276
Out Ber#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း(၂၇၉)
သခင်ဝေ့ဟုန်ဖူ
တင်းလင်အာက ရယ်လိုက်ပြီး ဘေးမှာရှိနေသောလူကို တစ်ချက်ကြည့်သည်။
“မြို့အရှင်၊ ဒီလူက မန်တိကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဟယ်ဖုန်းပဲ။
ဟိုမိန်းမလှလေးကိုတော့ ရှီလော့ယန်လို့ခေါ်တယ်။
သူမက မန်တိကုန်သွယ်ရေးအဖွဲ့အစည်းမှာ အသန်မာဆုံးမျိုးဆက်သစ်ပဲ။
သခင်ဝေ့ဟုန်ဖူကတော့ အသင်္ချေရတနာစတိုးဆိုင်ကပဲ။
သူက တောင်ပိုင်းနယ်မြေရဲ့ အသင်္ချေရတနာစတိုးဆိုင်ဘဏ္ဍာရေးကို တာဝန်ယူထားတယ်”
“ဘာ၊ မင်းက လီယွင်ရှောင်လား”
ဟယ်ဖုန်းနှင့် ဝေ့ဟုန်ဖူက ထိတ်လန့်သွားသည်။
ရှီလော့ယန်ကလည်း ကြောင်အသွားပြီး ထိုလူငယ်ကို သေချာကြည့်နေသည်။
ယွင်ရှောင်က အံ့အားသင့်နေသောမျက်နှာနှင့် ဝေ့ဟုန်ဖူကိုကြည့်လိုက်သည်။
“အဲ့ဒီတော့ ဒါက သခင်ဝေ့ကိုး…
ဒါပေမဲ့ ဘာဖြစ်လို့ စွန့်ပစ်မြေဖြစ်နေတဲ့ တောင်ပိုင်းကုန်းမြေကို လာရတာလဲ။
ဒီလူပြောတဲ့အတိုင်းဆိုရင် တောင်ပိုင်းနယ်မြေကိုရောက်လာတဲ့လူတိုင်းက အမြင့်ကိုမရောက်နိုင်တဲ့ အမှိုက်တွေချည်းပဲမဟုတ်လား”
ဝေ့ဟုန်ဖူ၏မျက်နှာပေါ်တွင် ရှက်ရွံ့မှုနှင့် ဒေါသများပေါ်လာသည်။
သူက ဟယ်ဖုန်းကို စိုက်ကြည့်နေသည်။
ဟယ်ဖုန်းက တောင်ပိုင်းနယ်မြေသို့ရောက်နေသော တင်းလင်အာကို အထင်သေးသောကြောင့် ဝေ့ဟုန်ဖူကိုလည်း အထင်သေးသလို ဖြစ်သွားသည်။
ဟယ်ဖုန်းက ထိတ်လန့်သွားပြီး ချွေးအေးများထွက်လာသည်။
သူက လျင်မြန်စွာပြောလိုက်သည်။
“သခင်ဝေ့က အဓိပ္ပာယ်မရှိတဲ့စကားတွေကို နားမထောင်ပါနဲ့။
ဒီကလေးက ရောက်လာတဲ့အချိန်မှာပဲကျွန်တော်တို့ကို ရန်တိုက်ပေးတော့တာပဲ။ သူ့ရဲ့ရည်ရွယ်ချက်က မကောင်းဘူး”
ကြောက်ရွံ့နေသော ဟယ်ဖုန်းကိုကြည့်လိုက်ပြီး ယွင်ရှောင်က နှာမှုတ်လိုက်သည်။
“ကျွန်တော်က ပေါက်ကရတွေလျှောက်ပြောနေတာတဲ့လား။ တောင်ပိုင်းနယ်မြေက စွန့်ပစ်မြေလို့ ခင်ဗျားပြောတာကို သခင်ဝေ့မကြားဘူးထင်နေတာလား။
ခင်ဗျားက သူ့ကို အထင်သေးနေတာလား။ ကျွန်တော်က မကောင်းတဲ့စိတ်နဲ့ ချောက်တွန်းနေတာ ဟုတ်လားမဟုတ်လားဆိုတာကို သခင်ဝေ့က သိမှာပါ”
“ပေါက်ကရတွေလျှောက်ပြောမနေနဲ့ မင်းဆက်ပြောရဲရင် မင်းကိုသတ်ပစ်မယ်”
