277

277

Out Ber

#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း(၂၇၇) 

ဓားသင်္ချိုင်း


ယွင်ရှောင်က ဝင်ခွင့်သလင်းကျောက်များကို ရောင်းချလိမ့်မည်ဖြစ်ကြောင်း ရှင်းပိသိထားသော်လည်း အမှန်တကယ်ထုတ်ပြောလိုက်သောအခါတွင် ထိတ်လန့်သွားသည်။


 ထို့အပြင် ဝင်ကြေးက အလယ်အလတ်အဆင့်ချီကျောက်တုံး တစ်သန်းဖြစ်သည်။


 အချိန်ကျလာသောအခါတွင် အင်အားစုအမျိုးမျိုးက လေလံဆွဲကြလိမ့်မည်။


 ထောင်ချီနေသောလူများဝင်ရောက်လာလျှင် ဝင်ကြေးနဲ့တင် ချီကျောက်တုံး သန်းတစ်ထောင်ခန့်ရလိမ့်မည်။


သူက ထိုပမာဏကြောင့် ထိတ်လန့်သွားသည်။ ဝင်ခွင့်သလင်းကျောက်များအားလုံးကို ထုတ်ရောင်းလိုက်လျှင်တောင် ထိုကဲ့သို့များပြားသောပမာဏကို မရနိုင်လောက်ပေ။


 ‘အဲ့ဒီကလေးက တကယ်ရက်စက်တာပဲ’


ယွင်ရှောင်က ခပ်ဟဟရယ်လိုက်သည်။


 “ကြိုဆိုပါတယ်... ယန်ဝူကနေ စောင့်နေပါ့မယ်”


ယွင်ရှောင်က သွားဖြူဖြူလေးများပေါ်လာသည်အထိ တောက်ပစွာပြုံးနေသည်။ 


သူတွေးနေသောအရာကို တစ်ယောက်ယောက်သိသွားလျှင် သူ့ကို သတ်ပစ်လိမ့်မည်။


သူက ယန်ဝူမြို့ကို စစ်အမိန့်ထုတ်ပြီး နေထိုင်စရိတ်နှင့် မြို့ဝင်ကြေးကို အဆတစ်သောင်းခန့်အထိ တိုးမြှင့်ဖို့ ကြံစည်နေသည်။ 


တောင်ပိုင်းနယ်မြေ၏တပည့်များက မိုင်ရူတောင်သို့ဝင်ချင်လျှင် အနည်းဆုံး ဝင်ကြေးအနေဖြင့် ချီကျောက်တုံး တစ်သိန်းပေးရလိမ့်မည်။


ထိုသို့ဆိုလျှင် သူစုဆောင်းမိသောချီကျောက်တုံးများက နတ်ဘုရား လေဟာနယ်ကျောက်ပြား၏ နယ်မြေကြီးတစ်ခုကို ဖွင့်နိုင်လိမ့်မည်။


ထို့နောက် တပည့်များက သက်ဆိုင်ရာဂိုဏ်းများဆီသို့ အသီးသီးပြန်သွားကြသည်။ 


ယွင်ရှောင်က ရှင်းပိနှင့်ဖန့်တိ၏ လိုက်ပို့ပေးဖို့ကမ်းလှမ်းချက်ကို ငြင်းဆိုပြီး ယန်ဝူသို့ တစ်ယောက်တည်းပြန်လာခဲ့သည်။


သူက လေလံအိမ်တည်ဆောက်ပြီး အခွန်အခများတိုးမြှင့်ဖို့ အလျင်လိုနေသည်။


ရှင်းပိနှင့်ဖန့်တိက ဝင်ခွင့်သလင်းကျောက်များအတွက် စိုးရိမ်နေသောကြောင့် ယွင်ရှောင်၏နောက်သို့ တိတ်တိတ်လေးလိုက်လာသည်။ 


သို့သော်လည်း မိုင်ရာချီအကွာသို့ရောက်သောအခါတွင် သူတို့က ယွင်ရှောင်ကို မျက်ခြေပြတ်သွားသည်။


“ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ ငါက နတ်ဘုရားအာရုံနဲ့ သူ့ကို တစ်ချိန်လုံးစောင့်ကြည့်နေတာလေ။ သူက ဒီအတိုင်း ပျောက်ကွယ်သွားတယ်”


