FAQ

FAQ

Tint Naing Win

ကျနော် THM Voucher တွေကို Foreigner ဆို $1 ယူပေမယ့် မြန်မာတွေဆို 1000 ပဲယူပါတယ်။ ဘာလို့ ဒီလောက်ပဲယူရလဲဆို

ပထမတချက်ကတော့ မြန်မာဖြစ်နေလို့ပါ ။ မြန်မာဖြစ်နေလို့ကို အဲ့ဈေးနဲ့ပေးတာပါ ။ အခုလိုကာလတွေမှာ ကိုယ်တတ်နိုင်တဲ့ဘက်က အထောက်အပံ့ပေးချင်လို့ပါ ။

ဒုတိယတချက်ကတော့ ကျနော်ရောင်းနေတာက Game itemမဟုတ်သလို Entertainment လည်းမဟုတ်ပါဘူး ။ Learning Platform ပါ ။ ကိုယ်တိုင်က လမ်းပျောက်နေတဲ့အချိန်မှာ တခြားသူတွေ ကိုယ့်လိုမဖြစ်ဘဲ တခုခု အဖတ်တင်သွားစေချင်တာပါ ။ အလွယ် တကူ ရနိုင်တော့ဝယ်ဖြစ်သွားပြီး အရင်ထက်ပိုလေ့လာဖြစ်သွားစေချင်တာပါ ။

ကျနော့်ရဲ့အဓိက income က နိုင်ငံခြားကလူတွေဆီကပဲရတာပါ ။ မြန်မာတွေကို ကျနော်လည်းသိပ်မရာင်းရပါဘူး ။ ဒါက ကျနော်က customer အများကြီးလိုချင်လို့ ဈေးတအားချထားတယ်ထင်မှာဆိုးလို့ပါ ။ ကျနော်လည်း မရောင်းရပါဘူး ။ လစဉ် income ရဲ့ 95 % လောက် က foreigner တေဆီကရတာပါ ။

နိုင်ငံရေးတွေပြန်တည်ငြိမ်ပြီး အကုန်အဆင်ပြေနေပြီဆို တန်ဖိုးတခုသတ်မှတ်ပြီး တန်ဖိုးထားတတ်အောင်ရောင်းမှာပါ ။ ဆက်ပြီး ရောင်းဖြစ်ချင်မှ လည်းရောင်းဖြစ်ပါမယ်။

ကျနော်က ဒီလောက်နဲ့ ရောင်း ပေးနေလို့ တန်ဖိုးမရှိဘူး လို့ထင်ရင် ၊ ရုတ်တရက် 1 Month : 3000 / 5000ပြောင်းလိုက်ရင် မတန်ဘူးလို့တွေးမိမယ်ထင်ရင် ကိုယ်တိုင်သာဝယ်ကြည့်ပါ ။ ပိုက်ဆံရှိနေရင်တောင် ဝယ်ချင်တိုင်း ဝယ်မရပါဘူး ။

တခြားရောင်းနေတဲ့သူတွကို တောင်းပန်ချင်တာရယ် ၊ တချို့ညီကိုတွေကို တန်ဖိုးနားလည် စေချင်တာရယ်ကြောင့်ပါ ။ တချို့သိချင်နေမယ့် သူတွေ လည်းရှိမယ်ထင်လို့ပါ ။

ကျနော် ဒီနောက်ပိုင်း မြန်မာ ငွေနဲ့တောင် တင်မပေးတော့ပါဘူး ။ တခြားသူ တွေကို အားနာလို့ပါ ။ လူဟောင်းတွကိုပဲဆက်ရောင်းနတာပါ။

ဒီလိုရောင်းတာက ဘယ်သူ့ကိုမှလည်းထိခိုက်လိုတဲ့ရည်ရွယ်ချက်မရှိပါဘူး ။ site rape တာမျိုးထိလည်း မလုပ်ခဲ့ပါဘူး ။ သတ်မှတ်ထားတဲ့ ပမာဏအတိုင်းပဲ အတတ်ဆုံး ပုံမှန်အတိုင်းပဲဝယ်ယူခဲ့တာပါ ။ ကျနော့်ကြောင့် တဦးတယောက် ထိခိုက် နစ်နာသွားတယ်ဆို ဒီကနေပဲ တောင်းပန်ပါတယ် ။

Report Page