1637
Out Ber#အင်မော်တယ်ကွပ်မျက်သူ အပိုင်း ( ၁၆၃၇ )
ဤနိဂုံးချုပ်ရောက်ရန် ကိုယ်ပိုင် နောက်ခံရှိ၏ ။ တစ်ဖက်တွင် ထိပ်တန်းဂိုဏ်းကြီးများသည် သူတို့၏ ထိပ်တန်းဂိုဏ်းကြီး ပုံရိပ်ကို ထိန်းသိမ်းလိုသည် ။ ထို့ကြောင့် ဤကိစ္စတွင် အလွန်လောဘ မကြီးနိုင်ပေ ။ မဟုတ်ပါက ဘုံရန်သူကို တွန်းလှန်ရန် ခက်ခက်ခဲခဲ ရရှိထားသော စည်းလုံးညီညွှတ်မှု ပျက်စီးသွားပေမည် ။
တစ်ဖက်တွင် တည်ငြိမ်မှုနှင့် စည်းလုံးညီညွှတ်မှုကို ထိန်းသိမ်းရန် ရည်ရွယ်သည် ။ ဤကဲ့သို့ ဖြန့်ဝေမှုက အယုံကြည်ရဆုံး ဖြစ်သည် ။ မဟုတ်ပါက ဝိညာဉ်လောက၏ နယ်မြေအများစုကို အန္တိမ မဟာပညာရှင်များစွာဖြင့် ထိပ်တန်းဂိုဏ်းကြီးများက သိမ်းယူသွားပေမည် ။ တခြားသူများက တွေးတောင် မတွေးသင့်တော့ပေ ။
သာမန်ဂိုဏ်း၏ ကျင့်ကြံသူများသည် ဤဆွေးနွေးပွဲတွင် ပါဝင်ရန် အရည်အချင်း မရှိသော်လည်း ဤရလဒ်ကို သဘောတူနေသေးသည် ။ လူတိုင်း ဒုက္ခရောက်နေသည့်အချိန်ဖြစ်သည့်အားလျော်စွာ အခွင့်ကောင်း မယူနိုင်ပါ ။ အများစုမှာ နတ်ဆိုးမှော်သားရဲများကို သူတို့ တန်ပြန်တိုက်ခိုက်ရင်း ဂိုဏ်းတစ်ဂိုဏ်း၏ နယ်မြေသို့ ရောက်သွားသောအခါ ထိုနယ်မြေပိုင် ဂိုဏ်းဝင်များကို အနည်းငယ် ပိုကူညီပေးနိုင်သည် ။ သူတို့ ကူညီချင်ပါက ကူညီပေးနိုင်သည် ။ သူတို့ မကူညီချင်ပါက ဘေးထိုင်ရပ်ကြည့်နေရုံသာ ။ တစ်ယောက်မှ ဘာမှပြောလိမ့်မည် မဟုတ်ပါ ။
ကံကောင်းထောက်မစွာဖြင့် ၊ အထူးသဖြင့် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည် အစကတည်းက ထိုပြဿနာကို တွေးနေခဲ့သည် ။ သူတို့က တခြားဂိုဏ်းများနှင့် စောလျင်စွာ ဆွေးနွေးခဲ့သည် ။ ဤသည်က အနာဂတ်တွင် ဒုက္ခများစွာနှင့် ခိုက်ရန်ဖြစ်ပွားမှုကို ဖြေရှင်းပေးသည် ။ ကျင့်ကြံသူ အများစုသည် ဤနိဂုံးချုပ်ကို လက်မြှောက် ထောက်ခံကြသည် ။
ဤတစ်ခုတည်းဖြင့် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို အမှတ်များစွာ ပေးခဲ့သည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို ကိုယ်စားပြုသော ဂိုဏ်းချုပ်ဝမ်သည်လည်း ပါးစပ်မစေ့နိုင်အောင် ဝမ်းသာနေ၏ ။ သေမျိုးလောက၌ ခမ်းနားသောကောင်းကင်ဘုံဂိုဏ်း မတော်တဆ ဖြစ်ပြီးကတည်းက လူတိုင်းက ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို တညီတညွှတ်တည်း ထောက်ခံအားပေးသော ပထမဆုံးအကြိမ် ဖြစ်သည် ။
