1635

1635

Out Ber

#အင်မော်တယ်ကွပ်မျက်သူ အပိုင်း ( ၁၆၃၅ ) 


 စစ်ချမ်ချိုးနှင့် ကူကျစ်ရှန့်သည် အမှောင်ထဲတွင် ပုန်းနေသော ထိုဂိုဏ်းလေးကို ဒေါသတကြီး အမှုန့်ကြိတ်ပစ်ချင်နေကြသည် ။ လတ်တလောတွင် သူတို့၏ ပန်းတိုင်ကို အတည်မပြုနိုင်သော်လည်း သခင်မလေးနှင့် ဆက်နွယ်နေမည်မှာ မေးစရာမလိုပေ ။ လျှို့ဝှက်သူလျှိုအဖြစ် စောစောစီးစီး ဝင်လာခြင်းသည် ကောင်းသောအရာ မဟုတ်သည်မှာ သေချာ၏ ။ 


 တခြားဂိုဏ်းများတွင်လည်း ပြန့်ကျဲ ပုန်းအောင်းနေသောကြောင့် သူတို့အား တစ်ရှိန်ထိုးဖမ်းရန် အလွန်ခက်၏ ။ သို့သော် ထိုလူများ၏ တည်နေရာကို ဖမ်းဆုပ်ရန်မှာ အသေးအဖွဲသာ ဖြစ်သည် ။ 


 ထိုဂိုဏ်းလေးသည် ယခုအချိန်ထိ ယန်ချန်ကိုသာ ပစ်မှတ်ထားခဲ့ပြီး သူတို့၏ သခင်မလေးကို ဘာမှမလုပ်ရသေးသော်လည်း ဤအသေးအဖွဲ ပြဿနာလေးကို မဖြေရှင်းပါက အဘွားစစ်တို့ စားဝင်အိပ်ပျော်နိုင်မည် မဟုတ်ပါ ။ နောက်ဆုံးအားကိုးရာအဖြစ် သူတို့သည် အကူအညီတောင်းရန် အကြီးအကဲဝူရှုံးကိုသာ လှည့်ကြည့်နိုင်သည် ။ 


  အကြီးအကဲဝူ ထိန်းချုပ်ထားသော ရတနာတစ်သောင်းမျှော်စင်သည် စတင်တည်ထောင်ချိန်ကလို အသေးအဖွဲ မဟုတ်တော့ပါ ။ လန်ရင်၏ သူငယ်ချင်းများဖြင့် ယန်ချန်ပေးသော ကျွီဖုစီးပွားရေးလုပ်ငန်း၏ ပိုင်ဆိုင်မှုများနှင့်အတူ ၊ အကြီးအကဲဝူသည် ကြီးမားသော စီးပွားရေးနှင့် ထောက်လှမ်းရေးကွန်ယက်ကို တည်ထောင်ခဲ့သည် ။ 


  ယန်ချန်၏ ကြိုတင်စီစဉ်မှုအောက်တွင် ရတနာတစ်သောင်းမျှော်စင်သည် နတ်ဆိုးမှော်သားရဲကပ်ဘေး မတိုင်မီ နေရာအနှံ့ ပြန့်ကျဲနေသော ပိုင်ဆိုင်မှုများနှင့် ဝန်ထမ်းများကို လင်းယွမ်မြစ်နှင့် ဆည်းဆာချောက်ကမ်းပါးဆီ ပြန်ရွေ့ပြောင်းစေခဲ့သည် ။ သန့်စင်ယန်နန်းတော်၏ ပိုင်နက်တွင် နေရာတိုင်းနီးပါး ကျယ်ပြန့်သော ထောက်လှမ်းရေးကွန်ယက်တစ်ခုကို ဖွဲ့စည်းခဲ့သည် ။ 

  

  အကြီးအကဲဟန်သည် ယန်ချန်ကို ပစ်မှန်ထားရန် စိတ်ကူးမှာ ရုတ်တရက် ဝင်လာခြင်းပင် ။ ရတနာတစ်သောင်းမျှော်စင်သည် ကြိုသိရန် နည်းလမ်း မရှိသော်လည်း လင်းယွမ်မြစ်နှင့် ဆည်းဆာချောက်ကမ်းပါးတွင် ရောနှောနေသော ကျင့်ကြံသူများကို ရတနာတစ်သောင်းမျှော်စင်က ရှာချင်သရွေ့ ရှာနိုင်သည် ။ ဤနှစ်နေရာတွင် ကျင့်ကြံသူ ဆယ်သန်းကျော် စုဝေးနေလျှင်တောင် အတူတူ ဖြစ်သည် ။ 


