Chapter 1

Chapter 1

Imperial Meow

Chapter 1




အခန်း-၁။ ချူယင်း






စုယိသည် ပျင်းတိပျင်းယွဲ့ဟန်ဖြင့် ဆိုဖာပေါ်တွင်လဲလျောင်းနေရင်း Weiboမှ မှတ်ချက်များကို စိတ်အားထက်သန်စွာအပေါ်အောက်ဆွဲဖတ်နေပြီးသူမ၏​ရှည်လျားသွယ်လျသောခြေတံရှည်တွေကို စားပွဲပေါ်သို့ဆန့်တင်ထားလိုက်သည်။




[ထွီ...ငါ့ကလေးလေးကို နင်လုပ်ကြံရဲတယ်ပေါ့ နင့်ကိုလက်စားချေပစ်မယ်...]




[မင်းရဲ့မိသားစုကလည်း အလားတူပျက်ဆီးသွားပြီး နင်လည်း တစ်ယောက်တည်း သေရလိမ့်မယ်လို့ ငါမျှော်လင့်တယ်... /smile]"




[ ဉာဏ်များတဲ့ခွေးမ ဖျော်ဖြေရေးနယ်ပယ်က ထွက်သွားစမ်း...]




……




လွန်ခဲ့သည့် နှစ်နာရီက Weibo ပို့စ်သည် Replyပေါင်း ခြောက်ထောင်ကျော် စုဆောင်းခဲ့ရပြီး သေချာပေါက်ကို အများစုက မကြင်နာတဲ့စကားတွေပင်။




လက်ထောက် အန်းရွှမ်သည် သူ့မနံဘေးသို့ လျှောက်လာပြီး ဖရဲသီးဖျော်ရည် လတ်လတ်ဆတ်ဆတ်ကို သူမရှေ့တွင် ချပေးလာသည်။




"ယိကျဲ ကျဲဘာလို့ မှတ်ချက်တွေကို ထပ်ကြည့်နေရပြန်တာလဲ"




စုယိက အကြည့်တစ်ချက်ပင်မစွန့်ကြဲဘဲ "တို့ပရိသတ်တွေရဲ့ commentတွေကို တို့ဘယ်လိုလုပ် မကြည့်ဘဲနေနိုင်မှာလဲ"




“…”




အန်းရွှမ်သည် သူမ၏ ဘာကိုမှ ဂရုမစိုက်တဲ့ အမူအရာကို လေးစားမှုအပြည့်ဖြင့် ကြည့်နေမိသည်။




"ညီမက ကျဲစိတ်​ထိခိုက်​သွားမှာကို စိုးရိမ်လို့ပါ..."




စုယိက ဆိုလိုက်သည်။




"သူတို့က ဇာတ်ကောင်ကို ဆဲနေတာ တို့ကိုမဟုတ်ဘူး"




အဆိုပါ မှတ်ချက်ပေါင်း ခြောက်ထောင်ကျော်သည် မင်းသမီး စုယိကို ဦးတည်ဆဲဆိုနေတာမဟုတ်ပေ။ ရေပန်းစားခေတ်စားနေသည့် အင်ပါယာရဲ့ နန်းတွင်းအနောက်ဆောင်မှ ယုတ်မာတဲ့ဒုတိယ အမျိုးသမီး ဇာတ်ဆောင် ယွီကျိကိုသာ အမှန်တကယ် ရည်ညွှန်းမေတ္တာပို့နေကြတာဖြစ်ပြီး၊ အဲ့ဒါက သူမ သရုပ်ဆောင်ထားသည့်ဇာတ်ကောင်တစ်ခုလည်းဖြစ်သည်။




အဲ့ဒါက အန်းရွှမ်ကို ကိုပို၍ခါးသက်စေသွားသည်။


“ဟုတ်တော့ ဟုတ်တယ်လေ ဒါပေမယ့် ဒါက တီဗီဇာတ်လမ်းတစ်ခုမှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တစ်ခုပဲဟာကို ကျဲရဲ့ Weibo မှာ သူတို့ ဘယ်လိုလုပ် အော်ဟစ်ပြောဆိုနိုင်ရတာလဲ သရုပ်ဆောင်တွေရဲ့ သဘောသဘာဝကို သူတို့နားမလည်ဘူးလား”




