Group

Group


၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ အကူးပိုင်းအချိန်က တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် မင်းမင်းထွန်း နှင့် ဟောင်လိတ်နယ်ထိန်း ဒုရဲအုပ်ဇော်ဝင်းနိုင်တို့ အဖွဲ့ အပါအဝင် အာဏာသိမ်းစစ်တပ်၏ လက်အောက်ခံ ပါလျှံ ပြည်သူ့စစ်တို့က တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၁)ရှိ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်နေထိုင်ခဲ့သည့် နေအိမ်သို့ သွားရောက်ရှာဖွေရာ ဦးဝင်းစွမ် မရှိသော်လည်း နေအိမ်အတွင်း ဆက်လက်ရှာဖွေရာမှ နေအိမ်စားပွဲပေါ်တွင် ချဲထီ နှင့် (၃၆)ကောင် ဘောင်ချာစာအုပ်များတွေ့ရှိ၍ဟု ဆိုကာ အဆိုပါ နေအိမ်မှ ဦးထွန်းမြင့်ထွန်း(ခ)ဦးထွန်းထွန်းအား လောင်းကစားဥပဒေဖြင့် အမှု ဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

"ကိုထွန်းထွန်း ကို စစ်မေးစရာရှိတယ်ဆိုပြီး အဲ့ညကခေါ်သွားတာ။ ပြီးမှ လောင်းကစား ဥပဒေနဲ့ ဖွင့်လိုက်တာ"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency ပြောသည်။

နေအိမ်အတွင်း ရှာဖွေရာတွင် ချဲထီ ဘောင်ချာစာအုပ်များနှင့် လောင်းကြေးငွေ (၇၆၀၀)ဘတ်တို့တွေ့ရှိ၍ဟုဆိုကာ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် (ပ)၉/၂၀၂၂၊ ၂၀၁၉ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လောင်းကစားမျိုးစုံရှိနေပြီး အဆိုပါ လောင်းကစားများကို ရဲတပ်ဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်လှစ်ခွင့်ရှိသည်ဟု သိရသည်။[TachileikNewsAgency][Z_F]

#Adm_1
#z_fighter

Report Page