 ဤနှစ်နေရာတွင် စုဝေးနေသော ကျင့်ကြံသူများသည် သန့်စင်ယန်နန်းတော်၏ အိမ်ငှားများဟု ဆိုနိုင်သည် ။ သန့်စင်ယန်နန်းတော်၏ အမာခံ အကြီးအကဲများက ဂိုဏ်းဝင်နှစ်ရာကျော်ရှိသော ဂိုဏ်းလေးတစ်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းရန် ဆုံးဖြတ်သောအခါ သန့်စင်ယန်နန်းတော်ကို ကျေးဇူးကြွေးပြန်ဆပ်ရန် ကျင့်ကြံသူမည်မျှ အခွင့်အရေး ယူချင်မှန်း မသိနိုင်ပါ ။  


  သန့်စင်ယန်နန်းတော်သည် ဆန်းကြယ်အင်မော်တယ်များစွာ စေလွှတ်စရာ မလိုပေ ။ အကြီးအကဲဝူရှုံးက ယန်ချန်ကို တိုက်ခိုက်သော လူသတ်သမားကို တွေ့ရှိကြောင်း ဂိုဏ်းအငယ်အား ပစ်မှတ်ထားပြီး သတင်းထုတ်ပြန်ရန်သာ လို၏ ။ အနည်းဆုံး ဆန်းကြယ်အင်မော်တယ် ဒါဇင်များစွာသည် ယန်ချန်အတွက် တရားမျှတမှု ရှာဖွေရန် ရှေ့ထွက်လာကြသည် ။ 


  အန္တိမ မဟာပညာရှင်များစွာ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ဂိုဏ်းငယ်လေး၏ ဂိုဏ်းဝင်အားလုံးကို ဖမ်းမိခဲ့သည် ။ စစ်ချမ်ချိုးနှင့် ကူကျစ်ရှန့်တို့သည် သူတို့၏ ပါးစပ်မှ သူတို့၏ ရည်ရွယ်ချက်ကို သိသွားကြသည် ။ 


 ဤသည်က ကျိုးရှန်းရင်၏ ဖခင်ကြောင့် ဖြစ်သည် ။ ထိုလူများသည် မူလက သူတို့၏ အသိုင်းအဝန်းထဲ ရောနှောကာ အင်မော်တယ်လောကတက်ရန် ကျိုးရှန်းရင်၏ ဆက်ဆံရေးကို သုံးပေမည် ။ ထို့နောက် သူတို့သည် ကျိုးရှန်းရင်ဖခင်၏ အဖွဲ့နှင့် တခြားအဖွဲ့ခွဲများဆီ ရောနှောပူးပေါင်းကြပေမည် ။ 


 ဤသည်က အင်မော်တယ်လောကရှိ ပုဂ္ဂိုလ်ကြီးနှစ်ယောက်၏ တိုက်ပွဲသက်သက်သာ ဖြစ်၏ ။ ယန်ချန်နှင့် ဘာမှမဆိုင်ပေ ။ ဤတစ်ကြိမ် အကြီးအကဲဟန်သည် သူ့တစ်ကိုယ်ရေအကြောင်းပြချက်ဖြင့် လုပ်ခဲ့သည် ။ ယန်ချန်ကား အလွန်ဆွဲဆောင်အားကောင်းသော ငွေတွင်းကြီးပင် ။ ထို့ကြောင့် သူသည် ဤတိုက်ခိုက်မှုကို စတင်ရန် သူ့နှင့် ရင်းနှီးသော တခြားအဖော်တစ်ယောက်နှင့် သီးသန့်လက်တွဲခဲ့သည် ။ 


