5 ways to secure your Accounts
သင့်အကောင့်ကို ကိုလုံခြုံအောင်ဖို့ နည်းလမ်း(၅)ခု“အကောင့်လုံခြုံရေးကိုမြှင့်တင်ခြင်းဖြင့် သင့်ဒစ်ဂျစ်တယ်ဘဝကို ပုံပြန်သွင်းပါ"

- ခိုင်မာတဲ့ Password တွေထားပါ။
Password ထားပါဆိုမှ
- ဖုန်းနံပါတ်ထားတဲ့သူနဲ့ / မွေးနေ့ရက်ထားတဲ့သူနဲ တော်တော်လေးအဆင်မပြေပါဘူးဗျို့။
(ခိုင်မာတဲ့ Password ဆိုတာက် ရှုပ်ရမယ်..ရှည်ရမယ်..ခက်ရမယ်..ဒါပေမယ့် မှတ်မိဖို့တော့လိုပါတယ်ဗျို့)
- Password နဲ့ပက်သက်ရင် နောက်တစ်ချက်မှတ်ထားရမှာပါ Special Character တွေသုံးဖို့ပါ (@kdjfa;209|gfl)
2. Account ကိုနှစ်ဆင့်ခံလုံခြုံရေးထားပါ (Two-Factor Authentication)
99% ရာခိုင်နှုန်းသော အကောင့်များ မလုံခြုံရခြင်းအကြောင်းအရင်း Two-Factor Authentication မထားကြလို့ပါပဲ။ အဲ့တော့ ရောင်းရင်းတို့ အကောင့်တွေကို နှစ်ဆင့်ခံ လုံခြုံရေးတိုးမြင့်ဖို့လိုမယ်ဗျို့
3. Recovery Code ကိုအရေးပေါ်အခြေအနေမှာသုံးဖို့ လုံခြုံတဲ့နေရာမှာသိမ်းထားပါ။
တော်တော်များဖြစ်တတ်တာက (၂) ဆင့်ခံလုံခြုံရေးထားပြီးရင် လုံခြုံပြီဆိုပြီး ဒီအတိုင်းထားတတ်ကြပါတယ်။ နှစ်ဆင့်ခံ လုံခြုံရေးထားတဲ့အခါ Text Message ထားလို့ရသလို၊ Google Authenticator နဲ့ထားလို့ရပါတယ်။ ဒုတိယနည်းလမ်းက ပိုအဆင်ပြေပါတယ်။ နှစ်ဆင့်ခံ လုံခြုံရေးထား လိုက်ပြီးရင် ကိုယ့်အကောင့်တွေကို Password ရိုက်ထည့်ရုံနဲ့ ပြန်ဝင်ဖို့မလွယ်ပါဘူး..ရိုက်ထည့်ရမယ့် Code (6) လုံးကို Application ထဲက ဝင်ယူရမှာပါ။
အဲ့ဒီအချိန်မှာ ဖုန်းနံပါတ်နဲ့ ထားတဲ့သူကလည်း Message ထဲ Code ဝင်မလာတဲ့အချိန်...App နဲ့ထားတဲ့သူလည်း Code မရနိုင်တဲ့ အခြေအနေမျိုး ကြုံရနိုင်ပါတယ်။ အဲ့လိုအချိန်မှာ “Recovery Code” ကအသက်ပဲဖြစ်ပါတယ်။ အဲ့လိုအချိန်မှာ Recovery Code တွေကိုသိမ်းထားတဲ့ သူမှ မိမိအကောင့်ကို ပြန်ဝင်ဖို့လွယ်ကူပါလိမ့်မယ်။
4. မလိုအပ်တဲ့ ပုဂ္ဂိုလ်ရေးရာ အချက်အလက်တွေကို Public မဖွင့်ထားပါနဲ့။
အဓိက ကတော့ ကိုယ့်လူတွေရဲ့ဖုန်းနံပါတ်တွေ၊ အီးမေးလ် လိပ်စာတွေကို လူတိုင်းမြင်အောင် Public မဖွင့်ထားသင့်ပါဘူးဗျို့....ပြီးရင် ရောင်းရင်းတို့ Facebook မှာဘာတွေတင်နေလဲ၊ ဘာတွေ Share နေလဲ ဆိုတာကို စဉ်းစားသုံးသပ်ဖို့လိုပါဦးမယ်..တကယ်ပဲ လူတိုင်းသိသင့်တဲ့ကိစ္စလား...ကိုယ်တင်လိုက်တဲ့ဟာကို ဘာတွေသက်ရောက်မှုရှိနိုင်လဲ စဉ်းစားပြီးမှာ တင်ဖို့ စဉ်းစားဆုံးဖြတ်ဖို့လိုမယ်ဗျ....
5. တွေ့ကရာ Link တွေကို မနှိပ်ပါနဲ့။
ကူပွန်ရမယ်..စျေးဝယ်ဘောက်ချာရမယ်ဆိုတိုင်းလဲ လွယ်လွယ်မနှိပ်ပါနဲ့...http// လား https:// လားသေချာစစ်ပြီးမှ နှိပ်ပါဗျို့..https:// ပါတာကိုသာ နှိပ်ပါဗျို့..
- Setting အသေးစိတ်ချိန်ညှိပုံတွေကို အောက်က Link မှာကြည့်ပြီး ကိုယ့်လူတို့ လုပ်ကြပါဗျ…
- Facebook Security Setting: https://t.me/SpringRevSecurity/60
- Facebook Privacy Setting: https://t.me/SpringRevSecurity/65
- ဆောင်းဦးမှာ အကောင့်တွေလုံခြုံကျစေသားဗျာ....
- မသိသေးတဲ့ ကိုယ်ရောင်းရင်းတွေကိုလည်း မျှဝေသွားပါဦးဗျို့....