278

278

Out Ber

#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း(၂၇၈)

 စီးပွားရေးအဖွဲ့အစည်းကြီးသုံးခု


ချုံဟွားကျွန်း၏ ဝင်ခွင့်သလင်းကျောက်ပြိုင်ပွဲက တစ်လောကလုံးကို ထိတ်လန့်သွားစေသည်။


ယွင်ရှောင်က ဆွေးနွေးမှုများကြားတွင် အကျော်ကြားဆုံးဖြစ်လာသည်။ 


သတင်းအမျိုးမျိုးက တောမီးကဲ့သို့ပျံ့နှံ့သွားပြီး တောင်ပိုင်းနယ်မြေတစ်ခုလုံးက ဆူပွက်နေသည်။


“လီယွင်ရှောင်က အသက်ငါးဆယ်ကျော်နေပြီလို့ ငါကြားတယ်။


 သူက နှစ်ငါးရာလောက်လေ့ကျင့်ခဲ့တဲ့ မကောင်းဆိုးဝါးအိုကြီးတစ်ယောက်တဲ့။


 မဟုတ်ရင် သူက ဝင်ခွင့်သလင်းကျောက်တစ်ဝက်ကို ဘယ်လိုလုပ်ပြီး ယူနိုင်မှာလဲ”


“ဟမ့် တုံးအလွန်းနေတဲ့ မင်းမျက်နှာကိုပြန်ကြည့်လိုက်ဦး။ 


အဓိကဂိုဏ်းကြီးသုံးဂိုဏ်းရဲ့စစ်ဆေးမှုကနေ သူလွတ်နိုင်မှာတဲ့လား။


 လီယွင်ရှောင်မှာ နဂါးနဲ့ ဖီးနစ်သွေးမျိုးဆက်ရှိတယ်တဲ့။


 ချုံဟွားကျွန်းမှာ သူက ခန္ဓာကိုယ်အပေါ်ပိုင်းကို နဂါးအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ဖီးနစ်ငှက်အဖြစ်ပြောင်းခဲ့တယ်။ 


အဲ့ဒါကြောင့် သူက ပြိုင်ဘက်ကင်းနေတာပဲ”


“မင်းတို့တွေ ဘာမှမသိဘူး။ နဂါးတစ်ဝက်ဖီးနစ်တစ်ဝက်က လူရောဟုတ်သေးရဲ့လား။


 ငါ့ဝမ်းကွဲရဲ့ တတိယယောက်ဖ၊ တတိယယောက်ဖရဲ့ တတိယအဒေါ်၊ တတိယအဒေါ်ရဲ့ အိမ်နီးချင်း သမီး၊ အဲ့ဒီသမီးရဲ့ ယောက္ခထီး၊ ယောက္ခထီးရဲ့အကြီးဆုံးသားကလည်း ပြိုင်ပွဲမှာ ဝင်ပါခဲ့တယ်။


 လီယွင်ရှောင်က ကြာပန်းပညာရပ်တစ်ခုကိုကျင့်ဖို့အတွက် ပေါင်ကြားထဲကဟာကို ဖြတ်ပစ်ခဲ့တယ်လို့ပြောတယ်။ သူက အပ်ပျံကိုအသုံးပြုတဲ့နေရာမှာ တကယ်တော်တယ်တဲ့။ ကျစ်ကျစ် သူနဲ့ ယှဉ်နိုင်တဲ့လူ မရှိဘူး”


“ယီး အဲ့ဒါကိုဖြတ်လိုက်တာက သေသွားတာထက်ပိုဆိုးသေးတယ်။ 


သိုင်းသူတော်စင်အုပ်စိုးရှင်ဖြစ်လာတဲ့အထိ ဘာဖြစ်လို့လေ့ကျင့်နေတော့မှာလဲ။


 ငါ့သတင်းက အတိကျဆုံးပဲ၊ ယွင်ရှောင်က လူသားမဟုတ်ဘူးတဲ့။ 


သူက အဆင့်ရှစ်နတ်ဆိုးရွှေပန်းပွင့်နဲ့ အဆင့်ရှစ်နတ်ဆိုးဖီးနစ်ငှက်တို့ရဲ့ မျိုးဆက်လို့ပြောတယ်”


