BDSM

BDSM

Sayar gyi

ကျနော် ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာက BDSM ဆိုတဲ့ကြောင်းပါ ။ ခင်ဗျားတို့အနေနဲ့ Fifty shades of grey , darker , freed ဒီဇာတ်ကားတွေကြည့်ဖူးမယ်ဆို ဒီစကားလုံးတွေကို ရင်းနှီးမယ်ထင်ပါတယ် ။ အဲ့ဇာတ်ကားတွေဟာ BDSM ရဲ့ အပေါ်ယံမျှလောက်သာရှိပါတယ် ။ ဒီ Article ဟာ အသက် ၁၉ နှစ်အောက် လူငယ်တွေ ဖတ်ဖို့(လုံးဝ) လုံးဝ မသင့်တော်ကြောင်းတော့ စကားပလ္လင်ခံထားပါရစေ ။ ဆိုနေပေမယ့်လည်း ဝင်ဖတ်ကြမှာ သိပါတယ် ၊ ဒါပေသိ ဒီ‌ article မှာပါတဲ့ အကြောင်းအရာတွေဟာ မသိနားမလည်ပဲ စမ်းသပ်လို့ (လုံးဝ) လုံးဝကိုမသင့်တော်တဲ့ အပြင် (အရမ်း) အရမ်းကို အန္တရာယ်များပါတယ် ။ ကဲ စလိုက်ရအောင်ဗျာ

ပထမဆုံးအနေနဲ့ BDSM ဆိုတဲ့ စကားလုံးရဲ့ အရှည်ကို အရင်မရှင်းပြခင်မှာ ဒီကောင်တွေဟာ kinky sex လို့ ခေါ်တဲ့ တွေးခေါ်ပုံ မမှန်တဲ့ လိင်ဆက်ဆံနည်းတွေဆိုတာ သိထားဖို့လိုပါမယ် ( ဖင်ယားပြီး မစမ်းကြပါနဲ့ ) ။


BDSM ဆိုတာဟာ BD ( bondage( ကျွန်ပြုခံရခြင်း) နဲ့ discipline ( အမိန့်ချမှတ်ခြင်း) ၊ DS ( dominance (အုပ်စိုးလွှမ်းမိုးလိုခြင်း) ၊ submission ( ထိန်းချုပ်ခံလိုခြင်း ) ၊ SM ( sadism ( နာကျင်စေခြင်းမှာ သာယာခြင်း) ၊ masochisim ( နာကျင်ခံရခြင်းမှာ သာယာခြင်း ) တို့ကို ပေါင်းစည်းထားတဲ့ စကားစုဖြစ်ပါတယ် ။ ယေဘုယျအားဖြင့် ကျွန်ပြုခံလို ၊ ထိန်းချုပ်ခံလို ၊ နာကျင်မှုကို ကျေနပ်စွာ ခံစားလိုတဲ့ Slave ( ကျွန်) နဲ့ အမိန့်ချမှတ်လို ၊ အုပ်စိုးလွှမ်းမိုးလို ၊ နာကျင်စေမှုမှာသာယာလိုတဲ့ Master ( သခင် ) လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ် ။ ဒီနေရာမှာ အရေးကြီးတာဟာ ကိုယ့်ရဲ့ပါတနာဟာ ဘယ် role ကိုမဆို ကျေနပ်စွာခံယူတတ်ရပါမယ် ။


ချစ်သူရည်းစား ၊ sex partner သို့မဟုတ် ဇနီးမယား၊ လင်ယောက်ျားက စိတ်မပါဘူးဆို အတင်းအကြပ် မစေခိုင်းသင့်ပါဘူး ။ အတင်းအကြပ်ပြုလုပ်မှ ဖြစ်လာပြီဆို ဒါကို Rape case ( မုဒိန်းမှု ) သို့မဟုတ် ၊ domestic abuse ( အိမ်တွင်းအကြမ်းဖက်မှု) ဖြစ်သွားပါပြီး ။ Master နဲ့ Slave ဆိုရာမှာလဲ ယောက်ျားလေးကပဲ Master မိန်းကလေးက slave ဆိုပြီး မရှိပါဘူး ၊ ဘယ်သူမဆို Master role နေရာ ဖြစ်နိုင်ပါတယ် ။

