုက်ဆုံး နောက် တစ်ခန်းကတော့ ရွက်လှေပေါ်က nc မဆန်တဆန်အခန်းပါ...ရိုက်ထားတဲ့ camera works ကောရူခင်းကော ကာလာကောအရမ်းလှတဲ့အပြင် ဒီနေရာမှာ kinguea sexual tension ကရှယ်ပါ... kinguea က အချိုတွေပဲပြည့်နေတဲ့အတွဲမဟုတ်ပါဘူး သူတို့ကချိုချဥ် ခါးအရသာစုံတယ်...သူတို့က တစ်ယောက်ကိုတစ်ယောက်တအားလွှမ်းမိုးနိုင်တယ် အားပြင်းတယ် သံလိုက်တွေလိုပဲ အရမ်းဆွဲငင်ကြတယ် (ဥပမာ ကြောင် ခန်းကိုသတိရပါ အရမ်းထူးထူးဆန်းဆန်းတွေလုပ်ရတာကြိုက်ကြတယ်) ဖန်ခွက်ထဲကဝိုင်ကို ကင်း အူးအကိုအတင်းတိုက်ပြီးတော့ ဝိုင်တွေအူးအနူတ်ခမ်းကနေစီးကျနေတာတွေ အူးအလျက်ပြနေတာ ကင်း ကအူးအနူတ်ခမ်းနဲ့ထိထားတဲ့ဖန်ခွက်ကိုလျှာနဲ့လျက်ပြတာမျိုး အဲလိုလုပ်နေရင်း အူးအကို တစေ့စေ့ကြည့်ရင်းသူဖန်ခွက်ကိုအူးအလို့အရသာခံနေတာက actual nc ထက်ပိုအားပြင်းပါတယ် ကြည့်နေရင်း ကြက်သီးပါထတယ်..ရေချိုးကန်ထဲမှာ အူးအ သူ့ကိုယ်သူဝိုင်တွေလောင်းချတာမျိုးဆိုလည်းအရမ်းကြိုက်တယ်...အဲလိုအချိန်ဆို kinguea ရဲ့ အခြားပုံစံကိုမြင်ရသလိုပဲ...
နောက် kinguea က fwb ဘဝတည်းကအနိုင်မခံအရူံးမပေးအားပြိုင်လာတာ ချစ်သူဖြစ်တဲ့ထိပဲ အဲတာလည်းသူတို့ရဲ့ဆွဲဆောင်မှုပဲ...အင်္ကျီကြယ်သီးတပ်ခိုင်းတုန်းက ကင်း ကမတပ်ပဲ အူးအကိုဆွတော့ အူးအကလည်းပြန်လုပ်ပြတာမျိုးဆို သူတို့ရဲ့့ဘာနေနေပြိုင်လိုက်ရမှအကျင့်သေးသေးလေးတွေခုထိရှိနေတာကိုပြပါတယ်...
အဲလို အချိုအချဥ်အကုန်စုံနေတဲ့ သူတို့ rs လေးက ဘယ်လောက်ငြိမ်းချမ်းလိုက်မလဲ မြင်ရတာနဲ့တင် လူတကာအားကျရလောက်တဲ့အရမ်းချစ်ကြတာပဲနော်ဆိုတဲ့ဆက်ဆံရေးပါ....
စကားမစပ် ep 10 မှာ netjames ကဝင်ဝင်ပါတယ်နော် အင်္ကျီကြယ်သီးတပ်ခိုင်းတာမျိုး ကားမောင်းရင်းကလူနေကြတာတွေက netjames မှ netjames ရယ် သူတို့သရုပ်ဆောင်စရာတောင်လိုရဲ့လားပဲစာလည်းအတော်ရှည်သွားပါပြီ ဒီလောက်နဲ့ပဲ kinguea ကို နူတ်ဆက်လိုက်ကြတာပေါ့...သေချာပါတယ် သူတို့ ကမ္ဘာလေးထဲမှာအရမ်းပျော်နေကြတော့မှာပါ...