 ဖန့်တိက ထိတ်လန့်နေသောမျက်နှာဖြင့် လေထုထဲတွင်ပေါ်ထွက်လာသည်။ သူက နတ်ဘုရားအာရုံကို ဖြန့်ကျက်ကြည့်လိုက်သော်လည်း ယွင်ရှောင်ကို ရှာမတွေ့တော့ပေ။


ရှင်းပိက ပြုံးလိုက်သည်။


“ဒီကလေးက အရမ်းထူးဆန်းလွန်းတယ်။ ငါက အရာအားလုံးကို ထိန်းချုပ်ထားနိုင်တယ်ထင်ခဲ့ပေမဲ့ သူ့ကို ဘယ်လိုမှ ထွင်းဖောက်ပြီးမမြင်နိုင်ဘူး”


ဖန့်တိက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာပြောသည်။ 


“လီယွင်ရှောင်ရဲ့ပါရမီက ထူးခြားတယ်။ သူက တောင်ပိုင်းနယ်မြေတင်မကဘဲ ကောင်းကင်သိုင်းပညာကုန်းမြေကြီးတစ်ခုလုံးမှာ ထူးခြားတဲ့တည်ရှိမှုမျိုးပဲ။ 


ဒါပေမဲ့ သူက အရမ်းမောက်မာပြီး သူ့ကိုယ်သူ မထိန်းချုပ်တတ်ဘူး။ သူကြီးပြင်းမလာခင်မှာ သေသွားမှာစိုးရိမ်မိတယ်”


ရှင်းပိက ပြောသည်။


“ရှေးခေတ်အချိန်ကတည်းက ပါရမီရှင်တွေအားလုံး မောက်မာကြတာပဲ။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့သေသွားလိမ့်မယ်လို့ ငါတော့မထင်ဘူး”


“ငါလည်းအဲ့လိုပဲ မျှော်လင့်ရတာပဲ”


 ဖန့်တိက ပြောသည်။


“ဘယ်လိုပဲဖြစ်ဖြစ် သူက မီးကျီးကန်းအင်ပါယာကပဲလေ။ 


မကြာခင်မှာ ယန်ဝူမြို့က မတည်မငြိမ်ဖြစ်လာလိမ့်မယ်။


 လုံခြုံရေးအတွက် သခင်ပိကိုပဲ တာဝန်ယူခိုင်းရတော့မယ်။ 


အဓိကဂိုဏ်းကြီးသုံးဂိုဏ်းက အစီအရင်ဆရာသခင်ကိုဖိတ်ခေါ်ပြီး ယန်ဝူမြို့မှာ ပြဿနာမတက်အောင် လူတိုင်းရဲ့ကျင့်ကြံဆင့်ကိုဖိနှိပ်ဖို့ အစီအရင်တစ်ခုတည်ဆောက်ပေးလိမ့်မယ်။


 ငါက ကျွီထျန်းဂိုဏ်းကိုပြန်ပြီး ဂိုဏ်းခေါင်းဆောင်ချီဖုန်းကို သတင်းပို့လိုက်ဦးမယ်”


သူတို့နှစ်ယောက်က နှုတ်ဆက်လိုက်ပြီး အလင်းတန်းနှစ်ခုအသွင်ပြောင်းလျက် မိုးကုပ်စက်ဝိုင်းမှာ ပျောက်ကွယ်သွားသည်။


သူတို့ထွက်သွားပြီးမကြာခင်မှာပဲ ယွင်ရှောင်က မြေကြီးထဲမှထွက်လာသည်။


 သူက သူတို့ကိုကြည့်လိုက်ပြီး ပြုံးသည်။ ထို့နောက် ယန်ဝူမြို့သို့ ဦးတည်လိုက်သည်။


ရေနွေးတစ်အိုးဆူချိန်ခန့် ကြာသောအခါတွင် ရှေ့မှာရှိနေသောတောင်ခြေတွင် သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက် ပေါ်လာသည်။


သူက ထိုနေရာမှာ အမူအယာကင်းမဲ့စွာဖြင့် တည်ငြိမ်စွာရပ်နေသော်လည်း မည်သူမှဖြတ်မသွားနိုင်အောင် ကမ္ဘာတစ်ခုလုံးကို နှစ်ခြမ်းခွဲလိုက်သည့်ပုံပေါ်သည်။


