275

275

Out Ber

#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း(၂၇၅) 

နဂါးသွေးကိုထုတ်ယူခြင်း


ဖန့်တိက အံတင်းတင်းကြိတ်ထားပြီးပြောသည်။ 


“သူက ဒီလိုစွမ်းအားလှိုင်းသက်ရောက်မှုအောက်မှာတောင် သေမသွားခဲ့ဘူးလား။ ဒါက အင်မော်တယ်ခန္ဓာကိုယ်များလား”


“ဟားဟား”


ထူလေ့က စိတ်ပါလက်ပါရယ်လိုက်ပြီး ကောင်းမွန်နေသောခံစားချက်များနှင့်အတူ ပြောလိုက်သည်။ 


“ဒီကြေးကွင်းတွေက ဘယ်အဆင့်ကိုရောက်နေတဲ့ ဆန်းကြယ်လက်နက်တွေလဲမသိဘူး။ 


အဓိကတိုက်ကွက်ကြီးနှစ်ခုထိတွေ့သွားတဲ့အချိန်မှာတောင် လောဟာနယ်ကိုထိုးခွဲပြီး ပုန်းနေနိုင်တယ်။


 လီယွင်ရှောင်ကတော့ ...”


“ဟားဟား အဲ့ဒီကောင်လေးက ပြာကျသွားလောက်ပြီ” 


သူက ရယ်နေသည်။


ထိုသို့ပါရမီကောင်းသောလူငယ်က မီးကျီးကန်းအင်ပါယာမှာ ရှိနေလျှင် ကျန်အင်ပါယာနှစ်ခုကို ခြိမ်းခြောက်နိုင်လိမ့်မည်။ 


ယခုအချိန်တွင် ယွင်ရှောင်က သေသွားသောကြောင့် သူက စိတ်သက်သာရာရသွားသည်။


ဟွမ်ရှောင်လုံက ယွင်ရှောင်မရှိတော့သောကြောင့် အနည်းငယ်စိတ်သက်သာရာရသွားသော်လည်း စိတ်ပျက်နေမိသည်။


 သူက မည်းမှောင်နေသောမျက်နှာဖြင့်ဖန့်တိကဲ့သို့ အောက်တွင်ရှိနေသော လော့ချင်းယွင်ကို ငုံ့ကြည့်နေသည်။


လူတိုင်း၏နတ်ဘုရားအာရုံက ချုံဟွားကျွန်းကို ဖြန့်ကျက်သွားခဲ့ပေမဲ့ ယွင်ရှောင်ကို ရှာမတွေ့ကြပေ။


 တိုက်ပွဲ၏စွမ်းအားအကြောင်းကို ပြန်တွေးမိပြီး ယွင်ရှောင်က စက်ဝိုင်းလေးပါးသိုင်းသခင်အဆင့်မှာပဲ ရှိနေကြောင်းအမှတ်ရလိုက်သောအခါတွင် သူကသေဆုံးဖို့ သေချာသွားသည်။


လော့ချင်းယွင်ကလည်း အခြေအနေဆိုးသည်။


 ကိုယ်ပေါ်တွင်ရှိသောကြေးခွံအများစုက ကွာကျသွားသည်။ 


အသွင်ပြောင်းခြင်းက ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီး သူက ချောမောသောလူငယ်တစ်ယောက်အဖြစ် ပြန်လည်ပြောင်းလဲသွားသည်။ 


သို့သော်လည်း သူ၏အသွေးအသားများက ရှုပ်ပွနေပြီး အသက်စွမ်းအင်များက အလွန်လျော့နည်းနေသည်။


သူက သေဆုံးလုနီးပါးအခြေအနေသို့ ရောက်သွားခဲ့ကြောင်း ပြန်တွေးမိသောအခါတွင် မနေနိုင်တော့ဘဲ တုန်လှုပ်သွားခဲ့သည်။