စုယိသည် သုံးလနီးပါးမျှသာ ရှိသေးသော သူမ၏ ကိုယ်ရေးကိုယ်တာ လက်ထောက်အသစ်ကလေးကို တစ်ချက်ကြည့်လိုက်ပြီး တည်ငြိမ်စွာဖြင့်စကားဆိုလိုက်သည်။




"အဲဒါတွေကို အလေးအနက်ထားမနေနဲ့... အဲ့ဒီမှတ်ချက်တွေကို ဒီအတိုင်း ချီးမွမ်းပေးလိုက်"




"ချီး​မွမ်းပေးရမယ်..."




စုယိပြောလိုက်သည်။


"ဟုတ်တယ်...သူတို့မုန်းတီးတာက တို့ရဲ့ သရုပ်ဆောင်စွမ်းရည်အပေါ်ကို ထင်ဟပ်နေစေတယ်လေ"




“…” ဟမ်...အဲဒါက အဓိပ္ပာယ်ရှိသလိုလိုပုံပဲ။




စုယိက တိတ်တဆိတ် ပြုံးလိုက်သည်။ ဖရဲသီးဖျော်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး သူမ တစ်ငုံသောက်လိုက်သည်။




စုယိသည် ဖျော်ဖြေရေးနယ်ပယ်ရဲ့ အတော်လေးထူးထူးခြားခြားတည်ရှိမှုမျိုးပင်။ သူမက နာမည်ကြီးမဟုတ်သော်လည်း တချို့သော A-listအဆင့် မင်းသမီးများထက် ပိုမိုလူသိများပြီး အသိအမှတ်ပြုခံရသည်။




အဲ့သလိုဆိုလို့ သူမက နာမည်ကြီးတစ်ယောက်ဟုလည်း လုံးလုံးလျားလျားဆိုလို့မရပြန်ချေ၊ ဘာကြောင့်ဆို သူမက အမျိုးသမီးဇာတ်ဆောင်အဖြစ် တစ်ခါမှ မသရုပ်ဆောင်ဖူးသောကြောင့်ပင်။




သူမပါဝင်သရုပ်ဆောင်ခဲ့သည့် ပထမဆုံးဇာတ်ကားမှာ အကြီးစားဘက်ဂျက်နဲ့ အမိုက်စားဇာတ်လမ်းဖြစ်ပြီး ဒါရိုက်တာများမှအစ သရုပ်ဆောင်များအထိတဆုံး၊ လူတိုင်းသည် ဖျော်ဖြေရေးနယ်ပယ်ရှိ အစားအသောက်ကွင်းဆက်၌ ထိတ်ဆုံးတွင်သာကျင်လည်ကျက်စားနေကြသည့် သူများဖြစ်သည်- ဒုတိယအမျိုးသမီး ဇာတ်ဆောင် စုယိမှလွဲ၍ပင်။




သူမက အပြစ်ကင်းစင်သော ကြာပန်းဖြူလေးမှ ဗီလိန်အဖြစ်သို့ ပြောင်းလဲသွားသည့်ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်လမ်းတွဲလည်းပြီးတာနှစ်ချီသွားပြီဖြစ်ပေမယ့် သူမရဲ့ အပြစ်ကင်းစင်မှုကတော့ဆုံးရှုံးသွားခဲ့ရပြီး သူမရဲ့ Weiboပေါ်တွင် မုန်းတီးသူများဖြင့်သာ လွှမ်းမိုးခံလိုက်ရတော့သည်။




ထိုဇာတ်ကားအပြီးမှာတော့ သူမသည် ဖျော်ဖြေရေးလောကထဲတွင် တစ်ညတည်းဖြင့် ခုန်ပျံကျော်လွှား အောင်မြင်ကျော်ကြားသွားတော့သည်။




