10 Study Hacks For Students

10 Study Hacks For Students


📌စာကိုထိထိရောက်ရောက်နဲ့အချိန်တိုအတွင်းဘယ်လိုကျက်ကြမလဲ🤷‍♂️🤷‍♀️

"မြန်မာပြည်မှာရှိတဲ့ ဆယ်ကျော်သက်တွေ ကျောင်းသားကျောင်းသူတွေအကုန်လုံး ကိုယ်လိုချင်တဲ့ university, scholarship, goal ရဖို့ ဘယ်အရာကိုမှ မကျက်မမှတ်ဘဲ မွေးတည်းက အကုန်သိ အကုန်တတ်လာပြီး ရသွားတယ်ဆိုတဲ့သူရှိနိုင်လို့လား? နိုးနော် မကျက်ချင်လည်း ကျက်ကိုကျက်ရမယ်ဆိုတဲ့ စနစ်ထဲ ရောက်နေတဲ့သူတွေချည်းပါပဲ။ ဆိုလိုတာက ဘယ်ပညာရေးလမ်းကြောင်းမှာ ရှိနေရှိနေ အနည်းနဲ့အများက စာပုံမှန်လုပ် ပုံမှန်ကျက်နေမှ ရနိုင်မှာပါ bitter truth လေးတစ်ခုပေါ့🙁"

စိတ်ဝင်စားသွားကြပြီလား ချင်းဂူးတို့ ဒါက ဒီလိုရှိတယ်ကွ သဘာဝဖြစ်စဥ်တစ်ခုလို့ပြောလည်းမမှားနိုင်ဘူးကွ....😛

"စာလုပ်ရမှာပျင်းလိုက်တာ။ ငါစာ မကျက်ချင်ဘူး။" ဆိုပြီး သူငယ်ချင်းတွေ အချင်းချင်းပြောလေ့ရှိကြတယ်ဟုတ် 😏😘

အချင်းချင်း အဲ့လိုရင်ဖွင့်ပြန်တော့လည်း " "စာလုပ်ပါ သူငယ်ချင်းရာ...မင်းအတွက်မင်းလုပ်နေတာပဲ။" ဘာညာဘာညာဆိုပြီး မိဘ ဆရာမသဖွယ်ဆုံးမ‌တရားဟောပေးမယ့် သူငယ်ချင်းအစား " တူတူပဲ ဟျောင့်ရ...ငါလည်း စာမလုပ်ချင်လို့လေလွင့်နေတာ။ အတူတူ ခွေးဖြစ်ကြမယ်🤩" "သူ့ကိုပဲ သတိရနေတယ် စာထဲအာရုံစိုက်လို့မရဘူး" ဆိုပြီး စာမလုပ်ချင်လို့ ရင်ဖွင့်တာကနေ အို...မပြီးတော့တဲ့ ဇာတ်လမ်း MRTV-4 က k-drama ထက် ပိုအရစ်ရှည်တဲ့ ကိစ္စတွေဘက်တောင် ရောက်သွားတတ်သေး...ဟုတ်တယ်ဟုတ် ?😏😌

ငါသာ တစ်နေ့စာ တစ်နေ့ ကျက်ရင် အောင်မြင်မှုက မသေချာရင်တောင် လောလောဆယ်မှာ အမှတ်များပြီး သူငယ်ချင်းတွေကြား ဟိုက်ပါကွဆိုပြီး ဖြစ်နေမှာ ဆိုပြီး တွေးမိတဲ့သူတွေလည်း ရှိကောင်းရှိနိုင်မယ်။ ဒါ‌ေပမယ့် စာကျက်ချင်တဲ့သူ စာမကျက်ဘဲ မနေနိုင်တဲ့သူ ရှိလို့လား?🥺 ဟိုက်ပါလို့သတ်မှတ်ခံထားရတဲ့သူတွေကိုသွားမေးကြည့်ရင်တောင် exam pressure ဆိုတာ အဲ့လိုလူမျိုးတွေမှာ ပိုတောင်ရှိသေးတယ်။ ကဲကဲ...ဟုတ်ပြီ လိုရင်းသွားကြမယ်... 😇