 ကောင်းကင်ဝိညာဉ်ကြေးကွင်းက နောက်ဆုံးအချိန်တွင် လေဟာနယ်ကိုဖြတ်သန်းပြီး ထွက်မပြေးခဲ့လျှင် သူကလည်း ယွင်ရှောင်ကဲ့သို့ ပျောက်ကွယ်သွားလိမ့်မည်။


သူက ပင့်သက်ရှိုက်လိုက်ပြီး ပင်လယ်အဖြစ်ပြောင်းသွားသောကုန်းမြေကို ကြည့်လိုက်သည်။ 


သူ၏နှလုံးသားထဲမှာ ကြောက်ရွံ့စိတ်လက်ကျန်များရှိနေသေးသည်။


နေအလင်းရောင်က ရေပြင်ပေါ်တွင်ရောင်ပြန်ဟပ်နေသည် ကပ်ဘေးပြီးနောက် ငြိမ်းချမ်းမှုကို ဖော်ပြနေသကဲ့သို့ပင်။


“ဘာလဲ”


လော့ချင်းယွင်က မျက်မှောင်ကြုတ်ပြီး အနည်းငယ်နီရဲနေသောရေမျက်နှာပြင်ကို ပြန်ကြည့်လိုက်သည်။


“ဘာတွေဖြစ်နေတာလဲ... ရေထဲက နေလုံးကြီးက ဘာဖြစ်လို့နီရဲနေတာလဲ”


သူက နားမလည်နိုင်စွာ ခေါင်းမော့ကြည့်လိုက်ပြီး တစ်ကိုယ်လုံးတုန်ခါသွားသည်။


ကောင်းကင်ထက်တွင်ရှိနေသောနေမင်းက ရေမျက်နှာပြင်ပေါ်ရှိ အနီရောင်သန်းနေသောနေနှင့်မတူဘဲ တောက်ပနေသည်။


လော့ချင်းယွင်က ထိတ်လန့်သွားပြီး ရေပြင်ကို သတိထားကြည့်လိုက်သည်။


 အလင်းပြန်နေသောအရောင်က သွေးကဲ့သို့ နီရဲနေကြောင်း သူမြင်လိုက်ရသည်။


 ထိုသွေးရောင်များ၏အလယ်တွင် လူတစ်ယောက်က နတ်ဆိုးဆန်သောအလင်းများကိုထုတ်လွှတ်၍ ဖြည်းဖြည်းချင်းမျက်လုံးများ ဖွင့်လိုက်သည်။


“မကောင်းတော့ဘူး စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ”


 သူက အသိပင်လယ်ထဲတွင် နာကျင်မှုများကိုခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး မူးနောက်သွားသည်။ 


သူက အသိစိတ်လွတ်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပဲ အဆုံးမဲ့လေဟာနယ်ကြီးဝိုင်းရံထားသောကမ္ဘာထဲသို့ ရောက်သွားသည်။ 


သူ့၏ရှေ့တွင် လူတစ်ယောက်က ဖြည်းဖြည်းချင်းလက်သီးမြှောက်လိုက်သည်။


“အောင်ချန်ခုံး”


လော့ချင်းယွင်က ထိုလူကိုမြင်လိုက်ရသောအခါတွင် နှလုံးသားတစ်ခုလုံးတုန်ခါသွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။


 ထိုလူက အောင်ချန်ခုံးဖြစ်ပြီး မဟာပုံရိပ်ယောင်လက်သီးကို ထပ်မံအသုံးပြုနေသည်။


“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... သူက သေမသွားဘူးလား”

သူက ဒဏ်ရာရထားသောကြောင့် မလွတ်မြောက်နိုင်တော့ပေ။ 


လက်သီးချက်က လျင်မြန်ပေမဲ့ သူက နှစ်ပေါင်းမရေမတွက်နိုင်အောင် နှိပ်စက်မှုများကိုအချိန်ကာလကြာမြင့်စွာ ခံစားခဲ့ရသူပမာထင်လိုက်မိသည်။


 သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့စိတ်နဲ့ မျှော်လင့်ချက်ကင်းမဲ့မှုများ ပြည့်နေသည်။


