MF

MF

Local News

ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ရွှေပေါက္ကံမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မည်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ကျန်စစ်သားလမ်းနှင့် မင်းရဲကျော်စွာလမ်းဆုံတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လမ်းတိုးချဲ့လျက်ရှိရာ မလွတ်ကင်းသည့် 66kV ဒဂုံအရှေ့-ကုန်ပဒေသာ (၁+၂) ဖီဒါ၏ ဓာတ်အားလိုင်းတိုင်(၃)တိုင် ရွှေ့ပြောင်းပြီးဖြစ်၍ တိုင်ဟောင်းများဖြုတ်သိမ်းခြင်းနှင့် 11kV ဓာတ်အားလိုင်းပြောင်းရွှေ့ခြင်းလုပ်ငန်းကို (၂၆.၂.၂၀၂၃) ရက်နေ့ (၁၁:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်အထိ လုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နှင့် ရွှေပေါက္ကံမြို့နယ်များ၏ နေရာအချို့တို့တွင် ယာယီဓာတ်အား ပြတ်တောက်နေမည် ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသိပေးထုတ်ပြန်ထားပါသည်။

Report Page