MF

MF


ကေ့ာကရိတ်မြို့တွင် ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ်ထောက်ပံ့နိုင်ရန် ကယ်ဆယ်ရေးပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံအား ခရိုင်/မြို့နယ်သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ ကြည့်ရှုစစ်ဆေး


ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့တွင် ဘေးအန္တရာယ်များကျရောက်ပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက် နိုင်ရန်အတွက် အရေးပေါ်ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းသိုလှောင်ထားရှိသော ကေ့ာကရိတ်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သိုလှောင်ရုံအား ဒီကနေ့ မွန်းလွဲပိုင်းက ခရိုင်/မြို့နယ်သဘာ၀ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

 

သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအဖွဲ့သည် ဘေးအန္တရာယ်ကျရောက်ပါက အရေးပေါ် အခြေအနေများတွင် ထောက်ပံ့မည့်ပစ္စည်းများ ထိန်းသိမ်းထားရှိသော သိုလှောင်ရုံ၌ပစ္စည်းများ စနစ်တကျထုပ်ပိုးထား ရှိမှုနှင့် နေရာချထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးရာ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နန္ဒာဝင်းက သိုလှောင်ထားရှိသည့်ပစ္စည်းများ အရေးပေါ်သည့်အချိန်တွင် ရရှိလာမည့် သတင်း အချက်အလက်အပေါ်မူတည်၍ အလျင်အမြန်ဖြန့်ဖြူးနိုင်ရေးစီစဉ်ထားရှိမှု၊ မြို့နယ်အတွင်းအိမ်ထောင်စု ( ၆၉၀) စုအတွက် ထောက်ပံ့ပစ္စည်း( ၁၈)မျိုး စီစဥ်ဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်တို့မှ သိုလှောင်ထားရှိသည့်ပစ္စည်းများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

 

#myanmarfocusonlineplatform


Report Page