Description

Description

LinnKhit


လုလင်းရှီသည် သေဆုံးခဲ့ရသည်။

 

သူသည် သွေးကင်ဆာရောဂါခံစားနေရသော သူ့အစ်ကိုဖြစ်သူနှင့် 100% မျိုးရိုးဗီဇကိုက်ညီမှုဖြင့် မွေးဖွားလာခဲ့ပြီး သူ့ဘဝသက်တမ်း ၁၈နှစ်တိုင်တိုင် သူ့အစ်ကိုအတွက် ရှင်သန်ခဲ့ရသည်။ သူသည်ကား သူ့အစ်ကို၏ အရိပ်တစ်ခု အသင့်ထုတ်ယူနိုင်သော သွေးဘဏ်တစ်ခုမျှသာ ဖြစ်သည်။

 

ချက်ကြိုးသွေး၊ ပင်မဆဲလ်၊ ရိုးတွင်းခြင်ဆီ……..

 

သူ့အစ်ကို ထိုအရာများကို လိုအပ်လာချိန်တိုင်း သူသည် ခွဲစိတ်ကုတင်ပေါ်တွင် တိတ်တိတ်လေး လှဲနေရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ချေ။

 

ထိုအချိန်မတိုင်ခင်အထိပင်…..

 

သူ့အစ်ကိုအတွက် ကျောက်ကပ်အစားထိုး ခွဲစိတ်မှုအပြီးတွင် သူသည် ခွဲစိတ်ကုတင်ကနေ မဆင်းလာနိုင်တော့ချေ။

 

သူ မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် လုလင်းရှီသည် သူနှင့်အမည်တူသော ဆယ်ကျော်သက်ကောင်လေး၏ ခန္ဓာကိုယ်ထဲတွင် ရောက်နေလေသည်။

 

သူသည် ကံကြမ္မာဆိုး၏ ချည်နှောင်မှုကနေ လွတ်မြောက်သွားရုံတင်မက အပင်နှင့်ဆက်သွယ်နိုင်သော လျှို့ဝှက်စွမ်းရည်တစ်ခုကိုပါ ပိုင်ဆိုင်လိုက်ရသည်။

 

လုလင်းရှီသည် ဥယျာဉ်ခြံမြေတွင် ပန်းပင်များကို စိုက်ပျိုးရင်း ခြားနားသော ဘဝတစ်ခုကို စတင်ခဲ့သည်။  

 

 

Report Page