Description

Description

Mini Desserts

စာစဥ်မိတ်ဆက်

စိုက်ပျိုးရေးပညာရှင် ရှစ်ချင်းလျို့သည် သေဆုံးသွားပြီးနောက် သူမ မျက်လုံးတစ်ဖန်ပြန်ဖွင့်လိုက်ချိန်တွင် ရှေးခေတ်က ရွာသူမိန်းကလေးတစ်ယောက်အဖြစ် ကူးပြောင်းသွားခဲ့ကြောင်း သိလိုက်ရပါသည်။

သူမရဲ့ ဇာတ်လမ်းကတော့ သူမရဲ့ မိသားစုက သူမကို ရောင်းစားခဲ့ပြီး လက်ရှိမှာတော့ အတင်းအကြပ် ခေါ်ဆောင်သွားဖို့လုပ်ရာမှ စတင်ခဲ့တာ ဖြစ်ပါတယ်။

သူမသည် သူတို့ထက် ပိုကြမ်းတမ်းခက်ထန်ပြီး ပြဿနာရှာသူများကို အရှုံးဖြင့် ငိုကြွေးစေခဲ့ကာ သူမ၏ အိမ်ထောင်ရေးကို ရုတ်သိမ်း‌ရန် အစပြုခဲ့ပြီး သူမကို ပံ့ပိုးပေးခဲ့ရသည်။

သူမသည် မိသားစုနှင့် ကွဲကွာပြီးနော် သတိမေ့မြောနေသည့် ပညာတော်သင် ရှောင်ဟန်ကျန့်ကို လက်ထပ်ရန် စတင်လုပ်ဆောင်ခဲ့သည်။

ရှစ်ချင်းလျို့သည် ပညာတော်သင်ရှောင်ရဲ့ ပျော့ညံ့သောမိခင်၊ အားနည်းသော မိခင်နှင့် အကျင့်စာရိတ္တကောင်းမွန်သော ညီငယ်တို့ကိုကြည့်ပြီး သူမ စိတ်ကျေနပ်စွာ မေးပွတ်လိုက်မိသည်။

ထိုအချိန်မှစ၍ သူမသည် မိသားစုကို ထောက်ပံ့ရန် အရေးကြီးသော တာဝန်ကို ထမ်းဆောင်ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးကို ဆုပ်ကိုင်ကာ မိသားစုတစ်ခုလုံး ချမ်းသာလာစေရန် ကြိုးပမ်းနိုင်ခဲ့ပြီး နိုင်ငံ၏ အချမ်းသာဆုံး အမျိုးသမီးဖြစ်လာခဲ့သည်။

ရှောင်ဟန်ကျန့် နိုးလာသောအခါ ရေနစ်သေဆုံးသွား‌ခဲ့သော ညီဖြစ်သူမှာ အသက်ရှင်လျက်ရှိပြီး နာမကျန်းဖြစ်နေသည့် သူဌေးသားဖြင့် လက်ထပ်ရန် အတင်းအကြပ် ဆွဲခေါ်ခံခဲ့ရပြီး သေဆုံးသွားခဲ့ရသည့် ညီမဖြစ်သူမှာလည်း အိမ်တွင်ရှိနေဆဲဖြစ်သည်။ သူ့အတွက် ဆေးပင်ရှာဖွေဖို့ တောင်ပေါ်တက်သွားရာမှ သားရဲတိရိစ္ဆာန်အကိုက်ခံရပြီး သေဆုံးသွားခဲ့ရသော မိခင်ဖြစ်သူမှာလည်း အသက်ရှင်လျက်ရှိနေသေး၏။

အရေးကြီးတာက သူနိုးလာတဲ့အခါ သူ့မှာ အရည်အချင်းရှိပြီး ချောမောလှပတဲ့ ဇနီးတစ်ယောက်ပါ ရှိနေတယ်။

သူ့အမေနဲ့ ညီမငယ်၊ ညီငယ်တွေက ဒီဇနီးသည်လေးကို အားကိုးပြီး ချစ်ခင်ကြတယ်။

သူက ဇနီးလေးကိုကြည့်ပြီး "မင်းက မိသားစုကို ထောက်ပံ့နေတော့ ကိုယ်က ဘာလုပ်ရမလဲ" ဟု မေးခွန်းထုတ်မိသည်။

ဇနီးလေးက သူ့ကို "ရှင့်က ပန်းလေးလို လှပဖို့ တာဝန်ယူလေ။ ရှင် နန်းတွင်းစာမေးပွဲကို ဝင်ဖြေပြီး အရာရှိဖြစ်လာတဲ့အခါ ရှင်က ကျွန်မရဲ့ ကျောထောက်နောက်ခံ ဖြစ်လာလိမ့်မယ်။" ဟု ပြောခဲ့ပါသည်။