ဒါဆို ဘယ်လို စာကျက်ချင်အောင်လုပ်မလဲ။ ဒီနေ့ထကျက်လိုက် မနက်ဖြန်မကျက်လိုက်နဲ့ လုပ်နေလို့ မရပါဖူး။ Consistency ရှိဖို့ အရေးကြီးပါတယ်။ ဒါဆို ဘယ်လိုမျိုး စာကျက်ချင်အောင် ကိုယ့်ကိုယ်ကိုယ်ဆွဲဆောင်ပြီး self-discipline ထားမလဲ?🤩 နည်းနည်းလေးတော့ အူကြောင်ကြောင်နိုင်တယ်နော်🤡 စိတ်ဝင်စားရင် အဆုံးထိဆက်ဖတ်ပေးပါဦးရှင်....🥰😘

1. Make your intention clear ☑️

ကိုယ့်ရည်ရွယ်ချက်က ဘာလဲဆိုတာသိအောင် အရင်လုပ်ရပါမယ်။ စာကျက်နေတယ်ပဲထားပါတော့ ..ဟုတ်ပြီ...ဒါဆို ကိုယ့်ကိုယ်ကိုယ် မေးခွန်းပြန်မေးရပါမယ်... ငါဘာလို့ စာကျက်နေရတာလဲ? Good grade လိုချင်လို့လား? မိဘကို စိတ်ချမ်းသာစေချင်လို့လား? ကိုယ်‌လိုချင်တဲ့ university ဝင်ခွင့်ရဖို့လား? * "Why" *ဆိုတဲ့ မေးခွန်းကို မေးရပါမယ်။ ဒါမှ ကိုယ့်ရဲ့ ရည်ရွယ်ချက် intention ကိုသိပြီး စာလုပ်ချင်တဲ့စိတ် ဖြစ်ပေါ်လာမှာပါ။ ကိုယ့်ဘာလို့ စာကျက်နေလဲဆိုတဲ့ intention မသိဘူးဆိုရင်တော့ ဘယ်တော့မှ smart studying ဖြစ်လာမှမဟုတ်သလို consistency ပျောက်နေမှာဖြစ်ပါတယ်။ အခုစာကျက်လိုက် မနက်ဖြန်မကျက်လိုက် ‌ကျက်ချင်တဲ့ချိန်မှ ကျက် အာ့လိုနဲ့ သံသရာလည်မနေချင်ဘူးဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ intention သိအောင်လုပ်ပြီး whyဆိုတဲ့ မေးခွန်း ပြန်မေးရပါမယ်။😇

2. Set a specific time to study every day ⏰

အပေါ်မှာပြောခဲ့သလို ကိုယ့် Intention (reason)သိပြီဆိုရင်တော့ ဒီအချက်ကို လိုက်နာဖို့ မခက်ခဲတော့ပါဘူး။ နေ့စဉ်ပုံမှန်လုပ်ရမယ့် rountine‌ေတွက လူသားတွေအတွက် အရေးကြီးပါတယ်။ ဥပမာ- ကိုယ်က တစ်ပတ်ကို ငါးရက်‌ေလာက် ကျောင်းသွားရမယ်ဆို နေ့တိုင်း ပုံမှန်ထနေကြ အချိန်ဆိုတာရှိမှာပဲလေ။ အခုလိုကာလမှာဆိုရင်လည်း online students တွေရှိတာ‌ေကြာင့် သူတို့မှာလည်း ပုံမှန်ထနေကြ အချိန်ဆိုတာရှိမှာပါပဲ။ ပြီးတော့မှ ကိုယ်လုပ်စရာရှိတဲ့ activity တွေကို စနစ်တကျဆက်လက်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်🦸။ အဲ့လိုမျိုး ကိုယ်ပုံမှန်လုပ်နေကြroutine တွေကြောင့် ငါလုပ်နိုင်ပါလား I've done it! ဆိုပြီး confidence တွေရှိလာပြီး နောက်ထပ်နေ့သစ်တွေမှာကြုံလာရမယ့် အခက်ခဲတွေကို ဖြေရှင်းဖို့အားရှိလာမှာပဲဖြစ်ပါတယ်။ 🙌💪ဆိုတော့...အဓိက ပြောချင်တာက စာကျက်တဲ့ habit တစ်ခုကို routine ပြောင်းနိုင်ဖို့လိုပါတယ်။ ကိုယ်က ဒီနေ့ ည ၈နာရီကနေ ၁၀နာရီထိ စာကျက်တယ် စာလေ့လာတယ်ဆိုပါစို့။ ဒါဆို နေ့တိုင်း routine တစ်ခုလို ပုံမှန်ဖြစ်သွားအောင် လုပ်ဆောင်နိုင်ဖို့ လိုပါတယ်။ ❗️တကယ်လို့ ခုစာဖတ်သူက စာကျက်နေရတယ်ဆိုတာ တာဝန်အရလို့ ခံစားရတယ်ဆိုရင် studying ကို routine တစ်ခုအနေနဲ့လုပ်ဖို့ဆို နည်းနည်းခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ပထမ နှစ်လလောက်ကို သည်းခံပြီး self-discipline ထားပြီး လုပ်နိုင်မယ်ဆို routine တစ်ခုလိုဖြစ်လာမှာ အသေချာပါပဲ။ 💯

