Back to Ninety Gwanty
“ဒစ်ဂျစ်တယ် နဂ္ဂတစ်များ “နောက်ပြန်ဆွဲနေတဲ့ ငပုတက်တို့ခေတ်
ရောင်းရင်းတို့ရေ…
ငတက်ပုတစ်ယောက်မယ်....ဉာဏ်တိမ်တယ်လို့ ပြောရင်လည်း မာနကကြီးနေဦးမယ်..
တော်သေးတာပေါ့ တက္ကသိုလ်ဆရာမနဲ့ ညားပေလို့..
အမှန်တော့ မီးပျက်တာလည်း သူ့ရဲ့ နာ(၃)နာနဲ့ အနစ်နာခံပြီး ဆရာမလုပ်ခဲ့တဲ့ ခေါခေါအကြံလည်းပါမယ်ထင်တယ်…
ဘာလို့လဲဆို....ရောင်းရင်းတို့လည်း စဉ်းစားကြည့်လေဗျာ....

ကျွန်တော်တို့ ငယ်ငယ်က ကျောင်းအပ်ရင် ကျောင်းကဝယ်တဲ့ စာအုပ်မှာလေ
တစ်နည်းအားဖြင့်ပြောရရင်တော့ "ပညာ"ရေးရဲ့ Logo မှာ ဆီးမီးခွက်ပါတယ်မလား....
ဘာတဲ့ စိတ်ဓါတ်..စည်းကမ်း..ပညာ Logo မှာ ..အလယ်က ဆီးမီးခွက်လေးတွေ့တယ်ဟုတ်
စစချင်းကတော့ ဘယ်ရိပ်မိလေမလဲ..ဘယ် ခုကျတော့ အော် ပညာရေး logo မှာ ဆီးမီးခွက်ပါနေမှတော့....ဆီးမီးထွန်း..စာကျက်ပြီးပညာရှာဆိုတဲ့ သဘောပေါ့ဗျာ.....
အယ်...အဖေတို့ခေတ်တုန်းကတော့ ဓါတ်တိုင်အောက်မှာစာကျက်ရတယ်ဆိုပဲ...နိုင်ငံရေးကောင်းနေမှုကြီးနော်....
ပြောလို့ပြောတာမဟုတ်ဘူး..ဒီဘဲကြီးက ရီယဲ(ရ်)လစ်စတစ်တော့ ဖြစ်တယ်လို့ ဆိုရမလားပဲ…
အရှိကို အရှိအတိုင်းတွေးတယ်ပေါ့ဗျာ....ပြောရမယ်ဆိုရင် ကျုပ်တို့ ဒီမိုကရေစီသမားတွေလို လေအကြီးကြီးတော့ မပန်းဘူးပေါ့ဗျ...မပန်းဆို..သူ့တို့ဉာဏ်ကလည်း (၃)လက်မလောက်ပဲရှိတာမလား.....သုံး..လေး..ငါးနှစ် ငါကောင်းစားရေး...ငါ့ဆွေးမျိုးကောင်းစားရေး...ငါ့ခမည်းခမက်ကောင်းစားရေးဝါဒီတွေပေါ့....
အလုံးအကြီးကြီးတွေမသုံးဆို...တတ်မှမတတ်တာဗျာ..သုံးစရာလည်းလိုမနေဘူးပေါ့.....
ပညာမတတ်တော့ လူအများစုမယ်...Brainwash နှစ်များစွာ လုပ်ခံခဲ့ရလဲ မသိခဲ့တာပေါ့
ဒီမှာ ရီယဲ(ရ်)လစ်စတစ်တော့ အကြောင်းတော့နည်းနည်းပြောရဦးမယ်.....
ဘာ...ပြည်တွင်းထုတ်ကုန် တွေကို ထုတ်ပြီး တိုင်းပြည်ဝင်ငွေတိုးအောင်လုပ်ဆိုပဲ…
သူတို့လည်း ပြည်တွင်းထုတ်ကုန်တွေတော့ ကြိုက်သားဗျ...ဒါပေမယ့်..တွင်းထွက် ကျောက်မြတ်ရတနာချည်းပဲကွက်ကြိုက်တာရယ်...
နောက်တော့ ဘဲကြီးနဲ့ ခေါကြီးကလုပ်သေးတာ...ပြည်တွင်းထုတ်ကုန်ပဲအားပေးကြပါလို့ပြောပြီး သူတို့ကတော့ အယ်(လ်)ဗွီတွေ....ဂူချီတွေနဲ့..
