Bed Friend EP 4
netsiraphopmyanmarSexual harassment and Domestic Violence
Ep 4 မှာ မီးမောင်းထိုးပြထားတာ Sexual Harassment နဲ့ Domestic Violence အကြောင်းပါ..လိင်အကြမ်းဖက်တယ်ဆိုတာဘာလဲ လိင်အကြမ်းဖက်တယ်ဆိုတာ စကားနဲ့ရောအပြုအမူနဲ့ရော sexual ဆန်ဆန် စော်ကားတာပါ…ပါးစပ်ကနေအရသာခံပြောတာတွေလည်း sexual harassment ပါပဲ အပြုအမူကတော့ပိုဆိုးတာပေါ့…ဒီမှာ Uea ဟာ ပထွေးဆီကနေ အပြုအမူကနေတဆင့်စော်ကားခံရတာပါ…
ဒီလိုလုပ်ခံရရင် နီးစပ်တဲ့သူကိုချက်ချင်းအကူညီတောင်းပါဆိုတဲ့အတွက်ကြောင့်အမေဆီကိုအားကိုးတကြီးနဲ့ ရှိတဲ့အင်အားလေးသုံးပြီး အားကိုးရမလား အကူညီတောင်းခဲ့တဲ့ Uea ဟာ Victim Blamimg ပါထပ်ခံရပါတယ်
ဆိုတာ…Uea ဒီလိုလုပ်ခံရတာဟာ Uea gay နေလို့ဆိုပြီး ကျူးလွန်ခံရသူကိုအပြစ်ဖို့တဲ့အပြင်ကို Domestic Violence ပါလုပ်ပါတယ် မိခင်ဖြစ်သူက…Uea ကိုရိုက်နှက်တယ် အော်ဟစ်တယ် ရေချိုးခန်းထဲထည့်ပိတ်တယ် ဒါတွေဟာ Domestic Violence (အိမ်တွင်းအကြမ်းဖက်မှု)ပါ…

Sexual harassment ကော Domestic Violence ကောတပြိုင်တည်းခံရတဲ့ Uea က စိတ်ဒဏ်ရာရသွားပါပြီ…နှစ်ပေါင်းများစွာထိအောင်ပါ…စိတ်ဒဏ်ရာရဲ့ နောက်ဆက်တွဲအကျိုးသက်ရောက်မှုအနေနဲ့ (PTSD) အဖြစ်ဆိုးကိုကြုံပြီးစိတ်ကစဉ့်ကလျားဖြစ်ခြင်း ကိုပါတပြိုင်တည်းခံစားရပါတော့တယ် PTSD က ငယ်စဉ်တည်းကညှင်းပန်းခံရတာ လိင်အကြမ်းဖက်ခံရတာကြောင့်ရခဲ့တာပါအခြားအကြောင်းတွေလည်းရှိပါတယ်
အချိန်ဘယ်လောက်ကြာကြာနှစ်တွေကြာကြာသူခံစားခဲ့ရတဲ့ စော်ကားခံခဲ့ရတဲ့အဖြစ်အပျက်ကအိပ်မက်ဆိုးတစ်ခုမက်ရသလို ပြန်ပြန်ရောက်လာပါတယ်။ ဘယ်လိုအခြေအနေမှာအများဆုံးရောက်လာလဲဆိုရင် အာရုံငါးပါးတစ်ခုခုကနေ ဝင်ရောက်လာတတ်ပြီး ဖြစ်ခဲ့တဲ့အချိန်တုန်းက ခံစားခဲ့ရတဲ့ ကြောက်စိတ်၊ ရွံရှာစက်ဆုပ်စိတ်တွေပြန်ဖြစ်လာတော့တယ် အပိုင်း၃ မှာ Uea ရဲ့ဂုတ်ပိုးကို King ကနမ်းမိတာကို Uea ချက်ချင်း လန့်သွားတာကဒါကိုပြချင်တာပါဒါက Sexual Harassment ကရတဲ့ Trauma..
Domestic violence ကရတဲ့ Trauma ကအမှောင်ကြောက်သွားတော့တာပါ..