ဂိုဏ်းချုပ်ဝမ် ပျော်ရွှင်နေရုံမက အမာခံ အကြီးအကဲလီလည်း ပိုပြုံးပျော်နေခဲ့သည် ။ ယခု သူသည် အမာခံ အကြီးအကဲတစ်ယောက်နှင့် မဟာအကြီးအကဲများစွာကို ချည်နှောင်ရန် ယန်ချန် သူ့ကိုပေးသော နတ်ဘုရားခန်းဝါ ကျောက်စိမ်းများကို သုံးခဲ့သည် ။ မူလက အမာခံ အကြီးအကဲ ကိုးဦး ရှိခဲ့သည် ။ ဂိုဏ်းချုပ်ဝမ် ၊ အမာခံ အကြီးအကဲလျှိူ ၊ အမာခံ အကြီးအကဲလီအပြင် ၊ တစ်ယောက်သေကာ ၊ တစ်ယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး တစ်ယောက်ကို ကြိုးချည်နိုင်ခဲ့သည် ။ သုံးဦးသာ ကျန်တော့သည် ။ နှစ်ငါးဆယ်သာ ရှိသေး၏ ။ သူ အချိန်ယူပါက နောင်နှစ်တစ်ရာအတွင်း အမာခံ အကြီးအကဲသုံးဦးအနက် အမာခံ အကြီးအကဲ နှစ်ဦးကို ချည်နှောင်ရန် ပြဿနာ မရှိဟု သူ ယုံကြည်သည် ။
သူက မဟာအကြီးအကဲများစွာကိုလည်း ကြိုးချည်ခဲ့သည် ။ အနာဂတ်တွင် အမာခံ အကြီးအကဲများ၏ လစ်လပ်နေသော နေရာများကို မဟာအကြီးအကဲများက ဖြည့်တင်းပေးရပေမည် ။ သေဆုံးသွားသော အမာခံ အကြီးအကဲသည် နတ်ဘုရားခန်းဝါ ကျောက်စိမ်း အကူအညီဖြင့် နှစ်တစ်ထောင်ကြာပြီးနောက် ပြန်ကောင်းလာလျှင်တောင် ဂိုဏ်း၏ အရေးကိစ္စများကို နှစ်တစ်ထောင် လျစ်လျူရှုခဲ့သည့်အားလျော်စွာ အာဏာမည်မျှ ကျန်မည်လော… ။ ရာထူးကြီးကာ အခွင့်အာဏာရှိသော အမာခံ အကြီးအကဲလီကို ဆန့်ကျင်ချင်ပါက သူ့အား ပါးရိုက်မသတ်သည်ကပင် မျက်နှာသာ ပေးနေခြင်းပင် ။
ယန်ချန် ပြောလိုက်သော ဆေးလုံးများသည် ဂိုဏ်းချုပ်ဝမ်ကို အထက်ဘုံတက်ရန် ကူညီပေးနိုင်သရွေ့ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို ထိန်းချုပ်ရန် အကြီးအကဲလီအတွက် အချိန်တန်ပေပြီ ။
သူ ပိုဂုဏ်ယူလေလေ အကြီးအကဲလီသည် သူ့စိတ်ကို ထိန်းနိုင်လေလေ ဖြစ်သည် ။ သူက ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခွဲထဲတွင် အတက်ကြွဆုံးဖြစ်ပြီး ဂိုဏ်းထဲတွင် အရာအားလုံး စနစ်တကျ ရှိစေရန် သေချာ လုပ်ဆောင်ခဲ့သည် ။ အဆုံးတွင် ဂိုဏ်း၏ ချီပင်းတောင်ဂိုဏ်းခွဲကို သူ့မြေးတပည့်လေးက ပေးခဲ့ခြင်းပင် ။ သဘာဝအားဖြင့် ဂိုဏ်းချုပ်ဝမ်က အမာခံ အကြီးအကဲလီကို ပျော်ပျော်ကြီး စီမံခန့်ခွဲခွင့် ပေးခဲ့လေသည် ။