သူရပ်နေသောနေရာက ကမ္ဘာဖြစ်သည်။


ယွင်ရှောင်က အံ့အားသင့်သွားပြီး ရုတ်တရက်ရပ်တန့်လျက် ထိတ်လန့်စွာပြောသည်။ 


“ကိုယ်ပိုင်နယ်မြေ … အထီးကျန်ရှစ်ပါးသိုင်းအဓိပတိ”


သက်လတ်ပိုင်းအရွယ်လူကြီးက အနည်းငယ်အံ့အားသင့်နေသောပုံစံဖြင့် ဖြည်းဖြည်းချင်းခေါင်းမော့လိုက်သည်။ သူက ပြုံးလျက်ပြောသည်။


 “ကိုယ်ပိုင်နယ်မြေကိုတောင်သိနေတာက တကယ့်ကိုထူးခြားတာပဲ။ 


တပည့်က အသုံးမကျတဲ့အတွက် ဆရာက ဓားကို ပြန်တောင်းဖို့ ရောက်လာခဲ့တယ်။ ငါ့နာမည်က လန်ရှင်းပေါ်ပဲ”


လန်ရှင်းပေါ်


ဖျက်ဆီးခြင်းတောင်သခင်


ယွင်ရှောင်၏မျက်နှာက လေးနက်သွားသည်။


 လန်ရှင်းပေါ်က ရုတ်တရက်ပေါ်လာခြင်းမဟုတ်ဘဲ ထိုနေရာမှာ တစ်ချိန်လုံးရှိနေခဲ့သည်။ 


သို့သော်လည်း ယွင်ရှောင်က သူ၏နတ်ဘုရားအာရုံဖြင့် ရှာမတွေ့ခဲ့ပေ။ 


ရှင်းပိနှင့်ဖန့်တိကတောင် လမ်ရှင်းပေါ်ကို သတိမထားမိခဲ့ပေ။


အထီးကျန်ရှစ်ပါးသိုင်းအဓိပတိကသာ ထိုသို့ဖြစ်အောင် လုပ်နိုင်သည်။


လောကထဲမှာ ငါက အထွတ်အထိပ်ပဲ


လန်ရှင်းပေါ်၏မျက်လုံးများက ရှေးခေတ်ဟောင်းရေတွင်းကဲ့သို့ တည်ငြိမ်နေပြီး အပြုံးတစ်ခုနှင့်အတူ ယွင်ရှောင်ကို ပြောလိုက်သည်။ 


“စိတ်မပူပါနဲ့၊ ငါက ရေခဲဆူးရွှယ်မင်ဓားကို ပြန်ယူဖို့ရောက်လာတာပါ။ 


အဲ့ဒီဓားက ငါတို့ခံစားချက်ဖျက်ဆီးခြင်းတောင်ကို ကိုယ်စားပြုတယ်လေ။


 တခြားလူရဲ့လက်ထဲမှာ ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ”


ယွင်ရှောင်က သူ့ဆီမှ သတ်ဖြတ်လိုစိတ်များကို မခံစားရပေ။


သူက မီးကျီးကန်းအင်ပါယာ၏ ထိပ်တန်းကျွမ်းကျင်သူသုံးဦးထဲမှ တစ်ဦးဖြစ်သောကြောင့် သူ့ကိုယ်သူနှိမ့်ချပြီး လူငယ်တစ်ယောက်နှင့် တိုက်ခိုက်မှာမဟုတ်ပေ။


 ယွင်ရှောင်က ပြုံးလိုက်သည် ။


“ဓားကို ကျွန်တော်နိုင်ထားတာလေ။ လိုချင်ရင် ပြန်ဝယ်လို့ရတယ်”


လန်ရှင်းပေါ်က ထိုလူငယ်ကို စတင်ပြီးလေးစားလာသည်။ သူ့ကို အထီးကျန်ရှစ်ပါးသိုင်းအဓိပတိတစ်ယောက်ဖြစ်ကြောင်း သိနေသော်လည်း ပေါ့ပါးစွာစကားပြောနိုင်သေးသည်။


 သူက ရယ်ပြီး ပြောလိုက်သည်။


“ငါက မင်းကိုအနိုင်ယူပြီး ဓားကိုပြန်ယူရမယ်လို့ ပြောချင်တာလား”


ယွင်ရှောင်၏အပြုံးက အေးခဲသွားပြီး ကိုးရိုးကားရားရယ်မောလျက် ပြောလိုက်သည်။ 


“ထားလိုက်ပါတော့လေ… ဂိုဏ်းချူပ်လန်က ကိုယ်တိုင်ရောက်လာမှတော့ မျက်နှာသာပေးရမှာပေါ့”