ရှန့်ယန်မြို့၏လက်ဖက်ရည်ဆိုင်ထဲမှာ လူများဖြင့်ပြည့်နေပြီး ပုံပြောသူ၏စကားကို စိတ်ဝင်တစားနားထောင်နေကြသည်။


“ယွင်ရှောင်က ဂိုဏ်းအမျိုးမျိုးရဲ့ ထောင်ချီနေတဲ့တပည့်တွေကို အပ်ပျံနဲ့သတ်ခဲ့တာကြောင့် လူထုရဲ့ဒေါသကို ဆွမိသွားတယ်။


 အဲ့ဒါကြောင့် ချုံဟွားကျွန်းပေါ်မှာ တပည့်တွေက ယွင်ရှောင်ကို ဝိုင်းထားခဲ့တယ်။


 အဲ့လိုဝိုင်းထားတဲ့အချိန်မှာ ဘာဖြစ်သွားလဲသိလား”


“ဘာဖြစ်သွားတာလဲ... မြန်မြန်ပြောပြစမ်းပါ။ အားလုံးက နားထောင်ချင်လို့စောင့်နေတယ်။ ငါတို့ကို မစပါနဲ့တော့”


“ဟီးဟီး”


ပုံပြောသူက ပြုံးလိုက်ပြီး လက်ဖက်ရည်ကို အေးအေးဆေးဆေးသောက်လိုက်သည်။


 ထို့နောက် ဆက်ပြောလိုက်သည်။


 “အဲ့ဒီအချိန်မှာ သူ့တစ်ကိုယ်လုံးက ရွှေရောင်တောက်လာပြီး ဆံပင်တွေကပါ ရွှေရောင်ပြောင်းသွားတယ်။


 သူ့ဝမ်းဗိုက်မှာ အိတ်တစ်လုံးရှိပြီး ရတနာတွေကို စိတ်ရှိတိုင်းထုတ်သုံးနိုင်တယ်။


 သူက ဝါးပုစဉ်းရုပ်တစ်ရုပ်ကိုထုတ်ပြီး ခေါင်းပေါ်မှာတင်လိုက်တယ်။


 ပြီးတော့ လေထုထဲကို ပျံထွက်သွားတယ်။ ထောင်ချီနေတဲ့တပည့်တွေက ကြောင်အပြီး ကျန်ခဲ့တယ်”


“လမ်းစဥ်ခြောက်သွယ်သိုင်းဧကရာဇ်တွေကပဲ လေထုထဲမှာ ပျံသန်းနိုင်တယ်။


 လီယွင်ရှောင်က ဝါးပုစဉ်းရုပ်စွမ်းရည်ကို ထုတ်ပြလိုက်တဲ့အတွက် တပည့်တွေက နောင်တတရားတွေနဲ့ သက်ပြင်းချရုံပဲ တတ်နိုင်တော့တယ်။ 


တပည့်တွေအားလုံးက ငယ်ရွယ်သေးပြီး လမ်းစဥ်ခြောက်သွယ်သိုင်းဧကရာဇ်အဆင့်ကို မရောက်သေးတဲ့အတွက် မပျံနိုင်ဘူး။


 သူတို့က မတိုက်ခိုက်နိုင်တော့ဘူးလေ။ အဲ့ဒါကြောင့် လီယွင်ရှောင်က ပြိုင်ဘက်ကင်းနေတာပဲ။ 


ဝါးပုစဉ်းရုပ်မရှိရင် သူကလည်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး”


ဧည့်သည်တစ်ယောက်က မယုံကြည်နိုင်စွာပြောလိုက်သည်။


 “ဝါးပုစဉ်းရုပ်က အဲ့လောက်တောင်မှော်ဆန်တာလား။ ခေါင်းပေါ်တင်လိုက်ရုံနဲ့ ပျံသန်းနိုင်တယ်ပေါ့”


