274
Out Ber#လီယွင်ရှောင်ရဲ့ဒဏ္ဍာရီ အပိုင်း (၂၇၄)
ကမ္ဘာတုန်သွားစေနိုင်သောတိုက်ကွက်
ထိုအချိန်မှာ ပတ်ဝန်းကျင်က သူတို့နှစ်ယောက်၏ချီစွမ်းအားများကြောင့် မတူညီသောနယ်မြေနှစ်ခုအဖြစ် ကွဲထွက်သွားသည်။
ထိုနယ်မြေနှစ်ခု၏အပြင်ဘက်တွင် လေဟာနယ်ပဲရှိနေသည်။
ကောင်းကင်ထက်မှာရှိနေသောလူများ၏မျက်နှာက လေးနက်နေကြသည်။
သူတို့က အသေးစိတ်အချက်အလက်များကို လွတ်သွားမှာစိုးရိမ်သောကြောင့် မျက်တောင်မခတ်ရဲပေ။
ဖန့်တိက လေးနက်သောအသံဖြင့် ပြောလိုက်သည်။
“အဲ့ဒါက ကိုယ်ပိုင်နယ်မြေပဲ၊ သူ့တို့နှစ်ယောက်ရဲ့ချီစွမ်းအင်တွေက အထီးကျန်ရှစ်ပါး သိုင်းအဓိပတိသာပိုင်ဆိုင်နိုင်တဲ့ နယ်မြေကိုထုတ်ပေးနေတယ်”
ထူလေ့က မယုံကြည်နိုင်စွာဖြင့် တံတွေးများမြိုချလိုက်မိသည်။
“ဒါက မဖြစ်နိုင်တာ၊ အဲ့ဒါက တကယ်ပဲကိုယ်ပိုင်နယ်မြေလား။ သူတို့နှစ်ယောက်က သိုင်းအင်ပါယာဖြစ်နေရင်တောင် ကိုယ်ပိုင်နယ်မြေရဖို့ မဖြစ်နိုင်သေးဘူး”
ဟွမ်ရှောင်လုံက နဖူးမှာရှိနေသောချွေးများကို သုတ်လိုက်ပြီး လေးနက်စွာပြောလိုက်သည်။
“ကိုယ်ပိုင်နယ်မြေထဲမှာ ပိုင်ရှင်ကသာ အရှင်သခင်ပဲ။
ကောင်းကင်နဲ့မြေကြီးက နယ်မြေပိုင်ရှင်ရဲ့အမိန့်ကို နာခံရတယ်။
သူတို့နှစ်ယောက်ရဲ့ကိုယ်ပိုင်နယ်မြေတွေက အထီးကျန်ရှစ်ပါးသိုင်းအဓိပတိအဆင့်ကိုရောက်တာကြောင့် မဟုတ်ပဲ... သူတို့အသုံးပြုတဲ့ပညာရပ်တွေကြောင့် ဖြစ်ပေါ်လာတာပဲ”
“သူတို့ရဲ့သိုင်းပညာတွေက ကိုယ်ပိုင်နယ်မြေရှိနေတယ်လို့ မင်းပြောချင်တာလား”
ထူလေ့က ထိတ်လန့်စွာမေးလိုက်သည်။
“အဲ့ဒါတွေက ဘယ်လိုပညာရပ်မျိုးလဲ”
လူတိုင်းက တုန်ခါသွားပြီး ချွေးများကြောင့် တစ်ကိုယ်လုံးစေးကပ်လာသည်။
ထိုကဲ့သို့တိုက်ပွဲမျိုးကို တစ်သက်မှာတစ်ခါသာ မြင်ရလိမ့်မည်။
“ဘာဖြစ်နေတာလဲ... အဲ့ဒီတိုက်ကွက်မှာ ကိုယ်ပိုင်နယ်မြေတစ်ခုရှိတာကို ငါနားလည်နိုင်တယ်။ ဒါပေမဲ့ သူက စက်ဝိုင်းလေးပါးသိုင်းသခင်ပဲဖြစ်သေးတာလေ။ ငါ့ရဲ့နဂါးဖိအားနယ်မြေကို ဘယ်လိုတားဆီးထားတာလဲ”
လော့ချင်းယွင်၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုများရှိနေသည်။
သိုင်းပညာအရ မွေးရာပါနတ်ဘုရားစွမ်းရည်က ယွင်ရှောင်၏တိုက်ကွက်နှင့် တူညီလုနီးပါးရှိသည်။
သို့သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်က ယွင်ရှောင်ထက် သာသည်။
ယွင်ရှောင်က နယ်မြေကို ဖန်တီးထားလျှင်တောင် သူ့တိုက်ကွက်ကိုတားဆီးဖို့ မဖြစ်နိုင်ပေ။