တာအိုနယ်မြေ၏ တခြားဂိုဏ်းကြီးလေးဂိုဏ်းသည်လည်း ချီပင်တောင်တန်းတွင် ဂိုဏ်းခွဲများ ရှိသော်လည်း ကောင်းကင်အင်မော်တယ်အဆင့် စိတ်ဝိညာဉ်စွမ်းအင်ကြော တစ်ခုသာ ရှိ၏ ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းမှာ ကောင်းကင်အင်မော်တယ်အဆင့် စိတ်ဝိညာဉ်စွမ်းအင်ကြော ရှိရုံမက ၊ မြေအောက် သတ္ထုကြောတစ်ခုလည်း ရှိနေခဲ့သည် ။ ဤသတ္ထုတွင်းမှ ထုတ်သော သတ္ထုရိုင်းများဖြင့် အားကောင်းစေသော ဂိုဏ်းဝင်များ၏ မှော်လက်နက်များသည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ ခွန်အားကို အနည်းဆုံး ဆယ်ရာခိုင်နှုန်း တိုးစေသည် ။ ဤသည်က ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအား တာအိုဂိုဏ်းကြီးငါးဂိုဏ်းတွင် ပိုထင်ရှားစေခဲ့သည် ။
ယန်ချန်၏ အထောက်အထားကိုသိသော ဂိုဏ်းချုပ်ဝမ် ၊ ခန်းမသခင်လျှိူ ၊ အမာခံ အကြီးအကဲလီနှင့် တခြား အမာခံ အကြီးအကဲများသည် ယန်ချန့်၏ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအပေါ် သိတတ်မှုဟု တွေးကြပြီး တခြား ရှုထောင့်များကို မစဉ်းစားခဲ့ပေ ။ အများဆုံး အမာခံ အကြီးအကဲလီ ထင်ပေါ်မည်ကို မလိုလားသော အမာခံ အကြီးအကဲ အနည်းငယ်က ယန်ချန်ကို အမှတ်အများကြီး မပေးရန်နှင့် သူ့ကို ဖိနှိပ်ရန် လက်တွဲလုပ်ဆောင်ကြပေမည် ။
စင်စစ်… အကြီးအကဲလီနှင့်အတူ ပေးသင့်သော ဆုလာဘ်များ အမြဲရှိနေပေမည် ။ အများစုက စကားများများ ပြောလိမ့်မည် မဟုတ်ပါ ။ ထို့ပြင် ဤသည်က ယာယီဖြစ်စဉ်တစ်ခုသာ ဖြစ်သည် ။ တစ်နေ့နေ့တွင် အမာခံ အကြီးအကဲလီ အထက်ဘုံတက်သောအခါ ဂုဏ်းသတင်းနှင့် အဆင့်အတန်းများသည်လည်း စကားလုံး အနည်းငယ်မျှသာ မဟုတ်ပါလော… ။
မှော်လက်နက်များ အားကောင်းလာသော ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်များ၏ စွမ်းဆောင်ရည်များက နတ်ဆိုးမှော်သားရဲ သတ်ဖြတ်သော ဖြစ်စဉ်တွင် ပိုထူးချွန်ကြသည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းက ဂိုဏ်း၏ ပိုင်နက်နယ်မြေကို ခွဲခြားရာတွင် ဦးဆောင်ခဲ့သောကြောင့် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို ပိုထင်ရှားစေသည် ။ အရေးကြီးဆုံး အချက်မှာ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည် နတ်ဆိုးမှော်သားရဲ အုံကြွချိန် အသေအပျောက် ပြင်းထန်သော်လည်း အမာခံ နှစ်ဦးနှင့် သူတို့နောက်လိုက်လာသော ပညာရှင်များမှလွဲ၍ စတေးခံရသော တပည့်များသည် သာမန်တပည့်များ ဖြစ်နေခဲ့သည် ။
ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းဆောင်ရည်က ပိုထူးခြားလေလေ တခြားဂိုဏ်းများက သူတို့အား တိတ်တဆိတ် ကြောက်ရွံ့လာလေ ဖြစ်သည် ။ ဤသည်က ကျင့်ကြံသူများ၏ ဆန္ဒဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်ပါ ။ လူတိုင်းသည် သေမျိုးလောက၌ ခမ်းနားသောကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးရန် လက်တွဲခဲ့ကြသည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းက ကျောက်မျိုးနွယ်စု၏ အစီအစဉ်ဟု ဆိုသော်လည်း နတ်ဆိုးမှော်သားရဲ ကပ်ဘေးပြီးနောက် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းက ထိုရန်ငြိုးကို ဖြေဖျောက်ခြင်း ရှိမရှိ မည်သူမှ မသေချာပါ ။ ထို့ကြောင့် သူတို့ သတိထားနေရသည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း ပိုအစွမ်းထက်လေလေ လူတိုင်းက သူတို့အား ပိုကြောက်လေလေ ဖြစ်သည် ။
ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည် ထိုအရာကို သတိမထားမိဟန်တူသည် ။ တခြားသူများသည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းအပေါ် သူတို့၏ မကျေနပ်မှုများကို လစ်ဟပြရန် မဖြစ်နိုင်ပါ ။ ဤအချိန် နတ်ဆိုးမှော်သားရဲများကို တန်ပြန်တိုက်ခိုက်ရာတွင် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ အမည်ခံ ခေါင်းဆောင်ကို လိုအပ်နေခဲ့သည် ။
လူတိုင်းက ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းမှာ ကြီးလေးသော တာဝန်ကို ထမ်းပိုးသင့်ကြောင်း အသိအမှတ်ပြုထားသောကြောင့် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းသည်လည်း ဘာမှမဖုံးကွယ်နိုင်တော့ပေ ။ သူတို့သည် သူတို့ တက်စွမ်းသမျှ အစွမ်းကုန် လုပ်ဆောင်ပေမည် ။ သူတို့သည် ဂိုဏ်းတချို့က ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းဝင်များကို တတိတိ တိုက်စားရန် နတ်ဆိုးမှော်သားများကို သုံးစပြုလာသည်ကို သတိမပြုမိခဲ့ကြပေ ။
တစ်ဖက်တွင် ၊ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ စွမ်းဆောင်ရည် ပိုထူးခြားလေလေ ၊ ထိုအရာအားလုံးကို စီစဉ်ထားသော ကျောက်မျိုးနွယ်စုက သူတို့အား ပိုမုန်းတီးလေ ဖြစ်သည် ။ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို လုပ်ရန် ကျောက်မျိုးနွယ်စုက ဘာစီစဉ်ထားမှန်း မမြင်နိုင်သော်လည်း အနာဂတ်တွင် ဖြစ်လာမည်မှာ သိသာသည် ။
တချို့အရာများသည် သိမ်မွေ့စွာ ဖြစ်ပျက်ခဲ့ပြီး ဤအပြောင်းအလဲကို မည်သူမှ သတိမပြုမိဟန်တူသည် ။ သို့သော် တစ်နေ့နေ့တွင် လူတိုင်း လည်ပြန်ကြည့်သောအခါ အခြေနေသည် ဤအဆင့်ထိ တဖြည်းဖြည်း တိုးတက်လာသည်ကို တွေ့ကြပေမည် ။
