1636
Out Ber#အင်မော်တယ်ကွပ်မျက်သူ အပိုင်း ( ၁၆၃၆ )
နောက်ထပ် မိုးကြိုးကပ်ဘေးကို ကြုံတွေ့ပြီးနောက် ၊ ရွှေခန္ဓာကျမ်းမှ သယ်ဆောင်လာသော ခန္ဓာတောင့်တင်းမှုများ သက်သာသွားသည်ကို ယန်ချန် သတိပြုမိသည် ။
ယန်ချန်သည် လတ်တလောတွင် နှစ်ခုကြား နှိုင်းယဉ်နိုင်ပုံ မပေါ်သောကြောင့် သူ့ ရွှေခန္ဓာကျမ်းကို ဖော်ညွှန်းရန် ဟွမ်ကျင်းခန္ဓာ နယ်ပယ်ကို မသုံးခဲ့ပေ ။
ကုသိုလ်ပွားနည်းကို သုံးပြီးနောက် ရွှေခန္ဓာကျမ်းကို ကျင့်စဉ်များစွာဖြင့် သဟဇာတဖြစ်အောင် ပေါင်းစည်းထားသည်ကို ရှာတွေ့ခဲ့သည်က ယန်ချန်ကို မျှော်လင့်ချက် မြင့်မားစေခဲ့သည် ။ သူ့ ကျင့်ကြံမှုနယ်ပယ်သည် ဟွမ်ကျင်းခန္ဓာ ကျင့်စဉ် အဆင့်ကို ချန်ထားခဲ့ပြီး အရင်အခြေနေများနှင့် မတူတော့ပေ ။
ယခင်က ယန်ချန်သည် ဟွမ်ကျင်းခန္ဓာကို ကျင့်ကြံထားသော်လည်း ဟွမ်ကျင်းခန္ဓာ ကျင့်စဉ်သည် အင်မော်တယ်လောကရှိ အစေခံများအတွက် ခန္ဓာကျင့်စဉ်မျှသာ ဖြစ်ကြောင်း ယန်ချန် ကောင်းကောင်းသိပေသည် ။ သေမျိုးလောကတွင် မှော်ဆန်သော ကျင့်စဉ်တစ်ခု ဖြစ်သော်လည်း အင်မော်တယ်လောကတွင် ကမ္ဘာဆွဲငင် ခွန်အားအထိ ကျင့်ကြံနိုင်မှသာ လူများက အလေးထားပေမည် ။
သူသာ ကောင်းကင်ပင့်တင် ခွန်အားနယ်ပယ်ထိ တကယ် ရောက်နိုင်ခဲ့ပါက ကြီးမြတ်သော မူလရွှေအင်မော်တယ်များကြားတွင် အတားအဆီးမဲ့ လျှောက်သွားနိုင်သည်ဟု မပြောရဲသော်လည်း မည်သူမှ အလွယ်တကူ ရန်စရဲလိမ့်မည် မဟုတ်ပါ ။
ကံဆိုးစွာဖြင့် ၊ ဟွမ်ကျင်းခန္ဓာ ကျင့်စဉ်သည် အလွန်အစွမ်းထက်သော်လည်း နိမ့်ကျသော အစေခံများသာ ကျင့်ကြံနိုင်သည့် ခန္ဓာကျင့်စဉ်တစ်မျိုး ဖြစ်နေသေးသည် ။ နိမ့်ကျဖို့ ဖြစ်တည်လာသော ကျင့်စဉ်မျိုး ဖြစ်ပြီး အများသူငှာ မသုံးကျပေ ။
ယန်ချန်သည် ဟွမ်ကျင်းခန္ဓာကို သေမျိုးလောကတွင် စတင်ကျင့်ကြံခဲ့၏။ သူ့ ကျင့်ကြံမှုနယ်ပယ်သည် အလယ်အလတ် ကမ္ဘာဆွဲငင် ခွန်အား အဆင့် ရောက်နေပေပြီ ။ သူသည် ခန္ဓာကျင့်စဉ် အုတ်မြစ်ဖြင့် သေမျိုးလောကတွင် ပြိုင်ဘက်ကင်းနိုင်သော်လည်း နောင် အင်မော်တယ်လောက သွားသောအခါ ထိုကဲ့သို့ စကားမပြောနိုင်သော အရှက်တရားကို ရင်ဆိုင်ရပေမည် ။
