Apocalypse Bringer Mynoghra
Pirate Anime MyanmarReview - ဆယ်ကျော်သက်အရွယ်ကောင်လေး၊ Takuto Ira ကနေမကောင်းဖြစ်နေပြီးတော့ ကျောင်းလဲမသွားနိုင် ရွယ်တူသူငယ်ချင်းတွေလည်းမရှိပဲ အိပ်ရာထဲမှာပဲ အချိန်ကုန်ရလေ့ရှိပါတယ်။ သူ့ရဲ့ပျင်းစရာကောင်းလှတဲ့ ဘဝကြီးကို ပျော်အောင်လုပ်ပေးနိုင်တာကတော့ Eternal Nations လို့ခေါ်တဲ့ game ပဲဖြစ်ပါတယ်။ အဲ့ game ကတော့ တိုင်းပြည်၊ အင်ပါယာတစ်ခုခုရဲ့ အုပ်ချုပ်သူနေရာကနေ ဆော့ကစားရပြီး တိုင်းပြည်တည်ထောင်ရတဲ့ simulation game မျိုးပေါ့။ အဲ့ထဲက Takuto ရဲ့အကြိုက်ဆုံးကတော့ Mynoghra ဆိုတဲ့ အင်ပါယာဖြစ်ပြီးတော့ တည်ထောင်ရတာ အခက်အခဲဆုံး အင်ပါယာပဲဖြစ်ပါတယ်။
တစ်နေ့မှာတော့ Takuto တစ်ယောက်ပြင်းထန်စွာနေမကောင်းဖြစ်သွားပြီး အဆုံးမရှိတဲ့အမှောင်ထုကြီးထဲကျရောက်သွားပါတော့တယ်။ သူ့ကိုယ်သူ သေသွားပြီလို့ထင်လိုက်တဲ့အချိန်မှာပဲ တောအုပ်ကြီးတစ်ခုထဲမှာပြန်နိုးလာတာကိုတွေ့လိုက်ရပါတော့တယ်။ ထူးဆန်းစွာပဲ သူ့ခန္ဓာကိုယ်က အားနည်းမနေပဲ နေကောင်းနေတာကိုခံစားလိုက်ရပါတယ်။ သူ့အနားမှာ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရပြီး သူအကြိုက်ဆုံး Eternal Nation ထဲက ဇာတ်ကောင် Atou မှန်းသိရှိသွားပါတော့တယ်။ သူ(မ)က သူ့ကို Lord Takuto လို့ခေါ်လိုက်ပြီး ပြုံးပြလိုက်ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ကိုသူဂိမ်းထဲရောက်ရှိနေပြီး Mynoghra အင်ပါယာ တည်ထောင်သူအနေနဲ့ နိုးထလာမှန်းသိရှိသွားပါတော့တယ်။ Takuto တစ်ယောက် ဆရာကျကျ ဘယ်လို ကိုယ်ပိုင်တိုင်းပြည်တည်ထောင်သွားမလဲဆိုတဲ့ အခါမှာတော့...