Telegraph
Chapter 22
ချီဟန် က ရုန်ရှူရဲ့ စားပွဲဘေးမှာ ထိုင်နေပြီး အပြင်မထွက်တော့ဘဲ နှစ်ယောက်သား စားပွဲငယ်လေး နောက်မှာ စုပြုံ၍ ထိုင်နေခဲ့ကြသည်။
ဘာပဲဖြစ်ဖြစ် အတန်းက နေ့တိုင်း ကိုယ်တိုင် လေ့လာနေရတာနဲ့ တူသည်။ ချီဟန် သည် ရုန်ရှူရဲ့ စားပွဲမှ စာအုပ်ကို ပေါ့ပေါ့ဆဆ ထုတ်ယူကာ စတင် ဖတ်တော့သည်။
"ရွေ့လျားမှုနဲ့ သက်ဆိုင်တဲ့ သီအိုရီ"
ချီဟန် : "..."
မင်းကို စိတ်အနှောက်အယှက် ဖြစ်စေမိလို့ တောင်းပန်ပါတယ်...
ချီဟန် စက္ကန့် အနည်းငယ်အတွင်း စာအုပ်တစ်အုပ် ကို လှန်ကြည့်လိုက်ပြီး ပထမ တစ်အုပ်ရဲ့ ခေါင်းစဥ် မိတ်ဆက် တစ်ခုတည်းသာ နားလည်နိုင်ခဲ့သည်။
သူ စာအုပ်ကို ပိတ်ပြီး ရုန်ရှူအား မျက်နှာသေဖြင့် ကြည့်ကာ "ဒါ မင်းရဲ့ စာအုပ်လား?"
ချီဟန် က ပိန်သော်လည်း ဖြောင့်စင်းသွယ်လျတဲ့ ခြေထောက် တစ်စုံရှိပြီး နေရာ ကျဉ်းနေတာကြောင့် ခြေထောက် ကို ခေါက်ထားရသည်။ သူ့ခြေထောက်တွေ က ရုန်ရှူရဲ့ ခြေထောက်တွေနဲ့ အရမ်း နီးကပ်နေသည်။
ရုန်ရှူ က မတ်တပ် မရပ်နိုင်ပေမယ့် သူ့ခြေထောက်တွေ က အထိအတွေ့ ကို ခံစားလို့ ရသည်။ အစပိုင်း စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုအပြီး၌ သူ သူရဲ့ ခြေထောက်တွေ ကို ငြိမ်သက်စွာ ဖြေလျှော့လိုက်ပေမယ့် ချီဟန်ရဲ့ တည်ရှိမှု ဧရိယာ က ပိုမို၍ ကြီးမားလာခဲ့သည်။
ကောင်လေးရဲ့ ခန္ဓာကိုယ် အပူချိန် က အဝတ်အစားတွေမှ တဆင့် ဆက်တိုက် တက်လာသည်။
ရုန်ရှူရဲ့လက်ချောင်းတွေ က ဘောပင်ကို ဆုပ်ကိုင်ထားပြီး လျော့လိုက်သည်။ ဒီထူးဆန်းတဲ့ ခံစားချက် က ဘာလို့ ခေါ်မှန်း မသိပေမယ့် ချီဟန်ရဲ့ အသားကို ထိမိချိန်မှာ တုန်တုန်ယင်ယင် ဖြစ်နေတယ် ဆိုတာတော့ သူသိသည်။
'ပိုပြီး စိတ်လှုပ်ရှားလာသလိုပဲ...'
