Description
Description
Mini Desserts
တော်ဝင်စားဖိုမှုး၏ အမွေဆက်ခံသူဖြစ်သော ကျီကျောက်သည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းသွားခဲ့သည်။ ကျီကျောက်သည် သူမနှင့် နာမည်တူ ဆိုးရွားသော ဇာတ်ကြောင်းရှိသည့် အမျိုးသားဇာတ်လိုက်၏ ဇနီးဟောင်းအဖြစ် ကူးပြောင်းသွားခဲ့ခြင်းဖြစ်သည်။
မူရင်းခန္ဓာကိုယ်ပိုင်ရှင်သည် စိတ်ကြီးဝင်၊  ကြမ်းတမ်းပြီး ရိုင်းပျသည်။
အမျိုးသားဇာတ်လိုက်ကို နှိမ်ချခြင်း၊ သူမ၏ မိသားစုဝင်များကို အနိုင်ကျင့်ပြီး အဆုံးမှာ ရူးသွပ်သွားစေခဲ့သည်။
ဇာတ်ကြောင်းကို သိလိုက်ရတော့ ကျီကျောက်တစ်ယောက် လုံးဝ ထိတ်လန့်သွားခဲ့သည်။
ကျီကျောက်သည် ဘာဘီကျူးများ၊ အကင်များနှင့် အခြားသော အမျိုးမျိုး အထွေထွေ အရသာရှိသည့် ဟင်းပွဲများကို ပြင်ဆင်ကာ စားကောင်းသောက်ဖွယ်များဖြင့် အခြေအနေကို ပြောင်းပြန်လှန်ရန် ကြိုးစားခဲ့သည်။
ဆူဖြိုးလှတဲ့ ငါးတွေကို ဖမ်းမိခြင်း၊ တောကြက်ရိုင်းတွေ ဖမ်းမိခြင်း၊ ဘဲဥတွေ ကောက်ရသည့်အထိ ကျီကျောက်သည် အလွန်ကံကောင်းသည်။
အိမ်ခြံတေ‌ွ ဝယ်ယူမယ်၊ အိမ်တော်တွေ ဆောက်လုပ်မယ်၊ စီးပွားရေး လုပ်ကိုင်မယ်။ ဘဝကို ပျော်ရွှင်စွာ နေထိုင်မယ်။
ကျီကျောက်သည် ပြုံးရယ်ရင်း ပိုက်ဆံများများရှာဖွေဖို့လုပ်ဆောင်နေစဉ် အနာဂတ် ဝန်ကြီးချုပ်က သူမနှင့် ပိုမို နီးကပ်လာသည်ကို တွေ့ရှိခဲ့ရသည်။
"ရှင် ဘာဖြစ်လို့ အနားကို အရမ်းကပ်နေတာလဲ။"
"ကိုယ်က မင်းခင်ပွန်းလေ၊ အရူးမလေးရဲ့။"
"ခင်ပွန်းဟောင်းပါ။" ကျီကျောက်က ပက်ခနဲ ပြန်ပြောလိုက်သည်။
"အိုး၊ တကယ်လား။"
နောက်တစ်နေ့တွင် ကျီကျောက်သည် ပြင်းထန်စွာ အော်ဟစ်ငိုယိုပြီး သနားငဲ့ညှာပေးရန် ဆက်လက်တောင်းဆိုခဲ့ရသည်။
"တောင်းပန်ပါတယ်၊ အရှင်"
"ကိုယ့်ကို ယောကျာ်းလို့ခေါ်"
Zawgyi
"အိုး၊ တကယ်လား။"
"တောင်းပန်ပါတယ်၊ အရှင်"
Report Page