“ဒီကောင်လေးမှာ ဝှက်ဖဲတွေ မရေမတွက်နိုင်အောင်ရှိနေတယ်။ ငါက သူ့ကို ဒီနေ့မသတ်နိုင်ရင် ဘယ်တော့မှသတ်နိုင်တော့မှာမဟုတ်ဘူး”
လော့ချင်းယွင်က အစွမ်းကုန်ထုတ်သုံးလိုက်သည်။
သူက ရုတ်တရက်ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။
သူ၏ခန္ဓာကိုယ်ထဲတွင်ရှိနေသောရွှေအလင်းက ပန်းတစ်ပွင့်ကဲ့သို့ ပွင့်လန်းလာသည်။
လွှမ်းမိုးနိုင်စွမ်းရှိသောချီစွမ်းအင်များက ဖြာထွက်လာသည်။
ကောင်းကင်ထက်မှာ နဂါးပုံရိပ်တစ်ခုပေါ်လာပြီး မျက်လုံးဖွင့်၍ အောက်ကိုငုံ့ကြည့်လိုက်သည်။
နဂါးပုံရိပ်ပေါ်လာသောအခါတွင် အဝေးတွင်ရှိနေသောဖန့်တိနှင့်တခြားလူများက ရင်တုန်သွားသည်။
သူတို့၏ဝိညာဉ်ထဲမှ ကြောက်ရွံ့စိတ်များထွက်ပေါ်လာပြီး ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
သူတို့က အင်ပါယာချီများကို လျင်မြန်စွာလှည့်ပတ်၍ ဖိအားကို ခုခံလိုက်သည်။
“ငါ့ရဲ့မွေးရာပါနတ်ဘုရားစွမ်းရည်ကို ခံစားကြည့်လိုက်။
အစွန်းရောက်လေးပါးနဂါး”
လော့ချင်းယွင်က လက်ကိုလှုပ်ရှားလိုက်ပြီး ကောင်းကင်ပေါ်မှာရှိသောနဂါးပုံရိပ်က ကမ္ဘာတစ်ခုလုံးပဲ့တင်ထပ်သွားအောင် ဟိန်းဟောက်လိုက်သည်။
အစစ်အမှန်နဂါးပုံရိပ်က လျင်မြန်စွာအောက်သို့ထိုးဆင်းလာသည်။
ချက်ချင်းဆိုသလို သန်းချီနေသောနှစ်များ ကုန်ဆုံးသွားပြီး နဂါးက မရေမတွက်နိုင်လောက်သော အချိန် အာကာသများကို ဖြတ်ကျော်ခဲ့သည့်ပုံပေါ်သည်။
ထိုနဂါးမှာ ကမ္ဘာတစ်ခုလုံးကိုဖျက်ဆီးပစ်ဖို့ လုံလောက်သောစွမ်းအင်ရှိသည်။
ယွင်ရှောင်၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။
သူ့လက်ထဲတွင်ရှိနေသော ရေခဲဆူးရွှယ်မင်ဓားက တုန်ခါနေပြီး ဝမ်းနည်းစွာငိုကြွေးလိုက်သည်။
“စိတ်ငြိမ်ငြိမ်ထား”
“တိုက်ကြစို့”
ယွင်ရှောင်က ညင်သာစွာဟိန်းဟောက်လိုက်ပြီး သူ့၏ခန္ဓာကိုယ်ထဲမှ ဖီးနစ်မြည်သံတစ်ခုထွက်လာသည်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံး ပြိုကျသွားပုံရပြီး ရွှယ်မင်ဓားထဲသို့ စုပ်ယူခံလိုက်ရသည်။
ထို့အပြင် မိုင်တစ်ထောင်အတွင်းမှာရှိသော ချီစွမ်းအင်များအားလုံးကိုလည်း ရွှယ်မင်ဓားက စုပ်ယူလိုက်သည်။
ကြီးမားလှသောဖီးနစ်ငှက်က မြေပြင်ပေါ်မှာရှိနေပြီး အစစ်အမှန်နဂါးကို စောင့်ကြိုနေသည်။
“အစစ်အမှန်နဂါးဖြစ်နေတော့ရော ဘာဖြစ်လဲ”
ယွင်ရှောင်က ဖီးနစ်ငှက်၏ကိုယ်ထဲတွင်ရှိနေပြီး ခေါင်းမော့ကြည့်လိုက်သည်။