3. Create a to-do-list 📝

အရေးကြီးဆုံးထဲက တစ်ခုဖြစ်တဲ့ study hack တစ်ခုကတော့ to-do-list လုပ်ဖို့ပါပဲ။ ဒီအကြောင်းကိုလည်း Time-management post မှာ အကျယ်ချဲ့ပြီးရှင်းပြပေးထားပါတယ်။ ကိုယ့်တစ်နေ့ဘာလုပ်ရမလဲဆိုတဲ့ အရာတွေကို list လုပ်ထားပြီး တစ်နေ့တာ ကုန်ဆုံးသွားပြီးရင် ကိုယ်ဘာတွေ လုပ်နိုင်ခဲ့လဲဆိုတဲ့ အရာတွေအပေါ် ပြန်ပြီး reflect လုပ်ကြည့်ရင် ကိုယ် မသိလိုက်တဲ့အချိန်တွင်းမှာ တိုးတက်လာမှာပဲဖြစ်ပါတယ်။📈

4. Start small study habits ✏️

ဒီအချက်လေးကလည်း students တွေအတွက် အရမ်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို စာ ၇နာရီ ၈နာရီ လောက် ထိုင်ပြီး ဆက်တိုက်ကျက်နေတဲ့ သူမြင်ဖူးလား? သေချာတာက အခုရေးနေတဲ့ admin တော့မဟုတ်ပါဘူး😘။

တော်တော်များများလုပ်လေ့ရှိတဲ့ အချက်တစ်ခုက စာမေးပွဲနီးမှ စာထကျက်တာပါ။😝 စာမေးပွဲေဖြခါနီး တစ်ရက်အလိုလောက်မှာတော့ ၇နာရီ ၈နာရီ လောက် ကျက်‌တဲ့သူတွေတော့ ရှိမှာပါ။ 😌အဲ့လိုဆို တကယ်စာမေးပွဲဖြေတဲ့ခါ thinking question တွေ ၊ unseen တွေပါလာရင် သေသေချာချာဖြေနိုင်မှာ မဟုတ်ပါဘူး။ 😔အဲ့တော့ စာမေးပွဲနီးမှ စာလုပ်တဲ့ အကျင့်ကို ဖျောက်ပစ်ပြီး တစ်နေ့စာ‌တစ်နေ့ပုံမှန်လုပ်သွားရပါမယ်။ ဘယ်လိုမျိုး effective ဖြစ်အောင်လုပ်ရမလဲဆိုတဲ့ hack လေးတချို့ကို မျှဝေချင်ပါတယ်။


➡️Make some notes from your lecture

( စာတွေကို ထိုင်ကျက်ပြီး အသေမှတ်နေတာထက်စာရင် တစ်နေ့သင်ပြီးသမျှစာတွေကို notes ထုတ်မယ်၊ ဖတ်မယ် ၊ concept ကို သေသေချာချာနားလည်အောင် လုပ်ရပါမယ် )


➡️Don't hesitate to ask your teachers about the lessons which you aren't clear

( ကိုယ်နားမလည်တဲ့ အပိုင်းတွေ မရှင်းဘဲဖြစ်နေတာကို မမေးဘဲထားရင်တော့ studying လုပ်နေရတာက ကိုယ့်အတွက် burden တစ်ခုလို pressure တစ်ခုလိုဖြစ်လာနိုင်တာကြောင့် မရှင်းတဲ့အပိုင်းကို ကိုယ့်ဆရာမကို ပြန်မေးဖို့ hesitate မဖြစ်ပါနဲ့)

🗝ဒီအချက်လေးနှစ်ချက်ကိုသာ ပုံမှန်လုပ်နိုင်မယ်ဆိုရင် စာမေးပွဲတွေ ကိုယ့်ဆီဘယ်လိုလာလာ၊ ဘာမေးခွန်းတွေဖြေရဖြေရ တခြားသူတွေထက် ခြေတစ်လှမ်းသာစေမှာပဲဖြစ်ပါတယ်။😇