“မေးခွန်းကောင်းပဲ”


ပုံပြောသူက စားပွဲခုံကိုရိုက်ချလိုက်ပြီး လက်ဟန်တစ်ခုပြုလုပ်လိုက်သည်။


 “အားလုံးပဲ တစ်ချက်ကြည့်လိုက်ပါ”


ချစ်စရာကောင်းသောမိန်းကလေးတစ်ယောက်က စားပွဲတစ်လုံးကို တွန်းလာသည်။ 


ထိုအပေါ်တွင် အရောင်စုံသော ဝါးပုစဉ်းရုပ်များ အရွယ်အစားစုံလင်စွာရှိနေသည်။


“အားလုံးပဲ ကြည့်လိုက်ပါ၊ ဒါက ယွင်ရှောင်သုံးသွားတဲ့ ဝါးပုစဉ်းရုပ်ကို ပုံတူပွားထားတာပဲ။


 ဒါက မပျံနိုင်ပေမဲ့လည်း လူတိုင်းရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ငါတို့က ရှန့်ယန်မြို့ရဲ့ အကောင်းဆုံးလက်မှုပညာရှင်တွေဆီသွားပြီး ညတွင်းချင်းလုပ်ထားခဲ့တယ်။ 


တစ်ခုအတွက် ငွေပြားလေးဆယ်ပဲကျမယ်။


 သုံးခုအတွက်ဆိုရင် တစ်ရာ... ငါးခုဝယ်ရင် တစ်ခုလက်ဆောင်ရမယ်။


 မဝယ်ချင်ရင်တောင် အလှကြည့်လို့ရတယ်”


“ကျစ်”


လူအုပ်က တစ်ယောက်ပြီးတစ်ယောက် အထင်သေးသောလေသံများ ပြုလုပ်လိုက်ကြသည်။


 လက်ဖက်ရည်ဆိုင်တစ်ခုလုံး၏ တက်ကြွမှုက ချက်ချင်းဆိုသလိုပဲ တစ်ဝက်ခန့်လျော့ကျသွားသည်။


“ဟေး ဟေး၊ မသွားနဲ့၊ မသွားနဲ့”


ပုံပြောသူက လျင်မြန်စွာအော်ဟစ်လိုက်သော်လည်း လူအုပ်က ပြန့်ကျဲသွားပြီဖြစ်သည်။ 


ဆိုင်ထဲမှာ ဧည့်သည်တချို့သာကျန်ခဲ့သည်။ သူတို့က အိမ်မှာရှိသောကလေးများအတွက် ကစားဖို့ဝယ်ပေးချင်သော်လည်း ဈေးကြီးသောကြောင့် သူတို့ဘာသာ စကားပြောနေကြသည်။ 


သူတို့၏စကားဝိုင်းက ယွင်ရှောင်နှင့် ယန်ဝူမြို့၏လေလံပွဲ၊ မိုင်ရူတောင်ဖွင့်ပွဲအကြောင်းသာ ဖြစ်နေသည်။


“အား၊ စီးပွားရေးလုပ်ရတာ ခက်ခဲလိုက်တာ။ မင်းတို့က ဒီလူအိုကြီးရဲ့ပုံပြင်ကို တစ်မနက်ခင်းလုံးနားထောင်ခဲ့ပေမဲ့ ဒီငွေပြားနည်းနည်းလေးတောင် မပေးချင်ဘူး”


ပုံပြောသူက ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။


 ထို့နောက် ဆိုင်သိမ်းပြီး ထွက်သွားဖို့ပြင်လိုက်သည်။


“လူအိုကြီး၊ ဒီကိုလာပါဦး။ ဝါးပုစဉ်းရုပ်ဝယ်ချင်လို့”


လက်ဖက်ရည်ဆိုင်၏ပြတင်းပေါက်ဘေးရှိစားပွဲခုံမှာ သက်လတ်ပိုင်းလူကြီးတစ်ယောက်က လက်ဖက်ရည်ခွက်ကိုသောက်လိုက်ပြီး ညင်သာစွာပြန်ချလိုက်သည်။ 