 ထိုအစာသေဆုံးသွားခြင်းက ပိုကောင်းလိမ့်မည်။ လော့ချင်းယွင်၏စိတ်ဓာတ်က ပြိုကျသွားပြီး ဒူးထောက်လျက် ကြောက်ရွံ့စွာအော်ဟစ်လိုက်သည်။ 


“ရပ်လိုက်.. ငါအရှုံးပေးတယ်.. ငါအရှုံးပေးတယ်”


ကံမကောင်းစွာဖြင့် သူက ဝိညာဉ်နယ်မြေထဲတွင် ရောက်နေခဲ့သည်။


 သူကအရှုံးပေးသောအသံကို ယွင်ရှောင်မှလွဲ၍ တခြားလူများ မကြားနိုင်ပေ။


အောင်ချန်ခုံး၏လက်သီးချက်က သူနှင့် ထိတွေ့သွားတော့မည့်အချိန်မှာပဲ ရုတ်တရက် ရပ်တန့်သွားသည်။ 


ထိုလက်သီးပုံရိပ်က စတင်ပြိုကွဲပြီး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။


 လေဟာနယ်ဖြစ်တည်နေသောဝိညာဉ်နယ်မြေက တွန့်လိမ့်သွားပြီး သူက ချုံဟွားကျွန်းပေါ်သို့ ချက်ချင်းပြန်ရောက်လာသည်။


လော့ချင်းယွင်က ချွေးများနှင့်စိုရွှဲလျက် ကောင်းကင်ဝိညာဉ်ကွင်းများပေါ်တွင် ရပ်နေသည်။ 


သူ၏မျက်နှာက ကြောက်ရွံ့မှုများဖြင့် ပြည့်နေပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။


နတ်ဆိုးအရှိန်အဝါများကိုထုတ်လွှတ်နေသော သွေးရောင်မျက်လုံးက ရှေးခေတ်အချိန်ကတည်းက တည်ရှိနေသောကြယ်တစ်ပွင့်ကဲ့သို့ ပြန်လည်ကြည်လင်သွားသည်။


ဗွမ်း


လူတစ်ယောက်က ငါးတစ်ကောင်ကဲ့သို့ ရေထဲမှတိုးထွက်လာသည်။ 


နေရောင်အောက်တွင်း ထိုပုံရိပ်က တောက်ပစွာဖြင့်ရပ်နေသည်။ 


သူက လှိုင်းထသွားသောရေပြင်အထက်တွင် မတ်တပ်ရပ်နေခြင်းဖြစ်သည်။


“ဘာ”


ကောင်းကင်ထက်တွင်ရှိနေသော စည်းကမ်းထိန်းသိမ်းရေးမှူးများအားလုံးက မျက်လုံးပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။


“သူက မသေဘူးလား”


ဝှစ်


ယွင်ရှောင်က လေထုထဲတွင် ခြေတစ်လှမ်းလှမ်းပြီး ကောင်းကင်ဝိညာဉ်ကွင်းပေါ်သို့ ရောက်လာသည်။


 အခြေအနေက ဆိုးဝါးနေသော်လည်း ပင်လယ်ရေထဲမှထွက်လာသောကြောင့် အနည်းငယ်ပိုမိုလန်းဆန်းနေပုံပေါ်သည်။ အနည်းဆုံးတော့ သူ့၏ခန္ဓာကိုယ်ပေါ်တွင်သွေးများမရှိပေ။


 သို့သော်လည်း တစ်ကိုယ်လုံးက ကြည်လင်လုနီးပါးဖြစ်နေသည်အထိ ကြောက်မက်ဖွယ်ကောင်းစွာ ဖြူဖျော့နေသည်။