5. Study in bursts 🗃

ကိုယ်က break မယူဘဲ နှစ်နာရီ သုံးနာရီ လောက်စာကျက်နေတာထက် short bursts လေးတွေခွဲပြီးစာကျက်တာက ပိုထိရောက်တယ်လို့ research တွေကဖော်ပြထားပါတယ်။ အဲ့နည်းလမ်းလေးကိုတော့ Spaced learning လို့ခေါ်ပါတယ်။🥰 45‌မိနစ်လောက် စာလေ့လာမယ် ပြီးရင် 5မိနစ်လောက် အပြင်ပတ်ဝန်းကျင်ကြည့်တာ သီချင်း နှစ်ပုဒ်လောက်နားထောင်တာ စသဖြင့် break ယူရပါမယ်။ တစ်ခုတော့ သတိထားရပါမယ်။ ဥပမာ ကိုယ်က တစ်နာရီစာကျက်တယ် break ကို မိနစ် 20လောက်ကြားထဲမှာ ယူလို့တော့မရပါဘူးနော်။ 😌အနည်းဆုံး 7မိနစ်လောက်ကနေ 10မိနစ်လောက်ထိပဲ break ယူသင့်ပါတယ်။ အဲ့လိုကြားထဲမှာ break လေးတွေ ယူယူပြီး လုပ်သွားတာက တခြား traditional learners တွေထက် ကိုယ်က ပိုထူးချွန်လာပြီး သင်ခန်းစာတွေကို များများမှတ်နိုင်မှာပဲဖြစ်ပါတယ်။🥳

6. Take Breaks

ဘာပဲလုပ်လုပ် break ယူဖို့ အရေးကြီးပါတယ်။ စာလုပ်တာဖြစ်ဖြစ်၊ ဂိမ်းဆော့တာဖြစ်ဖြစ် နားနားပြီးမှ လုပ်တာ stress လည်းကျသလို productive လည်းပိုဖြစ်ပါတယ်။ စာကို ၃ ၄ နာရီ မရပ်မနားလုပ်တဲ့အခါမှာ စိတ်ရောလူပါပင်ပန်းလာတဲ့အပြင် စိတ်လည်းမပါတော့ပါဘူး။ အဲ့လိုမဖြစ်အောင် ၁ နာရီ၊ ၁ နာရီခွဲလောက် စာလုပ်ပြီးတဲ့အခါမှာ ရေလေးထသောက်တာဖြစ်ဖြစ်၊ အကြောဆန့်တာဖြစ်ဖြစ်၊ မတ်တပ်ရပ်ပြီး ဟိုဘက်ဒီဘက်လျှောက်တာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ online ကနေ စာသင်တယ်ဆိုရင်လည်း screen ကို ၅ မိနစ်လောက်မကြည့်ဘဲ တစ်ခြားကိုလွှဲထားပါ။

7. Use Different Study Techniques

တစ်နေ့တစ်နေ့ ဒီစာကိုကျက်ပဲကျက်နေတာထပ် notes ထုတ်တာတွေ၊ summarize ပြန်လုပ်တာတွေဟာ စာကိုပိုရစေတဲ့အပြင် ပိုလည်းနားလည်ပါတယ်။ Summarize မလုပ်ချင်ရင်လည်း ဒီစာကို သူများကို ဘယ်လိုရှင်းပြနိုင်မလဲ၊ ၇ နှစ် ၈ နှစ်လောက်ပဲရှိတဲ့ကလေးတွေကို chemistry ကဘာလဲဆိုတာ သူတို့နားလည်အောင်ရှင်းပြတာတွေက စာကိုလည်းပြန်ကြည့်ဖြစ်တဲ့အပြင် သူနဲ့ related ဖြစ်တဲ့ topic တွေကိုပါ တစ်ခါတည်း လေ့လာပြီးသားဖြစ်ပါတယ်။ Flashcards တွေ၊ mnemonics လေးတွေထားပါ။ ဥပမာ desert နဲ့ desserts ကို admin ဆိုခဏခဏရောပါတယ်။ အဲ့ဒီတော့ stressed ဖြစ်လာရင် desserts တွေများများစားတယ်ဆိုပြီး နောက်ကနေပြောင်းပြန်တွဲမှတ်ထားတော့ မမှားတော့ပါဘူး။

