City 🏘

City 🏘

Z Fighter
Second Life Game


မြို့တစ်မြို့ရှိခြင်းက သင့်အား အောက်ပါအခွင့်အရေးများ ပေးပါလိမ့်မည်။


• 🎗 မမိ၏မြိုမှ နာရီအလိုက်ရရှိသည့် အကြွေစေ့ငွေများဖြင့် ဝင်ငွေတစ်ခုဖန်တီးနိုင်ပါသည်။


• 👀 ကစားသမားတစ်ဦးစီသည် တစ်မြိုတည်းကိုသာ ထိန်းချုပ်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်တည်းတွင် အဆောက်အအုံ 3 ခုအထိ တည်ဆောက်နိုင်မည်ဖြစ်သည်။



🔲ဆောက်လုပ်ရေးငွေပေးချေမှု မည်သိုလုပ်ဆောင်သနည်း? 🎳


- 🏅 /tier command ကိုအသုံးပြု၍ သင်၏အဆင့်အားတိုးမြှင့်ခြင်းဖြင့် အဆောက်အဦးဆောက်လုပ်မှုဆိုင်ရာ လျှော့စျေးများကို ရရှိနိုင်ပါသည်။


အဆင့်တက်လာရန် သင့်အကြွေစေ့များ၏ 1% နှင့် အနည်းဆုံး ပုံသေတန်ဖိုးကို ပေးချေရပါမည်။


အဆိုပါ Command ကို မိနစ် 60 လျှင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။


နာရီတိုင်းတွင် bot သည် သင်၏ စက်ရုံများမှ ထုတ်ပေးသော ကုန်ကျစရိတ်များနှင့် ၀င်ငွေများကို အလိုအလျောက် တွက်ချက်ပြီး၊ သင်၏ အရင်းအနှီးသို ငွေသားကို ပေါင်းထည့်ခြင်း (သိုမဟုတ်) နုတ်ခြင်းတိုကို လုပ်ဆောင်ပေးပါမည်။



🔲ရာဇ၀တ်မှုနှုန်းက ဘယ်လောက်လဲ? 👺


ရာဇ၀တ်မှုနှုန်းသည် နေ့စဉ်တိုးလာမည်ဖြစ်ပြီး သင့်ဝင်ငွေကို သိသိသာသာ လျော့ကျစေသော်လည်း ရဲစခန်းများ တည်ဆောက်ခြင်းဖြင့် ထိန်းချုပ်ထားနိုင်သည်။


- 🚨 ရဲစခန်းတစ်ခုစီတည်ဆောက်ခြင်းသည် မှုခင်းဖြစ်ပွားမှုနှုန်း 5% လျှော့ချနိုင်မည်ဖြစ်သည်။



🔲လူမှုဖူလုံရေးဆိုတာဘာလဲ? 🚑


လူမှုဖူလုံရေးသည် နိုင်ငံသားဦးရေ လျော့နည်းမသွားစေရန် အတွက် မရှိမဖြစ်လိုအပ်သော ကိစ္စရပ်တစ်ခုဖြစ်သည်။


- 🎡 မြို့၊ ရပ်ရွာများအား နေချင်ဖွယ်ဖြစ်စေရန် ပန်းခြံ၊ ကစားကွင်းကဲ့သို့သော အဆောက်အဦများ ဆောက်ရန် လိုအပ်ပါသည်။


- 💲မိမိဝင်ငွေများများရရန် လိုအပ်ပါက နိုင်ငံသားများအပေါ် ချမှတ်ထားသော အခွန်အခများကို အချိန်မရွေး ပြောင်းလဲနိုင်သည်။


💁🏻‍♀️မြို့သူမြို့သားများအား အခွန် အနည်း ဆုံး 1ဆ [1000] , 2ဆ [2000] , 3ဆ [3000] ထိတိုးမြှင့်လစာချထားပေးနိုင်သည်။


သို့ရာတွင် မြို့သူမြို့သားများသည် အခွန်တိုးလာခြင်း၊ ၎င်းတို့၏ စည်းစိမ်ဥစ္စာများ ဆုံရှုံးခြင်းဖြစ်ပေါ်လာပါကမိမိကိုယ်ကိုသတ်သေခြင်း၊ ထွက်ပြေးခြင်းများဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိမြို့အား စနစ်တကျထားရှိအုပ်ချုပ်ရန်လိုအပ်ပေသည်။


သင့်မြိုကို /rename command ဖြင့် အမည်ပေးနိုင်ပါသည်။


- 💠 မြိုတစ်မြိုကို အမည်ပြောင်းခြင်းသည် ကုန်ကျစရိတ်မရှိ၊ စောင့်ဆိုင်းချိန်မရှိဘဲ အကြိမ်ရေမရေတွက်နိုင်အောင် ပြန်လည်ပြုလုပ်နိုင်ပါသည်။


- 🔅 /status command ကိုသုံး၍ သင့်မြို၏အချက်အလက်အားလုံးကိုလည်း စစ်ဆေးနိုင်ပါသည်။


Z Supporter

Report Page