သူက အရုပ်ဝယ်ဖို့ခေါ်လိုက်သော်လည်း ဂရုမစိုက်ဘဲ အပြင်ဘက်သို့ကြည့်နေသေးသည်။


ပုံပြောသူက အံ့အားသင့်သွားပြီး အပြုံးတစ်ခုနှင့်အတူ လက်ကိုဝှေ့ယမ်း၍ ပြောသည်။


 “စွေ့ဟွား၊ ဆိုင်ကို မြန်မြန်တွန်းလာခဲ့။ ဒီလူအိုကြီး ရွေးပေးပါရစေ။


 အနီလား၊ အပြာလား၊ အစိမ်းလား၊ အသေးလား၊ အကြီးလား၊ အလယ်စားလား။ 


လိုချင်တဲ့ ပုံစံအကုန်ရပါတယ်”


မိန်းကလေးက ဆိုင်တွန်းလှည်းကို တွန်းလာပြီး ချိုမြိန်စွာပြုံးလျက် ပြောသည်။


 “ဆရာက ဘယ်တစ်ခုလိုချင်လဲ”


သက်လတ်ပိုင်းအရွယ်လူကြီးက တစ်ဖက်လှည့်ပြီး ဝါးပုစဉ်းရုပ်များကို ကြည့်သည်။


 ထို့နောက် သူက မိန်းကလေးကို ဆွဲယူလိုက်သည်။


 သူက မိန်းကလေးကိုပွေ့ဖက်ထားပြီး စနောက်လိုက်သည်။ 


“ငါက ဒီတစ်ခုကိုလိုချင်တယ်”


မိန်းကလေးက ထိတ်လန့်သွားပြီး သူ့ကို လျင်မြန်စွာတွန်းထုတ်လိုက်သည်။ 


သို့သော်လည်း တစ်ဖက်လူက သန်မာလွန်းသည်။ သူမက မည်သည့်အရာမှမလုပ်နိုင်ဘဲ စိုးရိမ်စိတ်များဖြင့် အော်ဟစ်လိုက်သည်။


 “လွှတ်ပေးပါသခင်ကြီး... ကျွန်မကို ချမ်းသာပေးပါ”


ပုံပြောသူက ထိုဖြစ်ရပ်ကိုမြင်သွားသောအခါတွင် ထိတ်လန့်သွားပြီး လျင်မြန်စွာတောင်းပန်လိုက်သည်။ 


“သခင်ကြီးက ဘာလုပ်နေတာလဲ... ကျေးဇူးပြုပြီး ကျွန်တော့်သမီးကို လွှတ်ပေးပါ”


နှာဘူးကျနေသောလူကို မြင်လိုက်ရသောအခါတွင် ပတ်ဝန်းကျင်ရှိလူများက ချက်ချင်းထရပ်ပြီး အော်ဟစ်လိုက်သည်။


 “နေ့ဘက်ကြီးမှာတောင် ဘယ်လိုလုပ်ပြီး နှာထနေရတာလဲ”


“သူက မင်းရဲ့သမီးလား”


သက်လတ်ပိုင်းအရွယ်လူကြီးက ပြုံးလိုက်သည်။ သူက ဘယ်သူ့ကိုမှ မျက်လုံးထဲထည့်မထားပေ။ သူက လူအိုကြီးကိုကြည့်၍ နှာမှုတ်လိုက်သည်။


 “ဒီမိန်းကလေးက နှစ်ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်။ ဒီလူအိုကြီးကတော့ အနည်းဆုံး အသက်သုံးရာရှိနေပြီ။ ဒါကိုတောင် မင်းရဲ့သမီးလို့ ပြောသေးတာလား”


ပုံပြောသူ၏မျက်နှာက ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် ထိတ်လန့်မှုများပေါ်လာသည်။


