News

News

#ADM 🍎

ယူကရိန်းမှာ ဖြစ်နေတာတွေက လိုချင်စရာအခြေအနေမျိုးမဟုတ်ဘဲ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိရောက်စွာ အာမခံပေးဖို့ လိုအပ်ပြီး ကြီးမားကျယ်ပြန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်အတည်းအထိမဖြစ်အောင် တားဆီးသင့်တယ်လို့ ပြောပါတယ်။ 

အခြေအနေတွေအဆိုးဆုံးမဖြစ်အောင် ပါဝင်သက်ဆိုင်သူအားလုံးက လိုအပ်တဲ့ ချုပ်တည်းမှုတွေကို ကျင့်သုံးဖို့လိုတယ်လို့ ဝေါင်ကပြောပါတယ်။ ဒီအတွက် သံတမန်ရေး ကြိုးပမ်းမှုအားလုံးကို ထောက်ခံ အားပေးတယ်လို့လည်းဆိုပါတယ်။ 

မနေ့က ဂျီနီဗာမှာကျင်းပတဲ့ လက်နက်ဖြုတ်သိမ်းရေးဆိုင်ရာညီလာခံမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး လပ်ရော့ဗ်က ဗီဒီယိုမက်ဆေ့ချ်နဲ့ ညီလာခံကို မိန့်ခွန်းပြောမှု စတင်ချိန်မှာ ဥရောပနိုင်ငံ နဲ့ တခြား မဟာမိတ်နိုင်ငံတွေက သံတမန်တွေဟာ ညီလာခံအစည်းအဝေးခန်းမကနေ ထွက်ခွာသွားပြီး ရုရှားရဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

#Mercury_Media

#ADM 🍎

Report Page