ငယ်ငယ်တည်းကမှောင်မဲနေတဲ့ရေချိုးခန်းထဲ အမြဲရိုက်နှက်ခံရပြီး ပိတ်ခံထားရတဲ့ကြောက်ရွံ့မှုကနောက်နှစ်ပေါင်းများစွာတိုင်အောင် အာရုံငါးပါးကနေ အိပ်မက်ဆိုးလိုပြန်မြင်ရတော့တာပါ…
အက်မင်တော့ဒီအခန်းကို တစ်ခါပဲကြည့်နိုင်ခဲ့ပါတယ်။ ထပ်မကြည့်နိုင်တော့တဲ့ထိပါပဲ James ဒီအခန်းမှာ သရုပ်ဆောင်တာအရမ်းတော်ပါတယ်…
ကင်း နဲ့ အူအ ကြားကဆက်ဆံရေးတိုးတက်လာ
အပိုင်း ၄ မှာကတော့ကင်းကသူအူးအကိုချစ်နေပြီဆိုတာကိုကြည့်ရူသူတွေသိအောင်အသေးစိတ်ပြလိုက်ပါတယ်။ ဒီတော့ဆိုလိုချင်တာက ၂ယောက်လုံးချစ်မိနေကြပါပြီ။ သူတို့ကြားမှာ fwbဆိုတဲ့လိုင်းလေးခံထားတုန်းပဲဆိုပေမဲ့ပေါ့။ကင်းရောအူးအရောကအဲ့လိုင်းပေါ်ရပ်နေကြတာပါ..အရင်က သူတို့ကလိုင်းရဲ့တစ်ဖက်တစ်ချက်မှာရှိနေခဲ့ကြတာ..မသိမသာခြေတစ်လှမ်းဆီတိုးလာရင်းနဲ့သူတို့ကိုယ်တိုင်လိုင်းပေါ်ရောက်လာခဲ့ကြပါပီ။ အပိုင်း ၄ မှာသေချာမြင်ရမှာပါ
(အလုပ်ကပြန်လာလို့ပင်ပန်းနေတဲ့ကင်းကို အူးအက ပေါင်ပေါ်ပေးအိပ်စေပြီး လက်လေးကိုင်ထားတဲ့အခန်းမျိုး..မွေးနေ့ကိတ်ပေနေတဲ့ကင်းရဲ့ပါးကိုဖွဖွလေးနမ်းတာမျိုး...အိပ်ရာကနိုးတော့ကင်းကအူးအပါးကိုနမ်းလိုက်တာမျိုး အလုပ်မှာလက်ခိုးကိုင်တာမျိုးတွေ)


ဘယ် fwb မှအဲလိုမနေကြောင်းပါ..သူတို့ဘာလုပ်နေလည်းသူတို့ကိုယ်တိုင်သိပါတယ်.သိသိကြီးနဲ့မသိချင်ယောင်ဆောင်ပြီးနေနေကြတာပါ... ဆိုးရွားတဲ့ rs တစ်ခုကနေရုန်းထွက်ထားတာမကြာသေးတဲ့အူးအကိုကင်းကအချိန်ယူစေချင်ပါတယ်...လူကောင်းနဲ့ပဲတွေ့ပါလို့သူအူးအကိုအမြဲပြောပြောနေတာအကြောင်းရှိပါတယ် အူးအကိုသူလူကောင်းသူကအူးအအတွက်သင့်တော်တယ်ဆိုတာအူးအသိလာအောင်သူပြနေတာ..အူးအရောသူရောအဆင်ပြေမှ သူစချင်ပါတယ်..ဒါဆိုအူးအဘက်ကရောကင်းကို၁၀၀ % ယုံပြီလား ဒါကိုအောက်မှာဆက်ကြည့်ကြတာပေါ့
အူးအကိုကယ်လိုက်နိုင်တာတောင်ကင်းရဲ့မျက်ဝန်းတွေထဲပူပန်ရိပ်တွေလွှမ်းမိုးနေတုန်းပါပဲ..သူသာအချိန်မီမရောက်လာနိင်ရင်သူချစ်ရတဲ့ကောင်လေးသာတစ်ခုခုဖြစ်သွားရင်သူတော့ယူကြုံးမရဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့အတူစိုးရိမ်မှု ကြေကွဲမှုတွေကသူ့မျက်ဝန်းထဲမြင်နေရတယ်...သူ့ကိုကယ်ထားတဲ့လက်တွေကို အူးအက ဖွဖွလေးမူတ်ပေးပါတယ် ကင်းကသူ့အတွက်လုံခြုံစေတဲ့သူမှန်း ကာကွယ်ပေးတဲ့သူမှန်းအူးအစိတ်ထဲသိပါတယ်...အူးအကသူ့လက်ကိုမူတ်ပေးနေချိန် ကင်းကအူးအကိုကြည့်နေတဲ့အကြည့်တွေမှာအချစ်တွေအပြည့်ပါဒီနေရာမှာ အနောက်ခံသီချင်းဝင်လာတာက ငါသူငယ်ချင်းထက်ပိုချင်တယ် မင်းချစ်သူဖြစ်ချင်တယ်...ဒီသီချင်းကအပိုင်း ၃ မှာ အူးအကင်းကိုချစ်မိနေပြီလို့သူ့ကိုယ်သူသိလိုက်ချိန်မှာလည်းဝင်ထားပါတယ် အဲတုန်းကတော့ အူးအအတွက်ပေါ့...အူးအကချစ်မိနေတာကိုပြချင်လို့...အခုအပိုင်း၄မှာကကျကင်းချစ်နေတယ်ဆိုတာကိုပြချင်လို့...

