Description

Description

💛

ဟယ်ကွမ်းသည် yaoiဝတ္ထုတစ်ခုတွင် ဆန်ကုန်မြေလေးအမျိုးသားဇာတ်ဆောင်၏ လရောင်ဖြူလေးအဖြစ် ကူးပြောင်းလာခဲ့သည်။


အစောပိုင်းတွင် သူသည် စော်ကားခံခဲ့ရပြီး နောက်ပိုင်းတွင်မူ သူ့ဇနီးကို လိုက်ရှာနေသော ဆန်ကုန်မြေလေးအမျိုးသားဇာတ်ဆောင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ နောက်ဆုံးတွင် ဗီလိန်ဘော့စ်ဖြစ်သည့် ဆန်ကုန်မြေလေးကောင်၏ဦးလေးက သူ့ကို ငါးစာကျွေးကာ ဘ၀ဆုံးစေခဲ့လေ၏။ 


ဟယ်ကွမ်းက “ဘယ်သူက ဒီဆန်ကုန်မြေလေးကောင်ရဲ့ လရောင်ဖြူ ဖြစ်ချင်နေလို့လဲ”


မူလပိုင်ရှင်သည် ငွေကြေးချို့တဲ့မှုကြောင့် အမျိုးသားဇာတ်ဆောင်၏ မျက်မမြင်ဦးလေးနှင့် လက်ထပ်ခဲ့ရသည်။ နောက်ပိုင်းမှာ နောင်တရပြီး အဲဒီလူနဲ့ ကွာရှင်းခဲ့ပါတယ်။ ဇာတ်လမ်းအရ ဟယ်ကွမ်းသည် ဗီလိန်ဘော့စ်၏ ခင်ပွန်းဟောင်း ဖြစ်လာတော့မည်ဖြစ်သည်။ အဲဒီနောက်မှာတော့ သူဟာ နှစ်အတော်ကြာ ညှင်းပန်းနှိပ်စက်ခံရပြီး ငါးစာကျွေးခံရခြင်းဖြင့် ကြေကွဲဖွယ် သေဆုံးခဲ့ရပါတယ်။


ဟယ်ကွမ်းသည် ဝင်ပေါက် ခုနစ်ပေါက်ရှိသည့် အိမ်ကြီးကို လှည့်ပတ်ရှာဖွေကာ ကွာရှင်းဖို့သဘောတူညီချက်စာချုပ်ကို ချက်ချင်းဆုတ်ဖြဲလိုက်သည်။ သူကိုယ်တိုင်က ယောက်ျားတွေကို မကြိုက်ပေမယ့် လက်ထပ်ပြီးပြီဆိုမှတော့ အဲဒီလူက သူ့ဇနီးပဲပေါ့...


လူတစ်ယောက်ကို ပြုစုဖို့က မခက်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဧည့်သည်တွေလို ဆက်ဆံနေရုံပါပဲ...


စာချုပ်သက်တမ်းကုန်သွားတဲ့နောက်မှာ လူတွေက ဟယ်ကွမ်းကို ဟာသသဖွယ်ကြည့်ဖို့ စောင့်နေခဲ့ကြတယ်။ ဟိတ်ဟန်များပြီး ကြွားဝါတတ်တဲ့ ဟယ်ကွမ်းက လော့မိသားစုခေါင်းဆောင်ကို လက်ထပ်ချင်နေပေမယ့် အခုတော့ မျက်မမြင်တစ်ယောက်နဲ့ လက်ထပ်ပြီး ရွှံ့နွံ့ထဲကိုကျသွားပြီဆိုပြီးတော့ပေါ့...


အချိန်တော်တော်ကြာပြီးနောက်မှာတော့ လော့မိသားစုရဲ့ခေါင်းဆောင်အသစ်က လက်ထပ်ပွဲကျင်းပနေတယ်လို့ သူတို့ကြားလိုက်ရတယ်။


ကြီးကျယ်ခမ်းနားသောမင်္ဂလာပွဲတစ်ခု၌ ကောလဟာလများထဲမှ မျက်မမြင်အမျိုးသား၏ မျက်လုံးများက အေးစက်ကာလှပနေပြီး သူ၏ဘယ်ဘက်လက်သူကြွယ်တွင်ရှိသော တောက်ပသည့်လက်စွပ်ကလည်း တစ်စုံတစ်ခုကိုပြောပြနေလေ၏။


သူက လူတစ်ယောက်ကိုငေးကြည့်နေရင်း သူ၏အေးစက်သည့်မျက်၀န်းများထဲတွင် လူသားဆန်သည့် အပြုံးရိပ်များ ပေါ်ထွက်လာလေ၏။


ဟယ်ကွမ်းသည် အချိုပွဲစားရင်းအလုပ်ရှုပ်နေပြီး သူ့နောက်မှာတစ်စုံတစ်ယောက် မတ်တပ်ရပ်နေသည်ကိုခံစားလိုက်ရသည်။ သူကအလန့်တကြားဖြင့်...

"ဘာလုပ်နေတာလဲ?!"


ထိုလူက သူ၏ခေါင်းကိုနှိမ့်ကာ ဟယ်ကွမ်းကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး ဟယ်ကွမ်းလက်ပေါ်က လက်စွပ်ကိုပွတ်သပ်လိုက်လေသည်။


ထို့နောက် မကျေနပ်သည့် အရိပ်အယောင်များပါ၀င်နေသော်လည်း နူးညံ့ပျော့ပြောင်းသောလေသံဖြင့် ဂရုတစိုက်မေးမြန်းလာ၏။

"ကိုယ်က မင်းရဲ့ဇနီးပါလို့ မပြောခဲ့ဘူးလား? ဒါဆို ဘာလို့ ကိုယ့်ကို အခုချိန်ထိရှောင်နေသေးတာလဲ? ဟင် လောင်ကုန်း..."


ဟယ်ကွမ်းမှာ ရှက်ရွံ့သွားပြီး လော့တုန့်ချန်၏ပါးစပ်ထဲသို့ ကိတ်မုန့်တစ်ဖဲ့ကိုသာ အမြန်ထိုးထည့်လိုက်တော့သည်။

Report Page