Description

Description

Yu Ya Nyein

#Unicode

Little one tears the villain's script

ဗီလိန်ဇာတ်ညွှန်းကိုဖြဲပစ်မယ်


Description

ကျန်းရှောင်မန်တစ်ယောက် သူမအသက်သုံးနှစ်အရွယ်တွင် စနစ် တစ်ခုဖြင့် ချိတ်ဆက်မိခဲ့သည်။ စနစ်က သူမဟာ ချမ်းသာသည့်မိသားစုတစ်ခု၏ ပျောက်ဆုံးနေသော ကလေးတစ်ယောက်ဖြစ်သည်ဟု ပြောပြခဲ့ပြီး သူမ၏တာဝန်က ဇာတ်လမ်းထဲရှိ အမြှောက်စာ ဇာတ်ကောင်လေးဖြစ်ရန်ဟု ပြောခဲ့သည်။ သူမ မိဘများ မွေးစားခဲ့သော သမီးအတုက ဇာတ်လမ်း၏ အမျိုးသမီးဇာတ်လိုက်ဖြစ်ပေသည်။


ကျန်းရှောင်မန် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် မေးလိုက်သည်။

"အမြှောက်စာဇာတ်ကောင်ဆိုတာ ဘာလဲဟင်..."


စနစ်: "မင်းတို့တွေအားလုံးက စာအုပ်တစ်အုပ်ထဲမှာ ရှင်သန်နေကြတဲ့လူတွေဖြစ်ပြီးတော့ လူတိုင်းမှာ တာဝန်ယူရတဲ့ ဇာတ်ကောင်တွေရှိတယ်လေ... အခုကစပြီး မင်းက စိတ်ထားမကောင်းဘဲ ဆိုးသွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်လာရတော့မှာ... မင်း အဲ့ကောင်လေးကို မြင်လား... သူက မင်းထက် မြင့်တဲ့ ဇာတ်ကောင်ပဲ... အနာဂတ်မှာ သူကဗီလိန်အကြီးစားကြီးဖြစ်လာမှာ... သူ့ကိုအနိုင်သွားကျင့်ပြီး ကောင်းတာလေးတွေသွားပြလိုက်လေ..."


တုံးအအ ကျန်းရှောင်မန်လေးက အရောင်စုံပန်းလက်တစ်ဆုပ်ခူးကာ သူ့လက်ထဲထည့်လိုက်သည်။

"ငါနင့်ကို ကောင်းတာလေးလာပြတာ..."


စနစ်: "..."


အချစ်လေးရေ.. မင်းလုံးဝမှားနေပြီလေ... သူ့ကိုကောင်းတာလေးပြတယ်ဆိုတာ ဒီလိုနည်းလမ်းမျိုးမဟုတ်ဘူးလို့...


ကောင်ကလေး: "ငါ့မှာ သူငယ်ချင်းမလိုအပ်ဘူး... အဖော်လည်းမလိုအပ်ဘူး... ငါက ဘယ်သူမှမလိုချင်တဲ့ ဝန်ထုပ်ဝန်ပိုးပဲ... ငါ့ရဲ့ကံကြမ္မာကိုက စွန့်ပစ်ခံ ဖို့ ဖြစ်တည်လာတာ..."


ကျန်းရှောင်မန်: "အဲ့တာအမှားကြီးနော်... လူတိုင်းရဲ့တည်ရှိမှုက အဓိပ္ပါယ်ရှိပါတယ်... စနစ်ကပြောတယ် နင်က အရမ်းကိုအရေးပါတယ်တဲ့... ငါ့ထက်တောင် အရေးပါတယ်တဲ့လေ... နင်က အနာဂတ်မှာ အရမ်းကိုအရမ်းကိုအသုံးဝင်တဲ့လူဖြစ်လာမှာပါ..."


စနစ်: "..??"


ငါအဲ့လိုပြောမိတာလား...


