1638
Out Ber#အင်မော်တယ်ကွပ်မျက်သူ အပိုင်း ( ၁၆၃၈ )
ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း တိုက်ခိုက်ခံရသော သတင်းက ချီပင်းတောင်တန်းအတွင်း မဖုံးကွယ်နိုင်ပေ ။ ချီပင်းတောင်တန်း၌ ကျင့်ကြံသူ ဆယ်သန်းကျော် စုဝေးနေထိုင်နေကြသည့် အခြေနေတွင် တစ်ယောက်ယောက် ပျင်းရိပြီး စကားအနည်းငယ် ပြောလျှင်ပင် ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော ဖြစ်ရပ်ကြီးကို လူတိုင်း သိနိုင်သည် ။
တဒင်္ဂလေးအတွင်း ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း တိုက်ခိုက်ခံရသော သတင်းက တောမီးပမာ ပျံ့နှံ့သွား၏ ။ သတင်းသည် ချီပင်းတောင်တန်း တစ်ခွင်လုံးသာမက ဆည်းဆာချောက်ကမ်း ၊ လင်းယွမ်မြစ် ၊ လီဟန်ပင်လယ်နှင့် တခြား နေရာများထိ လျင်မြန်စွာ ပျံ့နှံ့သွားသည် ။
ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ အပြင်ဘက်တွင် ကျင့်ကြံသူများ ဆွေးနွေးကြသည် ။ ရင်းနှီးသူများက သူတို့၏ မုန်းတီးမှုကို ဖော်ပြကြသည် ။ မရင်းနှီးသူများက တိတ်တဆိတ် ပျော်နေကြ၏ ။
ကောင်းတယ်… မအလတွေ… မင်းတို့လည်း ဒီလိုနေ့မျိုး ရှိခဲ့ပြီမို့လား… ဟားဟား…
အမာခံ အကြီးအကဲများသည် အဆုတ်ပေါက်ကွဲလုမတတ် ဒေါသထွက်နေကြ၏ ။
ချီပင်းတောင်ဂိုဏ်းခွဲက ငါတို့ ပိုင်နက်ဆိုတာ သိသာနေတာလေ ။ နှောက်ယှက်ရဲလောက်အောင် သတ္တိကောင်းနေတယ်ပေါ့… အသက်ရှင်ရတာ ငြီးငွေ့နေလို့လားကွ မအလတွေ…
သေချာတွက်ချက်ပြီးနောက် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည် လူသားအင်မော်တယ်နှင့် မြေကမ္ဘာအင်မော်တယ် ရာပေါင်းများစွာနှင့် ကောင်းကင်အင်မော်တယ် ဒါဇင်ကျော် ဆုံးရှုံးခဲ့သည် ။
ဤသည်က ကြီးကြီးမားမား ဆုံးရှုံးမှုတော့ မဟုတ်သေးပေ ။ အဆုံးသတ်တွင် လူသားအင်မော်တယ် ၊ မြေကမ္ဘာအင်မော်တယ်နှင့် ကောင်းကင်အင်မော်တယ်များသည် သာမန် တပည့်များသာ ဖြစ်နေသေးသည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို အမှန်တကယ် စိတ်ထိခိုက်စေသည်က နတ်ဆိုးမှော်သားရဲများ သတ်ဖြတ်ခံရပြီး နတ်ဘုရားခန်းဝါ ကျောက်စိမ်းဖြင့် ရှင်ပြန်ထမြောက်လာသော အကြီးအကဲ ဒါဇင်များစွာ ဖြစ်သည် ။ သူတို့သည် စစ်မှန်သော လက်ရွေးစင်များ ဖြစ်သည် ။
ထိုအကြီးအကဲများသည် နတ်ဆိုးမှော်သားရဲကပ်ဘေး ပထမလှိုင်းတွင် သေဆုံးသွားသော်လည်း နတ်ဘုရားခန်းဝါ ကျောက်စိမ်းတွင် ချန်ထားခဲ့သော ရှေးဦးဝိညာဉ်ကို အားကိုးပြီး ပြန်လည်မွေးဖွားခွင့် ရခဲ့သည် ။ တစ်ခုတည်းသော ပြဿနာမှာ သူတို့၏ ကျင့်ကြံမှု ချက်ချင်း ပြန်မကောင်းနိုင်ခြင်းပင် ။ အကြီးအကဲများသည် လုံးလုံးပြန်ကောင်းရန် နှစ်တစ်ထောင် အချိန်ယူရပေမည် ။
