MF

MF

Local News

နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် ဇုန် ၄ ဇုန်သတ်မှတ်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများ ပိုမိုပျော်ရွှင်စွာ ဆင်နွှဲနိုင်စေရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွင်း ဇုန် ၄ ဇုန် သတ်မှတ်ကာ ခမ်းခမ်းနားနားနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ပါသည်။

ဇုန် (၁) တွင် သနပ်ခါးသင်္ကြန်၊ ဇုန် (၂) တွင် တိုင်းရင်းသားသင်္ကြန်၊ ဇုန် (၃) တွင် အလှပြဖျော်ဖြေရေး အစီအစဉ်များနှင့် ဇုန် (၄) တွင် လူငယ်ဂိမ်း သင်္ကြန်အစီအစဉ်များ ထည့်သွင်းစီစဉ် ထားပါသည်။ နေပြည်တော် လမ်းလျှောက်သင်္ကြန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကိုလည်း နေပြည်တော် လမ်းလျှောက်သင်္ကြန်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဒီကနေ့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

လမ်းလျှောက်သင်္ကြန်သည် ပျဉ်းမနား - တောင်ညို လမ်းမပေါ်ရှိ နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိဖြစ်ပြီး၊ ပြည်သူများအားလုံး ချစ်ကြည်ရင်းနှီးစွာဖြင့် ပျော်ရွှင်မှု ရရှိစေရန်ရည်ရွယ်၍ ခေတ်နှင့်အညီ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဝင်ကြေးအနေဖြင့် လူကြီး ငွေကျပ် ၃၀၀၀ နှင့် ကလေး ငွေကျပ် ၁၀၀၀ သတ်မှတ်ထားပြီး၊ တေးသီချင်း ဖျော်ဖြေမှုများနှင့် ဝန်ကြီးဌာနများမှ ယိမ်းအကဖွဲ့များ၏ အကအလှများကိုခံစား၍ ပျော်ရွှင်စွာ ရေပက်ကစားနိုင်မည့်အပြင် စတုဒိသာမဏ္ဍပ်များ၌လည်း အစားအစာများ စားသုံးနိုင်မှာ ဖြစ်ပါသည်။

#myanmarfocusonlineplatform


Report Page