About something interesting..
JoJoအသစ်ထွက်ရှိလာခဲ့တဲ့ Chapter မှာ လူတိုင်းလိုလိုဟာ Loki ရဲ့ သူမတူတဲ့ဇနဲ့ မွေးရာပါ ချဉ်မွှေးလေးကိုပဲ စိတ်ဝင်စားမှုရောက်နေတယ်ပြောရင် ငြင်းကြမယ်မထင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း Brief Spoilers လောက်ဖတ်ပြီးတဲ့အချိန်မှာ ဒီအပတ်အတွက် စိတ်ဝင်စားဖို့အကောင်းဆုံးဟာ Loki ပဲလို့ ထင်ခဲ့မိပေမဲ့ တကယ်တမ်း စိတ်ကိုဖမ်းစားနိုင်ဆုံးအရာဟာ အမေဖြစ်သူ Estridd ကို မိတ်အဆက်မှာ ပြောခဲ့တဲ့ Di Feng ဆိုတဲ့အရာပါပဲ။
Di Feng ဆိုတာက အခုထိမြင်ရသလောက်ဆိုရင် အိမ်တွင်းအသုံးအဆောင်တွေကို နေရာချရာမှာ အသုံးပြုတဲ့အရာဖြစ်တယ်။ တကယ်လည်း အပြင်မှာရှိတဲ့ ကျင့်စဥ်သဘောမျိုးဖြစ်ကာ အပြင်ကမ္ဘာမှာတော့ Chinese တွေ အသုံးပြုကြတဲ့ Feng Shui အဖြစ် အချို့ကတော့ သိကြပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်သက်နဲ့တစ်ကိုယ် အခုမှကြားဖူးတာမို့ မှားနိုင်ပေမဲ့ လေ့လာထားသလောက် Feng Shui ဆိုတာဟာ အရာရာတိုင်းကို စီးဆင်းနေတဲ့ အသက်စွမ်းအင် Qi Flow ကို လူတွေနဲ့ သဟဇာတဖြစ်ပြီး အကျိုးရရှိစေဖို့ ကိုယ်နေထိုင်ရာအရပ်ကို ကျင့်စဉ်အတိုင်းလိုက်နာပြီး ပြုပြင်တာမျိုးကို ဆိုလိုတာမျိုးပါပဲ။ ကောင်းတဲ့ Qi ကို ပိုင်ဆိုင်ထားရင် ကျန်းမာမယ် ၊ ကံကောင်းမယ် ၊ ကြီးပွားမယ်။ ဆိုးရင်တော့ ပြောင်းပြန်ကံပေါ့။ ဒါက သာမန်ကာလျှံကာကြည့်ရင် သိပ်စိတ်ဝင်စားဖို့မကောင်းပေမဲ့ Power System တစ်ခုအနေနဲ့ One Piece ထဲမှာ အသုံးပြုရင်တော့ တော်တော်လေးမိုက်ပြီး အသုံးဝင်မဲ့ Power System တစ်ခုဖြစ်လာမှာပါပဲ။
လူတွေရဲ့ Life Force ကိုပဲ သုံးတော့တာမဟုတ်တာကြောင့် Nature ရဲ့ တစိတ်တစ်ပိုင်းကို ခံစားနိုင် ၊ နားလည်နိုင် ၊ အသုံးချနိုင်လာနိုင်ရင် ချဲ့ရင်ချဲ့သလောက်ကို Power System ကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ Qi Flow တွေကို ထိန်းချုပ်ဖို့ကလည်း သူတို့ကို ဆွဲငင်တဲ့ Symbols တွေကို ကောင်းကောင်းအသုံးချတတ်ဖို့ပဲ လိုတာမို့ လုပ်ချင်ရင်တော့ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ သို့ပေမဲ့လည်း အခုတောင် Power Systems တွေဟာ များသထက်ကို များလာတာမို့ ဖြစ်လာရင်လည်း Haki System ကိုပဲ ထောက်ပံ့ပေးနေတဲ့ နောက်ထက် System တစ်ခုပဲ ဖြစ်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ ဘယ်လိုမျိုးလဲဆိုရင်တော့ အခုကျွန်တော်တို့အနေနဲ့ မဖြေရှင်းနိုင်သေးတဲ့ Breathe of All Things နဲ့ Voice of All Things လို သက်မဲ့အရာတစ်ခုက ကိုယ့်ကို သာမန်မဆန်တဲ့နည်းနဲ့ Information ပေးနေတဲ့နည်းစနစ်တို့လိုမျိုးအရာတွေ ၊ Future Sight မှာ မဆိုင်တဲ့သက်မဲ့တွေရဲ့ အနာဂတ်ကိုပါမြင်ရတာတွေနဲ့ ၊ Loki က ပြိုင်ဘက်ရဲ့ အသွင်အပြင်ကို မမြင်ရချိန်မှာ သေချာခွဲခြားနိုင်တာတွေလို Observation Haki ရဲ့ ပြဿနာတွေအတွက် Feng Shui က အဖြေကောင်း ဖြစ်လာနိုင်ပါတယ်။
Loki အနေနဲ့ အခုလို ဒေါင့်မကျိုးတဲ့ သောက်ချိုးရယ် ၊ မကောင်းဆိုးဝါးမျက်လုံးတွေရယ်နဲ့ Elbaph ရဲ့ ကံဆိုးမိုးမှောင်ကြတာတွေရယ်က Feng Shui ရဲ့လက်ချက်တောင် ဖြစ်နိုင်ပါသေးတယ်။ အဲ့လိုသာဆို Loki ရဲ့မျက်လုံးကလည်း Qi Flow တွေကို မြင်လာနိုင်မလားကတော့ စိတ်ဝင်စားစရာပါပဲ။
Hope you'll enjoy it! Adios!