 ဤအချက်ကို အတည်ပြုပြီးနောက် စစ်ချမ်ချိုးတို့ လေအေးတစ်ချက် ရှူရှိုက်လိုက်မိကြသည် ။ တစ်ချိန်တည်းတွင် သူတို့ အလွန်ကံကောင်းသလို ခံစားမိလိုက်ကြသည် ။ ယန်ချန်၏ အခြေနေကို မြင်ပြီး အကြီးအကဲဟန်၏ လောဘကြောင့်သာ မဟုတ်ပါက အင်မော်တယ်လောကရောက်ချိန် ဤချိန်ကိုက်ဗုံး ကွဲသွားနိုင်သည် ။ ထိုအချိန်၌ ကိုင်တွယ်ဖြေရှင်းရန် ဤမျှ မလွယ်ကူတော့ပေ ။ 


 ၎င်းသည် သန့်စင်ယန်နန်းတော်၊ ကျောက်မျိုးနွယ်စုနှင့် ထိပ်တန်းဂိုဏ်းကြီးများ၏ အစီအစဉ်များကို ပစ်မှတ်ထားခြင်း မဟုတ်ပါ ။ ဤနည်းအားဖြင့် မှားယွင်းသော အချက်ပေးသံဟုသာ မှတ်ယူနိုင်သည် ။ လမ်းခရီးတွင် ယန်ချန်၏ ခရီးအနည်းငယ် ကြန့်ကြာမှုကလွဲ၍ တခြားအကျိုးဆက်များ မရှိသဖြင့် ကောင်းသော အရာဟုသာ မှတ်ယူနိုင်သည် ။ 


  နောက်ဆုံးတွင် ယန်ချန်သည် ကောင်းကင်ကပ်ဘေး ရောက်လာမည့်အချိန်ကို စောင့်နေခဲ့သည် ။ သူ့စိတ်ဝိညာဉ်စွမ်းအင် ကျင့်ကြံမှုကား စိတ်ဝိညာဉ်အဆင့် ကျော်လွန်သွားပေပြီ ။ သူက ကောင်းကင်ကပ်ဘေး ရောက်လာချိန်ကို စောင့်နေရုံသာ ။


  ကောင်းကင်ကပ်ဘေး အခန်းထဲတွင် ယန်ချန် တစ်ယောက်တည်းရှိ၏ ။ ဤနှစ်အတွက် ဆရာဘိုးဘိုးဝမ့်ယုံသည် ခရုရေအောက်နန်းတော်ထဲသို့ မည်သူ့ကိုမှ ဝင်ခိုင်းရန် စီစဉ်မထားပေ ။ သူက ယန်ချန်တစ်ယောက်တည်းကိုသာ အသုံးတော်ခံခဲ့သည် ။ 


 ကောင်းကင်ကပ်ဘေး ဆင်းသက်လာချိန် တည်ငြိမ်နေသော ယန်ချန်တောင် မအံ့ဩဘဲ မနေနိုင်တော့ပေ ။ ကောင်းကင်ကပ်ဘေးအခန်းသည် အလွန်ကြီးပုံ မထင်ရသော်လည်း အတွင်းဝင်သောအခါ နေရာကျယ်သည်ကို သူ သတိပြုမိသည် ။ ဤအခိုက် ကောင်းကင်နှင့် မြေပြင်လို အာကာသထဲတွင် ယန်ချန်ဆီ အရူးအမူးပြေးဝင်လာသည့် တုတ်ခိုင်သော မိုးကြိုးများဖြင့် ပြည့်ကျပ်နေ၏ ။ ယန်ချန်သည် သေမျိုးလောက၌ မိုးကြိုးကပ်ဘေး ဖြတ်သန်းစဉ် ခမ်းနားသောမြင်ကွင်းနှင့် နှိုင်းယှဉ်ပါက အဆများစွာ ပိုပြင်းထန်နေခဲ့သည် ။ 


 ယန်ချန့် တစ်ကိုယ်လုံး မိုးကြိုးနှင့် လျှပ်စီးများလက်သွား၏ ။ တောက်ပနေသော လျှပ်စီးမြွေများက သူ့ကိုယ်ပေါ်တွင် ပျံ့နှံ့သွားကာ မျက်နှာပြင်မှ သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်ဝင်ရောက်သွားသည် ။ ယန်ချန်၏ ခန္ဓာကိုယ်သည်လည်း ဤလျှပ်စီးအိုင်ထဲတွင် ငြိမ်သက်သွား၏ ။ ကာလရှည်ကြာ ပေါ်မလာခဲ့သော ခန္ဓာကိုယ်တွင်း အညစ်အကြေးများ ပြန်ပေါ်လာကာ ခန္ဓာကိုယ်မှ စွန့်ထုတ်ခံရပြန်သည် ။ မိုးကြိုးနှင့် လျှပ်စီးလက်ပြီး ပြန်လည်မွေးဖွားခြင်း၏ ကွက်ကွက်ကွင်းကွင်း မြင်ကွင်းတစ်ခု ဖြစ်သည် ။ 