ရုန်ရှူရဲ့ နက်မှောင်တဲ့ မျက်လုံးတွေ က ချီဟန်ရဲ့ လက်ညှိုးဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသော်လည်း ထိုလက်ချောင်း က အခုချိန်တွင် သူ့ကို ထိုးနေကာ သူ စိုက်ကြည့်နေလိုက်သည်။
သူ့မျက်လုံးတွေ မည်းမှောင်သွားပြီး လက်ပိုင်ရှင် က မတုံ့ပြန်ခင် လက်ကိုဆွဲကာ ဘေးသို့ တွန်းလိုက်သည်။
"ငါ့ဟာ၊ ရှေ့ဆုံး စာမျက်နှာမှာ နာမည် ရှိတယ်"
ချီဟန် နားမလည်နိုင်သဖြင့် ပစ်ချလိုက်သည်။
'ရုန်ရှူ က ဘာဖြစ်လို့ ရုတ်တရက်ကြီး မပျော်တော့တာလဲ?'
'အရွယ်ရောက်ချိန် နောက်ကျနေလို့လား?'
ချီဟန် မျက်မှောင်ကြုတ်ကာ ဂရုတစိုက်ဖြင့် ပထမ စာမျက်နှာ ကို ဖွင့်လိုက်သည်။
လူသတ်နိုင်တဲ့ ဓားတစ်ချောင်းလို စုတ်ချက်များဖြင့် စက္ကူဖြူပေါ်တွင် အားကောင်းတဲ့ စကားလုံး နှစ်လုံးကို ရေးထားသည်။
"ရုန်ရှူ"
ဒီစကားလုံး နှစ်လုံးကို သတ်ဖြတ်ခြင်းရဲ့ အရှိန်အဝါဖြင့် ရေးထားသည်။
ချီဟန် အံ့သြသွားပြီး လက်နှင့် မထိဘဲ မနေနိုင်ပေ။ စာရွက်ရဲ့ အနောက်ဘက်တွင် ထင်ရှားတဲ့ အရာများပင် ရှိနေသေးသည်။
ဒီစကားလုံး! ရိုးရိုးရှင်းရှင်းနဲ့ လှလိုက်တာ!
လူတွေ ပြောခဲ့သလို "စကားလုံး တစ်လုံး ကို မြင်လိုက်ရတာ က လူတစ်ယောက် ကို မြင်ရသလိုပဲ" ဆိုတာက အရမ်းမှန်သည်။
ဒီစကားလုံး ကို ရှေးခေတ်အသွင်နဲ့ မြင်ယောင်ကြည့်ပါက၊ ဆံပင်ရှည်ကို စည်းထားပြီး သန့်ရှင်းတဲ့ အဝတ်အစားနဲ့ လူငယ်တစ်ယောက်ဟာ စစ်မြေပြင်မှာ မြင်းကို ဒုန်းဆိုင်းစီးနေတဲ့ပုံ ဖြစ်ကောင်း ဖြစ်နိုင်သည် ။
"မင်း ရေးတဲ့ စကားလုံးတွေ က အရမ်း လှတာပဲ ရုန်ရှူ၊ မင်း ငါ့အတွက် ရေးပေးပါလား?"
ချီဟန်ရဲ့ မျက်လုံးတွေ တောက်ပလာကာ အိတ်ကို လှမ်းဆွဲဖို့ လုပ်လိုက်တော့ သူ့ရဲ့ ပစ္စည်း အားလုံး ဖယ်ထားခံလိုက်ရတာ တွေ့လိုက်ရသည်။ ဘယ်၊ညာ လှည့်ပတ် ကြည့်ပြီးနောက် လက်ဖဝါးကို ရုတ်တရက် ဖြန့်ကာ
"ဒီမှာ ရေးလိုက်တော့၊ ရေးလိုက်လေ၊ ဒီမှာ! အနက်ရောင် ဘောပင်ကို သုံးပြီး ရေး''
အစက ရုန်ရှူရဲ့ အမူအရာမှာ မိုးရွာနေသကဲ့သို့ မှိုင်းညှို့နေတာ ဖြစ်သော်လည်း ရုတ်တရက် ရပ်တန်ုသွားသည်။ သူ့မျက်လုံးတွေ မည်းမှောင်လာပြီး သူ့မျက်လုံးတွေ က တုန်နေသည့် လက်ဖဝါး ဖြူဖြူလေးနဲ့ ပြည့်သွားသည်။
"ဘာ ရေးရမှာလဲ...?"