ရှောင်ဟန်ကျန့်ရဲ့ အေးစက်သောနှလုံးသားသည် ပြန်လည်အသက်ဝင်လာပြီး "ကောင်းပြီ" ဟုသာ ဆိုလိုက်ပါသည်။

ထိုအချိန်မှစ၍ သူသည် အင်္ကျီစကို ခေါက်တင်ပြီး အလုပ်ကြိုးစားခဲ့သည်။ ငယ်ရွယ်တဲ့ ပညာတော်သင်ဘဝကနေ ဩဇာအကြီးမားဆုံး ဝန်ကြီး ဖြစ်လာခဲ့သည်။

မြို့တော်ရှိလူတိုင်းက ရှောင်ဟန်ကျန့်ကို သူ့ရဲ့ ရွာသူဇနီးသည်နဲ့ကွာရှင်းဖို့ စောင့်မျှော်နေခဲ့ကြတယ်။ မရေတွက်နိုင်သော အမျိုးသမီးများသည် သူ့ကိုလက်ထပ်ပြီး သူ့ဇနီးသည်နေရာကို အစားထိုးဝင်လိုသော်လည်း သူက သူ့ဇနီးသည်အပေါ် ဆက်လက်ချစ်ခင်နေမြဲဖြစ်နေလိမ့်မည်ဟု မည်သူထင်မိပါ့မည်နည်း။

သူနိုးလာချိန်မှစလို့ သူ့ဇနီးသည်ဟာ သူ့ရဲ့ ဒီဘဝမှာ ကယ်တင်ခြင်းနတ်မိမယ်လေးဆိုတာ သူသိပါသည်။




Zawgyi


စာစဥ္မိတ္ဆက္

စိုက္ပ်ိဳးေရးပညာ႐ွင္ ႐ွစ္ခ်င္းလ်ိဳ႕သည္ ေသဆုံးသြားၿပီးေနာက္ သူမ မ်က္လုံးတစ္ဖန္ျပန္ဖြင့္လိုက္ခ်ိန္တြင္ ေ႐ွးေခတ္က ႐ြာသူမိန္းကေလးတစ္ေယာက္အျဖစ္ ကူးေျပာင္းသြားခဲ့ေၾကာင္း သိလိုက္ရပါသည္။

သူမရဲ႕ ဇာတ္လမ္းကေတာ့ သူမရဲ႕ မိသားစုက သူမကို ေရာင္းစားခဲ့ၿပီး လက္႐ွိမွာေတာ့ အတင္းအၾကပ္ ေခၚေဆာင္သြားဖို႔လုပ္ရာမွ စတင္ခဲ့တာ ျဖစ္ပါတယ္။

သူမသည္ သူတို႔ထက္ ပိုၾကမ္းတမ္းခက္ထန္ၿပီး ျပႆနာ႐ွာသူမ်ားကို အ႐ႈံးျဖင့္ ငိုေႂကြးေစခဲ့ကာ သူမ၏ အိမ္ေထာင္ေရးကို ႐ုတ္သိမ္း‌ရန္ အစျပဳခဲ့ၿပီး သူမကို ပံ့ပိုးေပးခဲ့ရသည္။

သူမသည္ မိသားစုႏွင့္ ကြဲကြာၿပီးေနာ္ သတိေမ့ေျမာေနသည့္ ပညာေတာ္သင္ ေ႐ွာင္ဟန္က်န္႔ကို လက္ထပ္ရန္ စတင္လုပ္ေဆာင္ခဲ့သည္။

႐ွစ္ခ်င္းလ်ိဳ႕သည္ ပညာေတာ္သင္ေ႐ွာင္ရဲ႕ ေပ်ာ့ညံ့ေသာမိခင္၊ အားနည္းေသာ မိခင္ႏွင့္ အက်င့္စာရိတၱေကာင္းမြန္ေသာ ညီငယ္တို႔ကိုၾကည့္ၿပီး သူမ စိတ္ေက်နပ္စြာ ေမးပြတ္လိုက္မိသည္။

ထိုအခ်ိန္မွစ၍ သူမသည္ မိသားစုကို ေထာက္ပံ့ရန္ အေရးႀကီးေသာ တာဝန္ကို ထမ္းေဆာင္ခဲ့ၿပီး စိုက္ပ်ိဳးေမြးျမဴေရးကို ဆုပ္ကိုင္ကာ မိသားစုတစ္ခုလုံး ခ်မ္းသာလာေစရန္ ႀကိဳးပမ္းႏိုင္ခဲ့ၿပီး ႏိုင္ငံ၏ အခ်မ္းသာဆုံး အမ်ိဳးသမီးျဖစ္လာခဲ့သည္။