8. Make It Fun

သီချင်းလေးဖွင့်ပြီး စာလုပ်ရင် ဘယ်လောက်တောင် ပျော်ဖို့ကောင်းမလဲ။ over ဖြစ်ပြီး စာမလုပ်ဘဲ ထတော့မကနဲ့လေနော် 😅။ lyrics မပါတာ or instrumental version မျိူးတွေဆိုရင်တော့ ပိုကောင်းပါတယ်။ Jazz or classic လိုမျိုးလေးတွေဆိုအဆင်ပြေပါတယ်။ ဒီနေရာမှာ lyrics ပါတာ မကောင်းဘူးလို့ မဆိုလိုပါဘူး၊ lyrics တွေပါလာရင် ကိုယ်ကလိုက်ဆိုချင်လာပြီး စာထဲအာရုံမရောက်ဘဲ နေမှာစိုးလို့ပါ။ သူငယ်ချင်းတွေစုပြီး စာလုပ်တာကလည်း ကောင်းတဲ့ option တစ်ခုပါ။ YouTube မှာဆို စာတွေကို animation တွေ၊ graphic တွေအပြင် နားလည်လွယ်အောင်ရှင်းပြထားတဲ့ video တွေရှိတဲ့အတွက် ဖတ်စာအုပ်ထိုင်ဖတ်နေရတာထပ် fun ပိုဖြစ်ပါတယ်။ အဲ့ဒါကြောင့် YouTube ကနေ learning လည်းလုပ်သင့်ပါတယ်။

9. Motivate Yourself

အခုပြောပြမယ့် tip လေးကတော့ motivate yourself ပါ။ Admin ဆို တစ်ခါတလေစာလုပ်ရင် စိတ်မပါတော့ စာကမရ၊ စာမရတော့ အချိန်တွေကုန်ပြီး လူကပင်ပန်းလာရော။ ကြာတော့ စာလုပ်ပါလို့ အိမ်ကပြောရင် သမ်းပြီးအိပ်ပါအိပ်ချင်လာတာ 😁။ အဲ့ဒီတော့ စာလုပ်ချင်စိတ်မရှိဘဲဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် motivation အရင်ပေးပါ။ Stay positive ပါ ။စာလုပ်တာက အလကား၊ ဘာမှလဲမဟုတ်ဘူးဆိုပြီးမလုပ်ပါနဲ့။ ငါဒီတွေစာလုပ်တာ ငါဖြစ်ချင်တဲ့ goal ကိုရောက်အောင် ကြိုးစားနေတယ်လို့သဘောထားပါ။ အလွယ်တကူ လက်မလျှော့ပါနဲ့၊ ဇွဲရှိရှိနဲ့ဆက်လက်ကြိုးစားပါ၊ နောက်ဆုံးမှာ ကိုယ့်ရဲ့ပန်းတိုင်ကိုရောက်ကိုရောက်ပါလိမ့်မယ်။

10. Reward Yourself

နောက်ဆုံးအချက်လည်းဖြစ် အရေးပါအရာရောက်တဲ့အချက်လည်းဖြစ်တာကတော့ ကိုယ့်ကိုယ်ကိုယ် reward လုပ်တာပါ။ ဒီလိုလုပ်တာဟာ positive behavior နဲ့ mindset ကို strengthen လုပ်တာလည်းဖြစ်သလို ကိုယ့်ရဲ့ hard work ကို acknowledge လုပ်တာလည်းဖြစ်ပါတယ်။ အလုပ်တစ်ခုပြီးလို့ reward လုပ်လိုက်တာက encourage လုပ်လိုက်တာ၊ motivation ပေးလိုက်တာပါပဲ။ ဒီလိုလုပ်တဲ့အတွက် ဦးနှောက်က အလုပ်တစ်ခုပြီးအောင်လုပ်ရင် reward တစ်ခုရမယ်ဆိုတဲ့ စိတ်ဝင်သွားပြီး နောက်ပိုင်းမှာလည်း အလုပ်ကိုပြီးအောင်လုပ်တတ်တဲ့အကျင့်ပါရသွားပါတယ်။

အခုလိုအဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်😊။

Don't forget to like and follow our page!

Please support and share our page with friends 🧏💛

"Together we thrive, together we strive" 🌻


#students 

#studytips 

#hacks 

#littlelighthouse

Report Page