ဤလူများသည် ဂိုဏ်း၏ စစ်မှန်သော လက်ရွေးစင်များ ဖြစ်သည် ။ မဟုတ်ပါက သူတို့သည် နတ်ဘုရားခန်းဝါ ကျောက်စိမ်း ပေးအပ်ခံရရန် မထိုက်တန်ပေ ။ သူတို့ထဲတွင် အားအနည်းဆုံးမှာ နှောင်းပိုင်း ကောင်းကင်အင်မော်တယ် ဖြစ်သည် ။ ဤအဆင့်တွင် မရှိပါက သူတို့သည် ဂိုဏ်း၏ မဏ္ဍိုင်ကြီးများ ဖြစ်လာနိုင်မည်လော… ။
တိတိကျကျ ပြောရလျှင် ၊ ဤသည်က နှစ်တစ်ထောင် အကြာတွင် သူတို့၏ နဂိုကျင့်ကြံမှု ပြန်ရမည့် ပညာရှင်တစ်စု ဖြစ်သည် ။ သေခြင်းရှင်ခြင်း အတွေ့အကြုံကြောင့် အထက်ဘုံတက်လှမ်းနိုင်မည့် ပညာရှင်တစ်စုသည် ဤချုံခိုတိုက်ခိုက်မှုတွင် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ကြသည် ။ သူတို့ထဲက တစ်ယောက်မှ မလွတ်မြောက်ခဲ့ပေ ။
တစ်ဖက်အဖွဲ့သည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ အားနည်းချက်ကို ပစ်မှတ်ထားရန် သေချာ ရွေးချယ်ခဲ့၏ ။ ဤတိုက်ခိုက်မှုသည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်တိုင်းကို ဝမ်းနည်းစေရန် လုံလောက်၏ ။
လက်ရှိ ဂိုဏ်းချုပ်ဝမ်နှင့် တခြားသူများကို အသာထား ၊ အနာဂတ် ဂိုဏ်းချုပ် အကြီးအကဲလီတောင် ခေါင်းကိုက်ဝေဒနာကြောင့် မေ့လဲလုနီးပင် ။ ဤဂိုဏ်း၏ လက်ရွေးစင်များသည် ဂိုဏ်းချုပ်ဖြစ်လာခြင်းမှ သူ့အား မတားဆီးနိုင်သော်လည်း နှစ်တစ်ထောင်ကြာပြီးနောက် ဂိုဏ်း၏ ထောက်တိုင်ကြီးများ ဖြစ်လာပေမည် ။ သူတို့သည် အကြီးအကဲလီ၏ ကွပ်ကဲမှုအောက်တွင် ခွန်အားများ ဖြစ်သည် ။ သူတို့ ဤအတိုင်း အချည်းနှီး သေသွားရပါက ယုတ်မာသူများကို အပိုင်းထောင်ချီ စိတ်ပိုင်းပြီး အရိုးများကို ပြာဖြစ်စေရမည် ။
ဒေါသတို့ ပြည့်နေသော အမာခံ အကြီးအကဲလီသည် ဤကိစ္စကို ကိုယ်တိုင် စုံစမ်းခွင့်ပေးရန် တောင်းဆိုသည် ။ လုပ်ကြံသူများ၏ ပစ်မှတ်သည် အလွန်ရှင်းပြီး ဤပညာရှင်များ ပုန်းအောင်းနေသော နေရာကိုပင် သိနေခဲ့သည် ။ အတွင်းလူ မရှိဘဲ မဖြစ်နိုင်ပါ ။ ထို့ပြင် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ အတွင်းပိုင်း လက်ရာများနှင့် အလွန်ရင်းနှီးကျွမ်းဝင်သူသာလျှင် လွှဲဖယ်မှု ဖန်တီးရန် ပြီးပြည့်စုံသော အချိန်တွင် တိုက်ခိုက်မှုကို စတင်နိုင်ပေမည် ။
အထူးသဖြင့် ၊ တခြား အချက်မှာ ယန်စီလည်း လုယက်ခံခဲ့ရပြီး ဤအချက်ကို သက်သေပြနေ၏ ။ ယန်စီသည် လုံးလုံး အရေးမပါသူတစ်ယောက် ဖြစ်သည် ။ သူ့အသက်ကို ထိန်းထားသည်က တစ်ဘဝလုံး နာကျင်မှုဝေဒနာ ခံစားစေကာ သေမျိုးလောကရှိ ခမ်းနားသောကောင်းကင်ဘုံဂိုဏ်းဝင်များအတွက် လက်စားချေရန်သာ ဖြစ်သည် ။
ဤကဲ့သို့ အရေးမပါသူပင် လုယက်ခံရပြီး သူ့နားခိုရာကိုပင် ရှင်းရှင်းလင်းလင်း စုံးစမ်းနိုင်ခဲ့သည် ။ ဤသည်က အတွင်း ပြဿနာတစ်ခု ရှိနေသည်ဟုသာ ပြောနိုင်သည် ။ ယန်စီ၏ ဆက်ဆံရေးကြောင့် တိုက်ခိုက်သူများသည် ကျောက်မျိုးနွယ်စုမှ ဖြစ်ဖွယ်ရှိ၏ ။ ကျောက်မျိုးနွယ်စုသာလျှင် ပြန်လည်သက်သာလာပြီး ပျက်စီးသွားသော ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ ပညာရှင်များကို မြင်တွေ့ရန် ပျော်ရွှင်ပေမည် ။ သူတို့သည်သာ သူတို့၏ နယ်ရုပ်ဖြစ်သော ယန်စီကို လုယက်လိုစိတ် ရှိပေမည် ။