လော့ချင်းယွင်က ခါးသီးနေသောမျက်နှာဖြင့် ပြောလိုက်သည်။ 


“မင်းက ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ။ 


ငါ့ရဲ့ကောင်းကင်နဂါးခန္ဓာကိုယ်ကတောင် အဲ့ဒီစွမ်းအားကို မခုခံနိုင်ဘူး။ လေဟာနယ်ထဲမှာပုန်းနေလိုက်လို့ လွတ်သွားတာ။ 


ဒီတိုက်ကွက်ကြောင့် မြေပြင်ကတောင် အက်ကွဲသွားရတယ်။ ဒါကိုတောင် မင်းက အသက်ရှင်နေသေးတယ်”


ယွင်ရှောင်က ခဏလောက်အသက်ပြင်းပြင်းရှူလိုက်ပြီး အသက်လုတိုက်ပွဲမဖြစ်ခဲ့သလိုမျိုး ရယ်လိုက်သည်။ 


“အဲ့ဒီတိုက်ကွက်ကြောင့် မြေပြင်က အက်ကွဲသွားတယ်လို့ ထင်နေတာလား”


“အဲ့လိုမဟုတ်ဘူးလား”


 လော့ချင်းယွင်က နားမလည်နိုင်ပေ။


“မဟုတ်ဘူးပေါ့” 


ယွင်ရှောင်က ပြုံးလျက်ပြောလိုက်သည်။ 


“ငါက တိုက်ကွက်ထုတ်လိုက်ပြီးတဲ့အချိန်မှာပဲ ထွက်ပြေးဖို့ပြင်ထားပြီးသား။ 


အဲ့ဒါကြောင့် နတ်ဘုရားလေဟာနယ်ကျောက်ပြားနဲ့ မြေပြင်ကိုထိုးခွဲပြီး ပင်လယ်ထဲကို ထွက်ပြေးသွားခဲ့တာ။


 ဒါပေမဲ့လည်းငါက အပြင်းအထန်ထိခိုက်သွားသေးတယ်။ 


အဲ့လိုမဟုတ်ရင် ငါက ဝိညာဉ်တိုက်ခိုက်မှုကိုမသုံးဘဲ လေဟာနယ်ကိုထိုးခွဲပြီး မင်းကို တိုက်ရိုက်တိုက်ခိုက်ပစ်မှာ”


သူက ညာဘက်မျက်လုံးကို လက်တစ်ဖက်ဖြင့် ကာထားသည်။


 ထိုမျက်လုံးက အတော်လေးထိခိုက်သွားပြီး နာကျင်နေသည်။


လော့ချင်းယွင်က အံ့အားသင့်သွားသည်။ ယွင်ရှောင်က တိုက်ခိုက်လိုက်သည့်အချိန်မှာပဲ မြေပြင်ကိုထိုးခွဲ၍ ထွက်ပြေးဖို့ပြင်ထားခဲ့သည်။ 


သေချာလေ့ကျင့်မထားလျှင် ဉာဏ်များပြီး အတွေ့အကြုံပြည့်ဝသောအပြုအမူကို အသက်ဆယ့်ငါးနှစ်အရွယ်လူငယ်များဆီ မတွေ့နိုင်ပေ။


မည်သို့ပင်ဖြစ်စေ သူက တိုက်ပွဲကြောင့် ယွင်ရှောင်၏စွမ်းအားကို လက်ခံလိုက်ရသည်။


“ဒါတွေက ငါ့ရဲ့ဝင်ခွင့်သလင်းကျောက်တွေပဲ။ ယူလိုက်တော့” 


သူက သိုလှောင်အိတ်ကို ပစ်ပေးလိုက်သည်။


ယွင်ရှောင်က အိတ်ကိုယူလိုက်ပြီး လော့ချင်းယွင်ကို စိုက်ကြည့်နေသည်။


 “ငါက မင်းရဲ့နဂါးသွေးကို ယူမယ်လို့ပြောခဲ့တာ မမေ့နဲ့ဦး”


သူ၏မျက်လုံးများက ရုတ်တရက်အေးစက်သွားပြီး လော့ချင်းယွင်၏ပခုံးကို ထိုးစိုက်၍ သွေးများကိုထုတ်ယူလိုက်သည်။