မိန်းကလေး၏မျက်လုံးထဲတွင်လည်း ထိတ်လန့်မှုများရှိနေသည်။ 


သူမက ခန္ဓာကိုယ်ကို လျင်မြန်စွာတွန့်လိမ်လိုက်ပြီး ခရမ်းရောင်အလင်းတစ်ခုက သူမ၏လက်ထဲမှထွက်လာသည်။ 


သူမက လွတ်မြောက်ဖို့ ကြိုးစားလိုက်သည်။


သက်လတ်ပိုင်းအရွယ်လူကြီးက အသာအယာလက်ညှိုးညွှန်လိုက်ပြီး ခရမ်းရောင်အလင်းက ပျောက်ကွယ်သွားသည်။ 


မိန်းကလေးက သူ့လက်ထဲမှာပဲရှိနေသေးပြီး အနည်းငယ်ထိတ်လန့်နေပုံပေါ်သည်။


ပုံပြောသူက ထိတ်လန့်သွားပြီး မှောင်မည်းနေသောမျက်နှာဖြင့် ရှေ့တက်လာသည်။


 သူက ဆိုင်တွန်းလှည်းထဲမှ ဝါးပုစဉ်းရုပ်ကိုကောက်ယူပြီး ပစ်ထည့်လိုက်သည်။ 


ထိုအရုပ်က ဓားသွားများအဖြစ်ပြောင်းလဲပြီး သက်လတ်ပိုင်းအရွယ်လူဆီသို့ တိုးဝင်သွားသည်။


ထိုလူက အထင်သေးစွာရယ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး အဖြူရောင်အလင်းတစ်ခုဖြတ်ပြေးသွားသည်။ 


ဝါးပုစဉ်းရုပ်များအားလုံး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်က ရှင်းလင်းသွားသည်။


“တိမ်ပျံလက်ဝါး”


ပုံပြောသူ၏မျက်နှာက အသည်းအသန်ပြောင်းလဲသွားသည်။


 သူက ခြေတစ်လှမ်းနောက်ဆုတ်ပြီး ထိတ်လန့်စွာပြောသည်။ 


“မင်း မင်းက ...”


ထိုအချိန်မှာ ပတ်ဝန်းကျင်ရှိဧည့်သည်တော်များအားလုံးက အံ့အားသင့်သွားပြီး ထိုလူများက သာမန်လူများမဟုတ်ကြောင်း နားလည်သွားသည်။ 


သူတို့က ကြောက်ရွံ့စွာထွက်ပြေးသွားပြီး ဆိုင်တစ်ခုလုံး လူရှင်းသွားသည်။


သက်လတ်ပိုင်းအရွယ်လူက ခပ်ဟဟရယ်လျက် ပြောလိုက်သည်။ 


“မင်းတို့ကုန်သည်အဖွဲ့အစည်းက တကယ့်ကိုဂုဏ်သတင်းကြီးမားတာပဲ။ 


တစ်ယောက်က ပုံပြောသူလိုဟန်ဆောင်ပြီး တစ်ယောက်က ဝါးပုစဉ်းရုပ်တွေရောင်းနေတယ်။ ကျစ် ကျစ်”


 ထိုလူက မိန်းကလေးကို ချုပ်ထိန်းမှုမရှိဘဲကြည့်၍ အပြုံးတစ်ခုနှင့်အတူပြောလိုက်သည်။


 “ဒါက မင်းတို့ကုန်သည်အဖွဲ့အစည်းရဲ့ အသန်မာဆုံးမျိုးဆက်သစ် ရှီလော့ယန်မဟုတ်လား”


မိန်းကလေး၏မျက်နှာက အနည်းငယ်ဖြူဖျော့သွားသည်။


 ထိုလူ၏ခွန်အားက နက်ရှိုင်းလှပြီး သူမကို အကြည့်တစ်ချက်နှငိ့မှတ်မိသွားခဲ့သည်။ 


သူမက ပုံပြောသူကို အကူအညီတောင်းသည့်အနေဖြင့် ကြည့်လိုက်သည်။


ပုံပြောသူ၏လည်ပင်းက အနည်းငယ်ခြောက်သွေ့နေပြီး ခက်ခဲစွာပြောလာသည်။


 “ဒီကသခင်လေးက အသင်္ချေရတနာစတိုးဆိုင်ကလား”