ကင်းက pok အူးအကိုဆွဲလားရမ်းလားလုပ်နေတုန်းက ရှပ်အင်္ကျီနဲ့ပွန်းတိုက်ထားတဲ့အရာတွေကိုဆေးထည့်ပြီးမူတ်ပေးနေတတာ ဖွဖွလေးနမ်းလိုက်တာမှာဆို သူချစ်ရတဲ့ကောင်လေးနာကျင်သွားမှာစိုးလို့မထိရက်မကိုင်ရက်လေးနဲ့ကြင်နာမှုအပြည့်ပါ..ကင်းသူ့ကိုအဲလိုလုပ်ပေးနေတုန်းအူးအပြုံးနေတာကိုမြင်ရမှာပါ...မချစ်ပဲမနေနိုင်ဘူးဆိုတဲ့အပြုံးမျိုး...

ငယ်ငယ်တည်းကသူများမွေးနေ့ကိတ်ခွဲတာကိုအားကျခဲ့ရတဲ့သူ့အတွက်သူ့မိသားစုဝင်တွေကမလုပ်ပေးခဲ့တဲ့အရာကို ကင်းကလုပ်ပေးတာမြင်ရတဲ့အခါ မွေးနေ့ကိတ်ယူလာပေးတဲ့ကင်းကိုကြည့်ရင်းသူမျက်ရည်ဝဲရင်းပြုံးနေတာတွေက ကင်းကသူ့အတွက် တစ်ဦးတည်းသောမိသားစု သူ့ကိုအမြဲကမ်းလင့်ကြိုနေတဲ့ နွေးထွေးတဲ့ တစ်ခုတည်းသောအိမ်ဆိုတာကိုသူလက်ခံလိုက်ပါပြီ...

ရေချိုးခန်းထဲက ကွန်ဒိုမှန်ကအရိပ်ကိုကြည့်ပါ..အရင်ကကင်းနဲ့သူကအမြဲအဲမှန်တဖက်တချက်မှာပဲရှိနေခဲ့တာပါ..ကင်းကိုသူနံရံတစ်ခုအမြဲကာထားခဲ့တယ်ဆိုတာလေ..အခုမှန်ထဲကအရိပ်ကိုကြည့်လိုက်ပါ...အူးအက ကင်းကိုသူကာထားတဲ့နံရံထဲဝင်ခွင့်ပေးလိုက်ပါပြီ..