နောက်ပိုင်းတွင် စနစ်က ကျန်းရှောင်မန်ကို တာဝန်ထပ်မပေးတော့ပေ။ ကျန်းရှောင်မန်လေးက ဝမ်းနည်းပန်းတနည်းပြောလာသည်။

"ဦးဦးစနစ်ရေ... သမီးနဲ့ဘာလို့ ထပ်မဆော့တော့တာလဲဟင်..."


စနစ်: "မြန်မြန်လေး အရွယ်ရောက်ပြီး စကားလုံးတိုင်းကို သင်စမ်းပါ... မင်းက ငါ့ကိုသတ်နေတာပဲ...."


ကျန်းရှောင်မန်က စနစ်၏ ညွှန်ကြားမှုအောက်တွင် အကျင့်ပုတ်ရန်(တကယ်မဟုတ်) ပြင့းပြင်းထန်ထန်ကြိုးစားပြီး သူမ၏ချမ်းသာသော မိများနှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ သူမ သူမ၏ခေါင်းလေးကို ကုတ်ပြီးမေးလိုက်သည်။

"ဦးဦးစနစ်ရေ... တာဝန်ကရော... ဦးဦးပဲသမီးကို မိသားစုရဲ့ ပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်ရမယ်ဆို..."


စနစ်: "မင်းဘယ်ပိုင်ဆိုင်မှုတွေအတွက် တိုက်ခိုက်ချင်နေရသေးတာလဲ... မင်းမှာ မင်းမိဘတွေရဲ့ပိုင်ဆိုင်မှုထက် ပိုများတဲ့ ငွေတွေရှိနေပြီလေ...."




#Zawgyi

Little one tears the villain's script

ဗီလိန္ဇာတ္ၫႊန္းကိုၿဖဲပစ္မယ္


Description

က်န္းေရွာင္မန္တစ္ေယာက္ သူမအသက္သုံးႏွစ္အ႐ြယ္တြင္ စနစ္ တစ္ခုျဖင့္ ခ်ိတ္ဆက္မိခဲ့သည္။ စနစ္က သူမဟာ ခ်မ္းသာသည့္မိသားစုတစ္ခု၏ ေပ်ာက္ဆုံးေနေသာ ကေလးတစ္ေယာက္ျဖစ္သည္ဟု ေျပာျပခဲ့ၿပီး သူမ၏တာဝန္က ဇာတ္လမ္းထဲရွိ အေျမႇာက္စာ ဇာတ္ေကာင္ေလးျဖစ္ရန္ဟု ေျပာခဲ့သည္။ သူမ မိဘမ်ား ေမြးစားခဲ့ေသာ သမီးအတုက ဇာတ္လမ္း၏ အမ်ိဳးသမီးဇာတ္လိုက္ျဖစ္ေပသည္။


က်န္းေရွာင္မန္ မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္ျဖင့္ ေမးလိုက္သည္။

"အေျမႇာက္စာဇာတ္ေကာင္ဆိုတာ ဘာလဲဟင္..."


စနစ္: "မင္းတို႔ေတြအားလုံးက စာအုပ္တစ္အုပ္ထဲမွာ ရွင္သန္ေနၾကတဲ့လူေတြျဖစ္ၿပီးေတာ့ လူတိုင္းမွာ တာဝန္ယူရတဲ့ ဇာတ္ေကာင္ေတြရွိတယ္ေလ... အခုကစၿပီး မင္းက စိတ္ထားမေကာင္းဘဲ ဆိုးသြမ္းတဲ့ ကေလးတစ္ေယာက္ျဖစ္လာရေတာ့မွာ... မင္း အဲ့ေကာင္ေလးကို ျမင္လား... သူက မင္းထက္ ျမင့္တဲ့ ဇာတ္ေကာင္ပဲ... အနာဂတ္မွာ သူကဗီလိန္အႀကီးစားႀကီးျဖစ္လာမွာ... သူ႔ကိုအႏိုင္သြားက်င့္ၿပီး ေကာင္းတာေလးေတြသြားျပလိုက္ေလ..."