သူ့ အသံက အက်ရှနေကာ နည်းနည်း ပူလောင်နေသည်။
ချီဟန်က သူ့လက်ချောင်းတွေကို ဆန့်ထုတ်လိုက်ပြီး "မင်းရဲ့ နာမည်၊ ဒီစာအုပ်ထဲက စာလုံးနဲ့ အတူတူပဲ ဖြစ်တာ လိုချင်တယ်!"
"မြန်မြန် ရေးလေ၊ မင်းအတွက် ငါ့ဘောပင်ကို ထုတ်ပေးထားတယ်!"
ရုန်ရှူ ဘောပင်ကို ယူလိုက်ပြီးနောက် သူ့လက်ချောင်းတွေ ပူလာသည်။
သူလက်ကို လှမ်းကိုင်လိုက်ပြီး ပါးလွှာတဲ့ လက်ကောက်ဝတ်လေး ကို ဆုပ်ကိုင်လိုက်တော့ သူ့ရင်ထဲမှာ တုန်ရီနေသည်။
ဘောပင်ရဲ့ ထိပ်ဖျားက အရေပြားပေါ်တွင် ကျကာ မှင်ဆွဲကြောင်း တစ်ခု ထွက်လာသည်။ ရုန်ရှူ သည် သူ့ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် သူ့နာမည်ကို လေးလေးနက်နက် ရေးသားခဲ့သည်။
အလျားလိုက်၊ ဒေါင်လိုက်၊ ဒေါင်လိုက်၊ ဘယ်ဘက်...
ရုန်ရှူရဲ့ နှလုံးသား က ကြည်လင်နေပြီး ဒီစကားလုံး နှစ်လုံးကို သေချာ ရေးထားသော်လည်း သူ့လည်ချောင်းမှာ အနည်းငယ် တင်းကျပ်နေသလို ခံစားရသည်။
နောက်ဆုံး စုတ်ချက် ရေးပြီးသွားတဲ့အခါ၊ ရုန်ရှူရဲ့ ခုန်ပေါက်နေတဲ့ နှလုံးသား က ရုတ်တရက် ပြန်ပြုတ်ကျသွားသည်။
ချီဟန် သည် ရုန်ရှူရဲ့ စကားလုံးတွေ ကို မြင်ပြီးနောက် ခေါင်းငုံ့ကာ သူ့လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည့် သူ့လက်ကို မလွှတ်ဘဲ ခေါင်းကို ရှေ့သို့ ရွှေ့လိုက်သည်။
"ဒီစကားလုံး က မင်းစာအုပ်ထဲမှာ ရေးထားတာထက် ပိုကောင်းတယ်!"
ချီဟန် စိတ်လှုပ်ရှားစွာဖြင့် သူ့လက်ကို ဂရုတစိုက် ပြန်ဆွဲထုတ်ကာ စားပွဲခုံထဲသို့ ထည့်၍ ထိုင်လိုက်သည်။
"ကောင်းပြီ၊ ကျောင်းမဆင်းမချင်း ငါ ဒီလက်ကို ထပ်မလှုပ်တော့ဘူး"
အဲဒီ စကားကို ကြားတဲ့အခါ ရုန်ရှူရဲ့ မျက်လုံးထောင့်တွေ ကော့တက်သွားပြီး သူရဲ့ ရှည်လျားနေတဲ့ ဆံပင်ကနေ ဘေးသို့ လှည့်ကြည့်လိုက်သည်။ သူ့ကို ကြည့်ရတာ နှင်းတွေ ကြားထဲမှာ ပထမဆုံးပွင့်လာပြီး အေးစက်ကာ ဆွဲဆောင်မှုရှိတဲ့ နှင်းကြာပန်း တစ်ပွင့်လို ဖြစ်နေသည်။
ချီဟန် မျက်လုံးတွေကို လှိမ့်လိုက်ပြီး ရုတ်တရက် ဆိုးသွမ်းတဲ့ အပြုံးတစ်ခု ကို ထုတ်ဖော်လိုက်သည်။
ဒီအပြုံး က ရှားပါးတဲ့ အပြုံးဖြစ်သည်၊ အပြုံးတစ်ခု ဖြစ်သော်ငြား မှုန်မှိုင်းနေတဲ့ အပြုံးတစ်ခုသာ ဖြစ်ပြီး လူတွေအား မကောင်းတဲ့ အတွေးတွေ ကို ထိန်းမနိုင်သိမ်းမရ တွေးမိစေသည်။
ချီဟန်သည် ထိုအကြောင်းကို တွေးလိုက်တော့ အောင်မြင်မှုကို ခံစားလိုက်ရပြီး ပြုံးနေတဲ့ မျက်လုံးတွေ က ကွေးညွတ်သွားခဲ့သည်။
"ရုန်ရှူ၊ ငါလည်း မင်းလက်ထဲမှာ စာလုံးတစ်လုံး ရေးရမယ်!"
