Aishiteru Game o Owarasetai
Presented by Ani Wizard☆ Studios: Felix Film
☆ Source: Web Manga
☆ Genres: Comedy, Romance
☆ Review
Yukiya Asagi နဲ့ Miku Sakura တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပြီး ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက် " ချစ်တယ်" လို့ ပြောပြီး တစ်ဖက်လူ ရှက်သွားအောင်၊ မျက်နှာရဲသွားအောင် လုပ်ရတဲ့ ဂိမ်းတစ်ခုကို ကစားခဲ့ကြပါတယ်။ အထက်တန်းကျောင်းသား အရွယ်ရောက်လာတဲ့အထိ ဒီဂိမ်းကို ဆက်ကစားနေကြပေမယ့် တကယ်တမ်းမှာ သူတို့နှစ်ယောက်စလုံးက တစ်ယောက်ကိုတစ်ယောက် တိတ်တိတ်လေး ကြိတ်ချစ်နေကြတာပါ။
တစ်ယောက်က အရင်ဖွင့်ပြောလိုက်ရင် "ဂိမ်းရှုံးသွားပြီ" လို့ သတ်မှတ်ရမှာဖြစ်လို့ ဘယ်သူကမှ အရင်အရှုံးမပေးချင်ကြပါဘူး။ ဒါကြောင့် တစ်ဖက်လူ အရင်ရှုံးပေးလာအောင် အမျိုးမျိုး ကြိုးစားရင်း ကိုယ်တိုင်လည်း ရင်ခုန်နေရတဲ့ အချစ်ဟာသ ဇာတ်လမ်းလေး ဖြစ်ပါတယ်။
"Kaguya-sama" လိုမျိုး Vibe but more Sweeter, Kaguya-sama: Love is War လိုမျိုး "တစ်ယောက်ကိုတစ်ယောက် အရင်ဝန်ခံအောင် လုပ်တဲ့" ဇာတ်ကွက်မျိုးကို သဘောကျရင် ဒီကားက လုံးဝ အကြိုက်တွေ့စေမှာပါ။ ဒါပေမယ့် Kaguya လို အရမ်းကြီး ဉာဏ်ဆင်ရတာမျိုး Psychological Battle တွေ ဖြစ်နေတာမျိုးထက် ငယ်သူငယ်ချင်း နှစ်ယောက်ကြားက ချစ်စရာကောင်းတဲ့ အခိုက်အတန့်တွေ ကို ပိုပြီး ဦးစားပေးထားပါတယ်။