ဟယ်ဖုန်းက ဒေါသတကြီးပြောလိုက်သည်။
”ခင်ဗျားက သခင်ဝေ့ရဲ့ဉာဏ်ရည်ကို အထင်သေးနေတာပဲ”
ယွင်ရှောင်က နှာမှုတ်လိုက်သည်။
“ကျွန်တော်ဘာမှမပြောတာနဲ့ သခင်ဝေ့ကို စိတ်ကျေနပ်သွားအောင် လုပ်ပေးနိုင်မယ်ထင်နေတာလား။
ကောင်းပြီလေ... ဆက်မပြောတော့ပါဘူး။ ဒီအကြွေးကို သခင်ဝေ့က အနှေးနဲ့အမြန် ပြန်ဆပ်ရလိမ့်မယ်”
ဟယ်ဖုန်းက ချွေးအေးများထွက်လာသည်။
ဝေ့ဟုန်ဖူ၏ ရုပ်ဆိုးနေသောမျက်နှာကိုကြည့်လိုက်ပြီး သူက ရှင်းပြဖို့ မတတ်နိုင်တော့ပေ။
သူက တောင်ပိုင်းနယ်မြေကို အထင်သေးခဲ့သည်။ သို့သော်လည်း ဝေ့ဟုန်ဖူက တောင်ပိုင်းနယ်မြေကို တာဝန်ယူထားသည်။
သူရှင်းပြဖို့ကြိုးစားလျှင် အခြေအနေပိုဆိုးလာလိမ့်မည်။
တင်းလင်အာက ဆိုးဝါးနေသော ဟယ်ဖုန်း၏မျက်နှာကိုကြည့်လိုက်ပြီး စိတ်သက်သာရာရသွားသည်။
ထျန်းယွမ်ကုန်သည်အဖွဲ့အစည်းက ကျဆင်းနေသောကြောင့် လူတိုင်းက အနိုင်ကျင့်ချင်ကြသည်။
ကုန်သည်အဖွဲ့အစည်း၏ သခင်မလေးဖြစ်သော သူမကိုတောင် တခြားအဖွဲ့အစည်း၏အစေခံက လှောင်ပြောင်ချင်သည်။
ယခုကဲ့သို့ ကျေနပ်စရာကောင်းသောအခြေအနေက ရှားပါးသောကြောင့် သူမက လီယွင်ရှောင်ကို ပိုပြီး အကောင်းမြင်သွားသည်။
“နင်က လီယွင်ရှောင်လား”
အခြေအနေက ကမောက်ကမဖြစ်နေသောအချိန်မှာ ရှီလော့ယန်က ရုတ်တရက်ပြောလာသည်။
“ချုံဟွားကျွန်းပေါ်မှာ လော့ချင်းယွင်ကို အနိုင်ယူခဲ့တဲ့ ယန်ဝူမြို့စား လီယွင်ရှောင်လား”
ယွင်ရှောင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
“မင်းက လော့ချင်းယွင်ကို သိတယ်လား”
သူက လော့ချင်းယွင်၏နောက်ခံကို အတော်လေးသိချင်သည်။ လော့ချင်းယွင်က လူအများအပြားကို သိနေရုံတင်မကဘဲ မျိုးဆက်သစ်များထဲတွင် ထိပ်တန်းအဆင့်မှာရှိသည်။
သူ့လိုမျိုး ပြန်လည်မွေးဖွားလာခဲ့သော သိုင်းသူတော်စင်အုပ်စိုးရှင်တစ်ယောက်နှင့် မကြုံခဲ့လျှင် မိုင်ရူတောင်တွင် ပြိုင်ဘက်ကင်းဖြစ်နေပေလိမ့်မည်။
ရှီလော့ယန်က ထူးဆန်းသောမျက်နှာဖြင့် ပွင့်လင်းစွာပြောလာသည်။
“ငါသိတာပေါ့ … လော့ချင်းယွင်က ငါအမြဲတမ်းဖြတ်ကျော်ချင်တဲ့ ပစ်မှတ်တစ်ခုပဲ။ တစ်နေ့မှာ ငါက သူ့ကို အနိုင်ယူပစ်မှာ”