ထိုလူက ပြုံးလျက်ပြောလိုက်သည်။


 “ဟုတ်တယ်။ ငါက အသင်္ချေရတနာစတိုးဆိုင်ရဲ့ ဝေ့ဟုန်ဖူပဲ။ 


မင်းတို့နှစ်ယောက်က မိုင်ရူတောင်အတွက် ရုပ်ဖျက်ပြီးရောက်လာကြတာလား။ 


ဒီမိန်းကလေးက သိပ်မဆိုးဘူး။ မယ်ရူတောင်ကိုဝင်ခွင့်ရရင် မန်တိကုန်သွယ်ရေးအဖွဲ့အစည်းက ကုန်သည်မဟာမိတ်ရဲ့ ဒီနှစ်စည်းဝေးပွဲမှာ အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာနိုင်တယ်”


ပုံပြောသူက ထိတ်လန့်သွားပြီး လက်သီးနှစ်ဖက်ကိုဆုပ်ကိုင်၍ လေးစားစွာပြောလိုက်သည်။ 


“ဒီသခင်က တောင်ပိုင်းနယ်မြေရဲ့အသင်္ချေရတနာဈေးဆိုင်တွေကို ထိန်းချုပ်ထားတဲ့လူသုံးယောက်ထဲက တစ်ယောက်ပေါ့။


 ကျွန်တော်က မန်တိကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဟယ်ဖုန်းပါ။ 


မိန်းကလေးကတော့ ရှီလော့ယန်ပါ၊ သခင်ကို မမှတ်မိတဲ့အတွက် တောင်းပန်ပါတယ်”


ဝေ့ဟုန်ဖူ၏က အပြုံးမျက်နှာနှင့် ရှီလော့ယန်၏လက်ကိုလွှတ်ပေးပြီး ပြောလိုက်သည်။


 “တောင်ပိုင်းနယ်မြေကိုထိန်းချုပ်ထားတဲ့ သခင်သုံးယောက်ဆိုတာက ဘာပြောတာလဲ။ 


သခင်ရှဲ့ယုဟန်ကပဲ တောင်ပိုင်းကိုတာဝန်ယူထားတာပါ။


 ငါက သူ့ရဲ့ကိုယ်စားလှယ်တစ်ယောက်သာသာပဲ”


သူက ပြောလိုက်သည်။


 “ကုန်သည်အဖွဲ့အစည်းသုံးခုက တောင်ပိုင်းရဲ့ ဒီလိုချောင်ကျတဲ့နေရာလေးမှာ လာစုံရလိမ့်မယ်လို့ ထင်မထားမိဘူး။ စိတ်ဝင်စားစရာကောင်းသားပဲ”


ရှီလော့ယန်က ဟယ်ဖုန်း၏နောက်တွင်လျင်မြန်စွာပုန်းလိုက်ပြီး ဝေ့ဟုန်ဖူကို သတိထား၍ ကြည့်နေသည်။


“ကုန်သည်အဖွဲ့အစည်းကြီးသုံးခုလား” 


ဟယ်ဖုန်းက နားမလည်နိုင်ပေ။


 “ဘယ်သူရှိသေးတာလဲ”


ထိုအချိန်မှာပဲ အပြင်ဘက်မှ လူနှစ်ယောက်ဝင်လာသည်။ 


သူတို့က ဆိုင်ထဲကိုတစ်ချက်ကြည့်ပြီး အံ့အားသင့်စွာဖြင့် ဝေ့ဟုန်ဖူဆီသို့ လျှောက်လာသည်။


“မိန်းကလေး တင်းလင်အာ” 