7


Bondage ( ကျွန်ပြုခံရခြင်း )

ဒီကောင်မှာတော့ rope tie လို့ခေါ်တဲ့ ကြိုးတုပ်နှောင်ခြင်းတွေ ၊ ကြိုးချည်ခြင်းတွေ ပါဝင်ပါတယ် ။ bondage မှာလဲ အမျိုးအစားတွေ ထပ်ကွဲပါသေးတယ် Decorative bondage လို့ ခေါ်တဲ့ လူ့အသုံးအဆောင်ပုံစံ ( ထိုင်ခုံ၊ စားပွဲ အစရှိသဖြင့် ) နေထိုင်စေခြင်း ၊ Torture bondage လို့ ခေါ်တဲ့ ကိုယ့်ဆက်ဆံဖော်ကို နာကျင်အောင် ၊ နေရထိုင်ရခက်အောင် တုပ်နှောင်တဲ့ ပုံစံတွေ စသဖြင့် အစုံရှိပါတယ် ။ ကြိုးတွေ ၊ သတ္တုလှောင်အိမ်တွေ ၊ သားရေကိုယ်ကြပ် အင်္ကျီ ( leather or latex Fetish ) စတာတွေကို Bondage အတွက် အသုံးများပါတယ် ။

‌(ခွေးလည်ပတ် ဘာညာ စတာတွေလဲ သုံးပါတယ် ) ။

Discipline ( အမိန့်ချမှတ်ခြင်း )

ဒီကောင်‌ကတော့ ကိုယ့်ရဲ့ ကျွန်ကို ဘယ်လိုနေရမယ် ၊ ဘယ်လိုဝတ်ရမယ် ၊ ဘယ်လိုသွားရမယ် စသဖြင့် အမိန့်ချမှတ်ပေးပြီး ၊ အမိန့်မနာခံရင် အပြစ်ပေးရတဲ့ လုပ်ငန်းစဉ်တွေပါဝင်ပါတယ် ။ အပြစ်ပေးတဲ့နေရာမှာတော့ cat o'nine tail ခေါ် သားရေကြာပွတ်လိုအရာမျိုးနဲ့ ရိုက်နှက်စေခြင်း ၊ ဖယောင်းစက်ခြင်း စတာတွေအပြင် အခြား (ဖော်ပြရန် မသင့်တော်သော ) နည်းလမ်းတွေ ပါဝင်ပါတယ် ။

Dominance ( အုပ်စိုးလွှမ်းမိုးလိုခြင်း) နဲ့ Submission (ထိန်းချုပ်ခံလိုခြင်း)

ဒီနှစ်ခုတော့ အတွဲလိုက်ဖြစ်ပြီး English လိုရေးတဲ့အခါမှာ Dominant ကို ကိုယ်စားပြုတဲ့ D ကို စာလုံး အကြီးနဲ့ရေးပြီး submissive ကိုတော့ စာလုံးအသေး s နဲ့ ရေးပါတယ် ။ D/s ဒီလိုတွဲရေးပါတယ် ။

D/s relationship မှာတော့ အုပ်စိုးလွှမ်းမိုးလိုသူဟာ ထိန်းချုပ်ခံလိုသူ တစ်ယောက်မက ရှိနိုင်ပြီး ၊ ထိန်းချုပ်ခံလိုသူဟာလဲ တစ်ယောက်မကသောသူတွေရဲ့ အုပ်စိုးလွှမ်းမိုးခြင်းကို လက်ခံလို့ရပါတယ် ။ သူ့မှာက အမိန့်အာဏာက အဓိကဖြစ်တဲ့အတွက် submissive ရဲ့ စိတ်ဆန္ဒမပါတဲ့ အရာမျိုးကို ခိုင်းစေခြင်း ( ဥပမာ - vibrating panties လို အရာမျိုးကို public area မှာ ဝတ်ဆင်စေခြင်း ) ၊ cuckold ၊ cuckquean ခေါ် မိမိပါတနာကို တစ်ပါးသူနဲ့ ဆက်ဆံစေခြင်း စတာတွေအပြင် အခြား (ဖော်ပြရန် မသင့်တော်သော ) နည်းလမ်းတွေ ပါဝင်ပါတယ် ။

