MF

MF

Local News

မြန်မာအားကစားအဖွဲ့သည် မေလ(၁၁)ရက် နံနက်ပိုင်းအထိ ဆုတံဆိပ်ပေါင်း (၆၄)ခု ရရှိထား

မြန်မာအားကစားအဖွဲ့သည် မေလ(၁၁)ရက် နံနက်ပိုင်းအထိ ရွှေတံဆိပ် (၁၄)ဆု၊ ငွေတံဆိပ် (၁၃)ဆု၊ ကြေးတံဆိပ် (၃၇)ဆု၊ စုစုပေါင်း ဆုတံဆိပ် (၆၄)ခု ရရှိထားပါသည်။

 

မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆုရှင်များမှာ-

-  ဗိုဗီနမ် အမျိုးသမီး(၂)ယောက်တွဲ အပြ မှ ခိုင်ဝါဖူးနှင့် မေဟန်နီအောင်လွင်  

- အမျိုးသား(၄)ယောက်တွဲ အပြ မှ အောင်ခိုင်လင်း၊ ဟိန်းထက်အောင် ၊ ကျော်သူစိုးအောင်၊ ရာဇာထွန်း      

- အမျိုးသား (၂)ယောက်တွဲ အပြ မှ မနားကွီးနှင့် တင်ထူးဇော်

- အမျိုးသားဓားတစ်လက် အပြ မှ အိုက်စိုးလင်း

-  ဗိုဗီနမ် (ခွန်ဘိုကာတာ) ၁+၂ အတွဲ အတိုက်မှ ပိုင်ဇေယျာဖြိုး ၊ အံ့ဖွယ်ငြိမ်း၊ နီလာစိုးဦး

- ခြင်းလုံး အားကစားနည်း အမျိုးသမီး Same Stroke ပြိုင်ပွဲမှ အေးအေးသန့် ၊ စုတွယ်တာ ၊ မေဖြိုးစံ ၊သဲသဲ ၊ တင်နီလာဝင်း၊ ယဉ်မင်းသွယ် ၊ ခိုင်သဇင်ဖြိုး ၊ ခိုင်ခိုင်

- အမျိုးသား/အမျိုးသမီး Linking Event -3 မှ လဲ့ဝတီဇော် ၊ အောင်မြင့်မြတ်၊ နှင်းဝတ်ရည်ဗိုလ်၊ အောင်နိုင်ဖြိုးဟန်၊ ရွှန်းလဲ့ဝေ ၊ သော်ဝေဇင်၊ ငြိမ်းအိမွန်၊ စိုင်းဇော်ဇော်

- အမျိုးသား Event -4 မှ လင်းသစ္စာအောင်၊ ခန့်ဝင်းဟိန်း၊ ဝေယံဖြိုး၊ ရဝေအောင်၊ ဇော်လင်းမောင်၊ ကောင်းမြတ်သီဟ ၊ မင်းခန့်ဝင်း၊ ဓူဝံကျော်၊ အမျိုးသမီး Event -4 မှ အေးအေးသန့်၊ မေဖူးဟန်၊ သဲသဲ၊ ယဉ်မင်းသွယ်၊ စုတွယ်တာ၊ ခိုင်ခိုင်၊ တင်နီလာဝင်း၊ မှုံနံ့သာ နှင့်

 - ပီတန်းအားကစား Women Single Shooting မှ ခင်ချယ်ရီသက် တို့ ဖြစ်သည်။

#Ministry of Sports and Youth Affairs



Report Page