သူ၏အရှိန်အဝါက လုံးဝပြောင်းလဲသွားပြီး ကြယ်တာယာကဲ့သို့တောက်ပနေသောမျက်လုံးများဖြင့် ထာဝရတည်ရှိနေပုံရသောစကားလုံးများကို ပြောလိုက်သည်။
“ငါ့ရဲ့ဓားနဲ့ ဝင်ရိုးစွန်းလေးခုကိုခုတ်ဖြတ်ပြီး နဂါးကို နှစ်ခြမ်းခွဲပစ်မယ်”
ကြယ်တာယာကောင်းကင်ကိုယ်တောင် ငါက ဓားတစ်လက်နဲ ဖျက်စီးပစ်မယ်”
“ကြယ်တာယာဖျက်စီးခြင်းဓားချက်”
ရွှယ်မင်ဓားက စူးရှစွာအသံပေးလိုက်သည်။
ဖီးနစ်ငှက်ပုံရိပ်က ဓားချီအရှိန်အဝါနှင့်အတူ မြင့်တက်လာပြီး ထိတ်လန့်စရာကောင်းလှသောဓားအလင်းတစ်ခုအသွင်ပြောင်း၍ နဂါးပုံရိပ်ဆီသို့ တိုးဝင်သွားသည်။
ဓားအလင်းဖြတ်သန်းသွားသောနေရာတိုင်းတွင် လေဟာနယ်က တွန့်လိမ်နေပြီး ပြိုကွဲသွားသည်။
“ဘုန်း ”
တိုက်ကွက်နှစ်ခုက အချင်းချင်းထိတွေ့သွားသည်။
ချုံဟွားကျွန်းပေါ်တွင်ရှိနေသောလူတိုင်းက ကောင်းကင်ကြီးပြိုကျလာပြီး မြေကြီးကအက်ကွဲသွားသည်ဟု ခံစားလိုက်ရသည်။
လေထုထဲတွင် တိုက်ကွက်နှစ်ခု ထိတွေ့သွားသောနေရာတွင် အလင်းတန်းများပေါ်ထွက်လာပြီး နေရာအနှံ့သို့ပျံ့နှံ့လျက် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
အလင်းတန်း၏အလယ်တွင် အာကာသတွင်းနက်ကြီးတစ်ခုပေါ်လာပြီး အားကောင်းလှသော ဝါးမျိုချင်းစွမ်းအင်များကို ထုတ်လွှတ်နေသည်။
ထိုတိုက်ကွက်ကြောင့် လေဟာနယ်အတားအဆီးက ကျိုးပျက်သွားပြီး အာကာသတွင်းနက်တစ်ခု ပေါ်လာခဲ့သည်။
ဖန့်တိတို့တည်ဆောက်ထားသောအတားအဆီးက ကြက်ဥခွံကဲ့သို့ ချက်ချင်းပျက်စီးသွားခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးမှူးများက တိုက်ပွဲနှင့်အနီးဆုံးနေရာမှာရှိနေသောကြောင့် အလင်းတန်းများ၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။
သူတို့က အင်ပါယာအဆင့်ချီများကို အပြင်းအထန်လှည့်ပတ်ပြီး ခုခံလိုက်သည်။
နှလုံးသားရေကန်ဘေးရှိအဆောက်အအုံထဲတွင် ပုံရိပ်ယောင်ဖန်သားပြင်ကို စိုးရိမ်စိတ်များနှင့်စိုက်ကြည့်နေသောလူသုံးယောက်က ပြတင်းပေါက်အပြင်ဘက်သို့ ထိတ်လန့်စွာကြည့်လိုက်သည်။
နှလုံးသားရေကန်က ပြင်းထန်သောလှိုင်းလုံးကြီးများဖြစ်ပေါ်လာတော့မည်ကဲ့သို့ လှိုင်းတွန့်လေးများထလာသည်။
“ဘာဖြစ်နေတာလဲ”
ဟော်စန်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“နှလုံးသားရေကန်က တောင်ပင်လယ်နဲ့ဆက်စပ်နေပေမဲ့ အမြဲတမ်းတည်ငြိမ်ပြီး ရာသီဥတုကောင်းနေခဲ့တာမျိုးမဟုတ်လား။ ဘာဖြစ်လို့ လှိုင်းလုံးကြီးတွေဖြစ်လာရတာလဲ”