သူက လက်ကိုလှုပ်ရှားလိုက်ပြီး ဓားအလင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။


လန်ရှင်းပေါ်က လက်ကိုဆန့်ထုတ်ပြီး ဓားကိုယူလိုက်သည်။ 


သူက ချီးကျူးလိုက်သည်။


“မင်းရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက ငါ့ဂိုဏ်းရဲ့ကျင့်ကြံခြင်းပညာရပ်နဲ့မကိုက်ညီတာ နှမြောစရာပဲ။ မဟုတ်ရင် ငါက မင်းကို တပည့်အဖြစ်လက်ခံပြီး ငါ့သမီးဟုန်လင်နဲ့လည်း လက်ထပ်ပေးဦးမယ်”


ယွင်ရှောင်က အံ့အားသင့်သွားပြီး လက်ကို လျင်မြန်စွာဝှေ့ယမ်းလိုက်သည်။


 “ကျွန်တော်က ကျိုးယုရှန်ကို သတ်ခဲ့တယ်လေ။ ဟုန်လင်က တစ်ခုလပ်ဖြစ်သွားပြီမဟုတ်လား။ ကျွန်တော် သူမကို မလိုချင်ဘူး”


“ဟီးဟီး... ရဲတင်းလိုက်တာ”


ယွင်ရှောင်က အတော်လေးအတင့်ရဲသည်ဟု လန်ရှင်းပေါ် ထင်လာသည်။ 


သူ၏ရှေ့တွင် ဟုန်လင်အကြောင်းကို မကောင်းပြောရဲနေသည်။ 


သို့သော်လည်း သူ့လေသံက အပြစ်တင်နေပုံမပေါ်ပေ။


 သူက လက်ဖြန့်ပြီး ဓားအလင်းကိုကြည့်လိုက်သောအခါတွင် မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာက တင်းမာသွားသည်။


“ဘာဖြစ်နေတာလဲ”


လန်ရှင်းပေါ်၏အရှိန်အဝါက အနည်းငယ်အေးစက်လာသည်။ 


သူက လက်ကိုလှုပ်ခါလိုက်သောအခါတွင် ဓားအလင်းက ချက်ချင်း ဓားရှည်တစ်ချောင်းဖြစ်လာသည်။ 


သို့သော်လည်း ရွှယ်မင်ဓားက သာမန်သံဓားတစ်လက်ကဲ့သို့ အရောင်အဆင်းကင်းမဲ့နေပြီး စွမ်းအားများလည်း မရှိတော့ပေ။


ထိုဓားက သူနှင့်အတူ နှစ်ပေါင်းတစ်ရာကျော်အောင် ရှိနေခဲ့ပြီး မိတ်ဆွေရင်းတစ်ယောက်ဟု ယူဆနိုင်သည်။ 


အကယ်၍ ကျိုးယုရှန်၏နှလုံးမဲ့ခန္ဓာကိုယ်ကြောင့်သာမဟုတ်လျှင် သူက ဤဓားကို ကျိုးယုရှန်ဆီသို့ ပေးလိုက်မှာမဟုတ်ပေ။ 


ယခုအချိန်မှာ သူက ဓားကိုကိုင်ထားသော်လည်း ဓားက သေဆုံးသွားသကဲ့သို့ ထူးဆန်းသောခံစားချက်ကို ပေးနေသည်။


လမ်ရှင်းပေါ်၏နှလုံးသားက နာကျင်သွားသည်။ 


အကောင်းဆုံးအမွေဆက်ခံသူဖြစ်သော ကျိုးယုရှန်သေသွားစဉ်ကတောင် ထိုသို့မခံစားရပေ။


အလွန်သန်မာသောသတ်ဖြတ်လိုစိတ်တစ်ခုကက လေထုထဲမှာပျံ့လွင့်လာပြီး ယွင်ရှောင်ကို မလှုပ်ရှားနိုင်အောင် ပစ်မှတ်ထားလိုက်သည်။


သတ်ဖြတ်လိုစိတ်များနှင့်ရင်ဆိုင်ရသောအခါတွင်ပင် ယွင်ရှောင်က နောက်ဆုတ်သွားမည့်ပုံမပြပေ။


 “ဂိုဏ်းချုပ်လန်၊ တည်ငြိမ်ခြင်းကောင်းကင်စာအုပ်က ခင်ဗျားခံစားချက်ကိုဖိနှိပ်ထားတယ်”