 သွေးအများအပြား ပေါ်ထွက်လာသည်။ ယွင်ရှောင်က လေထုထဲတွင် သွေးများကိုထိန်းချုပ်၍ အလုံးတစ်ခုဖြစ်လာအောင် စုစည်းနေသည်။


လော့ချင်းယွင်၏မျက်နှာက ဒေါသများနှင့်ပြည့်နှက်နေသည်။


 ရှေးခေတ်အစစ်အမှန်နဂါးက မာနအကြီးသောသက်ရှိ ဖြစ်သည်။ 


သူက နဂါးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး သူ့သွေးကလုယူခြင်းကို ခံနေရသည်။ 


ထိုအရာက စော်ကားမှုကြီးတစ်ခုဖြစ်ပေမဲ့ သူက မခုခံနိုင်ပေ။ 


ယွင်ရှောင်၏အရှိန်အဝါက သူ့ကို အပြည့်အဝဖိနှိပ်ထားသည်။


လော့ချင်းယွင်က အံတင်းတင်းကြိတ်ထားပြီး မုန်းတီးမှုများနှင်အတူ ယွင်ရှောင်ကို စိုက်ကြည့်နေသည်။


 ယွင်ရှောင်က အားကောင်းသောအရှိန်အဝါနှင့် သူ့အားဖိနှိပ်ထားနိုင်သည်။ 


 ထိုဖြစ်ရပ်ကို သူနားမလည်နိုင်ပေ။


 သူ့မှာ ဝှက်ဖဲတွေကျန်နေသေးတာလား။


သူက ထိုသို့တွေးမိပြီး တုန်လှုပ်သွားသည်။


အမှန်အတိုင်းပြောရလျှင် ယွင်ရှောင်က အားကုန်းနေသောမျှားတစ်စင်းဖြစ်သင့်သည်။


 သို့သော်လည်း သူ၏အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်က ထိခိုက်သွားသောအခါတွင် တိုက်ခိုက်မှုများကို ချီစွမ်းအင်အဖြစ်ပြောင်းပြီး ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်ပေးလိမ့်မည်။


 ထို့ကြောင့် သူက လော့ချင်းယွင်ထက် အများကြီးသန်မာနေခြင်းဖြစ်သည်။


ထိုအရာက အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်ပညာရပ်၏ အကြီးမားဆုံးလျှို့ဝှက်ချက်ဖြစ်သည်။


ယခင်က အားကောင်းလှသော အောင်းချန်ခုံး၏ခန္ဓာကိုယ်ကို သူနားမလည်နိုင်ခဲ့ပေ။


 အာဏာရှင်နတ်ဘုရားခန္ဓာကိုယ်ပညာရပ်ကို ကိုယ်တိုင်လေ့ကျင့်လိုက်သောအခါမှသာ နားလည်လာခဲ့သည်။


 ထိုပညာရပ်က ကောင်းကင်ဘုံကို ဖီဆန်နေသည်။


မကြာခင် လေထုထဲတွင် ဖရဲသီးအရွယ်အစားသွေးလုံးတစ်လုံး ဖြစ်တည်လာသည်။ 


လော့ချင်းယွင်၏မျက်နှာက အလွန်ဖြူဖျော့နေသည်။ 


သူက ဒဏ်အရာအပြင်းအထန်ရထားပြီး သွေးများဆုံးရှုံးရသည့်အပြင် ဒေါသများကြောင့် တောင့်မခံနိုင်တော့ဘဲ မေ့လဲသွားသည်။


“အချိန်ကျပြီ... ငါဆက်ပြီးသွေးထုတ်နေရင် မင်းသေသွားလိမ့်မယ်။ နှမျောစရာပဲ”


ယွင်ရှောင်က လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး သွေးလုံးကို ခရမ်းရောင်ပုလင်းထဲသို့ ထည့်လိုက်သည်။