ယခု ရွှေခန္ဓာကျမ်း ဖြစ်တည်လာ၏ ။ ခန္ဓာသန့်စင်သော ပညာရပ်သည်လည်း အရည်အသွေး ကောင်းမွန်လာပုံရသည် ။ ကုသိုလ်ပွားနည်း၏ အကျိုးဆက်နှင့် ရွှေခန္ဓာကျမ်းဖြင့် ယန်ချန်၏ ခန္ဓာကိုယ်သည် ရွှေကိုယ်ထည်အဖြစ် အမှန်တကယ် ပြောင်းသွားပုံရသည် ။ ထိုအရာကို တွေးကြည့်တော့ လူတို့အား မျှော်လင့်ချက်ကြီးမားစေသည် ။ ရွှေခန္ဓာကျမ်းသည် ဘယ်လောက် အစွမ်းထက်မည်လော…။
သို့သော် ချို့ယွင်းချက်တချို့ ရှိနေသေး၏ ။ အနည်းဆုံးတော့ ခွန်းအားတိုးမှုအပိုင်းတွင် ဟွမ်ကျင်းခန္ဓာကျင့်စဉ်ကဲ့သို့ ရွှေခန္ဓာကျမ်းက ထင်ထင်ရှားရှား မရှိခဲ့ပေ ။
သို့တိုင် ရွှေခန္ဓာကျမ်းသည် ဟွမ်ကျင်းခန္ဓာ ကျင့်စဉ်အဆင့်အောက် မနိမ့်ကျနိုင်ပေ ။ အများစုမှာ ရွှေခန္ဓာကျမ်းကို ကျင့်ကြံခြင်းဖြင့် ယန်ချန်၏ ကာယခွန်အားသည် ကောင်းကင်ပင့်တင် ခွန်အား နယ်ပယ်သို့ တဖြည်းဖြည်း စုပုံလာပေမည် ။ သို့သော် ထိုအရာအပေါ် အခြေခံ၍ မတိုးတက်နိုင်ပေ။ ယင်းအား ယန်ချန် လက်ခံနေသေးသည် ။
နောက်ရက်များသည် ငြိမ်သက်ပြီး ထူးထူးခြားခြား မရှိပေ ။ ယန်ချန်သည် ခရုရေအောက်နန်းတော်ထဲတွင် အေးအေးဆေးဆေး ကျင့်ကြံနေခဲ့သည် ။ ဝိညာဉ်လောက၌ လူတစ်ဦး၏ ကျင့်ကြံမှုကို ပြန်လည်ရယူရာတွင် သေမျိုးလောကထက် စိတ်ဝိညာဉ်ဖိအား အဆများစွာ ပြင်းထန်မှုကြောင့် ရိုးစင်းပုံပေါ်သော်လည်း ခြေတစ်လှမ်းထဲဖြင့် ကောင်းကင်ဘုံရောက်ရန် မလွယ်ကူပေ ။ ယန်ချန်သည် သခင်မ ဖန်းဟွာ၏ မာယာတစ်သောင်းကျင့်စဉ်ကို မကျင့်ကြံထားသည့်အားလျော်စွာ သူ့ ကျင့်ကြံမှုအခြေခံကို တစ်ဆင့်ချင်းသာ လုပ်ဆောင်ရပေမည် ။
ခရုရေအောက်နန်းတော်၏ တည်နေရာကို ဝှက်ထား၏ ။ အမှတ်တံဆိပ်ပြား မပါဘဲ သဲလွန်စရှာရန် မဖြစ်နိုင်ပေ ။ ယန်ချန်သည် ဤနေရာတွင် တစ်ကိုယ်တည်း ကျင့်ကြံနေလျှင်တောင် လုံခြုံဘေးကင်းရန် ပြဿနာ မရှိပါ ။ အထူးသဖြင့် သူ့ဘေးတွင် လင်းယွမ်ကျန့် ရှိနေသဖြင့် စိတ်ပူစရာ မလိုပေ ။