လမ်ရှင်းပေါ်က အနည်းငယ်ထိတ်လန့်သွားပြီး ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။


 သို့သော်လည်း သူ၏မျက်လုံးထဲရှိသတ်ဖြတ်လိုစိတ်များက ပြင်းထန်နေဆဲဖြစ်ပြီး အေးစက်စွာပြောသည်။


 “ငါ့ကို စိတ်ကျေနပ်စေမယ့်အဖြေမပေးရင် မင်းကို ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ဘူး”


ယွင်ရှောင်က ပြုံးလိုက်သည်။


 “ဂိုဏ်းချုပ်လန် ဓားရဲ့ခံစားချက်တွေကို ဖြည်းဖြည်းချင်းအာရုံခံကြည့်လိုက်ပါဦး။


ဓားဝိညာဉ်က သေဆုံးသွားခဲ့ပေမဲ့ နောင်တမရှိဘဲ သေသွားတာပါ”


‘နောင်တမရှိဘဲ သေသွားတာလား’


လန်ရှင်းပေါ်က အံ့အားသင့်သွားပြီး နတ်ဘုရားအာရုံဖြင့် ဓားကို ဖြည်းဖြည်းချင်းငုံ့ကြည့်လိုက်သည်။


 ဓားက ပျက်စီးခြင်းခံစားချက်များကို ပေးနေသည်။ 


ဓားချီအရှိန်အဝါက ဝမ်းနည်းနေပုံပေါ်သော်လည်း လွတ်လပ်မှုများဖြင့် ပြည့်နေသည်။


ဓားမှာ ဝိညာဉ်ရှိခဲ့သော်လည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားနေသည်။


ထို့နောက် ဓားက မီးခိုးရောင်သန်းသွားသည်။


“သူ့အတွက် အကောင်းဆုံးအိမ်ကို ရှာတွေ့သွားခဲ့ပြီ” 


ယွင်ရှောင်က လေးနက်စွာပြောလိုက်သည်။


 “ဓားက နှလုံးသားမဲ့ပေမဲ့ ဝိညာဉ်မှာတော့ ခံစားချက်တွေရှိတယ်”


လန်ရှင်းပေါ်က ထိတ်လန့်သွားပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများရှိနေသည်။


“ဂိုဏ်းချုပ်လန်”


 ယွင်ရှောင်က အပြုံးတစ်ခုနှင့်အတူ သက်ပြင်းချသည်။


 “ဖျက်ဆီးခြင်းက ခံစားချက်တွေကို တကယ်ပဲမေ့ပစ်ဖို့လား”


လန်ရှင်းပေါ်၏မျက်လုံးများက ရီဝေနေသည်။ သူက အချိန်အတော်ကြာအောင် စကားမပြောခဲ့ပေ။


 ပတ်ဝန်းကျင်တွင်ရှိနေသောသတ်ဖြတ်လိုစိတ်များက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။


 သူရပ်နေသောနေရာတွင် နေတစ်စင်းထွက်လာသကဲ့သို့ ပန်းတစ်ပွင့်ပွင့်လာသကဲ့သို့ ခံစားလာရသည်။


ယွင်ရှောင်၏မျက်ခုံးများက တွန့်သွားပြီး ပျော်ရွှင်စွာပြောလိုက်သည်။


 “ဂိုဏ်းချုပ်လန်အဆင့်တက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”


လန်ရှင်းပေါ်ကသူ၏ ချီစွမ်းအင်သွေးကြောများ ပြောင်းလဲမှုများကို မယုံကြည်နိုင်သေးပေ။ 


အချိန်ကြာမြင့်စွာပိတ်ဆို့်နေသော သူ၏ကျင့်ကြံခြင်းအဆင့်က လွယ်ကူစွာအဆင့်တက်သွားသည်။


 သူက သေဆုံးသွားသောရွှယ်မင်ဓားကို ကြည့်လိုက်သည်။


 “မိတ်ဆွေဟောင်း၊ မင်းပြောချင်တဲ့စကားကို ငါနားလည်ပါတယ်”


သူက ဓားကိုမြှောက်လိုက်သည်။ ရုတ်တရက်ဆိုသလိုပဲ ကမ္ဘာမြေကြီးက အက်ကွဲသွားသကဲ့သို့ တောင်ခြေတွင် ချောက်နက်ကြီးတစ်ခုပေါ်လာသည်။


