တော်လှန်ရေးကာလမှာ လုံခြုံရေးအသိ အထူးရှိကြပါ!!!!

ဘော်ဒါအပေါင်းရာ ပျော်စရာမကောင်းတော့တဲ့ ကာလကြီးပါဗျာ ......
လပြည့်ညကြီးက ရေလည်မှောင်ခဲ့တာကြီး ...... အထိအခိုက်နဲ့ ဖိနှိပ်မှုတွေ .... ဘယ်လိုပဲရှိရှိ ဒီပွဲဟာ ဓမ္မနဲ့အဓမ္မ တို့ရဲ့ တိုက်ပွဲမို့ ဓမ္မဘက်က သူတွေရဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် ဒီအချက်လေးတွေ သတိထားပေးပို့ အက်မင်တို့က တောင်းဆိုပါရစေဗျို့ ......
လုပ်ပိုင်ခွင့်ရော..လုပ်နိုင်စွမ်းတွေပါ ရှိနေတဲ့ လူနည်းစုနဲ့ ရင်ဆိုင်နေရတာမို့ ဘယ်ချိန်မှာပဲဖြစ်ဖြစ် အရေးကြီးတဲ့ Data တွေကို လုံခြုံအောင်လုပ်ဖို့လိုပါတယ်။ ဒီလိုလုံခြုံဖို့ဆိုတာ ကိုယ်တစ်ယောက်တည်း လုံခြုံလို့မရပါဘူး ။ ကိုယ့်နဲ့ ကိုယ့် ပတ်ဝန်းကျင် ကိုယ့်လူတွေပါ လုံခြုံနေဖို့လိုပါတယ်။ ဒါကြောင့် ကြားဖြတ်နားထောင်တယ်တို့. .သတင်းပေါက်သွားတယ်တို့ ဆိုတာတွေကို ကာကွယ်နိုင်ဖို့လိုပါတယ်။ ခုလဲ သတင်းတွေအရ အင်တာဗျူးတွေကတစ်ဆင့် ဖုန်းနံပါတ်တွေရသွားမယ် ။ ပြီးရင် တာဝါတိုင်တွေက တစ်ဆင့် ကိုယ့်ကိုရှာနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်။ ဟုတ်ပါတယ် ။ ကျော်မသွားပါနဲ့။ အဲ့တာအမှန်ပါပဲ ။ မည်သည့်နည်းနဲ့ မဆို ဖုန်းနံပါတ်ကိုသိရှိသွားတယ် ။ အဲ့ဖုန်းနံပါတ် Sim card ကလဲ ကိုယ့်ဖုန်းထဲမှာ ရှိနေသေးတယ်ဆိုရင် အန္တရာယ်များလွန်းပါတယ်။ ဒါကြောင့်
- အရေးကြီးတာတွေ ဖုန်းနဲ့ မပြောနဲ့ / Messenger နဲ့ Viber မှာလျောက်လျောက်မပြောနဲ့။ (ဖုန်းကဒ်ထည့်ထားရုံနဲ့ နေရာကို ခြေရာခံနိုင်ပါတယ်)
- Telegram / Signal သုံး (အကောင့်ဖွင့်ရင် မှတ်ပုံမတင်ထားတဲ့ SIM Card ကိုသုံး ၊ အကောင့်ဖွင့်ထားတဲ့ Sim ကိုဖုန်းထဲမထည့်ထားနဲ့..လုံခြုံတဲ့နေရာမှာသိမ်း )
- အပြင်ထွက်ရင် တကယ်သုံးနေတဲ့ Telegram ကို Log out ထွက်။ တကယ်သုံးနေတဲ့ Signal ကို မထွက်ခင်ထဲက Backup လုပ်ပြီး Signal App ပါဖျက် ။ ( Signal က Log out လုပ်လို့မရဘူး ဖျက် ) (တယ်လီဂရမ်
- Phone ၊ Computer ထဲမှာ Sensitive Data မထားနဲ့။ တစ်ခါတည်း လုံခြုံအောင်သိမ်း ၊ cloud တွေတန်းတင် ဖုန်းထဲမှာဆို Tella တို့ Datshin တို့နဲ့သိမ်း )
- Delete လုပ်ဖို့ application တွေကို ကြိုတင်စဉ်းစားထားသင့်ပါတယ်
- နောက်ဆုံအခြေအနေမသာတော့ရင် ဖုန်းကို Reset သာချလိုက်တော့ ။
အာတော့ ညောင်း ပေမယ့် ထပ်ခါထပ်ခါ သတိပေးနေရတာဆိုတော့....အသိကပ်ပြီး သတိနဲ့လုပ်ကြပါဗျို့...ပြီးတော့မှ အက်မင်တွေက မပြောဘူးမလုပ်နဲ့ မောလှပီ ။ ကိုယ့်ရဲ့အနားက လူတွေကိုလဲမျှဝေပါဗျာ ။ ကျွန်တော်တို့လူတွေ နှမျောဖို့ကောင်းလွန်းတယ်။
မဆုံးရှုံးဖို့.. ဒစ်ဂျစ်တယ်အသိကပ်စို့!!