ယန်ချန်၏ တည်ငြိမ်အေးဆေးသော ကျင့်ကြံမှုနှင့် နှိုင်းယှဉ်ပါက အပြင်လောကတွင် လှိုင်းထန်နေ၏ ။ လွန်ခဲ့သော နှစ်ငါးဆယ်အတွင်း ကျင့်ကြံသူများဘက်မှ နတ်ဆိုးမှော်သားရဲ ဒီရေအတွင်း မကြာခဏ ဝင်ရောက်ကာ မူလ ဆုံးရှုံးသွားသော နယ်မြေတချို့ကို ပြန်လည်ရရှိခဲ့သည် ။ ကျင့်ကြံသူများသည် နတ်ဆိုးမှော်သားရဲများ မောင်ပိုင်းစီးထားသော နယ်မြေစက်ဝိုင်းကို အနည်းဆုံး မိုင်တစ်သောင်းအထိ ပြန်လည်တွန်းထုတ်နိုင်ခဲ့သည် ။ ဤအခြေနေကိုကြည့်လျှင် ဆုံးရှုံးသွားသော မြေယာများကို ပြန်လည်ရရှိရန် အချိန်တစ်ခုသာ ဖြစ်သည် ။
လုံလုံလောက်လောက် သန်မာပြီး သတ္တိရှိသော ကျင့်ကြံသူများသည် ဤနတ်ဆိုးမှော်သားရဲများကို အမဲလိုက် သတ်ဖြတ်ပွဲမှ အကျိုးကျေးဇူးများစွာ ရခဲ့ကြသည် ။ နတ်ဆိုးမှော်သားရဲများထံမှ ရသော တိုက်ပွဲအတွေ့အကြုံနှင့် စစ်ပွဲရိပ်သိမ်းမှုများက ဝိညာဉ်လောကရှိ နတ်ဆိုးမှော်သားရဲ ကပ်ဘေးကို မျှော်ကြည့်ရန် လုံလောက်ပေသည် ။
လုံလုံလောက်လောက် မသန်မာသလို ၊ ကံမကောင်းသူတချို့လည်း ရှိနေသေးသည် ။ သူတို့သည် နတ်ဆိုးမှော်သားရဲ ဒီရေတွင် တိတ်တဆိတ် နှစ်မြှုပ်သွားကာ သူတို့၏ အလောင်းများလည်း မကျန်ရစ်ခဲ့ပေ ။
နတ်ဆိုးမှော်သားရဲ ကပ်ဘေးသည် နတ်ဆိုးမှော်သားရဲ ကပ်ဘေးတစ်ခု ဖြစ်သည် ။ ကြောက်စရာကောင်းလောက်အောင် မဖြစ်ခဲ့ပါက ကျင့်ကြံသူများ လက်ခံနိုင်မည်လော… ။ ခံစားချက်မဲ့ ဂရုဏာကင်းကာ သတ်ဖြတ်ရန်သာသိသော ထိုနတ်ဆိုးမှော်သားရဲများရှေ့တွင် အနည်းငယ်မျှ မလုံလောက်မှုက သူတို့အသက်ကို ဆုံးရှုံးစေပေမည် ။ ၎င်းသည် နတ်ဆိုးမှော်သားရဲကပ်ဘေး မဟုတ်ပါက နတ်ဆိုးမှော်သားရဲ ကပ်ဘေးကား အဘယ်လော… ။
သို့သော် ဒီရေ မည်မျှ လှိုင်းထန်နေပါစေ ၊ ဒီရေအား တားဆီးသူဖြစ်လာသော ထူးချွန်သူတချို့ အမြဲရှိပေမည် ။ ထိပ်တန်းဂိုဏ်းကြီးများသည် နာကျင်ဖွယ် အတွေ့အကြုံများမှ သင်ခန်းစာယူပြီးနောက် ၊ နောက်ဆုံးတွင် သူတို့၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာကို ထုတ်ဖော်ပြသကာ လူတို့အား သူတို့၏ စစ်မှန်သော ခွန်အားကို မြင်ခွင့်ပေးခဲ့သည် ။ မှန်ပေသည် ။ ဤအရာအားလုံး နတ်ဆိုးမှော်သားရဲများကို ပစ်မှတ်ထားခဲ့သည် ။