series ထဲမှာမပါတဲ့အကြောင်း
အူးအကဘာလို့ ပွေရူပ်တဲ့သူတွေလိမ်တဲ့သူတွေကိုမုန်းရတာလဲ..အကုန် သူ့အဖေကြောင့်ပါ အူးအရဲ့ အဖေနဲ့အမေက ကွာရှင်းခဲ့ကြတာ အူးအအဖေကတခြားမိန်းမနဲ့ဖောက်ပြန်လို့ပါ..အဲလိုဖြစ်သွားတော့ သူ့အမေနောက်အိမ်ထောင်ပြုတဲ့အခါ ပထွေးနဲ့တွေ့ပြီးပထွေးကအနိုင်ကျင့်တာခံရတော့တယ် အမေကလည်းသူ့အပေါ်မကောင်းတော့ဖူး အူးအအဖေကသာမဖောက်ပြန်ခဲ့ရင် အူးအတို့မိသားစုသာအဆင်ပြေနေခဲ့ရင် အူးအဒီလိုအဖြစ်ဆိုးတွေကြုံရမှာမဟုတ်ပါဖူး...ဒီလိုစိတ်ဒဏ်ရာတွေနဲ့ကလေးက အမြဲမေတ္တာငတ်ခဲ့တဲ့အတွက် သူ့ကိုမေတ္တာတွေနဲ့နွေးထွေးမဲ့သူကိုအမြဲရှာနေခဲ့တာပါ..ကံဆိုးတဲ့နောက်မိုးလိုက်ရွာသဘောပဲ သူ့ကိုချဉ်းကပ်သမျှယောကျာ်းတွေကတစ်ယောက်မှအစစ်အမှန်မရှိခဲ့ဖူး,,အကုန်သူ့နောက်ကွယ်မှာ ဖောက်ပြန်ကြတဲ့သူတွေချည်းပဲ...အဖေကနေစလို rs ထိဒီလိုတွေပဲကြုံနေတဲ့အတွက် ကင်းကို အပြင်ပန်းကြည့်ပြီးအူးအကလုံးဝကြည့်မရခဲ့တာပါ..တစ်ယောက်ကိုအတည်မရှိပဲ ပလေးဘွိုင်းဆန်တဲ့ကင်းကိုသူလုံးဝအမြင်မကြည်ခဲ့ပါဖူး,,ဒါပေမဲ့ကင်းပြောသလိုပေါ့ သူတကယ် အတည်တွဲရင်တော့သူကမဖောက်ပြန်တတ်ဖူးဆိုတာနောက်ပိုင်းမှအူးအကတဖြေးဖြေးကင်းစိတ်ကိုသိလာတာပါ....
Ep 4 ကကာလာတွေ
အပြာရယ်အနီရယ်အဝါရယ် ပေါင်းရင် ချောကလတ်အရောင်ရတယ် တနည်းအားဖြင့်အညိုပေါ့...အပြာနဲ့အနီကဘယ်သူတွေရဲ့ကာလာတွေမှန်းသိကြတယ်မလား ကင်းကအပြာ အူးအကအနီပါ ...ဆိုတော့ အဝါကဘယ်ကပါလာလဲ...အဝါက ပျော်ရွှင်မှုကိုကိုယ်စားပြုတဲ့ကာလာပါ...ကင်းနဲ့အူးအရဲ့ကာလာတွေနဲ့ သူတို့ပျော်ရွှင်မှုအဝါပေါင်းလိုက်ရင် ချောကလတ်ရောင်လေးထွက်လာတယ်....
အဲတာကြောင့်တစ်ယောက်မျက်နှာဆီမှာချောကလတ်တွေပေနေတာလေးကသူတို့ကာလာလေးတွေပေနေလို့ အရမ်းလှတာပဲ...ပန်းချီကားလေးလိုပဲ...
ကင်းပေးတဲ့မွေးနေ့ကိတ်မှာဆို ချောကလတ်ကိတ်ကိုမှ အဝါလေးတွေပါတယ် macaroon အဝါလေးဆိုပြူး
ဒီထဲ king ပေးတာမှန်းသိသာအောင် သရဖူလေးပါထည့်ထားသေး...ချောကလတ်ကိတ်ကိုမွေးနေ့မှာပေးတဲ့အဓိပ္ပါယ်လေးက အချစ်တွေနဲ့အတူ ငါမင်းနဲ့အတူတူအမြဲရှိနေမယ်လို့ပြောတာပါတဲ့...ကင်းကအူးအကိုလည်း မွေးနေ့မှာတူတူရှိနေပေးမယ်ပြောသေးတယ်မလား...

bd ကျင်းပတဲ့တစ်ခန်းလုံးကို အပြာချည်းသုံးသွားတာက ကင်းရဲ့ ကာလာက အူးအအပေါ် လွှမ်းခြုံပေးထားတာကိုပြတာပါ...အပြာအပြင် အဝါရေးရေးလေးကိုပါမြင်ရတာမို့ အပေါ်မှာပြောသလိုပဲ အဝါကပျော်ရွှင်မှု မို့ အဝါကို ကင်းရဲ့ကာလာအပြာနဲတွဲမြင်ရတာကင်းကအူးအရဲ့ပျော်ရွှင်မှုလို့ရည်ညွှန်းတာပါ..


[.အပိုင်း ၃ မှာ ကင်း ကတစ်ညလုံးဖုန်းပြောပေးနေခဲ့တုန်းကလည်း အပြာနဲ့အဝါကိုတွဲမြင်ခဲ့ရပါသေးတယ်]
uea ကိုမကောင်းကြံတဲ့ uea ရဲ့ asshole ex ကို king က ထိပ်တိုက်ရင်ဆိုင်တဲ့အခန်းပါ ....လငါက uea ရဲ့ချစ်သူဆိုပီးတခွန်းတည်းနဲ့ ပရိသတ်တေကို ရင်ခုန်သွားစေတဲ့အခန်းဆိုလည်းမမှားပါဖူး
Uea အတွက် king ကမားမားမတ်မတ်ကာကွယ်ပေးနေတာမို့ king ရဲ့အပြာရောင်တွေကိုဖြန့်ကျက်ထားပါတယ်