အတွေ့အကြုံတစိမျှမရှိသေးသော လူသစ်တစ်ယောက်အနေဖြင့်၊ သူမသည် ထိုမျှကြီးမားသည့်ထုတ်လုပ်ရေးတွင် မပါဝင်သင့်သော်လည်း ဒါရိုက်တာလီမင်သည် ကန့်ကွက်မှုများစွာကို ငြင်းဆန်ခဲ့ကာ သူမနှင့်သာဆက်လက်လုပ်ဆောင်ခဲ့သည်။




လီမင်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပခုံးအားတစ်ချက်ပုတ်ကာ သူမသည် ထိုဇာတ်ကောင်ကိုရသွားပြီဟု ပြောလိုက်ချေသည်။




စုယိသည်အံ့အားသင့် စိတ်ရှုပ်ထွေးမှုအပြည့်ဖြင့် မေးလိုက်သည်။ "ဘာလို့လဲ"




လီမင်က သူမကို ညင်သာစွာ ပြုံးပြလိုက်ပြီး "မင်းရဲ့မျက်နှာလေးက လူတွေကို မင်းက မကောင်းဆိုးရွားဆန်ပြီး မုန်းစရာကောင်းတယ်လို့ လွယ်လွယ်ကူကူ ယုံကြည်သွားစေနိုင်လို့ပဲ"




“……”




စုယိက ရုပ်မဆိုးပေ။ ထိုအစား သူမက တအားကိုလှလွန်းသည်ဟုပင် ပြောရချေမည်- မျက်တောင်ထူထူလေးများ၊ ဘဲဥသဏ္ဍာန်အနားခတ်ထားသည့်မျက်လုံးလေးများ၊ သေးငယ်ပြီး မြင့်မားသော နှာတံ၊ ပြည့်ဖူးနေသော နှုတ်ခမ်းလေး...ဒီလိုပြီးပြည့်စုံလွန်းသည့်ရုပ်ရည်ကြောင့် အရုပ်ဆိုးအောင် လုပ်ရဖို့ပင် အတော်လေးခက်ခဲမှာအသေအချာပင်။ သူမသည် ဒဏ္ဍာရီဆန်ဆန် 'ပြင်းထန်ပြီးပူလောင်သည့်အလှ' နှင့် ဆင်တူသည်။




ထို့အပြင် သူမတွင် လှပတဲ့မျက်နှာတစ်ခုတည်းသာရှိသည်မဟုတ်၊ အရမ်းမိမိုက်တဲ့ ကိုယ်လုံးကိုယ်ပေါက်လေးပါရှိသေးသည်။




စုယိသည် ဖိနပ်မပါဘဲနှင့်ပင် အရပ်တစ်မီတာနှင့် ခုနစ်ဆယ့်ခြောက်စင်တီမီတာအထိရှိပြီး နိုင်ငံ၏ နာမည်ကြီးစူပါမော်ဒယ်များထက် နှစ်စင်တီမီတာမှ သုံးစင်တီမီတာလောက်သာ ပုပေသည်။ သူမမှာ ပြီးပြည့်စုံလွန်းတဲ့ အချိုးအစားတစ်ခုလည်း ရှိသေးသည် – ရှည်လျားတဲ့ ခြေတံတွေ၊ ခါးပါးပါးနဲ့ သွယ်လျတဲ့ လည်တံလေး။ အရေးကြီးဆုံးကတော့ သူမမှာ တင်းရင်းနေတဲ့ ရင်သားတွေရှိနေတာပဲ။




' ရင်ဘက်ပြားတဲ့စူပါမော်ဒယ်ဆိုတာ လုံး၀ရှိမနေဘူး ဟုတ်ပြီလား...။ '




ဒါ​ပေမယ့်​ သူမ​ နည်းပါးပါး မ​ကျေမနပ်​ဖြစ်​မိတာလည်းရှိသည်။ သူမ၏ ရင်ဘက်သာ အနည်းငယ် သေးနေပါက၊ ယခုခေတ် ဒီဇိုင်နာများသည် ရင်ဘတ်ပြား မော်ဒယ်များအတွက် အဝတ်အစားများကို ပိုမိုဖန်တီးလာခြင်းကြောင့် သူမတွင်လည်း ရွေးချယ်စရာများ ပိုမိုများပြားလာမည်ဖြစ်သည်။