နတ်ဆိုးမှော်သားရဲဒီရေသည် ဝိညာဉ်လောက တစ်ဝက်ကျော်ကို နင်းဖြတ်သွား၏ ။ တိတိကျကျ ပြောပါက ဝိညာဉ်လောက၏ ကိုးဆယ့်ကိုးရာခိုင်နှုန်းကို နင်းခြေသွားခဲ့သည် ။ ဂိုဏ်းငယ်လေးများကို အသာထား ၊ ထိပ်တန်းဂိုဏ်းကြီးများ၏ ဂိုဏ်းဌာနချုပ် တည်နေရာများကိုပင် မကယ်တင်နိုင်ခဲ့ပေ ။ ထိုအရာအားလုံး ဆန်းကြယ်အင်မော်တယ်အဆင့် နတ်ဆိုးမှော်သားရဲများ၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှု ပထမလှိုင်းတွင် ဖျက်ဆီးခံခဲ့ကြရသည် ။
ထိပ်တန်းဂိုဏ်းကြီးများထဲတွင် ချီပင်းတောင်တွင် ဂိုဏ်းခွဲရှိသော တာအိုဂိုဏ်းကြီးငါးဂိုဏ်းသာ လွတ်မြောက်ခဲ့သည် ။ တခြားဂိုဏ်းမှာ မိစ္ဆာနယ်မြေရှိ ယင်ယန်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲနေရာ ဖြစ်သည် ။ ယင်ယန်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းခွဲနေရာကို ယန်ချန် စီစဉ်ပေးထားခြင်းပင် ။ နောက်ပိုင်းတွင် သခင်မ ဖန်းဟွာက ကြီးကြပ်ခဲ့သည် ။ ယခုတော့ ဂိုဏ်း၏ ခြေကုပ်ယူရာ နေရာဖြစ်လာသည် ။
တခြားထိပ်တန်းဂိုဏ်းကြီးများသည် ယခုအခါ နယ်မြေမဲ့ ဆင်းရဲနွမ်းပါးသော လေလွင့်သူများ ဖြစ်လာသည် ။ အစောပိုင်းအဆင့်တွင် သူတို့၏ နယ်မြေမှ ထွက်ခွာရန် အခက်အခဲကို ကျော်လွှားပြီးနောက် ၊ ထိပ်တန်းဂိုဏ်းကြီးများသည် နောက်ဆုံးတွင် သူတို့၏ နယ်မြေကို ပြန်လည်ရယူရန် နတ်ဆိုးမှော်သားရဲ ဒီရေကို တွန်းလှန်တိုက်ခိုက်ကြတော့သည် ။ မည်သည့်တန်ဖိုး ပေးချေရပါစေ ၊ သူတို့၏ မူလနယ်မြေကို ပြန်လည်ရရှိရပေမည် ။
တကယ်တော့ ဝိညာဉ်လောကရှိ ဂိုဏ်းများ ကိုးဆယ့်ကိုး ရာခိုင်နှုန်းသည် သူတို့၏ နယ်မြေမှ ထွက်ခွာလာသည့် ဒုက္ခသည်များ ဖြစ်လာပြီး ပြဿနာများစွာ ဆက်တိုက် ဖြစ်ပေါ်စေခဲ့သည် ။
ပထမအချက်မှာ လက်ရှိ ဖြေရှင်းမှု ဖြစ်သည် ။ ကံကောင်းထောက်မစွာဖြင့် ၊ ထိခိုက်မှုမရှိသော ဒေသများတွင် ကျင့်ကြံသူများစွာ စုဝေးနေပုံရသည် ။ ဤပြင်ပ ကျင့်ကြံသူများသည် နယ်မြေ၏ မူလပိုင်ရှင်ကို အလွန်လေးစားကြပြီး အနိုင်ကျင့်ခြင်းနှင့် လုယက်မှုများ မလုပ်ခဲ့ပေ ။