ဒေါသပေါက်ကွဲမည့်နေ့ အမြဲရှိပေမည် ။ ဤနေ့တွင် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း အငိုက်ဖမ်းခံရသည် ။ ထိုအင်အားစုသည် ဘယ်ကလာမှန်း မသိသော်လည်း ချီပင်တောင်တန်းရှိ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ ဂိုဏ်းခွဲကို ရုတ်တရက် တိုက်ခိုက်လေတော့သည် ။
ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း ချီပင်းတောင်တန်းဂိုဏ်းခွဲသည် ယခုအခါ ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းချုပ်၏ တည်နေရာ ဖြစ်သည် ။ ၎င်းသည် ဂိုဏ်းဌာနချုပ်ကဲ့သို့ ဖြစ်၏ ။ တိုက်ခိုက်သူများသည် ဂိုဏ်းခွဲတစ်ခုလုံးကို တစ်ရှိန်ထိုး ချေမှုန်းရန် မဖြစ်နိုင်မှန်း သိထား၏ ။ ထို့ကြောင့် အစကတည်းက သူတို့၏ ပန်းတိုင်သည် ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးရန် မဟုတ်ဘဲ တတ်နိုင်သမျှ ဖျက်ဆီးရန် ဖြစ်သည် ။
တိုက်ခိုက်သူအားလုံး ဆန်းကြယ်အင်မော်တယ်များ ဖြစ်သည် ။ သူတို့သည် သူတို့၏ ရုပ်သွင်နှင့် အရှိန်အဝါကို ဖုံးကွယ်ထား၏ ။ သူတို့ တိုက်ခိုက်ချိန် ညှာတာမနေခဲ့ပေ ။ သူတို့ တိုက်ခိုက်ပြီးနောက် ချက်ချင်း ထွက်သွားကြပြီး ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ သာမန်တပည့် ရာပေါင်းများစွာအား သတ်ဖြတ်ခဲ့သည် ။ ဂိုဏ်းခွဲတစ်ခုလုံး ပရမ်းပတာ ဖြစ်နေပြီး လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြ၏ ။
ဂိုဏ်းချုပ်ဝမ်က အကြီးအကဲတစ်စုကို ချက်ချင်း လှုပ်ရှားစေသည် ။ ပညာရှင်များစွာ၏ အကူအညီဖြင့် နောက်ဆုံးတွင် အခြေနေ တည်ငြိမ်သွား၏ ။ ထို့နောက်တွင် သူတို့ စတင် စူးစမ်းတွက်ချက်ကြသည် ။ စုံစမ်းစစ်ဆေးမှုရလဒ် ထွက်လာချိန် ဤတိုက်ခိုက်မှုမှာ ကာဗာတစ်ခုသာ ဖြစ်ကြောင်း အမာခံ အကြီးအကဲများစွာ ရှာတွေ့သွားခဲ့သည် ။ တကယ့်ပစ်မှတ်က တခြားနေရာ ဖြစ်၏ ။
တိုက်ခိုက်သူများတွင် ပန်းတိုင်နှစ်ခု ရှိ၏ ။ တစ်ခုမှာ နတ်ဆိုးမှော်သားရဲများ၏ သတ်ဖြတ်ခံရပြီး လုံခြုံသော နေရာတွင် နတ်ဘုရားခန်းဝါ ကျောက်စိမ်းအကူဖြင့် ပြန်လည်မွေးဖွားလာသော ဆန်းကြယ်ကောင်းကင်ဘုံဂိုဏ်း၏ အန္တိမ မဟာပညာရှင်များ ဖြစ်သည် ။ တခြား တစ်ခုမှာ ညှင်းပန်းနှိပ်စက်ခံနေရသေးသည့် လူအများ မေ့တေ့တေ့ ဖြစ်နေသော ယန်စီ ဖြစ်သည် ။
🔹စဆုံးဖတ်ရန်လင့်ခ်👇