ပညာရှင်များနှင့် ထိတွေ့စကားပြောနိုင်သော တပည့်အားလုံးကို စာရင်းလုပ်ထား၏ ။ ယန်စီ ဘယ်နေရာတွင် ရှိနေခဲ့သည်ကို သူသိများလည်း ခြွင်းချက် မဟုတ်ပါ ။ သူတို့အားလုံးကို ဆွဲထုတ်ပြီး တစ်ယောက်ပြီးတစ်ယောက် စစ်ဆေး၏ ။
ဤကိစ္စသည် ဂိုဏ်းလုံခြုံရေးနှင့် ပတ်သက်ပြီး အသိမ်မွေ့ဆုံး အချိန်ဖြစ်သည် ။ ဒုက္ခရောက်ချိန် ပြင်းထန်သော ပြစ်ဒဏ်များ လိုအပ်သည် ။ ဤအချိန် သူခိုးဖမ်းရန်အတွက် သတိမပေါ့နိုင်တော့ပေ ။ သူတို့သည် လူတစ်ယောက်ကို လွှတ်ထားတာထက် လူတစ်ထောင်ကို မှားသတ်မိသည်က ပိုကောင်း၏ ။ ဆန်းကြယ်ကောင်းကင်ဘုံတစ်ဂိုဏ်းလုံး ထိတ်လန့်ကြောက်လန့်ဖွယ် အခြေနေထဲ ကျဆင်းသွားပြီး လူတိုင်း အန္တရာယ်ကျနေလေသည် ။
အကြီးအကဲလီသည် ဤအခွင့်ရေးကို အသုံးချကာ သစ္စာဖောက်များကို စုံစမ်းရုံမက ၊ သူ့အား မလိုလားသူ အနည်းငယ်ကိုလည်း စည်းကမ်းရေးခန်းမဆီ ဆွဲထုတ်သည် ။ ခန်းမသခင်လျှိူနှင့် အမာခံ အကြီးအကဲလီတို့သည် တစ်ဖွဲ့တည်း ဖြစ်သည့်အားလျော်စွာ နားလည်ကြသည် ။ အနည်းငယ်မျှ မရုန်းကန်ဘဲ သူတို့အတွက် ဘာကောင်းသည်ကိုသိသော ထိုလူများသည် ကိုယ့်ကိုယ်ကို သတ်သေသွားကြ၏ ။
များမကြာမီ ဤလေထုအောက်တွင် သံသယရှိသူများကို နောက်ဆုံးတွင် ဖော်ထုတ်နိုင်ခဲ့သည် ။ ဂိုဏ်းဝင် အများအပြားသည် ခြံဝင်းလေးထဲတွင် စုဝေးတတ်ကြ၏ ။ သူတို့သည် အချင်းချင်း မကြာခဏ တွေ့တတ်သည့်အားလျော်စွာ သတိမထားမိရန် ရှား၏ ။ သံသယဖြစ်ဖွယ်လူများ၏ နေ့စဉ် အမူအကျင့်နှင့် ထိတွေ့ဆက်ဆံသူများ နှိုင်းယှဉ်နေသမျှ ကာလပတ်လုံး သံသယဖြစ်ဖွယ် လူအနည်းငယ်ကို တွေ့နိုင်ပေသည် ။
ရူးသွပ်နေသော ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ တပည့်များသည် ရုန်းရင်းဆန်ခတ်ဖြင့် ပတ်ဝန်းကျင်ကို မြေလှန်ပစ်ခဲ့ကြသည် ။ ချီပင်းတောင်တန်းပေါ်ရှိ ကျင့်ကြံသူများသည် ဤအချိန် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်များ မည်မျှ ရူးသွပ်နေသည်ကို သိကြ၏ ။ ထို့ကြောင့် မည်သူ စကားပြောရဲမည်လော ။ တိုင်ကြားရန်ပင် မဝံ့ရဲပါ ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်များ အိမ်တံခါးရှေ့ ရောက်လာသောအခါ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအား တိုက်ခိုက်သည့် မသင်္ကာဖွယ် လူများအဖြစ် ဆက်ဆံမခံရလိုပါက ချက်ချင်း ပူးပေါင်းဆောင်ရွက်ကြပေမည် ။