ထိုသို့တွေးမိသည်နှင့် သူမသည် သူမရဲ့ဘေဘီလေးတွေကို ငုံ့ကြည့်ပြီး သက်ပြင်းအသာချလိုက်သည်။


"မင်းအမေရဲ့ အသက်မွေးဝမ်း​လမ်းကြောင်းကို မင်းတို့နှောင့်ယှက်နေမိတယ်ဆိုတာ မင်းတို့သိရဲ့လား"




အန်းရွှမ်သည်အံ့သြသွားပြီးထိတ်လန့်တကြားအော်ဟစ်လိုက်သည်။




"ယိကျဲ... ကျဲ... ကျဲ ကိုယ်ဝန်ရှိနေတာလား..."




စုယိ "မဟုတ်ပါဘူး...တို့ တို့ရဲ့ရင်သားတွေနဲ့ စကားပြောနေတာပါ"




“…”




အန်းရွှမ်သည် ချောင်းတစ်ချက်အသာဟန့်လိုက်ပြီး တက်ဘလက်ကိုဖွင့်ကာ အလုပ်အချိန်ဇယားကို နှိပ်လိုက်သည်။


"ယိကျဲ မနက်ဖြန်ညကျရင် အလှူပွဲတစ်ခုတတ်ဖို့ရှိတယ်"




စုယိသည် သူမဖုန်းကိုချကာ လက်သည်းများဖြင့် ကစားနေလိုက်သည်။




“မှတ်ထားလိုက်ပြီ မနက်ဖြန်နေ့လည်ခင်းလောက်ကို လက်သည်းပြင်ဆရာမနဲ့ တွေ့ဖို့ စီစဉ်ထားပေး တို့ရဲ့လက်သည်းပုံစံကို ပြောင်းချင်တယ်”




နောက်တစ်နေ့တွင် အန်းရွှမ်နှင့် သူမ၏ အေးဂျင့်ဖြစ်သူ ၀ူရွှယ်သည် မိတ်ကပ်ပညာရှင်နှင့်အတူ တစ်ဘက်က ပွဲတတ်ဂါဝန်ရှည်ဘူးတွဲလောင်းဖြင့် စုယိရဲ့ အိမ်သို့ အမြန်ရောက်ချလာသည်။




စုယိသည် ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး facial mask ကပ်ထားသည်။ လက်သည်းပြင်ဆရာမသည်လည်း facial mask တစ်ခုကပ်ထားရင်း လက်သည်းတွေကို ဂရုတစိုက်နဲ့ထိုင်ပြင်ပေးနေသည်။




၀ူရွှယ်သည် သူမရဲ့maskကို ယူပြီးဆုတ်ဖြဲပစ်လိုက်သည်။ "ထိုင်ပြီး မိတ်ကပ်လိမ်းတော့..."




စုယိသည် သူမကို တစ်ဝက်ပွင့်လောက်သာပွင့်သေးသော မျက်လုံးများဖြင့် ကြည့်လာပြီးမှ တဖြည်းဖြည်းချင်း ခန္တာကိုယ်ကိုမတ်လာသည်။




"နင်ဘာလို့ဒီကိုရောက်နေတာလဲ"




"ငါ နင့်အတွက် ဇာတ်ညွှန်းတွေ ယူလာပေးတယ်"


၀ူရွှယ်သည် စုယိ အနုပညာလောကထဲသို့ စတင်ဝင်ရောက်ပြီးနောက် မကြာမီတွင် သူမ၏ အေးဂျင့်ဖြစ်လာခဲ့ပြီး သူမနှင့် ငါးနှစ်ကျော်ကြာအောင် အတူရှိနေခဲ့တဲ့သူလည်းဖြစ်သည်။




သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ပုံမှန်လုပ်ဖော်ကိုင်ဖက်တွေကနေ တစ်ယောက်နဲ့တစ်ယောက် အရင်းနှီးဆုံးသူငယ်ချင်းကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သည်။




၀ူရွှယ်က သူမဘေးမှာထိုင်လိုက်ပြီး ဇာတ်ညွှန်းနှစ်ခုကို သူမထံပစ်ပေးလိုက်သည်။




"တစ်ချက်ကြည့်ကြည့် ဘယ်တစ်ခုကိုလိုချင်လဲလို့"




စုယိက ဇာတ်ညွှန်းနှစ်ခုကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှစ်ခုစလုံးမှာ နာမည်ကြီးဒါရိုက်တာတွေနဲ့ တကယ့်အကြီးစား ရိုက်ကြမယ်တာဆိုတာ သိလိုက်ရသည်...။




"နှစ်ခုလုံးယူလို့မရဘူးလား"




“မရဘူး ရုပ်ရှင်ရိုက်တဲ့ အချိန်က ထပ်နေတယ်"




စုယိ ပြုံးလိုက်သည်။


“အဲဒါက ကိစ္စမရှိဘူး...ငါ အလုပ်ကြိုးစားရမှာကို မကြောက်ဘူး”




၀ူရွှယ်က ရယ်မောလိုက်ပြိး- "နင်က ပင်ပန်းတဲ့ အလုပ်တွေကို မကြောက်ဘူး ဒါပေမယ့် အဲဒီ အကြီးစားရိုက်မယ့်သူတွေက နင့်ကို နှစ်ဘက်စလုံးမှာ သရုပ်ဆောင်ဖို့ သဘောမတူကြဘူး...ဒါ့အပြင်အဲ့ဒီဇာတ်လမ်းနှစ်ခုစလုံးက သူတို့ရဲ့ ရိုက်ကူးရေးအချိန်တွေ ထပ်တူကျနေရုံသာမကဘူး…သူတို့ရဲ့ ပရိုမိုးရှင်းတွေ၊ ထုတ်လွှင့်ပြသမယ့် အချိန်တွေကအစ တူနေတာတဲ့ဟယ်... အမွှာတွေကြနေတာပဲ…”




စုယိ "... ဒါဆို ဇာတ်ညွှန်းကိုသေချာကြည့် ဆုံးဖြတ်ပြီးရင် ပြောမယ်လေ"




“ကောင်းပြီလေ ဒါပေမယ့် မြန်မြန်လုပ် လူတွေ့က လာမယ့် အပတ်လုပ်မှာ”




စုယိ၏ လက်သည်းများလည်း ပြင်ဆင်လို့ ပြီးသွားချေပြီ ၊ လက်သည်းခွံ ပေါ်ရှိ နှင်းဆီပန်းများက ပိုင်ရှင်ကဲ့သို့ပင် ဆွဲဆောင်မှုရှိရှိသိမ်မွေ့ လှပနေသည်။




၀ူရွှယ်သည် သူမကို ဆိုဖာပေါ်မှ ဆွဲမလိုက်ပြီး သူမရဲ့ ပွဲတတ် ဂါဝန်ကို ၀တ်ဆင်ရန်အတွက် အနီးနားရှိ လူများထံသို့ အလျင်အမြန် တွန်းထုတ်လိုက်သည်။




"ဒီည ပရဟိတအလှူကပွဲက နည်းနည်းထူးတယ်- နင်သိတယ်မလား...ဒီနယ်ပယ်ကလူတွေ သိပ်ရှိမှာမဟုတ်ဘူး...ငါကြားတာတော့…နောက်ခံbackground တောင့်တဲ့သူတွေထဲက တချို့လည်း လာမယ်တဲ့...ကိုယ့်ကိုကိုယ် သတိထားနေ ဘာပြသနာမှမရှာနဲ့ဦး"




