MF

MF

Local

ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူ 

ကရင်ပြည်နယ်ရှိ ကော့ဂွန်းဂူ 

ကျောက်တောင်နံရံများ၊အမိုးမျက်နှာကျက်များနှင့်ကျောက်စက်ပန်းဆွဲများတွင် ထုလုပ်ထားသောနံရံကပ်နှင့်အုတ်ခွက်ဘုရားများ ထုလုပ်ထားမှုများကလာရောက်သူတိုင်းကို အံ့သြမှု ဖြစ်စေသည်။


ကော့ဂွန်းဂူသို့အေဒီ ၁၉ ရာစုအစောပိုင်းကတည်းက ရှေးဟောင်းနှင့်သမိုင်းပညာရှင်များကကွင်းဆင်းသုတေသနပြုခဲ့ကြရာ ၁၈၂၇ ခုဇန်နဝါရီလ၂၇ရက်နေ့ကဗြိတိသျသံအမတ်ကြီးမစ္စတာဂျွန်ကရောဖို့ ရောက်ရှိခဲ့သလို ၁၈၃၅ခုနှစ်တွင်သုတေသနပညာရှင်ရစ်ချက်တင်ပယ်က ကော့ဂွန်းဂူရှိ နံရံကပ်ဆင်းတုတော်များကို တန် ၅၀၀ရှိသင်္ဘောဖြင့်သယ်သွားမည်ဆိုသော်လည်း အုတ်ခွက်အားလုံး၏ထက်ဝက်ကိုပင် သယ်ဆောင်မသွားနိုင်ဟု သမိုင်းစာအုပ်များတွင် ဖော်ပြထားသည်။


ယခုအခါ ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်ရှေးဟောင်းသုတေသနဦးစီးဌာနမှ ရှေးဟောင်းအထိမ်းအမှတ်နေရာအဖြစ် သတ်မှတ်ထားပြီးထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ဇုန်နယ်နိမိတ်သတ်မှတ်ခြင်းများကိုဆောင်ရွက်ထားပြီဖြစ်သည်။


ကော့ဂွန်းဂူသို့ ကရင်ပြည်နယ်ဘားအံမှကားဖြင့်သံလွင်မြစ်ကိုဘားအံတံတားဖြင့်ဖြတ်ကျော်ပြီးဘားကပ်စံပြကျေးရွာသုံးလမ်းအဖြောင့်အတိုင်း၂မိုင်ခန့်သွားလျင်ရောက်ရှိမည်ဖြစ်သည်။





Report Page