နောက်ဆုံးတွင် အန္တိမ မဟာပညာရှင်များစွာ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည် ။ ချီပင်းတောင်တန်းအတွင်း လက်ရှိအခြေနေဖြင့် လူများစွာ၏ လှုပ်ရှားမှုကို အပြည့်အဝ ဖုံးကွယ်ရန် မဖြစ်နိုင်ပါ ။ နောက်ကွယ်တွင် သဲလွန်စများ အမြဲကျန်နေပေမည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်များသည် သဲလွန်စများကို ချက်ချင်း လိုက်ရှာကြသည် ။ ချက်ချင်း ထွက်မပြေးဘဲ ပြပွဲကြည့်ရန် ချီပင်းတောင်တွင် ဆက်နေချင်သေးသည့် ကံမကောင်းသော လူမိုက်တချို့လည်း တွေ့ခဲ့လေသည် ။
တစ်ယောက်တွေ့ရင် တစ်ဖွဲ့လုံး တွေ့ပေမည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည် မူမမှန်သော လူရာပေါင်းများစွာကို ရှာတွေ့ခဲ့သည် ။ ဝမ်းနည်းစရာ ကောင်းသည်က ထိုလူများသည် သစ္စာဖောက်များ ဖြစ်သော်လည်း တိုက်ခိုက်မှုနှင့် ဘာမှမဆိုင်ကြောင်း ကျိန်ဆိုနိုင်ခြင်းပင် ။ သူတို့သည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအတွင်း စုံစမ်းရန် ချထားသော နယ်ရုပ်လေးများသာ ဖြစ်သည် ။ ခဏတာ သတိပေါ့လျော့မှုကြောင့် ဤအချိန်တွင် အဖမ်းခံခဲ့ရသည် ။
ဤအချိန်တွင် စည်းကမ်းထိန်းသိမ်းရေး ခန်းမသခင်လျှိူသည် လုပ်ငန်းများစွာ လက်ခံရရှိပြီး ငွေများစွာ ရရှိခဲ့သည် ။ ဂိုဏ်း၏ တပည့်များသာ ဆင့်ခေါ်ခံရပြီး ထိုအထဲမှ တစ်ဝက်ကျော် နှိပ်စက်ညှင်းပန်းခံခဲ့ရသည် ။ နှစ်ဝက်လောက် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးပြီးနောက် တရားခံ အစစ်ကို ရှာတွေ့ခဲ့သည် ။
အမာခံ အကြီးအကဲများ ခန့်မှန်းချက်က မှန်၏ ။ တရားခံသည် ကျောက်မျိုးနွယ်စုမှဖြစ်ပြီး သစ္စာဖောက်သည် ကိုယ်တိုင် ဝန်ခံရင်း သေချင်နေ၏ ။ ကျောက်မျိုးနွယ်စု၏ ပန်းတိုင်မှာ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို လက်တုံ့ပြန်ရန်နှင့် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ သိက္ခာကို တိုက်ခိုက်ရန် ဖြစ်သည် ။ ကျောက်မျိုးနွယ်စုအား ပုန်ကန်ရန် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအား ရှေ့ဆောင်လမ်းပြ လုပ်နေ၏ ။ ဤမျှ စတားရဲသလော… ။
သူတို့ ယန်စီကို လုယက်သည်က ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းက သေမျိုးလောက၌ ခမ်းနားသောကောင်းကင်ဘုံဂိုဏ်းအား ဖျက်ဆီးသော တရားခံမှာ ကျောက်မျိုးနွယ်စုဖြစ်ကြောင်း ဘယ်လို သုံးသပ်ခဲ့သည်ကိုသိရန် ယန်စီထံမှ သတင်းအချက်အလက် ရယူလိုခြင်း ဖြစ်နိုင်သည် ။ အဆုံးသတ်၌ ၊ အပြင်လူများသည် ယန်စီ၏ ဝန်ခံမှုကို မသိကြဘဲ အမာခံ အကြီးအကဲများသာ သိကြ၏ ။ အမာခံ အကြီးအကဲများသည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို သစ္စာဖောက်ရန် မဖြစ်နိုင်သောကြောင့် ယန်စီကိုသာ လုယက်ရတော့သည် ။
ဤသစ္စာဖောက်များသည် အသေးစိတ် အချက်အလက်များကို သိပ်မသိပေ ။ သူတို့သည် ကျောက်မျိုးနွယ်စု၏ တည်နေရာကိုပင် မသိပါ ။
🔹စဆုံးဖတ်ရန်လင့်ခ်👇