အပိုင်း ၄ ကတော့ bed friend က nc တွေပဲများတဲ့ plot မရှိတဲ့ဇာတ်ပါလို့ဝေဖန်ကြတဲ့အပေါ်ကိုလုံးဝမှားကြောင်းပြပါတယ်။ bed friend သည် fwb တစ်ခုတည်းအခြေခံထားတာမဟုတ်ပါ။ စိတ်ဒဏ်ရာ ၊ sexual harassment ၊ မိသားစု ၊ သူငယ်ချင်း ၊ အချစ် ၊ လူတွေအကြောင်းအကုန်အစုံရိုက်ပြထားတာပါ ဒါတွေကိုအပိုင်း၄ မှာအကုန်မြင်နိုင်ပါတယ်။
မိသားစုနဲ့ပတ်သတ်ပြီး အပိုင်း ၄ မှာ ၂မျိုးမြင်ရမှာပါ...ကိုယ်တိုင်မွေးထုတ်ထားတာတောင် သားသမီးကို ကြင်နာမှုမရှိ သားက သူ့ကို ပထွေးက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ပါတယ် ပြောတာတောင် သားကိုတစိမှမယုံပဲကာကွယ်ဖို့မပြောနဲ့ ရိုက်နှက်ပြီးအပြစ်ပြောတဲ့ အမည်ခံ အမေ , မယားပါသားကိုတောင် အတင်းအဓ္ဓမကျင့်ဖို့ကြိုးစားတဲ့ ယုတ်မာတဲ့ပထွေးနဲ့ အူးအရဲ့ ဘဝ ဘယ်လောက်ကြမ်းတမ်းခဲ့လဲဆိုတာရင်တွေပါအောင့်တဲ့ထိ
အပြင်မှာလည်းဒီလိုမျိုးတွေကတကယ်ရှိပါတယ်ရုပ်ရှင်ပဲလို့မတွေးပါနဲ့....ပထွေးဆီကစော်ကားခံရလို့ နာကျင်နေတဲ့စိတ်ဟာမိခင်ကပါကိုယ့်အပေါ်မကောင်းတော့ တစ်သက်လုံးစိတ်ထဲအနာဖြစ်သွားပါပြီ...ဒီလူတွေသူ့အပေါ်မကောင်းခဲ့ပေမဲ့ အူးအရဲ့ညီမလေးနဲ့အူးအကြားကသံယောဇဥ်ချစ်ခြင်းမေတ္တာလေးကိုလည်း မိသားစုအပိုင်းမှာမြင်ရမှာပါ...
သူငယ်ချင်းအပိုင်းနဲ့ပတ်သတ်ရင် jade ကတော့ အူးအအတွက်အမြဲရှိခဲ့တဲ့သူငယ်ချင်းကောင်းပါပဲ တို့တွေအားလုံး jade လိုသူငယ်ချင်းတကယ်လိုအပ်ပါတယ်...
လူတွေအကြောင်းနဲ့ပတ်သတ်ရင်ကတော့ အူးအကိုမကောင်းကြံတဲ့ ရည်းစားဟောင်းကိုမြင်ရမှာပါ...လူဆိုတာမစားရတဲ့အမဲသဲနဲ့ပတ်ဆိုသလိုပဲ အူးအကိုအတင်းဖျက်ဆီးဖို့ကြိုးစားတဲ့ မကောင်းတဲ့စိတ်ဓါတ်နဲ့လူတွေအကြောင်းပြတာပါ...
အချစ်အကြောင်းနဲ့ပတ်သတ်လိုကတော့အပိုင်း၃မှာတည်းကကင်းကိုတကယ်ချစ်နေပြီဖြစ်တဲ့အူးအက ဒီအပိုင်းမှာကင်းကိုပိုချစ်လာသလားပဲ...ကင်းကိုကြည့်တဲ့အကြည့်တွေကအချစ်တွေပျော်ဝင်နေတာ...ကင်းကလည်းအူးအအတွက် အကြင်နာအပြည့်နဲ့လက်ကမ်းကြိုနေတဲ့တစ်ယောက်တည်းသောသူ အူးအအတွက် လုံခြုံစေတဲ့အူးအကိုအမြဲစောင့်နေတဲ့တစ်ခုတည်းသောအိမ်ဆိုတာတွေကိုလုံးဝသေချာပြသွားပါတယ်...
ခြုံပြောရရင် အပိုင်း၄ က NC မှမပါပဲ ကင်းနဲ့အူးအကြားကနားလည်လာကြတဲ့ နားလည်မှုတွေ မေတ္တာတွေနဲ့အတူ အူးအရဲ့ဒဏ်ရာတွေပါမြင်ရတာမို့ တကယ် နက်ရိူင်းပါတယ်