စုယိက တခစ်ခစ်ရယ်မောလိုက်ရင်း- "ရှောင်ရွှယ်ရွှယ် နင့်ရဲ့စကားက ဘာအဓိပ္ပါယ်ကြီးတုန်း... ဒါက ဒီအတိုင်း ပရဟိတပွဲလေးတစ်ခုပါဟ...ဘယ်လိုပြဿနာမျိုးကိုများ ငါကရှာနိုင်မှာတဲ့လဲ"




၀ူရွှယ် "ဟမ့်...ဟိုတစ်ခါနောက်ဆုံးသွားခဲ့တဲ့ ကပွဲတုန်းက နင်လုပ်ခဲ့တဲ့ ခေါင်းစည်းသတင်းကြီးကိုမေ့သွားပြီလား ဟမ် 'နာမည်ကြီးမင်းသမီး စုယိရဲ့ ×××တွေက အနီရောင်ကောဇောထက်မှာယောင်နေတာလား' "




စုယိ သူမကို အမှန်ပြင်ပေးလိုက်သည်။


“ငါက ပြသနာကိုအကျယ်မချဲ့ချင်ခဲ့ဘူး​ ဒါပေမယ့်အဲ့ဒီလူယုတ်မာသတင်းထောက်က လုပ်လိုက်တယ်လေ အံမယ် ငါ့ရဲ့ အသားကပ်ဘောင်းဘီ ကိုတောင် ဒင်းက ၀ါးပစ်လိုက်သေးတယ်လေ သြော်… သူကဘယ်လောက်တောင် အလျှော့ပေးတတ်လိုက်တဲ့လူလဲ ဟမ့် ”




"အဲ့ဒီသတင်းထောက်ကို နင်ကအရင် သွားကန့်လန့်မတိုက်ရင် သူ ကရောဘယ်လိုလုပ် နင့်ကို ဘယ်လိုလုပ်ပြသနာရှာမှာလဲ"




စုယိက လှောင်​ရယ်လိုက်ပြီး “ငါ့မျက်နှာကို ပလပ်စတစ်ဆာဂျရီလုပ်ဖူးလားလို့ မေးပြီး ရင်သားကိုရောဆေးထိုထားသလားလို့ သူမေးတယ်လေ...ရှင်းရှင်းပြောရရင် ငါ့ကို ပလပ်စတစ်ဆာဂျရီ လုပ်ထားတာလို့ ပြောရင်တောင် အဆင်ပြေပါသေးတယ် ဒါပေမယ့် ဒင်းက ငါ့ဘေဘီလေးတွေကို တိုက်ခိုက်တယ်လေ...သူတို့ ဒီလောက်ထိ ကြီးလာဖို့ ငါတောင်းဆိုခဲ့တာလား...ကင်မရာတွေရှေ့မှာ ရှိနေတာ ဒင်းဝမ်းသာသင့်တယ် အပြင်မှာသာဆိုရင် ငါ သူ့ကိုသေအောင်ရိုက်သတ်ပြီးပြီ”




“…”




မိတ်ကပ်ပညာရှင်သည် 'ငါဒါကို ကျင့်သားရနေပြီ' ဟူသည့်မျက်နှာပေးဖြင့်ရှိနေပြီး နှုတ်ဆိတ်နေသည်။ သူ့ရဲ့ ဦးစားပေးအလုပ်ဖြစ်သည့် စုယိအားမိတ်ကပ်လိမ်းပေးရန်အတွက်ကိုသာပြင်ဆင်နေသည်။




သူမ မေးလိုက်သည်။




"ရှောင်ယိ ဒီနေ့ မင်းနှုတ်ခမ်းကို ဘာအရောင်လေးဆိုးချင်လဲ"




စုယိ တစ်ချက်တွေးတောလိုက်ပြီး “အနီရောင်တောက်တောက်လေး ယွီကျိရဲ့ သိပ်မကြာခင်ကထုတ်လွှင့်လိုက်တဲ့အပိုင်းတွေအကုန်လုံးက ဒီအရောင်နဲ့ပဲဆိုတော့ သူမကို ပြန်အာရုံစိုက်လာအောင်လုပ်လို့ရတယ်”