Sadist and Masochist

ဒီဝေါဟာရတွေကိုတော့ ၁၈၈၆ ခုနှစ်မှာ ဂျာမန်စိတ္တဗေဒပညာရှင် Richard von Krafft-Ebing က ဆေးပညာလောကကို မိတ်ဆက်ပေးခဲ့တာပါ ။ အပေါ်မှာ ကျနော်ပြောခဲ့သလို နာကျင်စေရတာကို နှစ်သက်သူနဲ့ နာကျင်ခံရခြင်းကို နှစ်သက်သူပါ ။ Fifty Shades of Grey တို့လို ဇာတ်ကားတွေကြည့်ဖူးရင် ဒါကို နားလည်မယ်လို့ထင်ပါတယ် ။


ဒါတွေကတော့ BDSM လို့ ခေါ်တဲ့ ဝေါဟာရဲ့ ရှင်းလင်းချက်တွေပါ ။ BDSM နည်းလမ်းတွေဟာ အမျိုးအစား စုံလင်စွာရှိပြီး ၊ BDSM နဲ့ ပတ်သက်တဲ့ role တွေဟာလဲ အများအပြားရှိပါတယ် ။ ဒီနည်းလမ်းတွေဟာ လက်တွေ့မှာ စမ်းသပ်လုပ်ကိုင်ဖို့ (လုံးဝ) လုံးဝ မသင့်လျှော်တဲ့အပြင် ၊ အန္တရာယ်လဲ (အရမ်း) အရမ်းများပါတယ် ။ မရဘူး သိပ်ကို လုပ်ချင်သပဆိုရင်တော့ ကိုယ်ဟာ ကိုယ့်ပါတနာနဲ့ sex ကိစ္စပိုင်းမှာ ဘယ်လောက်ပွင့်လင်းမှုရှိသလဲပေါ့ အတင်းအကြပ်စေခိုင်းတာမဟုတ်ပဲ လုပ်လို့ရပါတယ် ။ တစ်ခုရှိတာက အမျိုးသမီးတွေထဲမှာလဲ Master role ရှိပါတယ်နော် ။ ငါက ယောက်ျားပဲကွဆိုပြီး ဖင်ထယားကာ စမ်းသပ်ပြီးမှ Female Dominant နဲ့ တွေ့ရင် နေရင်းထိုင်ရင်း submissive ဖြစ်သွားပါလိမ့်မယ် ။


ကျနော်တော့ ဒီ BDSM နဲ့ ပတ်သတ်ပြီး ကျနော် သိသလောက် ၊ ဉာဏ်မှီသလောက် ၊ စာတွေဖတ်ရှုမိရသလောက် ရေးသားထားပါတယ် ။ ဒီ article ဟာ ပြီးပြည့်စုံတဲ့ အရာတစ်ခုမဟုတ်တောင် ၊ ဗဟုသုတရကြမယ်လို့ထင်ပါတယ် ။ ဒီနည်းလမ်းတွေဟာ ကျနော် အပေါ်မှာ ပြောခဲ့သလို Kinky Sex လို့ ခေါ်တဲ့ တွေးခေါ်ပုံမမှန်တဲ့ နည်းလမ်းတွေဖြစ်တာမို့ စာဖတ်သူရဲ့ စဉ်းစားချင့်ချိန်နိုင်စွမ်းက အရေးကြီးပါတယ် ။

အောက်မှာတော့ BDSM နဲ့ ပတ်သတ်ပြီး သုံးတဲ့ ပစ္စည်းတွေကို ဗဟုသုတ ရအောင် ထည့်ပေးထားပါတယ်

Ref - Wikipedia and several articles about BDSM

Article by #MR_Pervert_1999


Report Page