  ဤသည်က မကြုံစဖူး အတွေ့အကြုံ ဖြစ်သည် ။ ယန်ချန်သည် သူ့အရင်ဘဝ၌ ရွှေအင်မော်တယ် ကောင်းကင်ကပ်ဘေး တွေ့ကြုံဖူးသည့်တိုင် ကောင်းကင်ကပ်ဘေးကြီးတွင် ကိုယ့်ကိုယ်ကို ရေစိမ်သလိုစိမ်ရင်း ခန္ဓာကိုယ်အား လှုံ့ဆော်ဆေးကြောသော ခံစားချက်ကို မခံစားခဲ့ဖူးပေ ။ တကယ်တော့ ယန်ချန်သည် သူ့အရင်ဘဝတွင် ကောင်းကင်ကပ်ဘေး၌ ထိုကဲ့သို့ လုပ်ရန် ခွန်အာမရှိသလို ၊ ဤအဆင့် ကောင်းကင်ကပ်ဘေးမျိုးနှင့်လည်း ရင်ဆိုင်ရန် သတ္တိမရှိပါ ။ ဤဘဝ သေမျိုးလောက၌ပင် ယန်ချန်ထံတွင် ဤယုံကြည်မှုမျိုး မရှိပေ ။ 


 ကိုးကြိမ်ဆက်တိုက် မိုးကြိုးများ ပစ်ခွင်းသွားပြီးနောက် ယန်ချန်၏ တစ်ကိုယ်လုံး သန့်စင်သွားကာ သဘာဝ အခြေနေသို့ ပြန်လည်ရောက်သွားသလို ခံစားရသည် ။ သူ့ စိတ်နေစိတ်ထား ပိုတည်ငြိမ်လာပုံရ၏ ။ အရာခပ်သိမ်း ထိန်းချုပ်နိုင်သည့်အလား လူတို့အား ခိုင်မာသော ယုံကြည်မှုမျိုး ပေးစွမ်း၏ ။ ဤသည်က ဆရာဘိုးဘိုးဝမ်ယုံပင် သူ့ရှေ့ရှိ ယန်ချန်မှာ ယန်ချန် ဟုတ်မဟုတ် အတည်မပြုနိုင်လုနီး ဖြစ်သွားစေခဲ့သည် ။ 


 ကျင့်ကြံမှုကို ဖျက်သိမ်းပြီး အရင်ကထက် ပိုအစွမ်းထက်လာသောလူမျိုးကို သူ မကြားဖူးပေ ။ ယခု ယန်ချန်က သူ့အား ထိုခံစားချက်မျိုး ပေးစွမ်း၏ ။ ဆရာဘိုးဘိုး ဝမ့်ယုံသည် သူမြင်လိုက်ရသမျှ အရာအားလုံး ပုံရိပ်ယောင်အလား တွေးလိုက်မိသော်လည်း ယန်ချန်ကား သူ့ရှေ့တွင် တကယ်ရပ်နေခဲ့သည် ။ ယန်ချန်၏ ကျင့်ကြံမှုတွင် ပြဿနာ ရှိနေသလော… ။ 


 “ ဆရာဘိုးဘိုး စိတ်မပူနဲ့ ။ အားလုံး အဆင်ပြေတယ်” 


  ဆရာဘိုးဘိုး ဝမ့်ယုံ၏ မျက်ဝန်းထဲတွင် သံသယနှင့် စိုးရိမ်ပူပန်ရိပ်တို့ ပြည့်နှက်နေ၏ ။ ယန်ချန်က မြင်တွေ့ခဲ့သည် ။ သူ့နှလုံးသားလေး နွေးထွေးသွား၏ ။ ယန်ချန်က ဆရာဘိုးဘိုး ဝမ့်ယုံကို မမေ့မလျော့ နှစ်သိမ့်ပေးရင်း စိတ်ချလက်ချ အနားယူစေသည် ။ 


