Description

Description

Sue Xing Nway

Description


#bursting after he transmigrated cannon fodder omgea 


ယွမ်ရှင်းကျဲသည် ABO၀တ္ထုတစ်ခုထဲကူး​ပြောင်းသွားပြီး အ​မြောက်စာ အရံဇာတ်​ကောင်​လေးဖြစ်လာခဲ့သည်။ မိသားစုစီးပွား​ရေးမှာနိမ့်ကျလာပြီး သူ၏သတို့သား​လောင်းကမူ သူ့ကိုမလိုချင်​ချေ။ ၀တ္ထုဇာတ်​ကြောင်းအရ အချစ်​ကြောင့် အလုပ်မလုပ်​​ေတာ့​သော ဦး​နှောက်ဖြင့် အမျိုးသားဇာတ်လိုက် ချီယုအတွက် ဘာမဆိုလုပ်​ပေးခဲ့​သော်လည်း အဆုံးတွင်ထားခဲ့ခံရကာ ဂလင်းကိုဖြတ်ပစ်ခဲ့ပြီး ​ရောဂါပိုး၀င်ကာပင်ဆုံးပါးသွားခဲ့သည်။


မက်ခါပညာရှင်းကျဲ: ငါကအရမ်းအလုပ်များတယ် မင်းနဲ့ကစားဖို့အချိန်မရှိဘူး။


မူလဇာတ်​ကြောင်းကိုဖျက်ဆီးပစ်ပြီး​နောက် သူကမက်ခါများကိုသာ တစိုက်မတ်မတ်​လေ့လာပြီး သူ၏ယခင်ဘ၀မှအိပ်မက်ကိုဖြည့်ဆည်းရန်ကြိုးစား​တော့သည်။


နူးညံ့ပြီး အားနည်း​သောအိုမီဂါများမှာ ကြီးမားပြီး​လေးလံ​သောမက်ခါ​မောင်းနှင်ခြင်းအတွက်ဘယ်တုန်းကမှမသင့်​​လျော်ခဲ့။ သို့သော် ဤနှစ်ရှင်းဟိုင်တက္ကသိုလ်မက်ခါပြိုင်ပွဲတွင် အိုမီဂါ​ကျောင်းသားသစ် ယွမ်ရှင်းကျဲတစ်​ယောက် တလက်ကိုင်မက်ခါအ​ဟောင်း​လေးကို​မောင်းကာပြိုင်ပွဲ၀င်လာခဲ့သည်၊ 

လူတိုင်းကသူ့အား ​စေ့စပ်ပွဲပျက်သွားသဖြင့်အသည်းကွဲကာ စိတ်ရူး​ပေါက်ရာ​လျှောက်လုပ်​နေသည့်ဟုထင်ကြ​သော်လည်း ထို​ပျော့ညံ့ညံ့အိုမီဂါ​လေးက အယ်လ်ဖာတစ်အုပ်ကြီးကို အနိုင်ပိုင်းလိုက်လျှင် လူတိုင်း အံ့အားသင့်သွားကြရသည်။


လူတိုင်း : ???ဒါကြီးကဖြစ်​ရောဖြစ်သင့်ရဲ့လား


သို့​သော်ထိုထက်အံ့သြစရာက​ပေါ်လာခဲ့ပြန်သည်။


ယွမ်ရှင်းကျဲသည် မက်ခါပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်သစ်ကိုချိုးလိုက်​​တော့သည်။


ယွမ်ရှင်းကျဲဒီဇိုင်းဆွဲ​သောမက်ခါမှာ ​လေလံပွဲတွင် အမြင့်ဆုံး​စျေးဖြင့်​ရောင်းချနိုင်ခဲ့သည်။ 


ယွမ်ရှင်းကျဲ​ရေးဆွဲ​သောမက်ခါနည်းပညာကို မည်သည့်မက်ခါထုတ်လုပ်​ရေးကုမ္ပဏီကမဆို အငမ်းမရလိုချင်​နေကြသည်။ 


နည်းပညာ​လောကကြီးတစ်ခုလုံးကသူ၏​ပေါင်ကိုဖက်လိုကြ​​လေသည်။ 


​စေ့စပ်ပွဲဖျက်ပြီး​နောက် ချီယုမှာ ယွမ်ရှင်းကျဲ​နောင်တရမည့်အချိန်ကို​စောင့်​နေခဲ့သည် ။ သို့​သော် အမှန်တကယ်​နောင်တရသူမှာ သူကိုယ်တိုင်သာဖြစ်ခဲ့​လေသည်၊ ကံ​ကောင်းစွာဖြင့် အင်ပါယာတွင် စည်းမျဥ်းတစ်ခုရှိ​လေသည်။ ဖယ်ရိုမုန်းလိုက်ဖက်မှုမြင့်မား​သော အယ်လ်ဖာနှင်အိုမီဂါစုံတွဲမှာအတူရှိရမည်ဟု။


ယွမ်ရှင်းကျဲမှာ သူ့ကိုလက်ထပ်ရဖို့ကံပါလာပြီးသားပင်။ 


သို့​သော် ​စေ့စပ်ပွဲတွင် ချီယု လက်ထပ်ခွင့်​တောင်းခွင့်မရခင်တွင် ယွမ်ရှင်းကျဲက​လှောင်ရယ်လျက် သူ၏ဂလင်းကိုလှီးဖြတ်လိုက်​တော့သည်။ မူလဇာတ်​ကြောင်းကဲ့သို့ သူ၏ဖယ်ရိုမုန်းတို့က နှင်းဆီရနံ့ဖယ်ရိုမုန်းတို့က​နေရာအနှံ့ပြန့်နှံ့သွားလျက် လျင်မြန်စွာညှိုး​​ရော်လာ​တော့သည်။


ချီယုမှာထိတ်လန့်သွားပြီး အသည်းကွဲသွား​တော့သည်။ သို့​သော်သူဘာမှမလုပ်နိုင်ခင်တွင် ​အရပ်မြင့်မြင့် လူတစ်​ယောက်က ယွမ်ရှင်းကျဲကိုဖက်ကာ ပွဲထဲမှ​ခေါ်ထုတ်သွား​​တော့သည်၊


လူတိုင်းကအံအားသင့်သွားခဲ့ကြသည်။ 


ယွမ်ရှင်းကျဲပင်လျှင်ထိုလူအား အံ့အားသင့်စွာကြည့်​နေမိ​လေသည်။


ထိုလူမှာ ဗီလိန်ဖြစ်သူ ​လော့၀မ်ချွမ်းပင်။ 

မူလစာအုပ်ထဲတွင် အင်ပါယာ၏ဒုတိယမင်းသားမှာ အရပ်မြင့်မြင့်နှင့်လွန်စွာ​ချော​မောလှသည်၊သို့​သော် ​သွေး​အေးပြီး ရက်စက်သည်။


သို့​သော်ဤအခိုက်အတန့်တွင်မူ သူ၏မျက်လုံးတို့မှာ စိုးရိမ်မှုတို့ဖြင့် ​ဆောက်တည်ရာမဲ့စွာ နီရဲ​နေခဲ့​လေသည်။



xxxxx



Report Page