Ao no Miburo
Review
1863 ခုနှစ် တွင် ရှိုးဂန်းများ အုပ်ချုပ်ရာ ကာလတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံအတွက် အပြောင်းအလဲအများကြီးရှိခဲ့တဲ့ ကာလလဲဖြစ်ပါတယ် ။ ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှု ၊ အစိုးရ Samurai နဲ့ Ronin တွေကြားမှာ တင်းမာမှုတွေရှိခဲ့ပြီးတော့ အချင်းချင်း သတ်ဖြတ်မှုတွေကြောင့် လမ်းမတွေမှာ သွေးတွေ စွမ်းထင်းနေတဲ့ အချိန်ကာလ တစ်ခုလဲဖြစ်တယ်ဗျ ။ ဒီလိုမျိုး ဂျပန်နိုင်ငံရဲ့ ကြမ်းတမ်းတဲ့ကာလကြီးမှာတောင်မှ Nio ဆိုတဲ့ မိဘမဲ့ ကောင်လေးဟာ ကြမ်းတမ်းတဲ့ကမ္ဘာကြီးကို ငြိမ်းချမ်းခြင်းတွေ ယူဆောင်လာနိုင်ဖို့ကို အိပ်မက် မက်နေခဲ့ပါတယ် ။ ဒီဇာတ်လမ်းလေးကတော့ ဂျပန်နိုင်ငံကို ငြိမ်းချမ်းအောင်လုပ်ပေးမယ့် Nio ဆိုတဲ့ မိဘမဲ့ ကောင်လေးတစ်ယောက် အကြောင်းပဲဖြစ်ပါတယ် ။ 😑
တစ်နေ့မှာ Nio ဟာ ဒီ ရှိုးဂန်းတွေကို အုပ်ချုပ်မှုကို ပြန်တော်လှန်မယ့် အဓိက ကျတဲ့ Hijikata Toshizo နဲ့ Okita Souji တို့နဲ့ တွေ့ဆုံခဲ့ကာ Miburo ဆိုတဲ့ ၊Ronin အဖွဲ့အစည်း တစ်ခုကို ဖွဲ့စည်းပြီး တော်လှန်ရေးကို အစပြုလာတဲ့ အခါမှာတော့ . . .