ေ႐ွာင္ဟန္က်န္႔ ႏိုးလာေသာအခါ ေရနစ္ေသဆုံးသြား‌ခဲ့ေသာ ညီျဖစ္သူမွာ အသက္႐ွင္လ်က္႐ွိၿပီး နာမက်န္းျဖစ္ေနသည့္ သူေဌးသားျဖင့္ လက္ထပ္ရန္ အတင္းအၾကပ္ ဆြဲေခၚခံခဲ့ရၿပီး ေသဆုံးသြားခဲ့ရသည့္ ညီမျဖစ္သူမွာလည္း အိမ္တြင္႐ွိေနဆဲျဖစ္သည္။ သူ႕အတြက္ ေဆးပင္႐ွာေဖြဖို႔ ေတာင္ေပၚတက္သြားရာမွ သားရဲတိရိစၧာန္အကိုက္ခံရၿပီး ေသဆုံးသြားခဲ့ရေသာ မိခင္ျဖစ္သူမွာလည္း အသက္႐ွင္လ်က္႐ွိေနေသး၏။

အေရးႀကီးတာက သူႏိုးလာတဲ့အခါ သူ႕မွာ အရည္အခ်င္း႐ွိၿပီး ေခ်ာေမာလွပတဲ့ ဇနီးတစ္ေယာက္ပါ ႐ွိေနတယ္။

သူ႕အေမနဲ႔ ညီမငယ္၊ ညီငယ္ေတြက ဒီဇနီးသည္ေလးကို အားကိုးၿပီး ခ်စ္ခင္ၾကတယ္။

သူက ဇနီးေလးကိုၾကည့္ၿပီး "မင္းက မိသားစုကို ေထာက္ပံ့ေနေတာ့ ကိုယ္က ဘာလုပ္ရမလဲ" ဟု ေမးခြန္းထုတ္မိသည္။

ဇနီးေလးက သူ႕ကို "႐ွင့္က ပန္းေလးလို လွပဖို႔ တာဝန္ယူေလ။ ႐ွင္ နန္းတြင္းစာေမးပြဲကို ဝင္ေျဖၿပီး အရာ႐ွိျဖစ္လာတဲ့အခါ ႐ွင္က ကြၽန္မရဲ႕ ေက်ာေထာက္ေနာက္ခံ ျဖစ္လာလိမ့္မယ္။" ဟု ေျပာခဲ့ပါသည္။

ေ႐ွာင္ဟန္က်န္႔ရဲ႕ ေအးစက္ေသာႏွလုံးသားသည္ ျပန္လည္အသက္ဝင္လာၿပီး "ေကာင္းၿပီ" ဟုသာ ဆိုလိုက္ပါသည္။

ထိုအခ်ိန္မွစ၍ သူသည္ အက်ႌစကို ေခါက္တင္ၿပီး အလုပ္ႀကိဳးစားခဲ့သည္။ ငယ္႐ြယ္တဲ့ ပညာေတာ္သင္ဘဝကေန ဩဇာအႀကီးမားဆုံး ဝန္ႀကီး ျဖစ္လာခဲ့သည္။

ၿမိဳ႕ေတာ္႐ွိလူတိုင္းက ေ႐ွာင္ဟန္က်န္႔ကို သူ႕ရဲ႕ ႐ြာသူဇနီးသည္နဲ႔ကြာ႐ွင္းဖို႔ ေစာင့္ေမွ်ာ္ေနခဲ့ၾကတယ္။ မေရတြက္ႏိုင္ေသာ အမ်ိဳးသမီးမ်ားသည္ သူ႕ကိုလက္ထပ္ၿပီး သူ႕ဇနီးသည္ေနရာကို အစားထိုးဝင္လိုေသာ္လည္း သူက သူ႕ဇနီးသည္အေပၚ ဆက္လက္ခ်စ္ခင္ေနၿမဲျဖစ္ေနလိမ့္မည္ဟု မည္သူထင္မိပါ့မည္နည္း။

သူႏိုးလာခ်ိန္မွစလို႔ သူ႕ဇနီးသည္ဟာ သူ႕ရဲ႕ ဒီဘဝမွာ ကယ္တင္ျခင္းနတ္မိမယ္ေလးဆိုတာ သူသိပါသည္။

Report Page