Description

Description


English title - The Green Tea’s Crushing Victories in the ’70s

[   လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ]


Description💥


ထုံရွှယ်လူက လက်ဖက်စိမ်းဘုရင်မလေးဟူသော နာမည်ပြောင်ကို ရရှိထားလေ၏။ 


သူမ၏ ရုပ်ရည်သွင်ပြင်က ရင်သပ်ရှု့မောဖွယ်ရာဖြစ်ပြီး ကောက်ကြောင်းလှသည့် ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမကို လိုက်လံပိုးပန်းသူ များပြားလှသော်လည်း လေးနက်သည့်အချစ်ရေးမျိုး မရှိခဲ့ဖူးပေ။ 


သူမ လက်ဖက်စိမ်းမဘဝကို အဆုံးသတ်၍ လူကောင်းတစ်ယောက် ဖြစ်လာရန်ကြိုးစားတော့မည့်အချိန်တွင် ဘေးဒုက္ခကြီးတစ်ခု ကျရောက်လာခဲ့တော့သည်။


သူမ စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းသွားခဲ့၏။ ရုပ်ဝတ္ထုပစ္စည်းများ ရှားပါးသည့် ၇၀ခုနစ်များထံ ရောက်ရှ်ိသွားခဲ့ပြီးနောက် လူချမ်းသာမိသားစုတစ်စု၏ သမီးအတုကိုယ်ထဲ ရောက်သွားပေသည်။


ဇာတ်လမ်းအရဆိုလျှင် သူမက ပြန်လည်မွေးဖွားလာမည့် သမီးအရင်း၏ ပါးဖြတ်ရိုက်ခြင်းကိုခံရမည်ဖြစ်ပြီး တစ်ကြိမ်အိမ်ထောင်ကွဲထားဖူးသည့် အဖိုးကြီးတစ်ယောက်နှင့် လက်ထပ်လိုက်ရပြီး အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် သေဆုံးသွားရမည်ဖြစ်သည်။


ထုံရွှယ်လူ : …… ငါ လက်ဖက်စိမ်းမ ဆက်ဖြစ်နေတာ ပိုကောင်းမယ်ထင်တယ်...


အနာဂတ်တွင် သူဌေးဖြစ်လာမည့်လူသုံးယောက်အား ပျိုးထောင်ကာ အရာအားလုံး သူမလက်ထဲကျရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရမည့် ငါးဆားနယ်တစ်ကောင်သာ ဖြစ်ချင်ခဲ့သည်။ [ check ]


အစိုးရပိုင်စားသောက်ဆိုင်ကိုသွားပြီး အစားကောင်းအသောက်ကောင်းများ နေ့တိုင်းစားမည်။ [ check ]


သူမ၏ လျင်မြန်ဖျတ်လတ်မှုနှင့် ဉာဏ်ပညာကိုအသုံးချပြီး သမီးအရင်း၏ ပါးဖြတ်ရိုက်ခံရမှုမှ ရှောင်ရှားမည်။ [ check ]


ထူးချွန်ပြောင်မြောက်သည့် လက်ဖက်စိမ်းမလေး ဂရုတစိုက်ရှိနေသရွေ့ သူမထံရောက်ရှိလာသည့် ဇာတ်ညွှန်းများကို ကိုင်တွယ်နိုင်ပြီး အောင်နိုင်သူအဖြစ် အဆုံးသတ်သွားမည်ဖြစ်သည်။


***


ရူပဗေဒပညာရှင်တစ်ယောက်ဖြစ်သော ဝမ်ရူကွေ့က ငယ်ရွယ်ချောမောပြီး သူ့ဘဝတက်လမ်းကလည်း ဖြောင့်ဖြူးနေပေသည်။ သို့ရာတွင် သူ၏ သုတေသနပြုမူများကြောင့် မိသားစုဘဝထူထောင်ခြင်းမှ စိတ်ပျံ့လွင့်စေခဲ့သည်။


အထက်လူကြီးအားလုံးက သူ့ကို သူတို့မိသားစုဝင်ဖြစ်လာ‌ရန် မျက်စိကျနေကြသည်။


တစ်နေ့တွင် ဝမ်ရူကွေ့က ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်ကို သုတေသနဌာနသို့ခေါ်လာခဲ့ပြီး ချစ်ခင်မြတ်နိုးမှုများပြည့်နေသောအကြည့်ဖြင့် လူသိရှင်ကြား ကြေညာခဲ့သည်။


" ဒါ ကျွန်တော်နဲ့ စေ့စပ်မယ့်သူပါ... ကျွန်တော်တို့ မကြာခင် လက်ထပ်တော့မယ့်အကြောင်း လာအသိပေးတာပါ ..."


သူ့ အထက်လူကြီးများ : စကားလုံးဖြင့် မပြောပြနိုင်လောက်အောင် ထိတ်လန့်သွား...


လုပ်ဖော်ကိုင်ဖက် အမျိုးသမီးများ : အားလုံး အသည်းကွဲကုန်ကြ...


ထုံရွှယ်လူ : အကုန်လုံးကို အားတော့နာပေမယ့် ကျွန်မရဲ့ ဆွဲဆောင်မှုက မတုန်မလှုပ်နေတတ်တဲ့ စွမ်းရည်ပါပဲ...


Report Page