တုံးအအ က်န္းေရွာင္မန္ေလးက အေရာင္စုံပန္းလက္တစ္ဆုပ္ခူးကာ သူ႔လက္ထဲထည့္လိုက္သည္။

"ငါနင့္ကို ေကာင္းတာေလးလာျပတာ..."


စနစ္: "..."


အခ်စ္ေလးေရ.. မင္းလုံးဝမွားေနၿပီေလ... သူ႔ကိုေကာင္းတာေလးျပတယ္ဆိုတာ ဒီလိုနည္းလမ္းမ်ိဳးမဟုတ္ဘူးလို႔...


ေကာင္ကေလး: "ငါ့မွာ သူငယ္ခ်င္းမလိုအပ္ဘူး... အေဖာ္လည္းမလိုအပ္ဘူး... ငါက ဘယ္သူမွမလိုခ်င္တဲ့ ဝန္ထုပ္ဝန္ပိုးပဲ... ငါ့ရဲ႕ကံၾကမၼာကိုက စြန႔္ပစ္ခံ ဖို႔ ျဖစ္တည္လာတာ..."


က်န္းေရွာင္မန္: "အဲ့တာအမွားႀကီးေနာ္... လူတိုင္းရဲ႕တည္ရွိမႈက အဓိပၸါယ္ရွိပါတယ္... စနစ္ကေျပာတယ္ နင္က အရမ္းကိုအေရးပါတယ္တဲ့... ငါ့ထက္ေတာင္ အေရးပါတယ္တဲ့ေလ... နင္က အနာဂတ္မွာ အရမ္းကိုအရမ္းကိုအသုံးဝင္တဲ့လူျဖစ္လာမွာပါ..."


စနစ္: "..??"


ငါအဲ့လိုေျပာမိတာလား...


ေနာက္ပိုင္းတြင္ စနစ္က က်န္းေရွာင္မန္ကို တာဝန္ထပ္မေပးေတာ့ေပ။ က်န္းေရွာင္မန္ေလးက ဝမ္းနည္းပန္းတနည္းေျပာလာသည္။

"ဦးဦးစနစ္ေရ... သမီးနဲ႔ဘာလို႔ ထပ္မေဆာ့ေတာ့တာလဲဟင္..."


စနစ္: "ျမန္ျမန္ေလး အ႐ြယ္ေရာက္ၿပီး စကားလုံးတိုင္းကို သင္စမ္းပါ... မင္းက ငါ့ကိုသတ္ေနတာပဲ...."


က်န္းေရွာင္မန္က စနစ္၏ ၫႊန္ၾကားမႈေအာက္တြင္ အက်င့္ပုတ္ရန္(တကယ္မဟုတ္) ျပင့းျပင္းထန္ထန္ႀကိဳးစားၿပီး သူမ၏ခ်မ္းသာေသာ မိမ်ားႏွင့္ ျပန္လည္ေတြ႕ဆုံခဲ့သည္။ သူမ သူမ၏ေခါင္းေလးကို ကုတ္ၿပီးေမးလိုက္သည္။

"ဦးဦးစနစ္ေရ... တာဝန္ကေရာ... ဦးဦးပဲသမီးကို မိသားစုရဲ႕ ပိုင္ဆိုင္မႈေတြအတြက္ တိုက္ခိုက္ရမယ္ဆို..."


စနစ္: "မင္းဘယ္ပိုင္ဆိုင္မႈေတြအတြက္ တိုက္ခိုက္ခ်င္ေနရေသးတာလဲ... မင္းမွာ မင္းမိဘေတြရဲ႕ပိုင္ဆိုင္မႈထက္ ပိုမ်ားတဲ့ ေငြေတြရွိေနၿပီေလ...."

Report Page