AI and OSINT

AI and OSINT

AI ကပြောတဲ့ မောင်ဖြူအကြောင်း

၂၁ ရာစုမှာရှိတဲ့သူတွေအနေနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေထဲမှာ စီးမျောရှင်သန်နေရတာက အမှန်ပါ။ Artificial Intelligence လို့ခေါ်တဲ့ AI တွေကို ကျောင်းသားတွေက Grammer တွေပြင်ခိုင်းတယ်၊ သူတို့သိလိုရာမေးကြတယ်၊ စာရေးခိုင်းကြတယ်၊ အချက်လက်အချို့ Key Word တွေပေးပြီး  Powerpoint Slide တွေပြင်ခိုင်းကြတယ်။ 

တစ်ချို့ ဖန်းတီးသူ- Creator တွေက Photogrenratative AI တွေကိုသုံးပြီး မိမိ်တို့ရိုက်ထားတဲ့ပုံတွေရဲ့ Background တွေကိုဖြည့်ခိုင်းတယ်၊ သင့်တော်တဲ့ Background တွေကို ဖြည့်ခိုင်းတယ်၊ ဖျောက်ခိုင်းတယ်၊ လိုအပ်ရင် ပိုမိုသစ်ဆန်းလှပတဲ့ ပုံတွေကို Generate (ဖန်တီး) ခိုင်းကြပြန်တယ်။ 

Video Conferencing Platform တွေ၊  HR Software တွေမှာမှအစ AI နည်းပညာတွေကိုသုံးလာကြတယ်။ အခုတစ်လောဖြစ်နေတာကတော့ AI နဲ့ Chatting (စကားပြောကြည့်) ကြတယ်။ မိမိ ဘယ်သူလဲဆိုတာကို နာမည်တွေရိုက်ထည့်ပြီး AI ကိုသုံးသပ်ခိုင်းကြပြန်တော့ AI ဆီမှာ မိမိရဲ့ အချက်အလက်နဲ့ ဒေတာတွေကို မသိသလိုသလို..သိသလိုလိုနဲ့ train ခံလိုက်လိုရကြတယ်။ 


ဒီနေ့ ဖွံ့ဖြိုးလာတဲ့ AI တွေကို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာတော့ AI နဲ့ Copyright၊ AI နဲ့ Privacy စသဖြင့် ခေါင်းစဉ်မျိုးစုံနဲ့ တရားစွဲကျ၊ ဆွေးနွေးကြလုပ်နေတဲ့အချိန်မှာ မြန်မာနို်င်ငံမှာတော့ AI Chatting Trend လေးက တော်တော်လေးဖြစ်နေပါတယ်။ 

အားလုံးသိတဲ့အတိုင်း AI တွေကိုပိုင်ဆိုင်တဲ့ နည်းပညာ ကုမ္ပဏီကြီးတွေက လူတွေရဲ့ ဒေတာအချက်အလက်တွေ၊ အင်တာနက် ပေါ်မှာရှိနေတဲ့ဒေတာတွေ တစ်နည်းဖြင့် Public ပေါ်မှာရနိင်သမျှဒေတာတွေကို ထည့်ပြီး သူတို့ရဲ့ AI တွေကို Trained ပြီး အပြိုင်အဆိုင်နဲ့ ပိုအားကောင်းလုပ်နေကြတာပါ။ 


ကိုယ့်လူတို့ နိုင်ငံအနေနဲ့ကြည့်မယ်ဆိုရင်တော့ AI ကို ငါဘယ်သူလဲလို့မေးလိုက်ပြီး AI က မောင်ဖြူကတော့ အသက် ၃၆နှစ်၊ အနက်ရောင်ကားကိုကြိုက်သော၊ ကားမောင်းသက် (၄)နှစ်ရှိတဲ့ သူတစ်ယောက်ပါ။ သူက လက်ရှိမှာတော့ "ကော်ကော် ကော်ပရေးရှင်းမှာ အစစ်စတန့် မန်နေဂျာရာထူးနဲ့ အလုပ်လုပ်ကိုင်သူ" တစ်ယောက်ပါ လို့ တိကျမှန်ကန်စွာ ပြောနို်င်နေတာ ကို သဘောတွေ့ကြပြန်တယ်။ AI က ဘာကြောင့် မောင်ဖြူကို အတိအကျနီးပါ ခန့်မှန်းနိုင်လဲဆိုတဲ့ နောက်ကွယ်က မေးခွန်းကို သိပ်မစဉ်းစားဖြစ်ကြဘူး။ တကယ်ကတော့ AI က ဘာလို့ အတိအကျနီးပါ ခန့်မှန်းနို်င်လဲဆိုရင် နေ့စဉ်နဲ့အမျှ  မောင်ဖြူရဲ့ ဆိုရှယ်မီဒီယာ Post တွေနဲ့ Public interfacing လို့ခေါ်တဲ့ လူအများမြင်နေရတဲ့ Website / Webpage/ Social Media တွေမှာ မောင်ဖြူရဲ့‌ဒေတာ နဲ့ အချက်အလက်တွေ  သိသိသာသာထင်ထင်ရှားရှားရှိနေခြင်းကြောင့်ပဲဖြစ်ပါတယ်။ 


အဒီတော့ AI ရဲ့ဉာဏ်ရည်ထဲမှာ မှတ်ထားတဲ့ဒေတာတွေက ပျောက်သွားနိုင်လား..AI က မေ့ပစ်လိုက်လားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ သေချာတာကတော့ သင့်နာမည်ပါနေတဲ့  Website ကို ပိတ်လိုက်ရင်တောင်မှပဲ AI ရဲ့မှတ်ဉာဏ်က သူသိုလှောင်ထားပြီးသား ဒေတာကို အရင်ရည်းစားဟောင်းလို မမေ့လိုက်ပါဘူး။ အဲ့ဒါကြောင့် လက်ရှိကာလ အနေအထားမှာ အင်မတန်မှ အန္တရာယ်များပါတယ်။ မလိုအပ်ပဲ ကိုယ့်ရေးကိုယ်တာ အချက်အလက်တွေကို Social Media နဲ့ Public Interfacing တွေဖြစ်တဲ့ Website/Webpage တွေမှာ မထားပါနဲ့။ 


Public Information တွေနဲ့ပက်သက်တဲ့ OSINT အကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ အောက်က Link တွေမှာဖတ်နို်င်ပါတယ်။ 


OSINT: https://t.me/SpringRevSecurity/778

OSINT and Doxxing: https://t.me/SpringRevSecurity/1841

OSINT Vs Gmail : https://t.me/SpringRevSecurity/823

OSINT Vs Facebook: https://t.me/SpringRevSecurity/812

OSINT Vs LinkedIn: https://t.me/SpringRevSecurity/802



Report Page