ရုန်ရှူရဲ့ မသိချင်ယောင်ဆောင်မှု ကို အားကိုး၍ ချီဟန် သည် မကြာသေးမီကထက် ပို၍ ရဲရင့်လာသည်။ .
သူ့ဘယ်ဘက်လက် က မလှုပ်နိုင်တော့တဲ့ အတွက် ချီဟန် က လက်တစ်ဖက်တည်းနဲ့ ဆွဲလိုက်သည်။
ရုန်ရှူ က ပူးပေါင်းဆောင်ရွက်မှု မရှိတာကြောင့် ရုန်ရှူရဲ့ လက်ဖဝါးထဲသို့ သူ့လက်ကို တင်ကာ လက်နှစ်ချောင်းဖြင့် တွန်းထုတ်လိုက်သည်။
"Tsk၊ မင်း ငါနဲ့ ပူးပေါင်းပေးနိုင်မလား ငါ စကားလုံးနှစ်လုံးပဲ ရေးမှာပါ!"
ချီဟန်သည် အခြားသူရဲ့ လက်ဖဝါးပေါ်တွင် သူရဲ့ ဘောပင်ကို တင်လိုက်ပြီး သူ့နာမည်ကို ရေးခဲ့သည်။
ဘောပင်ထိပ် က အရေပြား အနှံ့ ခြစ်မိပြီး သည်းမခံနိုင်အောင် ယားယံလာသည်။
ခြေထောက်က ယားတာထက်တောင် ပိုဆိုးနေသည်။
ရုန်ရှူ က သူ့လက်ဖဝါးကို ဆောင့်ဆွဲလိုက်တော့ မခြောက်သေးတဲ့ မှင်က ဘောလုံးတစ်လုံးလို ဝိုင်းကာ ချက်ချင်း မှုန်ဝါးသွားသည်။
"ဟေး ငါ့စာလုံး!"
ချီဟန် မျက်မှောင်ကြုတ်ကာ ရုန်ရှူကို ဘောပင်ထိပ်နဲ့ နှစ်ကြိမ်ထိုးလိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထပ်ထိုးလိုက်သည်။
"နောက်ဆုံးတော့ ရေးလိုက်တာပဲလေ၊ ဒါက တခြားသူရဲ့ လက်ဖဝါးမှာ ငါ့နာမည်ကို ပထမဆုံး ရေးလိုက်တာပဲ!"
