Description

Description

Lonely-mask

သူ၏လက်ထပ်ပြီးကာစလက်တွဲဖော်၌ဆန့်ကျင်ဘက်ကိုယ်ရည်ကိုယ်သွေး(စရိုက်)နှစ်ခုရှိနေကြောင်းချူယွေ့တွေ့ရှိသွားခဲ့သည်။

အမြဲတမ်းနူးညံ့ငြင်သာပြီးတက်ကြွလေ့မရှိသောသူသည်ချူယွေ့၏နှုတ်ခမ်းထောင့်ကိုသူ၏သွေးပေနေသောလက်ချောင်းထိပ်များဖြင့်ပွတ်ဆွဲလိုက်ပြီးတစ်လုံးချင်းမေးလေသည်။ “ငါနဲ့သူ မင်းဘယ်သူ့ကိုလိုချင်တာလဲ? ”

ချူယွေ့ : အနည်းငယ်ဒေါသထွက်နေ...


အင်ပါယာရေတပ်ဗိုလ်ချုပ်ကြီးချူယွေ့၏တရားဝင်လက်တွဲဖော်သည်အိုမီဂါပါမောက္ခတစ်ယောက်ဖြစ်သည်။ သူသည်နူးညံ့ပြီးကြင်နာသနားတတ်ကာလှပလေသည်။ သူတို့နှစ်ယောက်လုံးသည်ဖြူစင်ရိုးသားသောအခန်းဖော်ဆက်ဆံရေးကိုထိန်းသိမ်းထားသည်။ ထိုနေ့မတိုင်ခင်အထိပင်...

သူ့ခန္ဓာကိုယ်အားဖုံးအုပ်ထားသည့်ချိုမြိန်၍သိပ်သည်းသောအိုမီဂါဖယ်ရိုမုန်းကြောင့်ချူယွေ့၏မျက်နှာသည်နီရဲလာလေသည်။ သူ့အခန်းတံခါးခေါက်သံနှင့်အတူငြင်သာ၍အနည်းငယ်တုန်ရီနေသောအသံသည် “ inhibitor ကအလုပ်မဖြစ်ဘူး ” ဟုပြောလာ‌လေသည်။

ထို့နောက်တွင်တော့ ချူယွေ့သည်ခွင့်ရက်ရှည်ယူခဲ့သည်။ စစ်တပ်မှကြားရသောသတင်းများအရ ဗိုလ်ချုပ်ကြီး၏ခွင့်ရက်ရှည်ယူရသောအကြောင်းအရင်းသည်... ကိုယ်ဝန်ရှိသွားသော‌ကြောင့်ပင်ဖြစ်သည်!!


ပါမောက္ခလျောင်သည်စစ်တပ်၏အရေးကိစ္စများအားနားမလည်သလိုနိုင်ငံရေးအကြောင်းကိုလည်းမမေးပေ။ ချူယွေ့၏မျက်လုံးထဲတွင်သူသည်သန့်ရှင်း၍ဖြူစင်ရိုးသားလေသည်။ ဖန်လုံအိမ်ထဲတွင်သာပျိုးထောင်သင့်သောပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ပင်။

ထိုပန်းပွင့်လေးသည်သူ့လက်မှာပေနေသောသွေးများအားသုတ်လိုက်ပြီးချူယွေ့ရှေ့သို့ဂရုတစိုက်ယိုင်လာကာသူ့အားနမ်းရန်တောင်းဆိုလာသည်။

Report Page