လန်ရှင်းပေါ်က မျက်လုံးမှိတ်ပြီး ဓားကို ချောက်နက်ထဲသို့ ပစ်ချလိုက်သည်။


 ထို့နောက် လက်ကိုအသာအယာဝှေ့ယမ်းပြီး တောင်ကို ပြိုကျသွားစေသည်။ 


မရေမတွက်နိုင်လောက်သောမြေစိုင်များက ချောက်နက်ထဲသို့ကျဆင်းသွားပြီး ချောက်နက်ကို အပြည့်ဖြည့်လိုက်သည်။


တောင်တစ်ခုလုံးက ရွှယ်မင်ဓားအတွက် သင်္ချိုင်းဖြစ်သွားသည်။


လန်ရှင်းပေါ်က ခဏလောက်တိတ်ဆိတ်နေပြီး တည်ငြိမ်စွာဖြင့် ယွင်ရှောင်ကို ပြုံးပြလိုက်သည်။


 “မင်းကို ကျေးဇူးတင်ပါတယ်၊ အဲ့ဒါကြောင့် ငါ့သမီးဟုန်လင်ကို မင်းအတွက် သတို့သမီးအနေနဲ့ ပေးလိုက်မယ်”


“ဟမ်... ဂိုဏ်းချုပ်လန် တစ်ခုခုမှားနေသလိုပဲ...


ဒီဆုလာဘ်က အရမ်းကြောက်စရာကောင်းလွန်းတယ်။ 


ဆုပေးချင်ရင်လောလောဆယ် ကျွန်တော်ဖြတ်သွားလို့ရအောင် လမ်းဖယ်ပေးဖို့ပဲလိုတာပါ”


ယွင်ရှောင်၏နဖူးပေါ်တွင် ချွေးအေးများရှိနေပြီး ပြောလိုက်သည်။


 “ကျွန်တော်က နောက်သုံးရက်နေရင် လေလံပွဲကျင်းပလိမ့်မယ်။ 


သမက်ကောင်းတစ်ယောက်ရှာချင်ရင် သမီးကို လေလံပွဲဆီခေါ်လာခဲ့လေ”


“ဟား..ဟား မင်းက တကယ်ကိုရဲတင်းတာပဲ”


 လန်ရှင်းပေါ်က ရယ်လိုက်ပြီး ခြေတစ်လှမ်းနှင့်အတူ မိုင်ထောင်ချီအကွာသို့ ရောက်သွားသည်။


ယွင်ရှောင်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။ 


ကံကောင်းစွာဖြင့် လန်ရှင်းပေါ်က စိတ်ကောင်းရှိသော လူတစ်ယောက်ဖြစ်သည်။ 


ထိုသို့မဟုတ်လျှင် သူ့အတွက် အခက်တွေ့ရလိမ့်မည်။


 ဓားဝိညာဉ်က တိုက်ပွဲအတွင်းမှာ ပျက်စီးသွားခဲ့သည်။ 


ထိုဓားက အဆင့်ခြောက်လက်နက်အဖြစ်သာကျန်ရှိပြီး ဆန်းကြယ်လက်နက်မဟုတ်တော့ပေ။


“နည်းနည်းတော့ ဒုက္ခရောက်နေပြီ။ အခု ငါ့မှာ နတ်ဘုရားလေဟာနယ်ကျောက်ပြားကလွဲပြီး ထုတ်သုံးနိုင်တဲ့လက်နက် မရှိတော့ဘူး”


ယွင်ရှောင်က သေချာတွေးကြည့်လိုက်သည်။ 


သူ့၏ခွန်အားနှင့်ဆိုလျှင် အဆင့်ငါးလက်နက်ကိုသာ သန့်စင်နိုင်လိမ့်မည်။ 


သူက ထိုအဆင့်လက်နက်ကို ဂရုမစိုက်သောကြောင့် သန့်စင်ဖို့မကြိုးစားခဲ့ပေ။


သူက သက်ပြင်းချလိုက်ပြီး အပြာရောင်ဝံပုလွေရထားလုံးပျံကိုထုတ်၍ ယန်ဝူမြို့ဆီသို့ ပျံသန်းသွားသည်။


နောက်ဆက်တွဲစာစဉ်များ ဖတ်ရန်လင့်ခ် 👇

https://www.wunzinn.com/bookbyseries?bookbyseries=1122

Report Page