  ယခု ယန်ချန်သည် ပြဿနာမရှိရုံမက ပိုသန်မာလာသည်ကို ဆရာဘိုးဘိုးဝမ့်ယုံ ယုံကြည်သွား၏ ။ ဝမ်ယုံတောင် မဖော်ညွှန်းနိုင်သော ခံစားချက်မျိုး ရှိခဲ့သည် ။ စိတ်ဝိညာဉ်အဆင့်သာ ရှိသေးသော ယန်ချန်သည် လူသားအင်မော်တယ်အဆင့် ရောက်နေသော သူ့ထက် ပိုအားကောင်းပုံရသည် ။ တစ်ယောက်ချင်းတိုက်ခိုက်ပါက ဝမ့်ယုံသည် ယန်ချန့် ပြိုင်ဘက် ဖြစ်သည်ဟု မပြောရဲပေ ။ 


 ဤခံစားချက်က အလွန်ဆိုး၏ ။ အနည်းဆုံးတော့ ဆရာဘိုးဘိုး ဝမ့်ယုံအတွက် အလွန်ဆိုး၏ ။ ဆရာဘိုးဘိုး တစ်ယောက်အနေဖြင့် တိုက်ခိုက်ရေးစွမ်းအားတွင် စိတ်ဝိညာဉ်အဆင့် မြေးတပည့်လေးနှင့် တုဖက်ပြိုင်ရန် ယုံကြည်စိတ် မရှိလျှင် သူ့ ကျင့်ကြံမှုတွင် ပြဿနာတစ်ခု ရှိနေပေမည် ။ အနည်းဆုံးတော့ သူ့နှလုံးသားထဲတွင် ပြဿနာတစ်ခု ရှိနေသည် ။ 


 “ ဆရာဘိုးဘိုး… တပည့် တခြား အခွင့်အရေးတွေ ရှိသေးတယ် ။ ဆရာဘိုးဘိုး စိုးရိမ်စရာ မလိုဘူး” 


 ယန်ချန်ကား ဘယ်သူလော… ။ သူက ဝမ့်ယုံ၏ ပြဿနာကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သည် ။ ဤကိစ္စတွင် ၊ သူက ဆရာဘိုးဘိုး၏ ကျင့်ကြံမှုတွင် ပြဿနာဖြစ်ခွင့် မပြုနိုင်သောကြောင့် ချက်ချင်း ရှင်းပြလိုက်သည် ။ 


 ဤသည်က ပြဿနာရှိနေသူမှာ သူ မဟုတ်ကြောင်း ဝမ့်ယုံကို နားလည်စေသည် ။ သို့သော် ယန်ချန်ကား အလွန်မွန်းစတားဆန်လွန်းနေခြင်းပင် ။ အဆုံးသတ်တွင် ဝမ့်ယုံ အလွန်ဝမ်းသာသွား၏ ။ ထိုကဲ့သို့ ဆရာနှင့် ဆရာဘိုးဘိုးထက် သာလွန်သည့် ထက်မြက်သော မြေးတပည့် ရှိသည်က သူ့တပည့်မလေးမှာ သွန်သင်ဆုံးမရာတွင် ထူးကဲပြောင်မြောက်ကြောင်း သက်သေပြနေသည် မဟုတ်ပါလော… ။ 


  ထို့နောက်တွင် ယန်ချန်က ခရုရေအောက်နန်းတော်တွင် နေထိုင်ပြီး လိုအပ်သောအခါ ကောင်းကင်ကပ်ဘေး အခန်းကို သုံးပေမည် ။ ဆရာဘိုးဘိုး ဝမ့်ယုံသည် ဤနေရာမှ ထွက်ခွာကာ သူ့ကျင့်ကြံမှု အားကောင်းစေဖို့ နတ်ဆိုးမှော်သားရဲများနှင့် ပြင်းထန်သော တိုက်ပွဲများကို ပါဝင်ဆင်နွှဲရန် အပြေးအလွှား သွားပေမည် ။


🔹စဆုံးဖတ်ရန်လင့်ခ်👇

https://www.wunzinn.com/bookbyseries?bookbyseries=234

Report Page