Arknights: Rise from Ember

Arknights: Rise from Ember

Pirate Anime Myanmar

Review - ဒီ anime လေးက game ကနေ adaptation လုပ်ထားတဲ့ anime လေးပါ။ အခုထွက်မှာ Season 3 ပါ။ ဇာတ်လမ်းကိုနားလည်အောင် Season 1 ( Arknights: Perlude to Dawn ), Season 2 ( Arknights: Perish in Frost ) တို့ကိုသွားကြည့်ထားသင့်ပါတယ်။

ဇာတ်လမ်းကတော့ Terra ဆိုတဲ့ ကမ္ဘာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အနာဂတ်နည်းပညာတိုးတက်နေပြီး၊ Apocalyptic ကမ္ဘာမျိုးဖြစ်ပါတယ်။ Catastrophes လို့ခေါ်တဲ့ ကြီးမားတဲ့သဘာဝကပ်ဘေးတွေက မကြာခဏဆိုသလိုဖြစ်ပေါ်လျက်ရှိပြီး Catastrophe တစ်ခုဖြစ်ပြီးတိုင်း Originium လို့ခေါ်တဲ့ အနက်ရောင် ပုံဆောင်ခဲသဏ္ဍန်အရာဝတ္ထုတွေ ကျန်ခဲ့ပါတယ်။ ဒီ Originium တွေက Arts လို့ခေါ်တဲ့ မှော်စွမ်းအား နဲ့ မှော်လက်နက်တွေရဲ့ စွမ်းအင်အရင်းအမြစ်ပဲဖြစ်တယ်။

ဒါပေမဲ့ ဒီကောင် ရှိတဲ့နေရာမှာနေထိုင်တာ၊ တိုက်ရိုက်ထိတွေ့တာ စတာတွေက Oripathy လို့ခေါ်တဲ့ရောဂါကိုလည်း ရရှိစေနိုင်ပါတယ်။ ဒီရောဂါရရှိသွားတာနဲ့ တဖြေးဖြေးချင်း လူတွေကို ပုံဆောင်ခဲအသွင်ပြောင်းသွားပြီး နောက်ဆုံးမှာသေသွားမှာပဲဖြစ်ပါတယ်။ ကူးစက်ခံထားရတဲ့လူတွေရဲ့ အလောင်းကနေလည်းတဆင့် ကူးစက်ခံရနိုင်ပါသေးတယ်။ ဒီအကြောင်းတွေကြောင့်ပဲ ကူးစက်ခံထားရတဲ့လူတစ်ယောက်က ခွဲခြားဆက်ဆံတာ အနှိမ်ခံရတာစတာတွေကို ကြုံတွေ့ရလေ့ရှိပါတယ်။

​နောက်ပိုင်းမှာတော့ ဒီလိုကူးစက်ခံထားရတဲ့လူတွေဖွဲ့စည်းပြီး Reunion လို့ခေါ်တဲ့ အကြမ်းဖက်သူပုန်တပ်ဖွဲ့ ပေါ်ပေါက်လာပါတော့တယ်။ သူတို့က ရောဂါကူးစက်ခံထားရတဲ့ လူတွေရဲ့လွတ်လပ်ခွင့်နဲ့ အာဏာရချင်တဲ့အတွက် အစိုးရကိုတော်လှန်လျက်ရှိပါတယ်။ Rhodes Island လို့ခေါ်တဲ့ အဖွဲ့အစည်းကတော့ Oripathy ကိုကုသနိုင်ဖို့သုတေသနလုပ်နေပြီး ကိုယ်ပိုင်လက်နက်ကိုင်တပ်ဖွဲ့ငယ်လေးလည်းရှိပါတယ်။ Mc ကတော့ ဒီထဲက Amiya နဲ့ Doctor လို့ခေါ်တဲ့ လူပဲဖြစ်ပါတယ်။ Amiya ကတော့ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မိန်းကလေးပဲဖြစ်ပါတယ်။ Doctor ကတော့ အဖွဲ့အစည်းရဲ့ ဗျူဟာမှူးနဲ့ဆရာဝန် ပဲဖြစ်ပါတယ်။

Rhodes Island ရဲ့ Oripathy ကို ကုသနိုင်ဖို့ရည်ရွယ်ချက်က အောင်မြင်သွားမလား။ ကူးစက်ခံရသူတွေကို ရက်စက်စွာဆက်ဆံနေတဲ့ အစိုးရနဲ့ အကြမ်းဖက်အဖွဲ့ Reunion တို့ကိုကော ဘယ်လိုရင်ဆိုင်သွားမလဲ။ Arts တွေသုံးပြီး ခပ်မိုက်မိုက် battle scenes လေးတွေနဲ့ ဘယ်လိုကြမ်းသွားကြမလဲ။ စောင့်မျှော်ကြည့်ရှုပေးကြပါဦး...။

Report Page