အခြေချပြီးသောအခါ ကျင့်ကြံသူများ ကျင့်ကြံချိန် တန်ပေပြီ။ လူများလွန်းပြီး နေရာနည်း၏ ။ တစ်ခါတစ်ရံတွင် ကျင့်ကြံသူ အများအပြားအတွက် စိတ်ဝိညာဉ်စွမ်းအင်ကြောများ မလုံလောက်သောကြောင့် လူတိုင်း သည်းခံနေကြရသည် ။
ဤကိစ္စတွင် ချီပင်းတောင်တန်း ၊ ဆည်းဆာချောက်ကမ်းပါးနှင့် လင်းယွမ်မြစ်ပေါ်ရှိ ကျင့်ကြံသူများသည် ကံအကောင်းဆုံး ဖြစ်သည် ။ သန့်စင်ယန်နန်းတော်သည် ဤကျက်တီးမြေတွင် ကောင်းကင်အင်မော်တယ်အဆင့် စိတ်ဝိညာဉ်စွမ်းအင်ကြောများစွာ တွေ့ရှိခဲ့သည် ။ လီဟန်ပင်လယ်၏ စိတ်ဝိညာဉ်စွမ်းအင်ကြော တချို့နှင့်အတူ ကျင့်ကြံသူများစွာသည် ပုံမှန်အတိုင်း ကျင့်ကြံရန် လုံလောက်ပေသည် ။ သဘာဝအတိုင်း ၊ ဤဒေသရှိ ကျင့်ကြံသူများ၏ ခွန်အားသည်လည်း အစွမ်းထက်ဆုံး ဖြစ်သည် ။
မွေးရပ်မြေကို စွန့်ခွာခဲ့ရသူတိုင်း၏ ပြဿနာကြီးမှာ မူလ ဆုံးရှုံးသွားသော နယ်မြေကို မည်သူ ပိုင်ဆိုင်မည်လော ။ အောင်နိုင်သူ ပိုင်ဆိုင်မှာလား ။ သို့မဟုတ် မူလပိုင်ရှင်ကို လေးစားမည်လော… ။ နယ်မြေကို နတ်ဆိုးမှော်သားရဲများ သိမ်းပိုက်ထားလျှင်တောင် မူလဂိုဏ်း၏ နယ်မြေအဖြစ် ဆက်ရှိနေမည်လော… ။
ဤကိစ္စကို ထိပ်တန်းဂိုဏ်းကြီးများသာ ပြောဆိုခွင့်ရှိ၏ ။ တခြားသူများသည် ပြောစရာ နေရာမရှိသလို ပြောလည်း မပြောဝံ့ကြပေ။ ထိုထိပ်တန်းဂိုဏ်းကြီးများ ဘာတွေးနေသည်ကို မည်သူ သိမည်လော။ သူတို့ ပြောမိသည်နှင့် စီနီယာကြီးများနှင့် မဟာပညာရှင်များကို စော်ကားရာရောက်ပြီး နတ်ဆိုးမှော်သားရဲ ဒီရေတွင် ဘာမှန်းမသိ သေသွားနိုင်သည် ။ ဆုံးရှုံးမှုက တန်ဖိုးရှိလိမ့်မည် မဟုတ်ပါ ။ ပုဂ္ဂိုလ်ကြီးများ ကိုယ်တိုင်ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ချိန်ကို စောင့်သည်က ပိုကောင်း၏ ။
ထိပ်တန်းဂိုဏ်းကြီးများ၏ သံတမန်များသည် အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် နောက်ဆုံးတွင် နိဂုံးချုပ်သွားကြသည် ။ အကြင်သူ၏ နယ်မြေသည် မူလနယ်မြေ ဖြစ်သည် ။ မည်သူ သိမ်းပိုက်ထားပါစေ မူလဂိုဏ်းကို ပြန်ပေးရပေမည် ။ သို့သော် တစ်ဂိုဏ်းလုံး မျိုးဖြုတ်သုတ်သင်ခံလိုက်ရသော နယ်မြေများကိုမူ ချန်လှပ်ထားခဲ့သည် ။
🔹စဆုံးဖတ်ရန်လင့်ခ်👇