MF

MF

World News

စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် စက်ရုံတည်ဆောက်ရန် ဘရူနိုင်း စီစဉ်နေ

ဘရူနိုင်းနိုင်ငံသည် တစ်ရက်လျှင် စွန့်ပစ်အမှိုက်တန်ချိန် ၈၀၀-၁၀၀၀ ကြားမှ လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်သော စွန့်ပစ်အမှိုက်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စက်ရုံ (စွန့်ပစ်အမှိုက် မီးရှို့သည့် စက်ရုံ)တစ်ရုံကို တည်ဆောက်သွားရန် စီစဉ်နေကြောင်း (၁၉)ကြိမ်မြောက် ဥပဒေပြုကောင်စီ အစည်းအဝေး၌ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဒါတိုဟာဂျီ မို့ဒ်ဂျူအန်ဒါက ပြောသည်။ 


အမှိုက်ပုံများအတွက် မြေဧရိယာ အနည်းငယ်သာလိုအပ်မှုအပြင် ထိရောက်မှုရှိသည့် စွန့်ပစ်အမှိုက် အစိုင်အခဲများ စီမံခန့်ခွဲရာတွင် လွယ်ကူချောမွေ့စေရေး အဆိုပါစက်ရုံက ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဥပဒေပြုကောင်စီအစည်းအဝေး၌ ဝန်ကြီးဌာန၏ နှစ်စဉ်ဘတ်ဂျက် အသေးစိတ်ကို ရှင်းလင်းတင်ပြစဉ်အတွင်း ဝန်ကြီး ဒါတို ဟာဂျီမို့ဒ် ဂျူအန်ဒါက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 


အမှိုက်ပုံးများနှင့်ဆက်စပ်သော စွန့်ပစ်အနံ့ဆိုး အညစ်အကြေးများကဲ့သို့ ပြဿနာများကိုလည်း ရှောင်ရှားနိုင်မည် ဖြစ်သည်။ နောက်ဆုံးပေါ် အစိုင်အခဲ စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေး နည်းပညာများ ပေါင်းစပ်ထားခြင်းကြောင့် စက်ရုံများမှ ထုတ်လွှတ်သော ဓာတ်ငွေ့များကဲ့သို့ လေထုညစ်ညမ်းမှုပြဿနာများကိုလည်း တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းနိုင်မည်ဖြစ်သည်။ အဆိုပါ ချဉ်းကပ်နည်းလမ်းက လာမည့် နှစ်(၂၀)အတွင်း အမှိုက်စီမံခန့်ခွဲမှုကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

Report Page