ရုန်ရှူ က မျက်နှာလွှဲကာ လက်ဖဝါးတွေ ကို တင်းတင်းဆုပ်ထားသဖြင့် လက်ချောင်းတွေ ဖြူသွားသည် ။
ထိတွေ့တဲ့ နေရာကို အေးခဲနေတဲ့လေ က လျင်မြန်စွာ ဖြန့်တိုက်သွားပေမယ့် စိတ်လှုပ်ရှားမှု ကို အနည်းငယ်မျှသာ လျော့ပါးစေသည်။
ချီဟန်က သူ့လက်ကို လှမ်းဆွဲလိုက်ချင်သည်။
ရုန်ရှူ က မျက်မှောင်ကြုတ်ပြီး လူကို တွန်းဖို့ သူ့လက်ကို မြှောက်လိုက်သည်။
သူ့မျက်လုံးတွေကို မှိတ်ထားပြီး နံရံကိုမှီကာ အသက်ရှုလမ်းကြောင်း ကို အဆက်မပြတ် ထိန်းညှိနေပေမယ့် ဘောပင်ထိပ်နဲ့ ထိသွားတဲ့ ခံစားချက်က ပျောက်ကွယ်မသွားပေ။
ရုန်ရှူ သူ့ဗိုက် ကို လက်တစ်ဖက်နဲ့ အုပ်ပြီး တံတွေး မျိုချလိုက်သည်။
'အရမ်း နေရခက်လိုက်တာ'
***
ချီဟန် သည် ရုန်ရှူ ကို ဘယ်လို စိတ်ဆိုးအောင် လုပ်မိသွားလည်း သူ မသိချေ။ သူ့လက်မှာ သူ့နာမည်တစ်ဝက် ကို ရေးပြီးကတည်းက ရုန်ရှူ က သူ့ကို အနားကပ်ခွင့် မပေးတော့့ပေ။
ရုန်ရှူ က တစ်နေ့လုံး စားပွဲပေါ်၌ တွက်ချက်နေရင်တောင် ချီဟန် အံ့သြနေမည် မဟုတ်ပေ။
အဲဒီအတွက် ချီဟန် ဟာ အင်တာနက်ပေါ်က အင်တာနက် သုံးစွဲသူတွေဆီတောင် အကူအညီတောင်းခဲ့သည်။
ဒီလိုနဲ့ မိဘအုပ်ထိန်းသူ တစ်ယောက်ရဲ့ ပို့စ်တစ်ခု ပေါ်လာခဲ့သည်။
ပို့စ်ပိုင်ရှင်- (ငါ လူတိုင်းကို မေးချင်တယ်၊ ငါ့ကလေး က ကြီးကောင်ဝင်စမှာ ရုတ်တရက် ပုန်ကန်လာရင် ဘယ်လို လုပ်ရမလဲ?!)
(T/N: 🤣🤣🤣)
ပထမထပ်- (အသေးစိတ် ဖော်ပြနိုင်လား? သူ ဘာလုပ်ခဲ့လဲ ဒါမှမဟုတ် မင်း ဘာလုပ်ခဲ့တာလဲ?)
အိမ်ရှင်- (ငါ ဘာမှမလုပ်ပါဘူး၊ သူ့နာမည် ကို ငါ့ လက်ဖဝါးပေါ်မှာ ရေးခိုင်းပြီး သူ့လက်ဖဝါးပေါ်မှာ ငါ့နာမည် ကို ရေးခဲ့ပေမယ့် လမ်းတစ်ဝက်မှာ ရေးခွင့်မပေးတော့ဘဲ ဗိုက်ကို ဖုံးပြီး အိပ်သွားတယ်။ အင်း၊ စကားလည်း မပြောတော့ဘူး။)
ဒုတိယအထပ်: ...
တတိယအထပ်: ...
လေးလွှာ: ...
ပို့စ်ပိုင်ရှင် : ? ? ?
ပဉ္စမထပ်- (ပို့စ်ပိုင်ရှင် ကို ဘယ်ဘက် ပြန်လှည့်ပြီး တူညီတဲ့မြို့က လူကိုပဲ ချစ်ဖို့ အကြံပြုချင်ပါတယ်)
ဆဋ္ဌမထပ်- +၁
သတ္တမထပ်- +၂
အဋ္ဌမထပ်: +၁၀၀၈၆
ကိုးထပ်- (ကျေးဇူးတင်ပါတယ်)
...
ချီဟန် : "..."
'အင်တာနက်ပေါ်က လူတွေက စိတ်မချရဘူး ဆိုတာ သေချာသွားပြီ'