၀ူရွှယ်သည် သူမတို့ရဲ့ ကုမ္ပဏီမှ စပွန်ဆာပေးသည် ဂါဝန်ကိုဘူးထဲမှ ထုတ်ယူလိုက်သည်။




“မိတ်ကပ်မလိမ်းရသေးခင် ​အရင်အ၀တ်အစားလဲထား အဝတ်တွေသာ ပေကျံသွားရင် နင် ပြန်ဆပ်ဖို့အတွက် မတတ်နိုင်ဘူး...ဒီပရဟိတပွဲက အရမ်းကြီးတယ်ဆိုတာသိလို့ ဒီဝတ်စုံကို ငှားပေးလိုက်တာ အရမ်းစျေးကြီးတယ်"




၀ူရွှယ်ရဲ့ လက်ထဲတွင်ရှိသော ဂါဝန်ရှည်သည် အပေါက်ကျယ်ပါတဲ့ အင်္ကျီလက်၊ တောက်ပြောင်ပြီး စိတ်အားထက်သန်သော အရောင်ဖြစ်သည့် အနီရောင်ကိုမှ စီးကွင်းကျောက်ကလေးတွေဖြင့် ဒီဇိုင်းဆင်ထားသည်။




"အနီရောင်က နင်နဲ့ တကယ်လိုက်တယ်"




သူမ ဝတ်ပြီးနောက် ၀ူရွှယ်ကမှတ်ချက်ပေးသည်။




“…”




စုယိရဲ့အသားအရည်မှာသဘာဝအတိုင်း ဖြူနုသူဖြစ်ပြီး သူမရဲ့ဖြူဖျော့ဖျော့ အသားအရည်ပေါ်တွင် အနီရောင်တောက်တောက် ၀တ်စုံကို၀တ်ဆင်လိုက်သည့်အခါ အရမ်းကိုဆွဲဆောင်မှုရှိသွားသည်။ ယခင်တခါအဖြစ်အပျက်​ကိုပင်ကျေးဇူးတင်ရမည်၊ ကုမ္ပဏီက သူမကို ယခုတစ်ကြိမ်ပေးသော ၀တ်စုံမှာအတော်လေးကိုအဆင်ပြေပြီး အင်္ကျီလက်သည် အပေါက်ကျယ်ပါသော်လည်း ရှည်နေသေးသည်။




၀တ်စုံသည် သူမ၏အချိုးအစားကျနသော ခန္ဓာကိုယ်တစ်ဝိုက်တွင် တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီး သူမရဲ့ကောက်ကြောင်း အထူးသဖြင့် သူမ၏ရင်သားများကို အနည်းငယ်ပိုဖော်ထားပေသည်။




ဒါကို သတိထားမိသည့် စုယိက အေးစက်စက် မှတ်ချက်တစ်ခုပေးလိုက်သည်။




“ငါ့ကို ရင်သားဆေးထိုးထားတယ်လို့ သံသယရှိတဲ့လူတွေ မလုံလောက်သေးဘူးလို့များ ကုမ္ပဏီက ထင်နေတာလား”




အခုအချိန်ကျမှ အဝတ်အစားပြန်ပြောင်းဖို့က အရမ်းနောက်ကျသွားပြီမို့ ၀ူရွှယ်ကတတ်နိုင်သမျှ သူမကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်သည်။




“ဟုတ်ပါတယ် ဒါလေးတွေက အစစ်အမှန် ပြီးတော့ ဒါလေးတွေက လုံလောက်အောင်ကြီးတယ်ဆိုတာ ငါသိပါတယ်...သူများတွေပြောတာကို ငါတို့ ဂရုမစိုက်ဘူးလေနော် ဟုတ်တယ်ဟုတ်..."




“…”




ပွဲကိုရောက်တော့ စုယိသည်ကားပေါ်မှဆင်းပြီး ကော်ဇောနီပေါ်တွင် ရပ်ကာ သတင်းထောက်တွေ ဓာတ်ပုံရိုက်တာကိုခံနေလိုက်သည်။





___________________________________________






Report Page