ထိုအချိန်မှာ တပည့်အများအပြားက အရှုံးပေးလိုက်ပြီး ပြန်ရောက်လာကြသည်။ သူတို့က နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ရှင်းပိ၏မျက်နှာက အေးစက်နေသည်။
“လှိုင်းလုံးထဲမှာ သန်မာတဲ့ ချီစွမ်းအင်တွေရှိနေတယ်။ ဒါက လူကြောင့်ဖြစ်လာရတာပဲ”
“ဘာ”
ဟော်စန်းက ထိတ်လန့်သွားသည်။
“တစ်ယောက်ယောက်က ချုံဟွားကျွန်းပေါ်မှာ ပြဿနာရှာနေတာလား။ ချုံဟွားကျွန်းကို ပစ်မှတ်ထားနေတာလား”
ချူးယု၏မျက်နှာက မည်းမှောင်နေပြီး ပြောလိုက်သည်။
“ဒီရေလှိုင်းတွေက ချုံဟွားကျွန်းကနေ လာနေတာမဟုတ်ဘူးလား”
ဟော်စန်းက ကြောင်အသွားပြီး ရယ်လိုက်သည်။
“ညီအစ်ကိုချူးယုက တကယ်စိတ်ကူးယဉ်တတ်တာပဲ။ ချုံဟွားကျွန်းက ဒီကနေ မိုင်တစ်ထောင်လောက်ဝေးတယ်။ ဒီလိုအကျိုးသက်ရောက်မှုမျိုးဖြစ်လာဖို့ ဘယ်လောက်တောင်အားထုတ်ရမလဲ”
ရှင်းပိ၏မျက်နှာက ဆိုးဝါးနေပြီး အဝေးကိုကြည့်လျက် ပြောလိုက်သည်။
“အဲ့ဒါက တကယ်ကို ချုံဟွားကျွန်းဘက်ကပဲ”
ဟော်စန်းနှင့်ချူးယု၏မျက်နှာများက အေးစက်သွားပြီး နဖူးပေါ်တွင် ချွေးအေးများထွက်လာသည်။
သိုင်းအင်ပါတစ်ယောက်ကတောင် ထိုစွမ်းအင်မျိုးကို ခုခံနိုင်မှာမဟုတ်ပေ။
သူတို့က ထိတ်လန့်စွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး အဆောက်အအုံထဲသို့ဝင်၍ ရေပုံရိပ်ကိုကြည့်လိုက်သည်။
စုဝေးနေသော ဝင်ခွင့်သလင်းကျောက်တစ်ထောင်ခန့်က ပြောင်းလဲသွားပြီဖြစ်သည်။
အားကောင်းလှသော ချီစွမ်းအင်လှိုင်းများ ဖြတ်သန်းသွားပြီးသောအခါတွင် အရာအားလုံးက ပြန်လည်ငြိမ်းချမ်းသွားသည်ဟု ချုံဟွားကျွန်းပေါ်ရှိ စည်းကမ်းထိန်းသိမ်းရေးမှူးများ ခံစားလိုက်ရသည်။
သူတို့က တစ်ယောက်ပြီးတစ်ယောက် မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုင်သည်။
ကောင်းကင်က အရောင်အဆင်းကင်းမဲ့နေသည်။
အနက်ရောင်အက်ကွဲကြောင်းများက လျှပ်စီးကြောင်းများကဲ့သို့ တဖျပ်ဖျပ်လှုပ်ခါနေကြသည်။
ကောင်းကင်တစ်ခုလုံးက စုတ်ပြဲနေသောအဝတ်စတစ်ခုနှင့်တူနှင့် တူပြီး စွမ်းအင်အမျိုးမျိုးက နေရာတိုင်းတွင် ရစ်ဝဲနေကြသည်။
ထိုပျက်စီးနေသောမြင်ကွင်းကြောင့် အင်အားစုသုံးခု၏ကျွမ်းကျင်သူများက ကြောင်အသွားသည်။
အောက်တွင်ရှိနေသောကျွန်းက ပိုမိုထိတ်လန့်စရာကောင်းပြီး အစိတ်အပိုင်းတစ်ခု ပျောက်ကွယ်နေခဲ့သည်။
ယွင်ရှောင်ရှိနေသောနေရာတွင် ပင်လယ်ရေများဖြင့် ပြည့်နေသည်။
ချုံဟွားကျွန်း၏အလယ်က ချိုင့်ဝင်သွားပြီး မုန့်လက်ကောက်ပုံစံကျွန်းဖြစ်သွားခဲ့သည်။
“ဒါက ...”