ထို့နောက် သူမက အံ့အားသင့်မှုများနှငိ့အတူ လီယွင်ရှောင်ကိုကြည့်ပြီး မယုံကြည်နိုင်စွာပြောလာသည်။
“နင်က လော့ချင်းယွင်ကို တကယ်အနိုင်ယူခဲ့တာလား။ နင်က အဆင့်ခြောက် စက်ဝိုင်းလေးပါးသိုင်းသခင်ပဲဖြစ်သေးတယ်။ ငါက နင့်ကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်လို့ရတယ်”
“ဟီးဟီး”
ယွင်ရှောင်က ရယ်လိုက်သည်။
“ငါက ရွှေရောင်ဆံပင်ရှိတဲ့ လူစွမ်းကောင်းလေ။
ပြီးတော့ ဝါးပုစဉ်း ခေါင်းပေါ်တင်ပြီးကောင်းကင်မှာ ပျံသန်းနိုင်တယ်လေ။
လော့ချင်းယွင်ကိုအနိုင်ယူဖို့ မခက်ပါဘူး”
ရှီလော့ယန်၏မျက်နှာက အနည်းငယ်နီရဲသွားပေမဲ့ မျက်လုံးများအေးစက်လာပြီး ပြောလိုက်သည်။
“နင်က ငါတို့နောက်ကိုလိုက်ဖို့ လူလွှတ်ထားတာလား”
ယွင်ရှောင်၏မျက်နှာက မှောင်မည်းသွားပြီး နှာမှုတ်လျက် ပြောလိုက်သည်။
“အားအားးယားယား... ငါက မင်းတို့နောက်ကို လူလွှတ်ထားရမှာလား။
မင်းတို့က လက်ဖက်ရည်ဆိုင်မှာ တစ်နေ့လုံးပေါက်ကရတွေပြောပြီး ငါ့ဂုဏ်သတင်းကို ဖျက်ဆီးနေတာ လူတိုင်းသိတယ်။
အခု ရှန့်ယန်မြို့မှာရှိတဲ့လူတိုင်းက ငါ့ကို ရွှေရောင်ဆံပင်နဲ့ ဝါးပုစဉ်းရုပ်သူရဲကောင်းအဖြစ် သိနေကြပြီ။ ဒီကိစ္စကို မင်းတို့နဲ့မရှင်းရသေးဘူး”
“အဟွတ် အဟွတ်”
ဟယ်ဖုန်းက ရှက်ရွံ့စွာချောင်းဆိုးလိုက်ပြီး အထင်သေးစွာပြောလိုက်သည်။
“ငါတို့က ချုံဟွားကျွန်းရဲ့တိုက်ပွဲကို မမြင်ခဲ့ရဘူးလေ။ မင်းဘယ်လိုနိုင်ခဲ့သလဲဆိုတာ ဘယ်သူသိမှာလဲ။ နည်းနည်းလောက်ချဲ့ကားပြီးပြောလိုက်တာက ဘာဖြစ်မှာမလို့လဲ”
“အိုးနားလည်ပြီ”
ယွင်ရှောင်က ဖြည်းဖြည်းချင်းပြောလိုက်သည်။
“ခင်ဗျားရဲ့အမေက ခင်ဗျားရဲ့အဘွားပဲ။
ခင်ဗျားရဲ့အဘွားက ခင်ဗျားအဖေရဲ့ညီမပဲ။
ခင်ဗျားအမေက ခင်ဗျား အဖေအဘွားရဲ့ အဒေါ်ပဲ။
ခင်ဗျားရဲ့အဒေါ်က ခင်ဗျားရဲ့အဘွားပဲ။ ခင်ဗျားအဖေက ခင်ဗျားရဲ့အဘိုးပဲ။
ခင်ဗျားရဲ့အဘွားက ခင်ဗျားရဲ့အဖေ အဘိုးရဲ့မိန်းမပဲ။
ခင်ဗျားရဲ့ညီက ခင်ဗျားရဲ့တူပဲလို့ ကျုပ်ကြားဘူးတယ်”
လူတိုင်းက ကြောင်အသွားပြီး ထိုစကားများကြောင့် ချွေးအေးများထွက်လာသည်။
‘ဒါက ဘယ်လိုဖြစ်တာလဲ’
သူတို့က ရှုပ်ထွေးပြီး ဖရိုဖရဲဖြစ်နေသောဆက်ဆံရေးကိုကြားလိုက်ရသောကြောင့် ကြောင်အသွားပြီး ဟယ်ဖုန်းကို ကြည့်လိုက်သည်။