ပြည်တွင်းထုတ်ကုန်ဆိုလို့ ပြည်သူတွေမယ်....ထိတွေ့ခွင့်ရှိတာ စိန်နဲ့နီးစပ်တ့ ဒညင်းသီးဆားရေစိမ်နဲ့....
စက်မှုထုတ်ကုန်ဆိုလို့....သုံးဖူးတာ...ရွှေဝါတို့....ဆင်ချေးတုံးနဲ့ ....စက်နို့ဆီပဲ စားဖူးတာလေ......
ပြီးတော့ ရီယဲ(ရ်)လစ်စတစ်ဆန်လိုက်ပုံများက ဘာ...ကြက်..ဘဲမွေး ဟုတ်လား...တစ်နိုင်တစ်ပိုင်..
ဘယ်လောက် အခြေခံပြီး အသုံးတည့်တဲ့ အချက်လဲဗျာ....
အော်..ဘယ်နဲ့....ဘုရားတရားအကြောင်းပြပြီး “ဘာသာတရားကိုခုတုံးလုပ်ပြီး" (Religonized in Politics) မင်းလုပ်တဲ့ လူတစ်အုပ်ခေတ်ကြီးမယ်…ဘယ်ကုန်စျေးနှုန်းမေးမေး....”ဘုရား..ဘုရား" "တ"နေရပါကောလား...တော်တော်လေး..တရားကျစရာတော့ကောင်းသား....
ရောင်းရင်းတို့ရေ…
ဘယ်အချိန် ငစိန်တို့ ...ငကျွဲတို့ကို သန်းခေါင်စာရင်းကိုင်ပြီး တိုးရမလဲမသိဘူး…
ဘယ်အချိန် ဆင်ချေးတုံး ဆပ်ပြာသုံးရမလဲဆိုတာ မခန့်မှန်းနိုင်ဘူး....
တစ်ချိန်တုန်းက လုပ်ခဲ့သလို မြန်မာ့နည်းမြန်မာ့ဟန်...ဆိုရှယ်လစ် လမ်းစဉ်ကနေ…
အခုလည်း မြန်မာ့နည်းမြန်မာ့ဟန်...ဒီမိုကရေစီမှာ...စနစ်မထူးတဲ့ ဇာတ်ကို ခင်းကြဦးမှာမို့..ကျုပ်တို့ခင်ဗျားတို့မယ်…
ဒါကြီးကို ခံချင်လည်းခံ...မခံချင်လည်း...ခံ....ကျားပေါက်သီချင်းလို “သည်းခံ” နေရတဲ့ဘဝတွေမှာ…
လင်းလင်းလို…”ငါ့ဘက်က မှားတာ ပါ” လုပ်နေလို့လည်းမရ
ဝိုင်းစုခိုင်သိန်းလို…”အပြစ်မမြင်ပါဘူး”...ဆိုရင်တော့....ဒီ အခင်းအကျင်းမယ်....တော်တော်လေးအထိနာတဲ့ သူရဲကောင်းတွေ အင်မတန်မှ သနားစရာကောင်းတာမို့ ……
ထားရမဲ့ စိတ်ဓါတ်က
မီးပျက်လဲ...တော်လှန်ရေး
ငပိနဲ့စားရလဲ...တော်လှန်ရေး..လို့တွေးပြီး
မီးပျက်လဲ...တတ်နိုင်တာတွေလုပ်…
ငပိနဲ့စားရလဲ....ဖြစ်နိုင်တာတွေလုပ်ကြဖို့အကြံပေးရင်း....မျက်စိပိတ်..နားပိတ်ထပ်မခံရဖို့...ဒစ်ဂျစ်လုံခြုံရေးကိုသတိလေးနဲ့ ရှုပြီး....ဆက်လက်ဆောက်ရွက်ကြဖို့က ဒါဒို့ရဲ့ တာဝန်မဟုတ်ပေဘူးလား…
ကြက်..ဘဲလေးလည်းမွေးထားဦးဗျ...ခေတ်ကာလက လိုတယ်..ပိုတယ်မရှိဘူး…
ဝိုင်းတော်သားတွေလည်း ဖယောင်းတိုင်လေးနဲ့ ညတိုင်း Romantic ဆန်ဆန်ဖြတ်သန်းရင်း....တာဝန်တွေထမ်းဆောင်လျက်ပါလို့...
ချစ်တဲ့ရောင်းရင်းများဆီသို့..မှာတမ်းဤ တွင်ပြီး၏.......