လူတိုင်းက ကျောရိုးတစ်လျှောက် အေးစက်မှုများကို ခံစားလိုက်ရသည်။
ကောင်းကင်က ပြိုကျပြီး မြေကြီးက အက်ကွဲသွားခဲ့သည်။
ဖန့်တိက ချွေးအေးများဖြင့် စိုရွှဲနေသည်။ သူက နတ်ဘုရားအာရုံကိုဖြန့်ပြီး စိုးရိမ်စိတ်များနှင့်အတူပြောလိုက်သည်။
“သူတို့နှစ်ယောက်က ဘယ်ရောက်သွားတာလဲ။
လီယွင်ရှောင်က ဘယ်မှာလဲ”
ထူလေ့နှင့်ဟွမ်ရှောင်လုံကလည်း လျင်မြန်စွာရှာဖွေလိုက်သည်။
ရုတ်တရက်ဆိုသလို ကောင်းကင်ထက်တွင် စက်ဝိုင်းပုံအပေါက်တစ်ခု ပေါ်လာသည်။
ထိုအပေါက်က ဖြည်းဖြည်းချင်းကြီးမားလာပြီး အဝါရောင်ကြေးကွင်းတစ်ခုဖြစ်သွားသည်။
“ကောင်းကင်ဝိညာဉ်ကွင်း “
ထူလေ့က ထိတ်လန့်သွားပြီး ပျော်ရွှင်နေသည်။ သူက စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း အပေါက်ထဲမှ ကြေးခွံများနှင့်ဖုံးလွှမ်းနေသော လက်တစ်ဖက်ထွက်လာပြီး လော့ချင်းယွင်က ခက်ခဲစွာအပြင်ရောက်လာသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော ကြေးခွံတစ်ဝက်ခန့်က မရှိတော့ပေ။
သူက လူသားတစ်ဝက် သားရဲတစ်ဝက်နှင့်တူပြီး တစ်ကိုယ်လုံး သွေးများစိုရွှဲနေသည်။
သူက ခက်ခဲစွာအပြင်ရောက်လာပြီး အောက်သို့ပြုတ်ကျသွားသည်။
ထိုအချိန်မှာ အောက်တွင် မြေပြင်မရှိဘဲ ပင်လယ်ရေများသာရှိသည်။
ထူလေ့က ထိတ်လန့်သွားပြီး ကယ်တင်ဖို့ပြင်လိုက်သည်။
သို့သော်လည်း သူ့ရှေ့တွင် လူတစ်ယောက်ရောက်လာပြီး တားဆီးလိုက်သည်။
ထိုလူက ဖန့်တိဖြစ်ပြီး မည်းမှောင်နေသောမျက်နှာနှင့် မေးလိုက်သည်။
“မင်းဘာလုပ်ချင်တာလဲ... ငါတို့က စည်းကမ်းထိန်းသိမ်းရေးမှူးတွေလေ။ မင်းက တပည့်တွေကြားမှာ ဝင်ပါချင်လို့လား”
ထူလေ့က ခဏလောက်ကြောင်အသွားပြီး ဒေါသတကြီးအော်ဟစ်လိုက်သည်။
“ဖန့်တိ ရလဒ်က ဆုံးဖြတ်ပြီးသွားပြီ။ ငါက သူ့ကိုကယ်လို့ရသေးတယ်”
ဖန့်တိက သူ၏ နတ်ဘုရားအာရုံဖြင့် ယွင်ရှောင်ကို ရှာမတွေ့ခဲ့ပေ။
ယွင်ရှောင်က ပင်လယ်အောက်တွင်မြှုပ်နှံခံလိုက်ရပြီဟု သူထင်နေသောကြောင့် ခံစားချက်က အလွန်ဆိုးဝါးနေသည်။
“အနိုင်ရတဲ့လူ ထွက်ပေါ်လာရင်တောင် မင်းက သူ့ကိုကယ်ဖို့ အခွင့်အရေးမရှိဘူး။
သူကအရှုံးပေးမှပဲ ကယ်လို့ရမယ်။ အဲ့ဒါဆိုရင်တောင် ဝင်ခွင့်သလင်းကျောက်တွေအားလုံးကို ချန်ထားခဲ့ရမယ်”
“မင်း”
ထူလေ့က ဒေါသထွက်လာပြီး အင်ပါယာအဆင့် အရှိန်အဝါများကိုထုတ်လွှတ်လျက် အေးစက်စွာပြောသည်။