“ဆရာဟယ်”
တင်းလင်အာက ဂရုတစိုက်မေးလိုက်သည်။
“အဲ့ဒါက တကယ်ပဲလား”
ဟယ်ဖုန်းက ဒေါသထွက်သွားပြီး ယွင်ရှောင်ကိုလက်ညိုးထိုး၍ အော်ဟစ်လိုက်သည်။
“မင်းက ဘာတွေလျှောက်ပြောနေတာလဲ။ တိရစ္ဆာန်ကောင်လေး”
ယွင်ရှောင်က သူ့ကို အရူးတစ်ယောက်သဖွယ်ကြည့်ပြီး လှောင်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားမွေးလာတာပဲလေ။ နည်းနည်းလောက်ချဲ့ကားပြောလိုက်တာ ဘာဖြစ်မှာမလို့လဲ”
ဟယ်ဖုန်းက သွေးအန်လုနီးပါး ဖြစ်သွားသည်။
ယွင်ရှောင်က တမင်သက်သက် ရန်စနေခြင်းဖြစ်သည်။
အကယ်၍ ဝေ့ဟုန်ဖူက ဤနေရာမှာရှိမနေလျှင် သူက ချက်ချင်းတိုက်ခိုက်လိမ့်မည်။ သို့သော် နောက်ဆုံးမှာတော့ သူက တောင့်မခံနိုင်တော့ပေ။
သူက အံတင်းတင်းကြိတ်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
“မင်းက သေချင်နေတာပဲ”
သူ့လက်သီးချက်က တောင်တစ်လုံးနှင့်ဆင်တူသည်။
လက်ဖက်ရည်ဆိုင်ထဲတွင်ရှိနေသော စားပွဲများအားလုံးက ထောင့်စွန်းသို့ လွင့်စင်ပြီးတစ်စစီဖြစ်သွားသည်။
ဝေ့ဟုန်ဖူ၏မျက်ဆန်များက ကျုံ့ဝင်သွားသည်။
ဟယ်ဖုန်းက သူ့ရှေ့မှာ တိုက်ခိုက်ရဲနေသည်။
သူ့မျက်နှာပေါ်တွင် မကျေနပ်မှုများပေါ်လာသော်လည်း စိတ်ပြောင်းလိုက်ပြီး ယွင်ရှောင်၏ခွန်အားကို သိချင်မိသည်။
သူက ယွင်ရှောင်နှင့်ပတ်သက်ပြီး မတူညီသောကောလဟာလများကို ကြားခဲ့ရသည်။
ရုတ်တရက်ဆိုသလိုပဲ ယွင်ရှောင်က အပြုံးတစ်ခုနှင့်အတူ သူ့ကိုကြည့်ပြီး စကားပြောလိုက်သောကြောင့် သူ၏မျက်ခုံးများ တွန့်သွားသည်။
“သခင်ဝေ့က ကျွန်တော့်ကို ရှာနေတယ်ဆို”
ဝေ့ဟုန်ဖူက အံ့အားသင့်သွားပြီး ယွင်ရှောင်ပြောချင်သောစကားကို နားလည်သွားသည်။
‘ခင်ဗျားက ကိစ္စရှိလို့ ကျွန်တော့်ကို စကားပြောချင်နေမှတော့ ကျွန်တော်ကို တိုက်ခိုက်နေတာကိုအရင် တားလိုက်လေ’
သူက မူးဝေသွားသည်။
ထိုလူငယ်က အန္တရာယ်ရှေ့မှာ တည်ငြိမ်စွာရှိနေပြီး စကားပြောနိုင်နေသည်။
သူက ဟယ်ဖုန်းဘက်သို့လှည့်ပြီး အကူအညီမဲ့စွာအော်ဟစ်လိုက်သည်။
“ရပ်စမ်း”
သူ၏ လက်ကိုလှုပ်ရှားလိုက်ပြီး ဟယ်ဖုန်း၏လက်သီးချက်ကို တားဆီးသည်။
ဝေ့ဟုန်ဖူက အေးစက်စွာပြောလိုက်သည်။