ဟယ်ဖုန်းက မျက်လုံးများမှေးကျဉ်းပြီး အံ့အားသင့်စွာပြောလိုက်သည်။


တင်းလင်အာက အစိမ်းနုရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ 


သူမက ဟယ်ဖုန်း၏နောက်တွင်ရှိနေသော ရှီလော့ယန်ကို ထိတ်လန့်စွာကြည့် နေသည်။


 သူမ၏မျက်လုံးက အေးစက်သွားပြီး ရန်လိုမှုများနှင့်ပြည့်လာသည်။


ရှီလော့ယန်က ဂုဏ်ယူနေပုံပေါ်ပြီး နှုတ်ခမ်းဆူ၍ ရန်စလိုက်သည်။


ဟယ်ဖုန်းက ရှီလော့ယန်ကို တစ်ချက်ကြည့်ပြီး ရယ်လိုက်သည်။


 “မိန်းကလေးတင်းလင်အာက ချောင်ကျတဲ့တောင်ပိုင်းကို ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး။


 ထျန်းယွမ်ကုန်သည်အဖွဲ့အစည်းက တောင်ပိုင်းတစ်ခုလုံးကို လွှမ်းမိုးထားပြီးပြီလား”


သူက ထိတ်လန့်ချင်ယောင်ဆောင်ထားသော်လည်း လှောင်ပြောင်နေခြင်းဖြစ်သည်။


ကောင်းကင်သိုင်းပညာကုန်းမြေကြီး၏ စစ်သည်တော်များအမြင်တွင် တောင်ပိုင်းက အထင်သေးစရာကောင်းသောနေရာဖြစ်သည်။


 အားကောင်းသော ကုန်သည်အဖွဲ့စည်းခုနစ်ခုကတောင် ဤနေရာကို ခြေမချချင်ပေ။ 


အသင်္ချေရတနာစတိုးဆိုင်ကတော့ လွှမ်းမိုးနိုင်စွမ်းကြီးသောကြောင့် ဆိုင်ခွဲများဖွင့်ထားခြင်းဖြစ်ပြီး အမြတ်များများရဖို့ မျှော်လင့်မထားပေ။


ထျန်းယွမ်ကုန်သည်အဖွဲ့အစည်းက ကျဆင်းနေကြောင်း လူတိုင်းသိထားသည်။


 လူတစ်ယောက်နိမ့်ပါးသွားလျှင် နှိမ့်ချဖို့စောင့်နေသောလူများနှင့် ပြည့်နေသည်။


 အမှန်အတိုင်းပြောရလျှင် တင်းလင်အာက ထျန်းယွမ်ကုန်သည်အဖွဲ့စည်းခေါင်းဆောင်၏ သမီးဖြစ်သောကြောင့် သူမ၏အဆင့်အတန်းက ဝေ့ဟုန်ဖူနှင့်ဟယ်ဖုန်းထက်မြင့်သည်။


 ပုံမှန်အတိုင်းဆိုလျှင် သူမကို ထိုသို့ပြောရဲမှာမဟုတ်ပေ။


တင်းလင်အာ၏မျက်နှာက မှောင်မည်းနေသည်။ 


သို့သော်လည်းလည်း ထျန်းယွမ်ကုန်သည်အဖွဲ့အစည်း၏ကျဆင်းမှုက အစစ်အမှန်ဖြစ်သည်။


သူမဘေးတွင်ရှိနေသောလူက တင်းမာသောလေထုကို ခံစားမိသည်။


 သူက ဟယ်ဖုန်းကိုလက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။


“သူက ဘယ်သူလဲ။ ငါသူ့ကိုမကြိုက်ဘူး...ရိုက်ပစ်လို့ရလား”


သူတို့က ထိတ်လန့်သွားပြီး မျက်နှာပျက်သွားသည်။


“မိန်းကလေးတင်း၊ မင်းရဲ့အစေခံက တကယ့်ကိုစည်းကမ်းမရှိဘူးပဲ” 


ဟယ်ဖုန်းက အော်ဟစ်လိုက်သည်။


 “ဒီလူအိုကြီးက မိန်းကလေးကိုယ်စားသင်ပြပေးပါရစေ”


နောက်ဆက်တွဲစာစဉ်များ ဖတ်ရန်လင့်ခ် 👇

https://www.wunzinn.com/bookbyseries?bookbyseries=1122

Report Page