“ဖန့်တိ... စည်းကမ်းတွေအသုံးပြုပြီး ငါ့ကို ဖိအားလားမပေးနဲ့၊ ငါက မင်းကိုမကြောက်ဘူးကွ”
ဖန့်တိကလည်း ချီစွမ်းအင်များကို တိတ်ဆိတ်စွာလှည့်ပတ်နေသည်။
သူတို့နှစ်ယောက်က တိုက်ခိုက်ဖို့ပြင်ဆင်နေသကဲ့သို့ လေထုထဲတွင် မျက်နှာချင်းဆိုင်ရှိနေသည်။
ဘေးတွင်ရပ်နေသောဟွမ်ရှောင်လုံက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
“ထူလေ့... မင်းက ဘာလုပ်နေတာလဲ... တပည့်တစ်ယောက်က အရှုံးမပေးရင် ငါတို့က ဝင်ပါလို့မရဘူး။
အဲ့ဒါက အဓိကဂိုဏ်းကြီးသုံးဂိုဏ်း ချမှတ်ထားတဲ့စည်းကမ်းပဲ။
မင်းက ဖောက်ဖျက်ချင်နေတာလား”
သူက သစ်သားနေမင်းအင်ပါယာမှဖြစ်ပြီး ယွင်ရှောင်သေသွားကြောင်း ခန့်မှန်းထားသောကြောင့် ခံစားချက်ကောင်းနေသည်။
ထို့အပြင် လော့ချင်းယွင်ကလည်း ပင်လယ်ထဲသို့ကျသွားပြီး အသက်ရှင်ဖို့မသေချာသောကြောင့် သူ၏ခံစားချက်က ပိုကောင်းလာသည်။
သူက ဖန့်တိဘက်မှာရှိနေပြီး လော့ချင်းယွင်သေဆုံးသွားသည်ကို လိုချင်နေသည်။
ထို့ကြောင့် သူက ခြေတစ်လှမ်းနှင့်အတူ ဖန့်တိဘေးတွင် ရပ်လိုက်သည်။
“မင်းတို့တွေ”
ထူလေ့က စိတ်ပျက်နေသည်။ သူက နှစ်ယောက်တစ်ယောက် မတိုက်ခိုက်နိုင်ပေ။
ဟွမ်ရှောင်လုံ၏စကားများကလည်း မှန်သည်။ သူက ကျွန်းပေါ်ရှိတပည့်တစ်ယောက်ကို မကယ်နိုင်ပေ။ သို့သော်လည်း သူက လော့ချင်းယွင်ကို ကူညီချင်သည်။
သူတို့သုံးယောက်က မတိုးသာမဆုတ်သာဖြစ်နေသောအချိန် ကောင်းကင်ပေါ်တွင်ရှိနေသောကြေးကွင်းများက ရုတ်တရက်ပျောက်ကွယ်သွားသည်။
ကောင်းကင်အထက်ရှိအပေါက်က ငြီးငွေ့ဖွယ်ကောင်းသောအသံရှည်ကြီးတစ်ခုနှင့် ပြန်ပိတ်သွားသည်။
ထိုကြေးကွင်းက ချက်ချင်းဆိုသလိုပဲ ပင်လယ်ရေပြင်ထက်မှာပေါ်လာပြီး နူးညံ့သောအလင်းတစ်ခုကို ထုတ်လွှတ်ပေးနေသည်။
ပြုတ်ကျလာသောလော့ချင်းယွင်က အလင်းရောင်ပေါ်သို့ကျသွားခဲ့ပြီး ပင်လယ်ထဲသို့ ရောက်မသွားခဲ့ပေ။
“သူက ...”
ဖန့်တိနှင့်ဟွမ်ရှောင်လုံက ကြောင်အသွားသည်။
လော့ချင်းယွင်က သေဆုံးလုနီးပါး ဒဏ်ရာရထားသော်လည်း သူ၏ဆန်းကြယ်လက်နက်ကို ထိန်းချုပ်နိုင်သေးသည်။
ထူလေ့က ချက်ချင်းရယ်မောလိုက်သည်။
ထိုအချိန်တွင် ကြေးကွင်းထက်တွင်ရှိနေသောလောချင်းယွမ်က ထရပ်ဖို့ကြိုးစားနေသကဲ့သို့ ဖြည်းဖြည်းချင်းလှုပ်ရှားလာသည်။