“ငါက မိန်းကလေးတင်းနဲ့ မြို့စားလီကို ရေနွေးကြမ်းသောက်ဖို့ ဖိတ်ခေါ်ထားတာ။ မင်းက ငါ့ရဲ့ပွဲကို ဖျက်ဆီးချင်နေတာလား”
သူက လက်သီးဆုပ်လိုက်ပြီး ဖရဲသီးအရွယ်အစားရှိသောချီစွမ်းအင်လက်သီးက လေထုထဲတွင်ပေါ်လာသည်။
ထိုလက်သီးက ဟယ်ဖုန်းဆီသို့ ပြေးဝင်သွားသည်။
ဟယ်ဖုန်းက ထိတ်လန့်သွားပြီး လက်သီးချက်ကို ရင်မဆိုင်ရဲပေ။
သူက လျင်မြန်စွာနောက်ဆုတ်သည်။
လက်သီးပုံရိပ်က ရပ်တန့်သွားပြီး လေထုက တုန်ခါလာသည်။
လက်သီးက ပေါက်ကွဲသွားသော်လည်း စွမ်းအင်လှိုင်းများကို ထုတ်မပေးခဲ့ပေ။
လေထုက ပေါက်ကွဲသွားပြီး အနက်ရောင်အခေါင်းပေါက်တစ်ခု ဖြစ်လာသည်။
ထိုလက်သီးချက်၏အောက်တွင် လူတိုင်းက လုံခြုံမှုရှိနေသည်။
အဝေးသို့ရောက်သွားသောဟယ်ဖုန်းကပဲ ခန္ဓာကိုယ်ထဲသို့တိုးဝင်လာသော ပြင်းထန်လှသည့်စွမ်းအင်များကို ခံစားလိုက်ရသည်။
သူ၏စွမ်းအင် သွေးကြောတစ်ဝက်ကျော်က ပျက်စီးသွားပြီး သွေးအန်လိုက်ရသည်။
တင်းလင်အာနှင့် ရှီလော့ယန်၏နှလုံးသားက တုန်ခါသွားသည်။
အထီးကျန်ရှစ်ပါး သိုင်းအဓိပတိ၏ ရိုးရှင်းသောလက်သီးတစ်ချက်က နက္ခတ်ခုနစ်ပါးသိုင်းအင်ပါယာသိုင်းတစ်ယောက်ကို သတ်ပစ်နိုင်သည်။
ဟယ်ဖုန်းက ရင်ဘတ်ကိုဆုပ်ကိုင်ထားပြီး မုန်းတီးမှုများနှင့်အတူ ယွင်ရှောင်ကို စိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက စကားမပြောရဲတော့ပေ။
ဝေ့ဟုန်ဖူက သူ့ကိုမကြည့်ဘဲ အေးစက်စွာပြောလိုက်သည်။
“ငါက မြို့စားတို့နဲ့ ဆွေးနွေးစရာရှိတယ်။
မင်းတို့မှာ ပြောစရာမရှိရင် ထွက်သွားလို့ရပြီ။
ငါ့စိတ်တိုအောင် လာမနှောင့်ယှက်နဲ့”
ရာထူးအရဆိုလျှင် သူနှင့်ဟယ်ဖုန်းက အဆင့်ချင်းတူသည်။
သို့သော်လည်း နောက်ခံအရဆိုလျှင်တော့ အသင်္ချေရတနာစတိုးဆိုင်က မန်တကုန်သွယ်ရေးအဖွဲ့အစည်းထက် အဆပေါင်းများစွာသာသည်။
ဟယ်ဖုန်းက သည်းခံထားပြီး လက်သီးဆုပ်လျက်ပြောလိုက်သည်။
“သခင်ဝေ့၊ နောက်ကျမှ ပြန်တွေ့ကျတာပေါ့။
လီယွင်ရှောင်နဲ့တင်းလင်အာ၊ ဒီနေ့ဖြစ်ရပ်ကို ငါမှတ်ထားမယ်”
သူက လက်ကိုဝှေ့ယမ်းလိုက်ပြီး ရှီလော့ယန်နှင့်အတူ ချက်ချင်းထွက်သွားသည်။
“ငါက မင်းကို တိုက်ခိုက်လိုက်တဲ့လူလား”
ယွင်ရှောင်က အံ့အားသင့်စွာပြောလိုက်သည်။
“မိန်းကလေးတင်းနဲ့ရော ဘာဆိုင်လို့လဲ..
