MF

MF

Local

၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်း ဒီဇင်ဘာလတွင် လုပ်ငန်းစတင်တော့မည်

မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအားလျှပ်စစ်စီမံကိန်းများဖြစ်သည့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ (၁)ရက်နေ့က နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

လေအားလျှပ်စစ်စီမံကိန်း သုံးခုဖြစ်သည့် အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်း ၁၀၀ မဂ္ဂါဝပ်၊ သံတွဲ လေအား လျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါသည်။

စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်း သုံးခု အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တည်ဆောက်ရေးလုပ်ငန်းများ စတင်သွားမှာဖြစ်ပါသည်။

ယခုစီမံကိန်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်း စုစုပေါင်း ၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည့် ဒေသအကျိုးပြု လေအားလျှပ်စစ်စီမံကိန်းတစ်ခုဖြစ်ကြောင်းလည်း သိရပါသည်။

 


Report Page