သူက မေ့လဲနေသောလော့ချင်းယွင်ကိုကြည့်ပြီး စိတ်ကျေနပ်စွာပြုံးလျက် ပြောလိုက်သည်။


 “အဲ့ဒါအကုန် တိုက်ရိုက်ထုတ်ယူလိုက်ရင် နဂါးသွေးက ကျန်တော့မှာမဟုတ်ဘူး။ သူ့ကိုသွေးလှောင်ကန်အဖြစ်ထားပြီး လိုအပ်မှလာယူရင်လည်း အဆင်ပြေတယ်”


ထိုစကားများကိုကြားလျှင် လော့ချင်းယွင်က ခုန်ထလာပြီး သွေးများအားလုံးအန်ထုတ်ပစ်လိမ့်မည်။


“မင်းက အရမ်းသန်မာတယ်။ ကောင်းကင်သိုင်းပညာကုန်းမြေကြီးရဲ့ လူငယ်တွေထဲမှာ အသန်မာဆုံးလူတစ်ယောက်ဖြစ်လိမ့်မယ်။ 


ငါနဲ့မတွေ့ခဲ့ရင် မင်းရဲ့ပြိုင်ဘက်ကို ရှာဖို့ခက်လိမ့်မယ်။ မင်းက မိုင်ရူတောင်ကိုဝင်ဖို့ အရည်အချင်းမီတယ်”


ယွင်ရှောင်က လက်ချောင်းကိုလှုပ်ရှားလိုက်ပြီး ဝင်ခွင့်သလင်းကျောက်တစ်ခုက လော့ချင်းယွင်၏ခန္ဓာကိုယ်ပေါ်သို့ ရောက်သွားသည်။ 


ထို့နောက် သူက အဝေးသို့ပျံသန်းသွားသည်။


“သူသေသွားပြီလား”


ကောင်းကင်ပေါ်ရှိစည်းကမ်းထိန်းသိမ်းရေးမှူးများက ငေးကြည့်နေကြသည်။ 


ယွင်ရှောင်က အဝေးသို့ပျံသန်းသွားသောအခါတွင် သူတို့က ကောင်းကင်ဝိညာဉ်ကြေးကွင်းပေါ်မှာရှိနေသော လော့ချင်းယွင်ကိုကြည့်၍ အတွေးများနှင့်ပြည့်သွားသည်။


ထူလေ့၏မျက်နှာက မည်းမှောင်နေသည်။ သူက ဒေါသများကြောင့် ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်သွားတော့မည်ဟု ခံစားနေရသည်။ 


သူက အံတင်းတင်းကြိတ်ထားပြီး ပြောလိုက်သည်။


 “သူမသေသေးဘူး... သေသွားရင် ကောင်းကင်ဝိညာဉ်ကွင်းက ပိုင်ရှင်နဲ့ဆက်သွယ်မှုပြတ်တောက်သွားတဲ့အတွက် ပုံမှန်အခြေအနေကို ပြန်ရောက်သွားလိမ့်မယ်။ အခု ငါသူ့ကို သွားကယ်လို့ရပြီလား”


ဟွမ်ရှောင်လုံ၏မျက်နှာက ရုပ်ဆိုးနေသည်။ 


အဆိုးဆုံးရလဒ် ပေါ်လာခဲ့သည်။ တစ်ယောက်မှမသေခဲ့ပေ။ ထိုအရာက သူမမြင်ချင်ဆုံးအရာ ဖြစ်သည်။ 


သူက ဂရုမစိုက်စွာပြောလိုက်သည်။


 “စည်းကမ်းတွေအတိုင်းဆိုရင် မရဘူး။


 ညီအစ်ကိုထူ၊ စည်းကမ်းထိန်းသိမ်းရေးမှူးတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မမေ့လိုက်နဲ့။


 လော့ချင်းယွင် အရှုံးပေးမှရမယ်”


နောက်ဆက်တွဲစာစဉ်များ ဖတ်ရန်လင့်ခ် 👇

https://www.wunzinn.com/bookbyseries?bookbyseries=1122

Report Page