သူမနဲ့ငါ့ကို ဘာလို့အငြိုးထားချင်ရတာလဲ”
တင်းလင်အာကလည်း နားမလည်နိုင်ပေ။
ယွင်ရှောင်က ပြုံးလျက်ပြောလိုက်သည်။
“ငါနားလည်ပြီ... ဒါက မုန်းတီးမှုပြောင်းလဲခြင်းပညာရပ်ပဲနေမယ်...
သူ့ကို ဒဏ်ရာရသွားအောင်လုပ်လိုက်တာက သခင်ဝေ့ဆိုပေမဲ့ သခင်ဝေ့ကို အပြစ်မတင်ရဲတော့ မိန်းကလေးတင်းကို အပြစ်တင်လိုက်တယ်။
ကျစ်ကျစ်၊ မန်တိကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ နတ်ဘုရားပညာရပ်က တကယ့်ကိုပြိုင်ဘက်ကင်းတာပဲ”
ဟယ်ဖုန်းက အပြင်ဘက်သို့ရောက်နေသော်လည်း ယွင်ရှောင်၏စကားကို ရှင်းလင်းစွာကြားလိုက်ရသည်။
သူက ဒေါသထွက်လာသောကြောင့် နောက်ထပ်သွေးတစ်လုပ်ထပ်အန်လိုက်ရပြီး ယိမ်းယိုင်သွားသည်။
ရှီလော့ယန်က တံခါးအပြင်သို့ ရောက်သွားသောအခါတွင် နောက်လှည့်ကြည့်ပြီး ပြောလိုက်သည်။
“နင်က လော့ချင်းယွင်ကို အနိုင်ယူခဲ့တယ်။ မိုင်ရူတောင်မှာ နင်နဲ့တိုက်ခိုက်ဖို့ ငါစောင့်နေမယ်”
ရှီလော့ယန်ထွက်သွားသောအခါတွင် တင်းလင်အာ၏ အေးစက်နေသောမျက်နှာက ပုံမှန်ပြန်ဖြစ်သွားသည်။
သူမက ပြောလိုက်သည်။
“ရှီလော့ယန်က သူ့အတွက်ဘာက ကောင်းတယ်ဆိုတာမသိတဲ့မိန်းမပဲ။
လီယွင်ရှောင် မိုင်ရူတောင်မှာ သူမနဲ့တွေ့ခဲ့ရင် ယဉ်ကျေးနေစရာမလိုဘူး။ သင်ခန်းစာပေးလိုက်ပါ”
ဝေ့ဟုန်ဖူက ခပ်ဟဟရယ်လိုက်သည်။
“ရှီလော့ယန်က ကုန်သည်မဟာမိတ်မှာ နာမည်ကြီးတယ်။
သူမနဲ့တင်းလင်အာကို ကုန်သည်မဟာမိတ်ရဲ့ အမွှာပန်းနှစ်ပွင့်လို့ခေါ်တယ်။
သူမနောက်ကိုလိုက်နေတဲ့ လူငယ်တွေက မိန်းကလေးတင်းနဲ့ အတူတူလောက်ပဲ”
တင်းလင်အာက ရှက်သွားပြီး စိုးရိမ်စွာပြောလိုက်သည်။
“သခင်ဝေ့က ပေါက်ကရတွေလျှောက်ပြောလို့မရဘူးလား… ကျွန်မကိုလိုက်နေတဲ့လူတွေ မရှိပါဘူး”
သူမက အကြောင်းပြချက်မသိရဘဲ ယခုအချိန်တွင် နှလုံးခုန်မြန်နေသည်။
သူမက စိတ်လှုပ်ရှားစွာဖြင့် ယွင်ရှောင်ကို တစ်ချက်ခိုးကြည့်မိသည်။
ဝေ့ဟုန်ဖူက ရုတ်တရက်နားလည်သွားပြီး ပြုံးလိုက်သည်။
“ငါနားလည်ပါပြီ... ငါက တကယ့်ကိုလျှောက်ပြောမိတာပဲ။
မိန်းကလေးတင်းလင်အာကို လိုက်နေတဲ့လူတွေ မရေမတွက်နိုင်အောင်ရှိပေမဲ့ မိန်းကလေးက အမြဲတမ်းသန့်စင်ပြီး တစ်ယောက်တည်းဖြစ်နေခဲ့တယ်။
ယန်ဝူမြို့စားက ငါ့ရဲ့စကားတွေကို နားလည်မှုမလွဲလိုက်ပါနဲ့”
ယွင်ရှောင်က နဖူးပေါ်ရှိချွေးများကိုသုတ်ပြီး ရေရွတ်လိုက်သည်။
“အဲ့ဒါက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
တင်းလင်အာက ပိုမိုစိတ်လှုပ်ရှားလာပြီး မျက်နှာတစ်ခုလုံး နီရဲနေသည်။
“ဟုတ်သားပဲ... အဲ့ဒါက သခင်လေးယွင်နဲ့ဘာဆိုင်လို့လဲ။
သခင်ဝေ့က ပေါက်ကရတွေဆက်ပြောနေရင် ကျွန်မထွက်သွားတော့မယ်”
သူမက တကယ်ဒေါသထွက်နေသည်။ ဤအခြေအနေမှာ သူမလိုမိန်းကလေးက တည်ငြိမ်စွာမနေနိုင်ပေ။
ထို့အပြင် ယွင်ရှောင်က သူမနှင့်မဆိုင်ကြောင်းပြောလိုက်ရသည့်အတွက် သူမက ပိုမိုဒေါသထွက်သွားရသည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် သူမက အလွန်စိတ်ပျက်ပြီး မသက်မသာဖြစ်သွားသည်။
ဝေ့ဟုန်ဖူက လျင်မြန်စွာပြုံးပြီး တောင်းပန်လိုက်သည်။
ထိုမှသာ တင်းလင်အာက မှောင်မည်းနေသောမျက်နှာဖြင့် ထိုင်ချလိုက်သည်။ သို့သော်လည်း သူမက ယွင်ရှောင်ကို စိတ်ဆိုးနေဆဲဖြစ်သည်။
ယွင်ရှောင်က အနည်းငယ်ရှက်သွားပြီး ပြောလိုက်သည်။
“သခင်ဝေ့က မိန်းကလေးတင်းနဲ့ကျွန်တော့်ကို လက်ဖက်ရည်သောက်ဖို့ပဲ ဖိတ်လိုက်တာလား”
ဝေ့ဟုန်ဖူက ခပ်ဟဟရယ်ပြီး ပြောလိုက်သည်။
“ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့မယ်။
မီးကျီးကန်းအင်ပါယာရဲ့ မိုင်ရူတောင်က ကိစ္စကြီးတစ်ခုပဲ။
အင်အားစုကြီးတွေအားလုံးက တောင်ပိုင်းနယ်မြေကို စိမ့်ဝင်လာလိမ့်မယ်။
အထက်လူကြီးတွေက အသင်္ချေရတနာစတိုးဆိုင်နဲ့ပတ်သက်ပြီး မကောင်းတာတစ်ခုခုဖြစ်မှာစိုးရိမ်နေတယ်။
အဲ့ဒါကြောင့် တောင်ပိုင်းနယ်မြေမှာ ငါတို့အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ငါ့ကို လွှတ်လိုက်တာပဲ”